Pan Sa Gar
Healthy and fresh salad for everyone
မင်တို့ ထမင်းဆိုင်လေးကို menu upgradeလုပ်ဖို့ရှိတာကြောင့် ရက်အနည်းငယ်ခေတ္တခဏပိတ်ထားပါတယ်ရှင့်။
(20.6.2026)နဲ့(21.6.2026) 2ရက်ကို ပန်းစကားထမင်းဆိုင်လေးပိတ်ပါတယ်ရှင်။ MOCထဲက ပန်းစကားအသုပ်ဆိုင်လေးကိုတော့ပုံမှန်အတိုင်း ညပိုင်းမှာ ဖွင့်သွားပါမယ်နော်။
19/06/2026
ဒီနေ့ မင်မင်တို့ ဆိုင်လေးစောစောပိတ်ရမှာမလို့ ၅နာရီထိပဲ orderလေးတွေလက်ခံမယ်နော် ❤
19/06/2026
ဒီနေ့ဟင်းတွေအရမ်းကောင်းတယ်နော်။ မွှေးနေကောပဲ
ခရမ်းသီးနှပ်- 20ဘတ်
အားလူးကြက်ဥကြော်- 20ဘတ်
ဝက်သားဟင်း- 30ဘတ်
ငါးခူကြော်နှပ်- 30ဘတ်
ကြက်ပေါင် - တစ်တုံး ၂၀ဘတ်
အမဲကြော်- တစ်တုံး ၃၀ဘတ်
ဝက်သားကြော်- ၁၀ဘတ်
ဝက်သားလုံး- ၃လုံး ၁၀ဘတ်
ငါးပိရည် တို့စရာ အရည်သောက် မေတ္တာစာလေးအနေနဲ့ထည့်ပေးပါတယ်ရှင့်။ 😘
19/06/2026
(19.6.2026) ဒီနေ့ရဲ့menuလေးပါရှင့်။ ပဲဟင်းချိူချိူလေးနဲ့ ခရမ်းသီးနှပ် ငါးကြော်နှပ်လေးတွေနဲ့ အရသာရှိရှိစားမယ်ဆို helloလိုက်နော်။ ၁၀ နာရီခွဲလောက်ဆို ဟင်းစုံရပြီမလို့ လာခဲ့နော်။🥰
18/06/2026
ဒီနေ့ အတွက် menuလေးပါရှင့်❤
Menuကဟင်းနည်းတယ်ပြောကြပေမယ့်လည်း နည်းနည်းနဲ့တစ်နေ့စာတစ်နေ့လတ်လတ်ဆတ်ဆတ်လုပ်ချင်လို့ပါနော်။ အခုမှစဖွင့်ကာစမလို့ လိုတာရှိရင်လည်းပြောဦးနော်။ customerတွေအများကြီးရှိလာရင်menuတွေထပ်တိုးမယ်နော်😘
မနေ့က ချဥ်ပေါင်နဲ့ဇလုံထမင်းနယ်ကုန်သွားလို့ ညပိုင်းမစားလိုက်ရတဲ့သူလေးတွေကိုလည်းဒီနေ့ ပိုလုပ်ထားမှာမလို့ လာခဲ့ပါဦးနော်။😘
မနေ့က ငရုတ်သီးကြော်က တအားစပ်တယ်ပြောကြလို့ ပုဇွန်ခြောက်ကြော်လေးပြောင်းလုပ်ထားပေးမယ်နော်။
ဒီနေ့ဟင်းတွေကော ထမင်းတွေကော အကုန်ကုန်အောင်အားပေးကြတဲ့အတွက်လည်း တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
17/06/2026
10% promotionလေးကို တပတ်လုံးပေးဖို့လုပ်ထားပါတယ်နော် Yayy🥳🥳🥳
မနေ့ကဖွင့်ပွဲလေးမှာ လာအားပေးကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အစောပိုင်းရောက်လာတဲ့customerတွေကိုလည်းမင်မင်တို့ရဲ့ မပြည့်စုံမှု့လေးတွေအတွက်လည်း တောင်းပန်ပါတယ်နော်။🙏🙏🙏 အောက်မှာ ဒီနေ့အတွက် ရနိုင်မယ့်ဟင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။ အားပေးမယ့်customerတွေအတွက် လိပ်စာလေးကို commentမှာထည့်ပေးထားမယ်နော်🥰🥰
15/06/2026
Hello Hello... ချင်းမိုင်မှာ မြန်မာထမင်းဟင်းနဲ့ ဇလုံထမင်းနယ်ကို လုံးဝသက်သက်သာသာစျေးနှုန်းနဲ့စားရမယ့်😱 ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ အိပ်မက်မက်ခဲ့တာက မနက်ဖြန်ဆိုရင်အကောင်အထည်ပေါ်ပြီဖြစ်ပါတယ်။
😍 ဇလုံထမင်းနယ် -50B
(မျှစ်ချဥ်ပေါင်နယ်၊ ခရမ်းချဥ်သီးငါးပိချက်၊ ခရမ်းချဥ်သီးချက် ကြိုက်နှစ်သက်ရာနဲ့နယ်လို့ရ)
>> ကြိုက်နှစ်သက်ရာဟင်းတစ်မျိူး အသီးရွက်တို့စရာနဲ့ အရည်သောက် free😱
😍 ထမင်းပုံစား - 50B
>> ကြိုက်နှစ်သက်ရာ အသားဟင်းတစ်မျိူး၊ အသီးအရွက်ကြော်တစ်မျိူး တို့စရာ ငါးပိရည်ကျိူ အရည်သောက် free😱
😍 လက်ဖက်ထမင်း၊ ပဲပြုတ်ထမင်းကြော်၊ ရခိုင်ထမင်းသုပ် စတဲ့menuတွေကိုလည်း ကြိုက်နှစ်သက်ရာ ဟင်းတစ်မျိူးနဲ့တွဲယူလို့ရ တပွဲ ၅၀ဘတ် 😱
မနက်ဖြန်ဖွင့်ပွဲ 10% promotionလေးနဲ့အတူ အားလုံးကို လာရောက်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🥰🥰🥰
Location: https://maps.app.goo.gl/GQiEFGBasA5BY1cW6
ချင်းမိုင်ကသူငယ်ချင်းတို့ရေ ခုနေ့ ညနေ၅နာရီ မုန့်လက်ဆောင်းနဲ့ခေါက်ဆွဲကြော် စတုဒီသာလေး လာသုံးဆောင်ကြပါဦးရှင် 😍
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Memories Of ChiangMai
Chiang Mai
เวลาทำการ
| จันทร์ | 16:00 - 00:00 |
| อังคาร | 16:00 - 00:00 |
| พฤหัสบดี | 16:00 - 00:00 |
| ศุกร์ | 16:00 - 00:00 |
| เสาร์ | 16:00 - 00:00 |
| อาทิตย์ | 16:00 - 00:00 |