Ma Ma Rosey
📌ROSEY COMPANY LIMITED📌 Consumer Thai products can be ordered
02/10/2026
မမရုးစီကိုယုံကြည်စွာလှူပေးကြသော အလှူရှင်များ ကျန်းမာချမ်းသာကြပါစေ🙏🌹
အခက်အခဲပေါင်းစုံကြားက မိခင်မြေကို မျှဝေပေးလိုက်တဲ့ ထိုင်းရောက်မြန်မာပြည်သူတွေရဲ့ သဒ္ဓါတရား
ဝေးလံတဲ့အရပ်ဒေသမှာ ကိုယ့်ဘဝရပ်တည်ရေး၊ မိသားစုစားဝတ်နေရေးအတွက် တစိုက်မတ်မတ် ရုန်းကန်လှုပ်ရှားနေကြရချိန်မှာတောင် မိခင်မြေက မိမိတို့ရဲ့ ဇာတိသွေး ဇာတိမာန်ကို တစ်စုံတစ်ရာ မမေ့လျော့ခဲ့ကြပါဘူး။ သဘာဝဘေးအ-န္တရာယ်ကြောင့် အတိဒု-က္ခရောက်နေကြရတဲ့ ထားဝယ်မြို့နယ်၊ လောင်းလုံးဒေသက ရေ-ဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေရဲ့ သွေးချင်းသားချင်း စာနာစိတ်၊ မေတ္တာတရားတွေက ယခုအခါမှာတော့ ကြီးမားတဲ့ အလင်းရောင်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပါပြီ။
ဘန်ကောက်မြို့၊ ဆယ်လီ မမရိုစီမှ ဦးဆောင်၍ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ စုစည်းညီညွတ်တဲ့ အလှူလက်ဆောင်အဖြစ် ထားဝယ်၊ လောင်းလုံးမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ကျပ်သိန်း (၁၇၀) တိတိ (၁၇,၀၀၀,၀၀၀ ကျပ်) ကို မေတ္တာရှေ့ထားကာ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြပါတယ်။
တစ်ဖက်မှာ ခက်ခဲကြ-ပ်တည်းမှုတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြတ်သန်းနေကြရရင်းကနေ ကိုယ့်ထက်ပိုပြီး ဒု-က္ခရောက်နေရှာတဲ့ ဒေသခံပြည်သူတွေကို လက်လှမ်းမီသမျှ ပြန်လည်ရိုင်းပင်းကူညီကြတဲ့ ဤမွန်မြတ်လှတဲ့ လှူဒါန်းမှုဟာ ရေဘေးဒဏ်ကြောင့် အမိုးအကာနဲ့ စားဝတ်နေရေးအကျ-ပ်အတည်းတွေ့နေရတဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတယ်။
"ဝေးကွာနေပေမဲ့ ရင်နဲ့နီးပါတယ်" ဆိုတဲ့ သက်သေပြချက်တစ်ခုအဖြစ် ထိုင်းရောက်မြန်မာပြည်သူတွေရဲ့ ဒီကုသိုလ်ပြုမှုဟာ ပြည်သူအချင်းချင်း အခက်အခဲချိန်မှာ လက်တွဲခေါ်ကြတဲ့ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုကို ထပ်မံအတည်ပြုပြသလိုက်တာပဲ ဖြစ်ပါတယ်။ အဝေးတစ်နေရာကနေ မိခင်မြေဆီကို အချစ်တွေ၊ မေတ္တာတွေနဲ့အတူ သဒ္ဓါတရား လက်ဆောင်ပါးလိုက်ကြတဲ့ ထိုင်းရောက်မြန်မာပြည်သူများအားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။ 🙏✨
အလှူငွေသိန်း(၄၀)ကျပ်ထပ်မံအလှူပေးဖြစ်ပါတယ်
#မမရိုးစီ
မမရိုးစီဘန်ဘေားဆိုင်ကြီး
လက်လီလက်ကားရမယ် #မမရိုးစီ #မမရိုးစီဘန်ဘောဆိုင်
မိမိကိုယ်မိမိလဲ
လှပအောင်နေနော် #မမရိုးစီ
01/10/2026
အလှူရှင်များကိုအထူးပင်ကျေးဇူးတင်ပါတယ်🙏🏻
အလှူရှင်များ ထပ်မံအလှူခံပါတယ်ရှင့် #ပိုင်လေး #ထားဝယ်ရေဘေး
#မမရိုစီးဘန်ဘောဆိုင် #မမရိုစီးဘန်ဘောဆိုင်လက်လီလက်ကား
အလှူရှင်များစိတ်ချစွာပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့် #ထားဝယ်ရေဘေး
ကဲလက်ရှိရရှိထားတဲ့အလှူငွေတွေကိုအရှေတန်းကနေထိရောက်စွာကူညီကယ်ဆယ်ပေးနေတဲ့ ဇမ္ဗသီရီအရေးပေါ်လူနာကူညီ သည်ဆောင်ရေးအဖွဲ့ထားဝယ် ကိုလှူပေးလိုက်ပါပြီရှင့် #ပိုင်လေး #ထားဝယ်ရေဘေး
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Patong
8300
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ma Ma Rosey โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ