Winnie’s Vlogverse

Winnie’s Vlogverse

Share

Lifestyle, beauty & random discoveries
📍San Francisco, California

Photos from Winnie’s Vlogverse's post 08/16/2026

Hair is hairing and makeup is makeuping 🤭🤍

Photos from Winnie’s Vlogverse's post 08/06/2026

နှစ်ပေါင်းများစွာ ရှာခဲ့ရတဲ့ နှုတ်ခမ်းနီ color နဲ့ texture 💕

တကယ်တော့ ဒီ Muzigae Mansion lipstick တွေကို The Rosie Edit က အမက review ပေးထားတာ တွေ့လို့ဝယ်ဖြစ်သွားတာပါ။

အရောင်လေးက object water series ထဲက POSH 003 ပါ။ ပုံတွေအားလုံးက natural light ထဲမှာ ရိုက်ထားတာပါ။

ပုံမှန်ဆို နှုတ်ခမ်းအရမ်းခြောက်တော့ matte lipstick တွေဆို မဝယ်ဖြစ်ဘူး။ ဒီ lipstick ရဲ့ review တွေလိုက်ဖတ်ကြည့်တော့ သူက matte finish ပေမဲ့ တအားခြောက်တဲ့ထဲမပါဘူးဆိုလို့ ဝယ်လိုက်တာ။ သူ့ texture က စစဆိုးချင်းဆိုရေလိုဘဲ၊ ဆိုးပြီး ခဏနေရင် ခြောက်သွားပြီး နှုတ်ခမ်းပေါ်မှာ set ဖြစ်သွားတာ၊ ဆိုးထားမှန်းတောင် မသိရတော့ဘူး။ နှုတ်ခမ်းပေါ်မှာလည်း lightweight and comfortable ဖြစ်တယ်။ အစာစားပြီးရင်လည်း lip tint တွေလိုမျိုး stain ကျန်တယ်၊ pigmentation ကောင်းပြီး long lasting လည်းဖြစ်ပါတယ်။ စျေးလေးတွေကလည်း မဆိုးဘူးပြောရမယ်။ matte finish လည်းဆိုးချင်တယ် နှုတ်ခမ်းအရမ်းခြောက်သွားတာမျိုးလည်း မလိုချင်ဘူးဆိုရင်တော့ ဒါလေးက အဆင်ပြေမှာပါ။

tip လေးတစ်ခုပြောပြရရင် သူ့ကိုမဆိုးခင်မှာ အနည်းဆုံး ၁၀ မိနစ်လောက် Vaseline lip balm လေးဆိုးထားပေးပြီး သူ့ကိုဆိုးခါနီး tissue လေးနဲ့ ဖျက်ပြီးမှ ဆိုးရင် နှုတ်ခမ်းသားလုံးဝ အဖတ်လန်တာမျိုးမဖြစ်ဘူး။ နှုတ်ခမ်းသား healthy ဖြစ်ချင်ရင်တော့ ညတိုင်း Vaseline လိမ်းပြီး အိပ်ဖို့ recommend လုပ်ပါတယ်။

08/04/2026

အရမ်းကြိုက်မိနေသော Zendaya makeup tutorial ✨🤍

08/03/2026

အခု အရမ်းခေတ်စားနေတဲ့ Zendaya Odyssey makeup look tutorial လေး နောက်နေ့ တင်ပေးမယ်နော် 🫶🏻✨

08/02/2026

Gym သွားရင် Hypochlorous acid spray ကတော့ မပါမဖြစ် 🫶🏻✨

07/31/2026

PR gift ရတဲ့ထဲမှာ ဒီ PR gift ရတာ အပျော်ဆုံးဘဲ 🤭
Thank you so much Dr.Althea Global 🫶🏻

07/29/2026

Skincare routine လေးတွေ မတင်ဖြစ်တာကြာလို့ 🥰

Photos from Winnie’s Vlogverse's post 07/24/2026

My Travel Essentials for My Sensitive, Acne-Prone Skin

1. Tower 28 SOS spray

Hypochlorous acid ပါလို့ ဝက်ခြံထွက်စေနိုင်တဲ့ bacteria တွေကို လျှော့ချပေးတယ်။ နီရဲရောင်ရမ်းနေတာကိုလည်း သက်သာစေပြီး soothing effect ပေးနိုင်တယ်။ ခရီးထွက်ရင် ရာသီဥတုနဲ့ ရေမြေပြောင်းတော့ ပုံမှန်ထပ် ဝက်ခြံထွက်နိုင်ခြေပိုများတာကြောင့် ဒီ spray လေးဖြန်းရင် ဝက်ခြံထွက်တာ သက်သာလို့ ခရီးသွားတိုင်းမပါမဖြစ်ယူသွားပါတယ်။

bacteria တွေက ခန္တာကိုယ်ပေါ်မှာ ချွေးထွက်ရင် ပိုပေါက်တတ်လို့ အားကစားလုပ်တဲ့သူ gym သွားတဲ့သူဆိုရင်လည်း ဒါလေးတစ်ဘူးလောက်ဆောင်ထားသင့်ပါတယ်။ မျက်နှာတင်မက ကျောကုန်းတို့ body တို့မှာပါဖြန်းပေးလို့ရပါတယ်။

2. Anua Azelaic acid serum

အရမ်းကောင်းလိို့ သုံးတာ၂ ဘူးမြောက်ရှိပြီ။ မနှစ်က ဆောင်းတွင်း New York သွားတုန်းကဆို weather အရမ်းဆိုး အရမ်းအေးတာတောင် သူ့ကြောင့် ဝက်ခြံမထွက်သလောက်ဘဲ။ azelaic acid က ဝက်ခြံထွက်တာ လျှော့ချပေးတဲ့အပြင် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ dark spot တွေကိုပါ မှိန်သွားစေပါတယ်။ skin tone မညီတာတွေ skin texture တွေအတွက်လည်း ကောင်းလို့ ဒီ serum ကတော့ တကယ် ဝက်ခြံသမားတွေအတွက် all in one serum ပါဘဲ။

3. Dr Althea 345 relief cream

ဒီ cream သုံးတာ အခုဆို ၄ ဘူးမြောက်ရှိပြီ။ အရင်က old version လည်းအရမ်းကြိုက်တယ်၊ အခု new version tea မှာက tree leaf water ပါထပ်ထည့်ထားလို့ ဝက်ခြံသမားတွေအတွက် အရမ်းကိုကောင်းပါတယ်။ new version ကပိုပြီး lightweight ဖြစ်တယ်လို့ ခံစားရတယ်။ ဒီ moisturizerက နာမည်ကြီးပြီးသားမို့ ထွေထွေထူးထူး ပြောပြစရာတောင်မလိုတော့ပါဘူး။

4. Dr Althea sunscreen

My top 3 sunscreen ထဲကတစ်ခုပါ။ ဘူးကလည်း compact ဖြစ်လို့ ခရီးသွားရင်လည်းသယ်ရလွယ်တယ်။ အရည်ကျဲကျဲလေးနဲ့ စိမ့်ဝင်အားကောင်းလို့ လိမ်းပြီးရင် မျက်နှာပေါ်တင်နေတဲ့ခံစားချက်မျိုး လုံးဝမဖြစ်ဘဲ ပေါ့ပါးပြီး comfortable ဖြစ်ပါတယ်။ camellia leaf water ပါလို့ ဝက်ခြံသမားတွေအတွက် soothing ဖြစ်စေပါတယ်။

5. Larocheposay spring water face mist

ညဘက် မျက်နှာသစ်ပြီး skincare တွေမလုပ်ခင်မှာ အရင်ဆုံးဖြန်းပေးပါတယ်။ ခရီးထွက်လို့ နေလောင်ပြီး အသားရည်တွေစပ်တာမျိုးဖြစ်ရင် တစ်ကိုယ်လုံးကို ဖြန်းပါတယ်။ spring water က skin ရဲ့ sensitivity ကိုလျှော့ချပေးပါတယ်။ တစ်နေကုန် အပြင်လျှောက်သွားပြီး သူ့ကိုဖြန်းလိုက်ရင် အေးအေးလေးနဲ့ skin ကို restart ပြန်ချလိုက်သလိုမျိုး refresh ဖြစ်စေပါတယ်။ Hawaii သွားတုန်းကဆို နေပူထဲ ကမ်းခြေမှာ ရေကူးတော့ နေလောင်ပြီး အသားရည်တွေ ပျက်စီးသွားတာ။ သူ့ကို မနက်ရော ညရော တစ်ကိုယ်လုံးဖြန်းတာ ၂ ရက်လောက်နဲ့တင် တော်တော်လေးပြန်သက်သာသွားတယ်။ sensitive skin သမားမို့ ခရီးသွားရင်လည်း ဒါလေးကိုမပါမဖြစ်ယူသွားပါတယ်။

Photos from Winnie’s Vlogverse's post 07/19/2026

Japanese garden 🎏🎍⛩️

Want your business to be the top-listed Beauty Salon in San Francisco?
Click here to claim your Sponsored Listing.

Category

Website

Address


San Francisco, CA