Boo k2

Boo k2

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Boo k2, สุขภาพ/ความงาม, Bangkok.

နေ့စဉ် ပြည်တွင်း၊ ပြည်ပ သတင်းစုံများနှင့် စိတ်ဝင်စားဖွယ် မြေပြင်ဖြစ်ရပ်မှန် သတင်းများကို လက်မလွတ်တမ်း စောင့်ကြည့်နိုင်ဖို့ **Book2** Page ကို Like နဲ့ Follow လုပ်ထားပေးကြပါဦးနော်။

22/09/2026

**မြောက်ဦးမြို့နယ်ရှိ သက္ကမတိုင်းရင်းသား ကျေးရွာ (၂) ရွာတွင် ULA/AA က ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

အာရက္ခပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သက္ကမတိုင်းရင်းသား ကျေးရွာ (၂) ရွာမှ ဒေသခံပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်အတွင်း ကျေးရွာများရှိ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး အခြေအနေများကို စစ်ဆေး ကုသပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ဒေသခံ ပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်အတွက် ULA/AA မှ တာဝန်ရှိသူများက သက်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြသည်။

ဒေသခံတစ်ဦးက "အခုလို ကျန်းမာရေး စောင့်ရှောက်မှုတွေ လာရောက် လုပ်ဆောင်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒီရွာတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဆေးဝါးလည်း မစုံလင်ပါဘူး။

အခုလို ရွာအထိ လာရောက်စစ်ဆေး ကုသပေးပြီး ဆေးဝါးတွေပါ ထောက်ပံ့ပေးတာကြောင့် ဒေသခံတွေအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ULA/AA သည် အာရက္ခဒေသအတွင်းရှိ မြို့ရွာများတွင် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ဒေသခံ ပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#မြောက်ဦးမြို့နယ် #သက္ကမတိုင်းရင်းသား #ကျန်းမာရေးစောင့်ရှောက်မှု #ရခိုင်သတင်း

22/09/2026

**ရခိုင်-မကွေးအစပ် မင်းတုန်းနှင့် သဖန်ရောင် တိုက်ပွဲများအတွင်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

ရခိုင်-မကွေးအစပ် မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး ပွိုင့် (၉၄၈) ကုန်းဝန်းကျင်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နှင့် (၂၁) ရက်တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို AA ဘက်မှ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#မင်းတုန်းမြို့နယ် #တိုက်ပွဲသတင်း #အာရက္ခတပ်တော် #စစ်ရေးသတင်း

22/09/2026

**"ULA/AA ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရုံနဲ့ မလုံလောက်ဘဲ ချစ်ကြောင်းကိုပါ ပြသဖို့ လိုပါတယ်"**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

တချို့က ချစ်ခြင်းမေတ္တာကို အသက်ပေးလို့ ရဲရဲဝံ့ဝံ့ သက်သေပြကြသည်။

တချို့က မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးကနေ တာဝန်ယူရင်း သက်သေပြနေကြသည်။

နီးနီးဝေးဝေးမှာရှိကြတဲ့ ပြည်သူအပေါင်းကလည်း မိမိတို့၏ ချစ်ခြင်းမေတ္တာကို မမေ့မလျော့ဘဲ အစဉ်အမြဲ သက်သေပြလျက် ရှိကြသည်။

အသပြာ အကန့်အသတ်ရှိသော်လည်း မေတ္တာအပြည့်ဖြင့် ပြုလုပ်ထားသည့် စားစရာလေးများကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့စရာပင်ဖြစ်သည်။

"အစားကောင်း စားရသည့်အခါ ချစ်ရသူများကို သတိရသည်" ဆိုသကဲ့သို့ အကောင်းစား မဟုတ်သည့်တိုင်အောင် အစားကောင်း ဖြစ်စေရန် ပြုလုပ်ထားသော စားစရာလေးများနှင့်အတူ မေတ္တာစာလွှာလေးများကို ရဲဘော်များထံ ပို့ဆောင်ပေးလိုက်ပါသည်။

ခွန်အားများ ဖြစ်စေသလို ရဲဝံ့စွာဖြင့် လုံခြုံဘေးကင်းကြပါစေ။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#အာရက္ခတပ်တော် #ပြည်သူ့မေတ္တာ #ခွန်အား

22/09/2026

**မြောက်ဦးခရိုင်ရှိ သက္ကမတိုင်းရင်းသား ကျောင်းသား/သူများကို ULA/AA မှ စာရေးကိရိယာနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

အာရက္ခပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သက္ကမတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာအချို့မှ ကျောင်းသား/သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က စက်တင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် စာရေးကိရိယာများနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် ကျောင်းအလိုက် ကျောင်းသား/သူများအတွက် အားကစားပစ္စည်းများ၊ KG တန်းမှ Grade - 6 အထိ ကျောင်းသား/သူများအတွက် ဖတ်စာအုပ်များနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲကို မြောက်ဦးခရိုင်ပါတီမှ တာဝန်ရှိသူများ၊ တိုက်နယ်ရုံးမှ တာဝန်ရှိသူများ၊ အာရက္ခတပ်တော် (AA) မှ တာဝန်ရှိသူများနှင့် ဗဟိုကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ULA/AA ၏ ထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "အခုလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကနေပြီးတော့ ကျောင်းသား/သူတွေ လိုအပ်တဲ့ စာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ ထောက်ပံ့ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ULA/AA အနေဖြင့် အာရက္ခဒေသရှိ မြို့ရွာများကို မသိမ်းပိုက်မီ ကာလကတည်းကစ၍ လက်ရှိအချိန်အထိ လူမျိုးဘာသာ မခွဲခြားဘဲ ဒေသခံပြည်သူများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#မြောက်ဦးမြို့နယ် #သက္ကမတိုင်းရင်းသား #ပညာရေးထောက်ပံ့မှု #ရခိုင်သတင်း

22/09/2026

**ချွန်ဘူရီတွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ၆ ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွား၊ ၁၁ ဦး ဒဏ်ရာရရှိ**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်လာမုန်းမြို့နယ်၊ နောင်ပလာလိုင်ကျေးရွာအုပ်စုတွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည့် ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း ထိုင်းသတင်းများအရ သိရသည်။

စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက နောင်ပလာလိုင်ကျေးရွာအုပ်စု လမ်းမကြီး အမှတ် ၃၆ ရှိ ပတ္တယားဘက်သို့ မောင်းနှင်သည့် လမ်းပိုင်းတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ၆ ဘီးယာဉ်မှာ လမ်းချော် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ ပတ္တယားမြို့မှ ကယ်ဆယ်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဘန်လာမုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမား အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရသည်။

ယာဉ်မှာ ရယောင်းခရိုင်မှ အလုပ်သမားများကို တင်ဆောင်၍ ချွန်ဘူရီခရိုင်၊ စီရာချာမြို့နယ်ရှိ ကုမ္ပဏီသို့ မောင်းနှင်လာစဉ် အခင်းဖြစ်ပွားသည့်နေရာ၌ မိုးရွာသွန်းထားသဖြင့် လမ်းချောနေပြီး ညာဘက်သို့ လှည့်ထွက်သွားခဲ့ကြောင်း၊ ယင်းအချိန်တွင် ညာဘက်လမ်းကြော၌ ပစ်ကပ်ကားတစ်စီး မောင်းနှင်လာသဖြင့် မတိုက်မိစေရန် ဘယ်ဘက်သို့ အမြန်ကွေ့ရှောင်လိုက်စဉ် လမ်းဘေးသို့ ထိန်းမနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘန်လာမုန်းမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့်နေရာအား စစ်ဆေးမှတ်တမ်းယူထားပြီး ဖြစ်စဉ် အကြောင်းအရင်း အတိအကျကို သိရှိနိုင်ရေးအတွက် ယာဉ်မောင်း၊ ဒဏ်ရာရရှိသူများနှင့် သက်ဆိုင်သူများကို ဆက်လက်စစ်ဆေးကာ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ယာဉ်မတော်တဆမှု #ပြည်ပသတင်း #သတင်း

22/09/2026

**အမ်းကို ထိုးစစ်ဆင်သည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခု တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

အမ်းမြို့နယ် ရိုးကျော်လမ်းကို ထိန်းချုပ်ရန် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

မင်းတုန်းနှင့် သဖန်ရောင်ဘက်မှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကြောင်းသည် AA ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်သွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

"ဒီရက်ပိုင်း တိုက်ပွဲက တစ်နေရာတည်းမဟုတ်ဘဲ ၃ နေရာလောက် ပြင်းထန်နေပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ပျက်သွားပြီး လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM သို့ ပြောသည်။

စစ်ကောင်စီ ဗျူဟာမှူးအဆင့် ဦးဆောင်ပြီး သဖန်ရောင်နှင့် ကန်ဂျိုးကြားလမ်းတွင် ယာယီစခန်းများ တည်ဆောက်ထားကာ ကန်ဂျိုးသို့ ထိုးစစ်ဆင်နေသဖြင့် အာရက္ခတပ်တော်နှင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ပြောဆိုသည်။

"သူတို့က အဓိက ကန်ဂျိုးကို ထိုးစစ်ဆင်နေတာပါ။ အဲဒီပတ်ဝန်းကျင်မှာပဲ တိုက်ပွဲ ဖြစ်နေကြတာဖြစ်ပြီး သဖန်ရောင်ဘက်ကနေ လက်နက်ကြီးပစ်ကူ ပေးပါတယ်" ဟု ဆိုသည်။

စစ်ကောင်စီသည် စစ်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် အမ်းမြို့နယ် တလိုင်းတောင်သို့ မင်းတုန်းမြို့နယ် အနောက်ဘက် သဖန်ရောင်ကျေးရွာမှ စခန်းသစ်များ ဆောက်လုပ်ကာ ထိုးစစ်ဆင်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

ထို့အပြင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်နေသော်လည်း ယခုရက်ပိုင်းအတွင်း စစ်ကြောင်းတစ်ခု ပြိုပျက်ခဲ့ကာ ကျန်ရှိသော စစ်ကြောင်းများနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးနီးစပ်သူများထံမှ သိရသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#အမ်းမြို့နယ် #တိုက်ပွဲသတင်း #အာရက္ခတပ်တော် #စစ်ရေးသတင်း

22/09/2026

**ဘန်ကောက်ရောက် မြန်မာလုပ်သားများကြား ယုံကြည်မှုကို အခွင့်ကောင်းယူကာ ဘတ် (၇) သိန်းကျော် လိမ်လည်ခံရမှုဖြစ်စဉ်**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူရင်းအဖြစ် ယုံကြည်စွာ ပေါင်းသင်းခဲ့သူ လင်မယားနှစ်ဦးက လုပ်အားခစုဆောင်းငွေ ဘတ် (၇) သိန်းကျော်ကို လိမ်လည်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း။

ခင်မင်ရင်းနှီးခဲ့ကြသည့် အဆိုပါ လင်မယားအား အဆင်ပြေစေရန် ကူညီပံ့ပိုးပေးခဲ့သည့်အပြင် "သားသမီးများအတွက် စီးပွားရေးလုပ်ရန်" ဆိုသည့် ခေါင်းစဉ်ဖြင့် တစ်လလျှင် ဘတ် ၁ သိန်း၊ ၂ သိန်းမှစ၍ ၇ သိန်းအထိ ယုံကြည်စွာ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အခွင့်ကောင်းယူကာ အတိုးရယူခြင်း၊ ငွေကြေးပြန်လည်မဆပ်ဘဲ ရှောင်လွှဲခြင်းများ ပြုလုပ်ခဲ့သဖြင့် မူလငွေရှင်ဘက်မှ အခက်အခဲများစွာ ဖြစ်ပေါ်နေရသည်။

"အွန်လိုင်းကလူတွေကို မယုံရဘူးဆိုပြီး လူရင်းလူခင်မို့ ဘာအချက်အလက်မှမယူဘဲ ရှိသမျှပိုက်ဆံအကုန် ယုံကြည်ပြီး ထုတ်ပေးခဲ့တာပါ။

အမေတစ်ယောက်၊ အမတစ်ယောက်လို ချစ်ခင်လေးစားခဲ့ရတဲ့ မမကြီး မရွှေခင်ကတော့ အခုတော့ အကြွေးတွေနဲ့ ဘဝပျက်အောင်လုပ်ပြီး ရက်ရက်စက်စက် ထားခဲ့ပါပြီ" ဟု ထိခိုက်နစ်နာသူက ပြောဆိုသည်။

ယခုအခါ ဒေါ်ရွှေခင် ထံမှ ရရှိရန်ကျန်ရှိနေသော **စုစုပေါင်း အကြွေးကျန်ငွေ ၇၀၀,၀၀၀ ဘတ် (ခုနစ်သိန်းဘတ်)** ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အမြန်ဆုံး လာရောက်ရှင်းလင်းပေးရန် မူလငွေရှင်ဘက်မှ အသိပေး အကြောင်းကြားထားသည်။

**အသေးစိတ် အကြွေးကျန်ငွေစာရင်း -**
* **လတိုးငွေ စာရင်း -**
* 10/1/2026 - 50,000 ဘတ်
* 20/1/2026 - 250,000 ဘတ်
* 24/1/2026 - 50,000 ဘတ်
* 7/2/2026 - 100,000 ဘတ်
* **နေ့ပေးငွေ စာရင်း -**
* 4/4/2026 - 100,000 ဘတ်
* 6/4/2026 - 50,000 ဘတ်
* 11/4/2026 - 100,000 ဘတ်

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#ထိုင်းရောက်မြန်မာများ #အကြွေးအသိပေးစာ #သတင်း

22/09/2026

**ထိုင်းနိုင်ငံမှ အနုပညာရှင်များနှင့် ဩဇာရှိသူများနှင့် ပုံတွဲရိုက်ကာ ဖေ့စ်ဘုတ်တွင် တင်လေ့ရှိသူ အမျိုးသမီးတစ်ဦး၏ ဖြစ်စဉ်**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

ထိုင်းနိုင်ငံရှိ နာမည်ကျော် အနုပညာရှင်များ၊ သတင်းဌာနများမှ ပုဂ္ဂိုလ်များနှင့် နာမည်ကြီး ပွဲလမ်းသဘင်များတွင် သွားရောက်၍ ဓာတ်ပုံတွဲရိုက်ကာ မိမိ၏ ဖေ့စ်ဘုတ် အကောင့်တွင် ပြန်လည် တင်လေ့ရှိသည့် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦး၏ လုပ်ရပ်များကို ဒေသတွင်း၌ သတိထားမိကာ သတင်းထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ပထမဆုံး စတင်သတိထားမိခဲ့သူမှာ (Phi Nu) ဖြစ်ပြီး၊ ရှေ့နေများနှင့် သတင်းထောက်များ အင်တာဗျူး ပြုလုပ်နေစဉ် အဆိုပါ အမျိုးသမီးက မသိမသာ ဝင်ရောက် နားထောင်နေခဲ့ခြင်းဖြစ်သည်။

အင်တာဗျူးအပြီးတွင် အဆိုပါ အမျိုးသမီးသည် မည်သူမှန်း မသိကြကြောင်း ရှေ့နေများက ပြောဆိုခဲ့ကြသည်။

ယင်းနောက်တွင် အဆိုပါ အမျိုးသမီး၏ အကြောင်းများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီး နာမည်ကျော် ဂီတပညာရှင် LOSO၊ ထိုင်း ဝန်ကြီးချုပ်အပါအဝင် သာသနာ့ဘောင်သို့ ဝင်ရောက်သွားသည့် မဲ့ထက်ဆောင်တို့ကဲ့သို့ ထင်ရှားသူများ အပါအဝင် ပုဂ္ဂိုလ် အများအပြားနှင့် ဓာတ်ပုံတွဲရိုက်၍ လူမှုကွန်ရက်တွင် တင်ခဲ့ကြောင်း သိရှိလာရသည်။

ယခုအခါ အဆိုပါ အမျိုးသမီးသည် မိမိ၏ လုပ်ရပ်အတွက် ထွက်ခွာ တောင်းပန်ခဲ့ပြီး နောက်နောင် ယခုကဲ့သို့ မပြုလုပ်တော့ပါဟု ကတိပေးခဲ့သည်။

သို့သော်လည်း ယခင် နစ်နာသူ လင်မယား နှစ်ဦးက ယင်းအမျိုးသမီးအား အမှုတစ်ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအနေဖြင့် နာမည်ကျော် ထင်ရှားသူများနှင့် ဓာတ်ပုံတွဲရိုက်ကာ မိမိ အကောင့်တွင် တင်နေသည့် အဓိက ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သည်ကိုမူ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#ထိုင်းသတင်း #ထိုင်းအနုပညာသတင်း #လူမှုကွန်ရက်သတင်း #ပြည်ပသတင်း #သတင်း

22/09/2026

ကျောင်းသူ၊ ကျောင်းသား လူငယ်တို့ သွားရောက်လည်ပတ်ဖို့ ဘန်ကောက်က နေရာကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဘန်ကောက်မြို့ နာမည်ကြီး ကုန်တိုက်တစ်ခုမှာ ကျင်းပနေတာဖြစ်ပြီး လူငယ်တွေရဲ့ အနာဂတ် ရည်မှန်းချက်တွေအပြင် အနုပညာရှင်ကြီးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖန်တီးမှုတွေကို အေးချမ်းစွာ ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

အချိန်ရရင် သွားရောက်ကြည့်ရှုဖို့ အထူးညွှန်းဆိုလိုက်ပါရစေ။

Boo k2
#ဘန်ကောက်မြို့ #လူငယ် #ကျောင်းသား #အနုပညာပြပွဲ

22/09/2026

**ကပစ (၁၆) စက်ရုံအနီး ပွိုင့် ၅၀၆ နှင့် ၅၀၀ ကုန်းများတွင် တိုက်ပွဲပြင်းထန်နေ၍ တပ်မိသားစုဝင်များ ရွှေ့ပြောင်းနေရ**

**[ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက် ]**

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်ရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး (ကပစ - ၁၆) စက်ရုံ၏ ကာကင်းစခန်းများဖြစ်သော ပွိုင့် ၅၀၆ ကုန်းနှင့် ပွိုင့် ၅၀၀ ကုန်းများကို AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အဆိုပါစက်ရုံရှိ စစ်ကောင်စီ တပ်မိသားစုဝင်များမှာ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သို့ ပြောင်းရွှေ့နေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်မှစတင်၍ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များသည် ကပစ (၁၆) စက်ရုံ၏ ကာကင်းစခန်းများဖြစ်သည့် ပွိုင့် ၅၀၆ ကုန်းနှင့် ပွိုင့် ၅၀၀ ကုန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာကင်းစခန်းများ ထိုးစစ်ဆင်ခံရမှုကြောင့် ကပစ (၁၆) စက်ရုံရှိ စစ်ကောင်စီ တပ်မိသားစုဝင်များမှာ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) သို့ ပြောင်းရွှေ့နေရကြောင်း ပန်းတောင်းဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

"ကာကင်းစခန်းကုန်းတွေမှာ အခြေအနေမကောင်းလို့ ကပစ (၁၆) စက်ရုံမှာရှိတဲ့ တပ်မိသားစုဝင်တွေကို ပြောင်းရွှေ့နေရတာပါ။

ဒီရက်ပိုင်းအတွင်းမှာပဲ ကား ၂ စီး၊ ၃ စီးနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ပြောင်းသွားတယ်လို့ သိရတယ်" ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပွိုင့် ၅၀၆ ကုန်းနှင့် ပွိုင့် ၅၀၀ ကုန်းများကို AA နှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားနေကာ လေကြောင်းမှလည်း နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ကပစ (၁၆) စက်ရုံအနီးရှိ ကာကင်းစခန်းများမှာ ပွိုင့် ၅၀၀၊ ပွိုင့် ၅၀၆၊ ပွိုင့် ၃၅၃၊ ပွိုင့် ၂၆၈ နှင့် ပွိုင့် ၆၆၆ စခန်းကုန်းတို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပွိုင့် ၆၆၆ စခန်းကုန်းကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ပွိုင့် ၅၀၀ နှင့် ပွိုင့် ၅၀၆ စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကပစ (၁၆) စက်ရုံအနီးရှိ စစ်ဆင်ရေးများကို အာရက္ခတပ်တော် (AA) နှင့်အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မြေလတ်စစ်ဒေသ၊ အမှတ် (၂၀၃) ဗျူဟာတို့က ပူးပေါင်းပါဝင် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ပဲခူးတိုင်းအတွင်း ကပစ စက်ရုံ ၇ ရုံ ရှိပြီး ပြည်မြို့နယ်တွင် ကပစ (၃)၊ (၇) နှင့် (၁၉)၊ ဥသျှစ်ပင်မြို့နယ်တွင် ကပစ (၅)၊ (၆)၊ (၉) နှင့် (၁၆) စက်ရုံတို့ တည်ရှိကြောင်း သိရသည်။

မိမိတို့၏ အမြင်များကိုလည်း ကွန်မန့်တွင် ယဉ်ကျေးစွာ မျှဝေဆွေးနွေးနိုင်ပါသည်။

နေ့စဉ် ပြည်တွင်း/ပြည်ပ သတင်းများနှင့် စိတ်ဝင်စားဖွယ်ရာ သတင်းများကို လက်မလွတ်ရအောင် **Book2** Page ကို **Like & Follow** လုပ်ထားပေးကြပါဦးနော်။

Boo k2
#ကပစ၁၆ #ပဲခူးတိုင်းစစ်ရေး #အာရက္ခတပ်တော် #စစ်ရေးသတင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok