Kuu’s Soul
Enjoy Your Days With Me.
09/28/2026
ဒီအပတ်အတွက်လည်း Protein Focus Lunch meals လေးတွေကို ထပ်တင်လိုက်ပါတယ်ရှင်🥗
“ အစာလည်းဆေး ဆေးလည်းအစာ “ ဆိုတဲ့ စကားပုံက လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့အတိုင်းခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အစားအသောက်တွေစားပေးခြင်းက တစ်ချိန်မှာ ဆေးရုံဆေးခန်းကို သာမန်ရောဂါလောက်နဲ့ မလိုအောင် တဖက်တလမ်းကာကွယ်တာပါပဲ🫂
အဟာရရှိတဲ့ နေ့လည်စာတစ်နပ် တစ်မနက်နဲ့ မပြောင်းလဲနိုင်ပေမဲ့ နေ့တိုင်း တစ်နပ်ချင်း စုလာရင် ကိုယ်ခန္ဓာက ကောင်းမွန်တဲ့ Result တစ်ခုကို တစ်ချိန်မှာပေးလာလိမ့်မယ်လို့ ၁၀၀% ယုံကြည်ထားပါတယ် 🍀
ပုံမှန်မျဉ်းတစ်ပြေးနဲ့ ကြည့်ရင်တော့ ဒီနေ့လည်စာလေးတွေက သူပိန်ချင်လို့ လှချင်လို့ ဝိတ်ချနေတာလို့ မြင်ကောင်းမြင်နိုင်ပေမဲ့ တကယ်တော့ ဒီထက်ပိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရည်ရှည်ကျန်းမာရေး အတွက် Consistency တစ်ခုတည်ဆောက်ပြီး အချိန် Effort တွေနဲ့အတူ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းကို လက်ကျန်ဘဝထဲမှာ စွဲမြဲနေအောင် လေ့ကျင်ပေးနေတာပါ ကိုယ့်ကိုကို ❤️
🍀ရည်ရှည် ကျန်းမာရေးနဲ့ ညီညွတ်ရမယ်
🍀Fat Loss journey ကို အထောက်အပံ့ကောင်းပေးပြီး muscle လည်းတည်ဆောက်နိုင်ရမယ်
🍀Protein ပမာဏ အတွက် အနည်းဆုံး 40g ကနေ အများဆုံး 60g နီးပါးပါဝင်အောင် စားတက်ရမယ် ( အသားများများစားပေးခြင်းက ခနခန ဗိုက်ဆာတက်တဲ့ အကျင့်ကိုပျောက်စေပါတယ် )
🍀Fiber များတဲ့ အသီးအရွက်တွေကို အူလမ်းကြောင်းကျန်းမာရေးအတွက် ထည့်စားပေးတက်ရမယ်
🍀ရေများများသောက်တက်ရမယ်
🍀 အချို အဆီအစိမ့် အရသာပြင်းပြင်းတွေကြိုက်ပြီး မကြာခန ဆေးလိပ် အရက်သောက်တက်တဲ့အကျင့်ရှိရင် အရွယ်ကောင်းနေတုန်းမှာ သတိကပ်ပြီး မလွန်ခင် ခန္ဓာကိုယ်က ဒဏ်မဖြစ်သေးခင်မှာ ထိန်းချုပ်ထားနိုင်ဖို့လိုပါတယ် 🫂
ကူးရဲ့ Lunch meals လေးတွေက ပိန်ချင်လို့ လှချင်လို့ဆိုတဲ့အလွန် ရည်ရှည်ကျန်းမာရေးစောင့်ရှောက်ချင်မှု၊ သန်မာတဲ့ ကြွက်သားတည်ဆောက်ချင်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိနေပါတယ် 🌟
ကူးလိုပဲ ကြိုးစားနေတဲ့ကောင်မလေးတွေအတွက် meals ideas ပဲရလိုရညားဖြစ်ဖြစ် ဒါမှမဟုတ်လည်း give up လုပ်ချင်လာတဲ့အခါဖြစ်ဖြစ် အစားအသောက်ကြိုက်တဲ့ တစုံတယောက်လည်း အတူတူကြိုးစားနေပါတယ်ဆိုတဲ့ motivation လေးရရအောင် ဒီအပတ်စားခဲ့တာလေးတွေတင်ပေးလိုက်ပါတယ် ✅
တပတ်ပြီးတပတ် စိတ်ရှည်ရှည်နဲ့ တည်ဆောက်သွားမဲ့ fat loss journey လေးကို စိတ်ဝင်စားရင် ကူးရဲ့ Page ကို Like & Follow လုပ်ခဲ့လို့ရပါတယ် ❤️
Girlssss !!! This is weekly consistency you’re not alone in this journey🔥🔥
Team Glacier Or Team Burgundy 💙♥️
Video Content တွေတင်ချင်လှချည်ရဲ့ဆိုပြီး ပလီပလာတွေလုပ်ပြီး ဂရေစီအောင်ဆွဲချလာခဲ့ပြီ 🫠
စတာပါ အပြင် color လေးတွေဝယ်ဖို့စဉ်းစားနေသူတွေရှိရင် ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်ရှင် အပြာလေး ဝက်ဝက်ကွဲ လှတယ်ရှင် 🫠♥️
09/21/2026
တစ်ပတ်ပြီးတစ်ပတ်ပို Clean ဖြစ်အောင် protein မလျော့သွားရအောင် protein focus meals စားပေးခြင်းက consistently ဖြစ်လာပြီးနောက် …..
နေ့လည်စာအတွက် protein grams 50g over 60 g ထည့်စားရတာကဝန်လုံးဝမပိစေတော့ပါဘူး 🤤🥗
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်နေတဲ့ အချိန်မှာ စည်းကမ်းရှိဖို့အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် ဒီနေရာမှာ အသားမစားချင်ဖူးတို့ အသီးအရွက်မစားချင်ဘူးတို့ဆိုတဲ့ စိတ်ခံစားချက်ကို ရှိမနေတော့ပါဘူး “ အဟာရရှိတဲ့ အစားအသောက်ကို ခန္ဓာကိုယ်ထဲထည့်ပေးတယ် “ ဒီခံစားချက်ပဲရှိပါတယ် 🍀
လျှာဖျားလေးရဲ့ အာရုံခံစွမ်းနောက်ကိုလိုက်ခဲ့ပြီး အများကြီး ပျက်စီးသွားတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ် ဒါတောင်အတွင်းကျတဲ့ ကျန်းမာရေးအထိ မထိခိုက်သေးခင် ရပ်တန့်နိုင်ခဲ့လို့ တော်ပါသေးရဲ့လို့တွေးမိတဲ့အထိ ကျေးဇူးတင်ပါတယ် ❤️
ငယ်ရွယ်နုငယ်တဲ့ အချိန်မှာ ဘာစားစားမသိသာပေမဲ့ အရွယ်တစ်ခုရောက်လာပြီဆိုရင်တော့ အလှအပအတွက်ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် “ငါတို့က သဘာဝအတိုင်းဘယ်လိုနေနေလှတယ်ဟေ့ “ ဆိုတဲ့စိတ် မာနကိုလျှော့ပြီး ပျက်စီးယိုယွင်းလွယ်တဲ့ ခန္ဓာကိုယ်ကို စိတ်အလိုမလိုက်ပဲ ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်ရှင် 🌸✨
🍀ဒီအပတ်ဘာတွေစားခဲ့လည်း
🍀ဒီအပတ် ဘယ်လိုခန္ဓာကိုယ်အတွက်လှုပ်ရှားမှုတွေလုပ်ပေးခဲ့လည်း
🍀ဒီအပတ် ဘယ်လို Supplement တွေ သောက်ပေးခဲ့လည်း
🍀ဒီအပတ် အိပ်စက်အနားယူချိန်တွေ ကောင်းကောင်းရှိခဲ့ရဲ့လား … ဒီလို Daily ကနေ Weekly အပြုအမူကောင်းသေးသေးလေးတွေကနေပြီးပဲ ပိုကောင်းတဲ့ အရွေ့တွေစီကို တရွေ့ရွေ့နဲ့ ဦးတည်လာစေတာပါ 🙏💕
ကူးတို့တွေက ကိုယ့်ရဲ့မိသားစု မိဘ အိမ်ထောင်ဖက် သားသမီး ချစ်သူ သူငယ်ချင်းတွေအပေါ်တကယ်ချစ်တယ်ဆိုရင် ပထမဆုံး ကိုယ့်ကိုကိုချစ်ခြင်း တန်ဖိုးထားခြင်း ကျန်းမာရေးဂရုစိုက်ခြင်းတွေနဲ့ သက်သေပြပေးဖို့လိုအပ်ပါတယ် 🫂
ကျန်းမာတဲ့မိဘ ကျန်းမာတဲ့အိမ်ထောင်ဖက်
ကျန်းမာတဲ့သားသမီး ကျန်းမာတဲ့သူငယ်ချင်း
ကျန်းမာတဲ့ချစ်သူ ဒီလိုလူတွေအဖြစ်နဲ့ ကိုယ့်ကိုကို Self love နဲ့ထိန်းသိမ်းစောင့်ရှောင့်နေထိုင်ပေးခြင်းဟာ ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ခင်ရတဲ့လူတွေ တန်ဖိုးထားရတဲ့လူတွေအပေါ် ဖွင့်ပြောစရာမလိုတဲ့ ဝန်မပိစေလိုတဲ့ ချစ်ခြင်းမေတ္တာတွေကိုပြသခြင်း အနုပညာတစ်ခုလို့ပဲ တင်စားချင်ပါတယ် ❤️
ကူးလိုပဲ ကြိုးစားနေတဲ့ကောင်မလေးတွေအတွက် meals ideas ပဲရလိုရညားဖြစ်ဖြစ် ဒါမှမဟုတ်လည်း give up လုပ်ချင်လာတဲ့အခါဖြစ်ဖြစ် အစားအသောက်ကြိုက်တဲ့ တစုံတယောက်လည်း အတူတူကြိုးစားနေပါတယ်ဆိုတဲ့ motivation လေးရရအောင် ဒီအပတ်စားခဲ့တာလေးတွေတင်ပေးလိုက်ပါတယ် ✅
တပတ်ပြီးတပတ် စိတ်ရှည်ရှည်နဲ့ တည်ဆောက်သွားမဲ့ fat loss journey လေးကို စိတ်ဝင်စားရင် ကူးရဲ့ Page ကို Like & Follow လုပ်ခဲ့လို့ရပါတယ် ❤️
Girlssss !!! This is weekly consistency you’re not alone in this journey🔥🔥
09/17/2026
တို့ဘဝရဲ့ Health, Fitness & Beauty အတွက် Super star ကတော့ ငရုပ်ပွသီးပါပဲ😆🫑
Gym သွားနေသူတွေ၊ Weight loss Fat loss journey ခရီးထဲမှာရှိနေသူတွေ၊ ပြီးတော့ အလှအပကို အလေးထားသူတွေအတွက်ပါ Bell pepper တွေဟာ diet ထဲထည့်ဖို့ အကောင်းဆုံး အသီးအနှံထဲမှာပါဝင်ပါတယ်
ဘာကြောင့်လဲဆိုတော့ 🫑
FITNESS & WEIGHT LOSS အတွက် 🖐🏻
🔥 Calorie နည်းပြီး လှီးပြီးကြော်လိုက်ရင်လည်း Volume များတယ်ဒါကြောင့်စားရတာသိပ်တန်ပါတယ် တစ်ခွက်စာ 150g ဝန်းကျင်မှာ calorie 30 ခန့်ပဲ ရှိတဲ့အပြင် fiber ကြောင့် ဗိုက်ကိုတင်းနေအောင် စားလို့ရပါသေးတယ်။
Weight loss Fat Loss လုပ်နေသူတွေအတွက် “volume eating” concept နဲ့ တော်တော်ကိုက်ညီတဲ့အတွက် မကြာခနထည့်စားပေးဖို့ အကြံပေးချင်ပါတယ်ရှင် 🫑💕
💊 Vitamin C အများဆုံး Vegetable တွေထဲက တစ်ခုဖြစ်တဲ့အပြင် Bell pepper ရဲ့ Vitamin C ပမာဏဟာ လိမ္မော်သီးထက်တောင် ပိုများတယ် အရမ်းစိတ်ဝင်စားစရာကောင်းတယ်နော် ဒီအချက်လေးက ✨
အထူးသဖြင့် အနီရောင်ရှိတဲ့ ငရုတ်ပွသီးက အစိမ်းရောင်ထက် Vitamin C ၂ဆလောက် ပိုများပါတယ် 🫑🤤
👁️ For Eye Bonus✨
Orange/Yellow pepper တွေမှာပါတဲ့ Lutein & Zeaxanthin ကတော့ မျက်စိကျန်းမာရေးကို ကူညီပေးတဲ့ antioxidant တွေပါ screen time များတဲ့ content creator lifestyle အတွက်လည်း အကျိုးရှိပါတယ် 🤤
💊Vitamin C က collagen ထုတ်လွှတ်မှုကို support လုပ်ပေးပါတယ် ပြီးတော့ ပြီးတော့ သူ့မှာ
ပါတဲ့ Vitamin A, C, E, Beta-carotene တွေက gym workout ကြောင့် ဖြစ်ပေါ်လာတဲ့ oxidative stress ကို လျှော့ချပေးပြီး muscle recovery ကို မြန်စေပါတယ်
💊Immune system ကို ခိုင်မာစေတယ် ဒီတော့ ဖျားနာမလွယ်ဘူးပေါ့
After Workout meal တွေထဲ ထည့်စားရင် သ်ိပ်ကောင်းပါတယ် 🫑
🌿 Fiber & Gut Health
ဝမ်းကောင်းမှခေါင်းမခဲမှာ ကိုယ့်ရဲ့ Fat loss journey ကိုလည်းချောမွေ့စေမှာ💆♀️
Fiber content ကြောင့် digestion ကောင်းစေပြီး blood sugar spike ကို ထိန်းပေးတယ်။ Insulin sensitivity ကောင်းမှသာ fat loss ကောင်းတယ်ဆိုတဲ့ point နဲ့လည်း ဆက်စပ်နေပါတယ်။
🌸 BEAUTY အတွက်ဆိုရင်လည်း
✨ အရေပြားအတွက်
🫑Vitamin C ပါဝင်မှု အများဆုံးဖြစ်တာကြောင့် Collagen ထုတ်လွှတ်မှု ကို တွန်းအားပေးလို့ အရေပြား elasticity ကောင်းစေပြီး fine lines တွေ နှေးကွေးအောင် ကူညီပေးတယ် ပြီးတော့ ဆံပင် ကိုလည်း သန်စေဖို့ကူညီပေးတယ် 🔥
🫑Antioxidants တွေက free radical damage ကို တိုက်ဖျက်ပေးလို့ premature aging ကို လျှော့ချပေးပါတယ်
🫑Vitamin A ပါဝင်မှုက scalp health ကောင်းစေပြီး ဆံပင်ကြွတ်ခြင်းကို လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်
🫑Vitamin E ပါဝင်မှုကြောင့် အရေပြားကို အစိုဓါတ်ရအောင် ကူညီပေးတယ်
🫑Beta carotene ကတော့ natural glow ဖြစ်စေပါတယ် ✨
⚖️ Bloating & Body Shape
Water content 92% နဲ့ ရေပါဝင်မှုမြင့်ပြီးတဲ့အသီးဖြစ်တဲ့အပြင် Sodium နည်းလို့ bloating လျှော့ချပေးတယ်
Fiber က အစာခြေစနစ်ကို ချောမွေ့စေလို့ skin breakout ဖြစ်စေတတ်တဲ့ gut inflammation ကိုလည်း လျှော့ချပေးနိုင်တယ်
💧 Inner Glow
Vitamin C + Antioxidants တွဲပေါင်းလိုက်တာကြောင့် liver detoxification process ကို support လုပ်ပေးတယ် ဒါကြောင့်မို့ “inner glow” ဆိုတဲ့ concept ဟာ အပြင်ကထက် အတွင်းကနေ စတင်တာပါ 🌸
✨ Color အလိုက် ကွာခြားချက်
🟢 Green အခါးနည်းနည်းရှိ၊ Vitamin C အနည်းဆုံး
🟡 Yellow အစိမ်းထက်ထက် ချိုပြီး Vitamin C ပိုများ
🟠 Orange ပိုချိုပြီး antioxidant များလာတယ်
🔴 Red အချိုဆုံး၊Vitamin C အများဆုံးပါ
💬 Inner beauty starts from what you eat 🌸 ဆိုတဲ့ စကားလေးကို မမေ့ပဲ နေ့စဉ် Diet တွေထဲမှာ Bell peppers ငရုတ်ပွသီးလေးတွေထည့်စားကြည့်ပေးပါနောနော် 💕
09/14/2026
အစဉ်အလာမပျက် ဒီအပတ်အတွက်လည်း
တစ်ပတ်တာ Protein Focus Lunch လေးတွေတင်လိုက်ပါတယ် 🥗
ကူးရဲ့နေ့လည်စာတိုင်းမှာ Main Character က Protein ပါ ဘာကြောင့်လည်းဆိုတော့ ဒီ Fat loss journey မှာ လုံးဝ Fat ပဲကျချင်တာဖြစ်တဲ့အတွက် တည်ဆောက်ထားတဲ့ Muscle တွေ မပါသွားအောင် ကာကွယ်ထားချင်တာဖြစ်တဲ့အတွက် Clean ဖြစ်အောင်ပြင်ဆင်ထားတဲ့ Protein အနည်းဆုံး 50g ကနေ over 60g ပါဝင်အောင် စားလေ့ရှိပါတယ် 🔥
“ဝိတ်ကျသွားတိုင်းလှတယ်ဆို” တာ မှန်သင့်သလောက်ပဲမှန်ပါတယ် အဆီကျကျစ်လစ်ပြီး ကျန်းမာသန်စွမ်းစွာတဲ့ ခန္ဓာကိုယ်ပြောင်းလဲလာမှသာ တကယ်အောင်မြင်မှုလို့ ယူဆပါတယ် 🖐🏼
ကူးရဲ့ Lunch meals တွေက အဆီကျချင်တဲ့လူတွေအတွက်တင်မကဘူး သွေးတိုး ဆီးချိုနဲ့ ကျန်းမာရေးလိုက်စားချင်တဲ့ လူကြီးလူငယ်တိုင်းအတွက် ကျန်းမာရေးကို အထောက်အကူကောင်းတွေပေးနိုင်တဲ့ နေထိုင်စားသောက်မှု ပုံစံလည်းဖြစ်ပါတယ် 💕
Process food တွေရွေးချယ်စရာ သိပ်များတဲ့ ခေတ်ကြီးထဲမှာ တပတ်ကို ၆ရက်လောက် စိတ်ကိုထိန်းချုပ်ပြီး ရည်ရှည်ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေနဲ့ ရင်းနှီးမြုပ်နှံကြရအောင်လို့ အကြံပေးချင်ပါတယ်ရှင် 🍀
ကူးကိုယ်တိုင်လည်း ခန္ဓာကိုယ်ကို ကိုယ့်လက်နဲ့ကို
ကိုယ့်ပါးစပ်နဲ့ကိုယ် ဖျက်ဆီးခဲ့ပြီးပါပြီ အခုသတိကပ်ပြီး ပြန်လည်တည်ဆောက်နေတဲ့ အချိန်ဖြစ်တဲ့အတွက် တခါတည်း ဆန္ဒတွေထပ်တူကြမယ်ဆို လိုက်ခဲ့ဖို့ ခေါ်ချင်ပါတယ် 🫂
ကူးလိုပဲ ကြိုးစားနေတဲ့ကောင်မလေးတွေအတွက် meals ideas ပဲရလိုရညားဖြစ်ဖြစ် ဒါမှမဟုတ်လည်း give up လုပ်ချင်လာတဲ့အခါဖြစ်ဖြစ် အစားအသောက်ကြိုက်တဲ့ တစုံတယောက်လည်း အတူတူကြိုးစားနေပါတယ်ဆိုတဲ့ motivation လေးရရအောင် ဒီအပတ်စားခဲ့တာလေးတွေတင်ပေးလိုက်ပါတယ် ✅
တပတ်ပြီးတပတ် စိတ်ရှည်ရှည်နဲ့ တည်ဆောက်သွားမဲ့ fat loss journey လေးကို စိတ်ဝင်စားရင် ကူးရဲ့ Page ကို Like & Follow လုပ်ခဲ့လို့ရပါတယ် ❤️
Girlssss !!! This is weekly consistency you’re not alone in this journey🔥🔥
09/12/2026
ဘယ်ဘက်ကပုံကတော့ မနှစ်က April လကပုံဖြစ်ပြီး
ညာဘက်ကတော့ ဒီရက်ပိုင်းရိုက်ထားတဲ့ပုံပါ 🔥
သူများတွေ ၃လ ၄လအတွင်း ကျနေတဲ့ခေတ်ထဲမှာ
ကူးရဲ့ Belly ပြောင်းလဲလာဖို့က အရမ်းကြာခဲ့ပါတယ် ကြားထဲမှာ အစားအသောက်ဂရုမစိုက်နိုင်ခဲ့တာတွေ / Stress Control မလုပ်တက်တာတွေ / အိပ်ရေးကို ခပ်ပေါ့ပေါ့တွေးခဲ့တာတွေကြောင့် မကြာသင့်ပဲ ပိုကြာခဲ့ပါတယ် 🍀
ကူးလိုပဲ ဗိုက်အနေအထားရှိတဲ့သူတွေကို အကြံလေးပေးချင်တာကတော့ အစားမစားရင် လိုအပ်တဲ့အဟာရဓါတ်မပြည့်ဝရင် ဆေးထိုးပြီးချရင် အချိန်အများကြီးမလိုပဲ Body frame မပေါ်ပဲ ဗိုက်ချပ်လာပါမယ် ဒါပေမဲ့ ကျန်းမာရေးကိုတော့ ဝက်ဝက်ကွဲထိခိုက်လာပါလိမ့်မယ်
ပိုကျန်းမာချင်လို့ စိတ်သွားတိုင်းကိုယ်ပါချင်လို့ အမောခံနိုင်ဖို့ အစရှိတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ ဒီလမ်းကိုလျှောက်ရာကနေ လမ်းလွဲရောက်သွားမှာ တကယ်စိုးရိမ်ပါတယ်
အခုလက်ရှိမှာလည်း ကူးကိုယ်တိုင်လည်း လိုချင်တဲ့ Body Goal ကိုမရောက်သေးပါဘူး🖐🏻
✅အစားကိုလည်း သတိထားမိကြတဲ့အတိုင်း တပတ်ပြီးတပတ် ကြိုးစားပြီး Consistency ရှိရှိနဲ့ Protein Focus meals တွေကို ရှာဖွေစားပါတယ်
✅ တပတ်မှာ အနည်းဆုံး ၄ ရက်ကနေ အများဆုံး ၅ ရက် Gym မှာ Strength training လုပ်ပါတယ် Finisher အနေနဲ့ Cardio ထည့်ပါတယ်
✅ အိပ်ရေးဝဝဂရုစိုက်အိပ်ပေးပါတယ်
✅ Supplements တွေအနေနဲ့ magnesium glycinate / Creatine Monohydrate / Whey protein / Women’s multivitamin / PSM Support supplement ဒါတွေကိုနေ့စဉ်အဓိက သောက်ပေးပါတယ်
✅ရေသောက်ပါတယ် ၂လီတာကနေ ၃ လီတာတော့ ဝင်အောင်သောက်ပါတယ်
ဒါတွေအားလုံးက ရိုးရှင်းတဲ့ နည်းလမ်းတွေပါပဲ
ဒါပေမဲ့ တစိုက်မက်မက်လုပ်နိုင်ဖို့က သိပ်ကိုခက်ခဲခဲ့ပါတယ် ဒါပေမဲ့ ကြိုးစားရင် ငါလိုချင်တာ ငါဖြစ်ချင်တာကို ရအောင်လုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ ခရုလေးလို ကြိုးစားခဲ့တာပါ 🍀
ဆက်ပြီးလည်း ကြိုးစားသွားနေမှာဖြစ်လို့ ရည်ရွယ်ချက်တွေတူခဲ့ရင် ကူးနဲ့အတူတူ ရောက်နေတဲ့လမ်းကနေ အတူလိုက်ခဲ့ဖို့ ခေါ်ချင်ပါတယ်💕
ကူးတို့တွေက professional တွေမဟုတ်ကြတဲ့အတွက် အမှားတွေအများကြီးလုပ်မိကြတာထုံးစံပါပဲ ခုထိလည်းမှားလို့ကောင်းနေတုန်းပါပဲ ကိစ္စမရှိပါဘူး အမှန်ကိုပြင်ဖို့ကြိုးစားချင်တဲ့စိတ်ရှိနေသ၍ ကူးတို့လိုချင်တဲ့ Body Goals တွေစီကို တဖြေးဖြေးနဲ့ရောက်လာမယ်လို့ ယုံကြည်ထားပါတယ် 🍀
“တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုတဲ့ မြန်မာစကားပုံအတိုင်းပါပဲ အချိန်က သက်သေပြလာပါလိမ့်မယ် ✨🫂
09/07/2026
နောက်ထပ် တစ်ပတ်ကို ထပ်ရောက်လို့လာပါပြီ🤜🏼
ထုံးစံအတိုင်း protein 50g to over 60g ပါဝင်တဲ့ နေ့လည်စာ တပတ်စာပဲဖြစ်ပါတယ် 🥗
ဒီ Fat loss journey တစ်ခုလုံးမှာ မနက်စာနဲ့နေ့လည်စာမှာ ထိထိမိမိ တနေ့တာလိုအပ်နေတဲ့ Protein grams များများစားဝင်ထားရအောင် အဓိက push ပြီးစားပေးထားတက်တဲ့ အလေ့အကျင့်ကို လုပ်ယူထားပါတယ်💕
ဒါမှညနေစာအတွက် protein ပမာဏမပြည့်သေးဘူး အရမ်းလိုနေသေးတယ် ဘာစားရမလဲဆိုပြီး အရမ်းခေါင်းခဲစရာမလိုပဲ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ညစာကိုစားနိုင်ဖြစ်ပါတယ် ဒါကတော့ ကူးလုပ်နေကြ Tips မို့ ဝေမျှပေးပါတယ် 🍀
ကူးလိုပဲ ကြိုးစားနေတဲ့ကောင်မလေးတွေအတွက် meals ideas ပဲရလိုရညားဖြစ်ဖြစ် ဒါမှမဟုတ်လည်း give up လုပ်ချင်လာတဲ့အခါဖြစ်ဖြစ် အစားအသောက်ကြိုက်တဲ့ တစုံတယောက်လည်း အတူတူကြိုးစားနေပါတယ်ဆိုတဲ့ motivation လေးရရအောင် ဒီအပတ်စားခဲ့တာလေးတွေတင်ပေးလိုက်ပါတယ် ✅
Girlssss !!! This is weekly consistency you’re not alone in this journey🔥🔥
09/05/2026
ဇီဇာကြောင်တယ်ထင်လည်း မတက်နိုင်ပေမဲ့ ခံတွင်းနံ့ဆိုးရင် လုံးဝ သည်းမခံနိုင်ပါဘူးနော် 🥹
သူများတွေက ဂျိုင်းနံ့ တို့ဘဝက ခံတွင်းနံ့ရော ဂျိုင်းနံ့ရော အနံ့ရတာနဲ့ ဟန်မဆောင်နိုင်အောင် နှလုံးသားကနာပါတယ်
မမွှေးနေလည်း ကိစ္စမရှိပါဘူး မနံ့ရင်တော်ပြီ ကျေးဇူးတင်ပါတယ်ဆိုတဲ့အထဲကပါ 🙏
အသက်ရလာလေ အရမ်း sensitive ဖြစ်လာလေမို့ ကိုယ်တိုင်လည်း ဝက်ဝက်ကွဲ ဂရုစိုက်ပါတယ် ခံတွင်းနံ့ ကောင်းချင်တယ်ဆိုရင်လေ…
✅ အနံ့ပြင်းတဲ့အစားအသောက်တွေရှောင်စားပါ
✅ တစ်ကိုယ်ရေသန့်ရှင်းရေး မနက်ည သွားပုံမှန်တိုက်ပေးပါ
✅ ဝမ်းချုပ်တက်ရင် Yogurt/Fiber များတဲ့အစားအသောက် စားပြီး သဘာဝကျစွာ ဝမ်းမှန်အောင် ဂရုစိုက်ပါ
✅ ရေများများသောက်ပေးပါ
✅ mouthwash / mouth spray တွေ လွယ်ကူစွာဝယ်ရနိုင်ပြီမို့ အသုံးပြုကြည့်ပါ
✅ လျှာကို tongue scraper / သွားပွတ်တံနောက်ကျောနဲ့ ခြစ်ပေးပါ (လျှာအပေါ်ယံက ဘက်တီးရီးယားလွှာက အနံ့ဆိုးရင်းမြစ်တစ်ခုပါ)
✅ Floss သုံးပါ
✅ ကော်ဖီ၊ ဆေးလိပ်၊ အရက် လျှော့သောက်ပါ
လူအများစုက ခံတွင်းနံ့ကို အရမ်းအာရုံခံစားမိကြပါတယ် အားနာလို့ထုတ်မပြောကြရင်သာနေမယ် ဒါကြောင့် အများနဲ့ဆက်ဆံ အလုပ်လုပ်နေရတဲ့သူတွေပိုပြီး ဂရုစိုက်ပေးစေချင်ပါတယ် 🍀
သွားလေးတွေညီပြီးလှနေတာထက် ခံတွင်းနံ့ဆိုးမရှိနေတာက ပိုပြီးဆွဲဆောင်မှုရှိပါတယ်💕
ခံတွင်းနံ့ဆိုးရတဲ့ အကြောင်းရင်း 🦷
ခံတွင်းထဲက ဘက်တီးရီးယားတွေက အစားအစာအကြွင်းအကျန်တွေကို ဖျက်ဆီးတဲ့အခါ ဓာတ်ငွေ့ထွက်လို့ အနံ့ဆိုးဖြစ်စေတာပါ
ဒါ့အပြင် ညဘက် တံတွေးထွက်နှုန်းနည်းသွားလို့ ဘက်တီးရီးယားပိုပွားပြီး morning breath အနံ့ဆိုးစေပါတယ်
လက်ရှိသုံးနေတဲ့ AM/PM routine ☀️🌙
☀️ Deep Clean (Antiseptic)
Cetylpyridinium chloride ပါလို့ သွားဖုံးရောင်တာနဲ့ သွားပေါ်မှာ ဘက်တီးရီးယားတွေ၊ အစားအစာအကြွင်းအကျန်တွေ၊ တံတွေးနဲ့ပေါင်းပြီးဖြစ်လာတဲ့ သွားအပေါ်ယံ အညစ်အကြေးအလွှာကို ဖျက်ဆီးပေးတယ်
🌙 Overnight
Chamomile ပါဝင်လို့ relax ဖြစ်စေရုံမက အိပ်ချိန် ၁၂ နာရီအတွင်း ခံတွင်းနံ့ဆိုးမဖြစ်အောင် ကာကွယ်ပေးထားတဲ့ formula ဖြစ်လို့ မနက်ခင်း morning breath ကို လျှော့ချပေးပါတယ်
💡 Bonus tip: အနေနဲ့ mouth wash အရည်နဲ့ ပဲပလုပ်ကျင်းပါ၊ ရေနဲ့ထပ်မပလုပ်ကျင်းပါနဲ့ active ingredient ကျန်နေမှ ပိုအလုပ်ဖြစ်ပါတယ်
ပြည်တွင်းမှာလည်း ဒီ Brand လေးကို ဝယ်လို့ရနေပြီမို့ ကောင်းတာလေးတွေ့ရင် အားလုံးကိုပြောပြချင်တဲ့စိတ်လေးနဲ့ ဝေမျှပေးလိုက်ပါတယ်ရှင် 🫂✨
#ခံတွင်းနံ့
09/02/2026
နေ့လည်စာမှာ ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး ထည့်စားတက်တဲ့အကျင့်မရှိခဲ့တဲ့အတွက် ဆီကြော်စာတွေများများစားဝင်တယ် ထမင်းလည်းများများစားဝင်ခဲ့ပါတယ် 🥦
ဒါကြောင့် ဒီအရွယ်ကြီးမှ Daily meal habit တစ်ခုအနေနဲ့ ထမင်းစားတိုင်း ဆီနည်းနည်းနဲ့ ကြော်ထားတဲ့ ဟင်းသီးဟင်းရွက်တစ်ခုခုကို အမြဲထည့်စားတက်ဖို့ လေ့ကျင့်နေရပါပြီ 🥗
အများစုကတော့ မှို၊ ရုံးပတေသီး ၊ broccoli၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက် ပဲပြား၊ ပဲသီး အလွယ်တူ အနီးမှာရှာလို့ရနိုင်တာပေါ် မူတည်ပြီး အလှည့်ကျ ပြောင်းကြော်ပြီးထည့်စားပေးပါတယ် ✅
Fancy ဖြစ်ဖို့ထက် ပတ်ဝန်းကျင်မှာ လက်လှမ်းမှီတဲ့ အသီးအရွက်တွေကို olive oil နည်းနည်းနဲ့ ကြက်သွန်ဖြူလေးမွှေးအောင် လှိမ့်ပြီး အရသာ နည်းနည်းထည့် တစ်ခါတလေတော့ ခရုဆီလေးထည့်ကြော်ပါတယ် 🥗
ဘာကြောင့် အသီးအရွက် ထည့်စားသင့်တာလဲ ❓
✅ Fiber ကြွယ်ဝလို့ - အူလမ်းကြောင်းကို ကူညီပေးတယ်၊ ဝမ်းမှန်အောင် ကူညီပေးတယ်
✅ Diet လုပ်နေတဲ့ကာလမှာ fiber တွေကြောင့် ဗိုက်ပြည့်တယ်လို့ ခံစားရပြီး overeating ကို ရှောင်နိုင်တယ်
✅ Micronutrient (vitamin/mineral) တွေကို ဖြည့်ပေးတယ်၊ ခန္ဓာကိုယ်ရဲ့ metabolism function ကောင်းအောင် ကူညီပေးပါတယ်
✅ Low calorie ဖြစ်ပြီး volume များလို့ diet phase အတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်
💪 Fitness point of view အနေနဲ့ ပြောရရင်လည်း
ခန္ဓာကိုယ်က Protein ကနေ muscle repair လုပ်ပြီး၊ Fiber ကနေ digestion ကို ထောက်ပံ့ပေးပါတယ်။ နှစ်ခုစလုံး ပြည့်စုံမှ balance diet တစ်ခု ဖြစ်လာမှာပါ။ Plate တစ်ချပ်မှာ Protein (ကြက်သား/ငါး/ကြက်ဥ/တို့ဟူး) + Fiber (အသီးအရွက်) + Carb ဆိုပြီး ညီညာအောင် ထည့်ပေးရင် ရလဒ်က ပိုမြန်တယ်လို့ မှတ်ယူထားပါတယ်
တကယ်တော့ diet ဆိုတာ restriction မဟုတ်ဘူး၊ balance ပါ ဒါကြောင့်အနားမှာ ရှိတဲ့ အသီးအရွက်တွေကို အစိမ်းထည့်စားတန်သည်ထည့်စား ဆီနည်းနည်းနဲ့ ကြော်တန်သည်ကြော်ရုံနဲ့ ခန္ဓာကိုယ်ရဲ့ အစာတောင်းနှုန်းကိုလျှော့ကျစေတဲ့ တစိတ်တဒေသ ဖြစ်လာစေတာကတော့ လုံးဝ ကိုယ်တွေ့ပါ 🌿
ကူးက အသီးအရွက်စားရတာမကြိုက်တဲ့အထဲပါခဲ့ပါတယ် ဖြစ်နိုင်ရင်မစားရလေကောင်းလေပါ ဒါပေမဲ့ ခုတော့ရည်ရှည်ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းကို တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် ကူးနဲ့အတူအားလုံးကို ကျန်းမာစေတဲ့ အတွေးအမြင်ကောင်း အပြုအမူကောင်းလေးတွေရနိုင်အောင် ဝေမျှပေးလိုက်ပါတယ်💕
08/31/2026
အစဉ်အလာမပျက် တပတ်တာစားခဲ့တဲ့ Protein Focus lunch meals လေးတွေကိုတင်လိုက်ပါတယ်
အားလုံးက protein အနည်းဆုံး 50g ကနေ Over 60g အထိပါတဲ့နေ့လည်စာတွေပါ 🥗
Weight training လည်းလုပ်တဲ့လူဖြစ်တဲ့အတွက် muscle ကောင်းကောင်းတည်ဆောက်နိုင်အောင် ရှိပြီးသား muscle တွေကိုမပျောက်သွားအောင် ထိန်းသိမ်းဖို့အတွက် Calories နည်းပြီး Protein များများရတဲ့ မနက်စာ နေ့လည်စာ ညစာတွေဖြစ်အောင် ကြိုးစားပြီးစားဖို့လေ့ကျင့်ယူထားပါတယ် ✨
ဒါမှ body fat ကျပြီးပိန်လာတဲ့အခါ ကျစ်ကျစ်လစ်လစ်နဲ့ ပျော့ပျော့အိအိအသားတွေမရှိပဲပိုနုပျိုပြီးလှနေစေမှာပါ 🫶🏻
အသက်လေးရလာတော့ အလှအပကို Skincare တွေ body care တွေထဲကအပြင် အစားအသောက်တွေထဲကပါ ရှာတက်လာရင် အကောင်းဆုံးပါပဲ💕
Girlssss !!! This is weekly consistency you’re not alone in this journey🔥🔥
Click here to claim your Sponsored Listing.
Category
Address
4628 Portsmouth Blvd
Chesapeake, VA
23321
Alerts
Be the first to know and let us send you an email when Kuu’s Soul posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.