Selfcare with Ting

Selfcare with Ting

Share

I'm here for you.

07/09/2026

Part 1 Skincare with Me🫧✨🎀

26/08/2026

Part 2 ထိုင်ဝမ်မှာဆေးကျောင်းလျှောက်ချင်သူတွေအတွက်……

14/08/2026

ထိုင်ဝမ်တရုတ်စာလေ့လာနေသူတွေမဖြစ်မနေသုံးတတ်သင့်သောwebsiteပါ

12/07/2026

ထိုင်ဝမ်မှာကျောင်းတက်ရင်းအလုပ်လုပ်လို့ရပါသလား??

ဒီမေးခွန်းက Ting ကိုလာမေးကြတဲ့သူများပါတယ်။ကျောင်းတက်ရင်းကျောင်းစရိတ်၊နေစရိတ်၊စားစရိတ် ဘယ်လိုရှာရမလဲဆိုပြီးသိချင်တဲ့သူတွေအတွက် sharing လုပ်ပေးတာပါ။

အဖြေကတော့ ထိုင်ဝမ်မှာကျောင်းတက်ရင်းအလုပ်လုပ်လို့ရပါတယ်။ကျောင်းသားတစ်ယောက်ကကျောင်းဖွင့်ချိန်အတွင်းမှာ တစ်ပတ်ကိုနာရီ၂၀ တရားဝင်လုပ်ခွင့်ရှိပါတယ်။နွေရာသီ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတော့ အချိန်ကန့်သတ်ထားတာမရှိဘဲ လုပ်လို့ရပါတယ်။

ဒါပေမဲ့ထိုင်ဝမ်ကိုစရောက်တာနဲ့အလုပ်တန်းလုပ်လို့ရတာတော့မဟုတ်ပါဘူး။
ကျောင်းတက်ရင်းအလုပ်လုပ်ဖို့ဆို အရင်ဆုံး အလုပ်လုပ်ခွင့်ကဒ် ကိုလျှောက်ရပါတယ်။

အလုပ်လုပ်ခွင့်ကဒ်လျှောက်ဖို့ဘာတွေလိုအပ်လဲဆိုတော့
-ထိုင်ဝမ်နေထိုင်ခွင့်ကဒ် ARC
-passport
-ကျောင်းတက်နေကြောင်းထောက်ခံစာ or ကျောင်းသားကဒ်
-NTD100
ဒါတွေလိုအပ်ပါတယ်။

အဓိက ထိုင်ဝမ်ရဲ့နေထိုင်ခွင့်ကဒ်ကထိုင်ဝမ်ရောက်ပြီးတန်းရတာမဟုတ်ပါဘူး။Ting မှတ်မိသလောက် တစ်လဝန်းကျင်ကြာပြီးမှရတာပါ။အဲ့ကြောင့်စစလာချင်းမှာ အသုံးစရိတ် 2လစာအတွက်လောက်ပြင်ဆင်ခဲ့ကြပါလို့အကြံပေးချင်ပါတယ်။

❌နောက်တစ်ခုက ထိုင်ဝမ်မှာအလုပ်ဘဲလာလုပ်ရတယ်ဆိုတာလုံးဝ လုံးဝမဟုတ်ပါဘူး။အလုပ်နဲ့လာလို့ရတယ် လစာအများကြီးရတယ် ပြောရင် လိမ်နေတာပါ။ရှေ့တစ်လောကဘဲ သတင်းတက်လာပါသေးတယ်။အဲ့လိုလိမ်ခေါ်လာပြီး ပြည့်တန်ဆာ လာလုပ်ခိုင်းတာပါ။အဲ့ကြောင့် အလုပ်ဘဲလာလုပ်လို့ရတယ်ပြောရင်မယုံကြပါနဲ့။လူလိမ်သတိထားကြပါနော်။🚫

သိချင်တာ၊မေးချင်တာရှိရင် comment or chat box မှာမေးနိုင်ပါတယ်။နောက်ထပ် post တွေနဲ့ sharing လုပ်ပေးသွားပါမယ်။🥰

11/07/2026

စာမေးပွဲပြီးသွားပြီဆ်ိုတော့ gym စသွားပါပြီ။🏋🏼‍♀️🫶🏻

09/07/2026

Part 1 ထိုင်ဝမ်ဆေးဘက်
ဆိုင်ရာတက္ကသိုလ် #ထိုင်ဝမ်

20/10/2025

Skincare တော့လုပ်နေတာဘဲ skinကမကောင်းလာလို့ ဝက်ခြံအရမ်းထွက်နေသေးလို့ ဘာသုံးရမလဲ? ဒီလိုမေးခွန်းတွေအများကြီးလာမေးကြပါတယ်။

Ting အကြံပေးချင်တာက ကိုယ့် skin ကဘာလို့ဝက်ခြံထွက်တာလဲ အဆီပြန်တာလဲ ခြောက်တာလဲဆိုတာ ကိုယ့်ကိုအရင်မေးကြည့်ပါ။
အစပ်အချိုအရမ်းစားလို့ဝက်ခြံထွက်ရင် အစပ်အချိုစားတာ ရှောင်ရပါမယ် လျော့စားရပါမယ်။
မတည့်တာ သုံးမိလို့ဆိုရင် မတည့်တဲ့ product သုံးတာကိုရပ်ရပါမယ်။
အစိုဓာတ်လိုအပ်လို့ အဆီတအားပြန်ပြီးဝက်ခြံတွေထွက်လာတာဆိုရင် moisturizer နိုင်နိုင်လိမ်းရပါမယ်။
Stress များလို့ ညဖက်အိပ်မပျော်လို့ဆိုရင် stress လျော့ကျသွားအောင်လုပ်ရပါမယ်။

Ting အရင်တုန်းက skin က stress ကြောင့် အရမ်းခြောက်ပြီး အသားနီနီ မဲညစ်ညစ်ကြီးဖြစ်နေတာ။ အဲ့တော့ Ting stress လျော့ချသွားအောင်ဘာတွေလုပ်လဲဆိုရင်
-stress ဖြစ်စေတဲ့အရာကနေ ဝေးဝေးနေလိုက်ပါတယ်။
-လေ့ကျင့်ခန်းလုပ်ပါတယ်။
-ညစောစောအိပ် မနက်စောစောထပါတယ်။
-အတွေးလွန်တာကိုလျော့ပါတယ်။

Ting breakout ဖြစ်တုန်းက သုံးတဲ့ skincare routine နဲ့ နောက်ပိုင်းသုံးတဲ့ skincare routine ကတူတူပါဘဲ။
သုံး​နေကျ routine အတိုင်း
cleansing>toner>serum>moisturizer>sunscreen ဘဲသုံးပါတယ်။ သုံးနေတဲ့skincare ကြောင့်ဖြစ်တာမဟုတ်လို့ဘာမှပြောင်းမသုံးပါဘူး အသစ်လဲထပ်မသုံးပါဘူး။နောက်တစ်ခုက ရေများများသောက်ပြီး အသီးအရွက်စားပေးပါ။

ဒါကြောင့် Ting အကြံပေးချင်တာကကိုယ့် skin problem ဖြစ်စေတဲ့အရာကိုအရင်ဆုံးရှာဖွေပါ။ ဒီတစ်ခုက effect မပြလို့မသိသာလို့ဆိုပြီး တစ်ခုပြီးတစ်ခုပြောင်းသုံးမဲ့အစား ဘာကြောင့်ဖြစ်လာတာလဲဆိုတာကိုအရင်သိအောင်လုပ်ပါ။ ပိုက်ဆံချွေတာရာလဲရောက်သလို အနာနဲ့ဆေးတခါထဲတွေ့မှာမလို့ပါ။

Skincare အားလုံးက ကိုယ့်skin problem ကိုဖြေရှင််းပေးနိုင်တဲ့ % အများကြီးမရှိပါဘူး။ Lifestyle ပေါ်အများကြီးမူတည်ပါတယ််။

သိချင်တာတွေရှိရင်လာမေးလို့ရပါတယ်။ အားတာနဲ့ဖြေပေးပါမယ်နော်။

with love,Ting

Photos from Selfcare with Ting's post 13/07/2025

Finally I'm graduated from Taiwan High School. 🇹🇼

3နှစ်လုံးနွေရာသီ၊ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမရှိဘဲ အလုပ်တဖက် ကျောင်းတဖက်နဲ့ ထိုင်ဝမ်အထက်တန်းကြီးကိုပြီးသွားပါပြီ။

လူပေါင်းစုံ နိုင်ငံပေါင်းစုံကသူတွေနဲ့ဆက်ဆံရတော့ အတွေ့အကြုံရော စိတ်၊လူ ပင်ပန်းတာတွေရောအစုံပေါ့။ Vocational high schoolဖြစ်တာကြောင့်ကျောင်းစာထက်စာရင် လုပ်ငန်းခွင်မှာလက်တွေ့လုပ်ရတာပိုများတော့ အတွေ့အကြုံတွေတော်တော်လေးရလိုက်တယ်။

ထိုင်ဝမ်မှာအထက်တန်းကိုအလုပ်လုပ်ရင်းတက်ချင်တဲ့သူတွေ၊သွားတက်မဲ့သူတွေ သိချင်တာရှိရင်လာမေးလို့ရပါတယ်။သိသလောက်ဖြေပေးပါမယ်။ 🥰

24/03/2025

Bioderma က sunscreen ဘူးပုံစံအသစ်ပြောင်းလိုက်ကတည်းက အနံ့တမျိုးကြီးဖြစ်သွားတယ်လို့ Ting လိုခံစားမိတဲ့သူတွေရှိလား ?😣

မြန်မာမှာဝယ်တော့လဲအဲ့အနံ့ဘဲ
ထိုင်ဝမ်မှာထပ်ဝယ်သုံးကြည့်တော့လဲအဲ့အနံ့ဘဲ အနံ့ကိုတော်တော်မကြိုက်ပေမဲ့စျေးကြီးလို့ကုန်အောင်သုံးလိုက်ရတယ် နှစ်အကြာကြီးစွဲသုံးလာပေမဲ့ အနံ့မကြိုက်လို့ နောက်လကျရင် sunscreenအသစ်ပြောင်းသုံးတော့မယ် 🙂‍↔️

Photos from Selfcare with Ting's post 05/03/2025

SOME BY MI Scalp Tonic Review

ဒီ scalp tonic က Ting အမြဲသုံးနေကျ သုံးနေတာလဲတော်တော်ကြာပါပြီ ။ result ကတော့ ပုံထဲကအတိုင်းဘဲ baby hair တွေအများကြီးထွက်လာတာ ။
ဆံပင်ကျွတ်လွယ်တဲ့သူတွေ အတွက် highly recommend ပါ။ သူ့ထဲမှာ Cica ပါတာမို့ ဦးရေပြားနီရဲတတ်တာတွေကို သက်သာစေပါတယ်။ ဆံပင်အမြဲစီးတဲ့သူတွေ ဦးထုပ်ဆောင်းကျင့်ရှိသူတွေဆို သိမှာပါ ဆံပင်စီးထားတဲ့နေရာကပူကြပ်ပြီးယားလာတာမျိုးဖြစ်တတ်တယ်။ အဲ့လိုဦးရေပြား ရုတ်တရက်ယားလာရင် ဒါလေးဖြန်းလိုက်ရင် တော်တော်သက်သာတယ်။ Menthol ပါတာမို့ဖြန်းထားပြီးရင် ဦးရေပြားအေးအေးလေး နဲ့နေလို့ကောင်းတယ်။ နွေရာသီမှာဆောင်ထားသင့်တဲ့ product လေးပါ။

Ting ဘယ်လိုသုံးလဲဆိုတော့ ခေါင်းလျှော်ပြီး လေမမှုတ်ခင်မှာ ဆံပင်ခွဲကြောင်းတွေသေချာခွဲပြီးဦးရေပြားပေါ် လိုက်ဖြန်းပေးတယ်။ဆံပင်ပိုပေါက်ချင်တဲ့နေရာကို ပိုဖြန်းပေးတယ်။ ပြီးရင်ဦးရေပြားကိုခနလောက်နှိပ်ပေးပြီးရင် လေမှုတ်ပါတယ်။

result က ဘူးတစ်ဝက်လောက်မှာသိသာပါတယ်။ anti-hair loss လို့ပြောထားလို့ ဒါသုံးပြီး ဆံပင်လုံးဝမကျွတ်တော့တာတော့မဟုတ်ဘူးပေါ့နော် ။ Ting တို့ဆံပင်က Lifestyle ပေါ်လဲမူတည်ပြီး တစ်နေ့ကို 50-100 ပင်ကျွတ်ပါတယ်။ အဓိကက ဆံပင်ပြန်ပေါက်လာအောင်လုပ်ရမှာပါ။

Ting သူ့ shampoo နဲ့လဲတွဲသုံးဖူးတယ်။ တခြားခေါင်းလျှော်ရည်နဲ့လျှော်တာထက်စာရင် သူ့shampoo +hairtonic ကဆံပင်ကျွတ်တာ အဆီပြန်တာ သိသိသာသာလျော့နည်းသွားတယ်။ ဒါမဲ့ဆံသားခြောက်စေလို့ နောက်ကနေပေါင်းဆေး/ပျော့ဆေးတော့သုံးရပါမယ်။

Hair tonic စျေးက 30000 ဝန်းကျင်ပါ။ Ting က official store ကနေ မှာတာပါ။

သိချင်တာရှိရင်မေးခဲ့လို့ရပါတယ်။

with love,Ting 🩷

Category

Website

Address


Kaohsiung

Alerts

Be the first to know and let us send you an email when Selfcare with Ting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kaohsiung.