Phyu Beauty Life
ဘဝသစ်
24/08/2026
ဒီ page ကိုဖွင့်ပြီး ရည်ရွယ်ချက်မရှိခဲ့ဘူး
ဘာတွေရေးရမလဲ ဘဝအကြောင်း ကျန်းမာရေးအကြောင်း အလှအပ ဘာရေးရင်ကောင်းမလဲဆိုပြီး
အဖြေရှာပေမယ့် အဖြေမပေါ်တာနဲ့ပစ်ထားမိတယ်
ဒါကြောင့်လဲ ပြောကြတာပါ
ကိုယ့်ဆီမှာ တန်ဖိုးရှိတာတွေဘယ်လောက်ပဲရှိရှိ
အသုံးမချတတ်ရင် တန်ဖိုးမထားတတ်ရင်
အလကားပါပဲလို့
လူပဲဖြစ်ဖြစ် အရာဝတ္ထုပဲဖြစ်ဖြစ်
တန်ဖိုးထားတတ်တဲ့သူနဲ့တွေ့မှ တန်ဖိုးရှိတာပါ
ကိုယ့်အရည်အချင်းကို တန်ဖိုးထားတဲ့သူနဲ့ပဲ
နေထိုင်ပါ ရှင်သန်ပါ ဘဝရဲ့လက်ကျန်နေ့ရက်တွေကို ကိုယ့်ကိုယ်ကိုအတွက်ပဲ ကုန်လွန်ပါ
ကိုယ့်နိုင်ငံကိုလဲ ဖြစ်စေချင်လိုက်တာ
#ရှာဖွေရင်းခရီးဆန့်ရင်းလူ့ဘဝလူ့လောက
15/05/2026
ကိုယ်တွေမိဘက
လက်မှုပညာနဲ့အသက်မွေးတဲ့သူတွေ
ကိုယ့်လက်ထက်မှာမှ သက်တောင့်သက်သာလခစားဝန်ထမ်းဘဝကို ရွေးချယ်ပြီး ရပ်တည်ခဲ့တော့ ဘဝတစ်သက်တာလုံးရတဲ့လစာနဲ့ဘယ်လိုရပ်တည်မလဲဆိုပြီးပဲ ချင့်ချင့်ချိန်ချိန်နဲ့ကြိုးစားနေထိုင်ခဲ့တာပါ။
မအလ အာဏာသိမ်းတော့ ဘယ်လက်အောက်မှာမှ ဝန်ထမ်း ထပ်မလုပ်ချင်လို့ကိုယ်ပိုင်လုပ်ငန်းလေးထူထောင်ကာမှ ရှမ်းမြောက်တခွင်စစ်ဖြစ်တော့ ကိုယ့်အိမ် ကိုယ့်နေရာ ကိုယ့်လုပ်ငန်းလေးပါ
ပြုတ်ကရော 😥
သို့ပေမယ့်လဲ လှေခွက်ကြည့်ကျန်အလှံမလဲ ဆိုတဲ့စိတ်နဲ့ စိတ်နာရတဲ့ရပ်ဝန်းကို ကျောခိုင်းပြီး စိတ်သစ်နေရာသစ်မှာ ဘဝသစ်စမယ်ဆိုပြီး
ဘန်ကောက်ရောက်လာပါရော။
ပြောချင်တာက အခုမှစမှာ
ကိုယ်တွေ ဝန်ထမ်းလုပ်ခဲ့တဲ့တစ်လျှောက် အစွမ်းအစမှန်သမျှ အကုန်ထုတ်ပြီး ကြိုးစားခဲ့တော့
ဘယ်အလုပ်ရှင်နေနေ လစာကို တိုးပေးတာကြည့်ပါပဲ။ မတိုးရင်လဲ ကိုယ်က အရင် တာ့တာပြခဲ့တာ
ဟုတ်တယ်လေ ကြိုးစားသလောက် အရာထင်မှ ကြိုးစားရကျိုးနပ်မယ်မလား။😎
ခု ပြောချင်တဲ့လိုရင်းရောက်ပါပြီ
လခစားဘဝမှာ ဘယ်နေရာရောက်ရောက်ကိုယ့်လခနဲ့ကိုယ် သူများသုံးသလို သုံးနိုင်တယ် သူများဝယ်သလိုဝယ်နိုင်တယ် သူများစားသလိုစားနိုင်တယ်
ဟော အမေစု လက်ထက် အစိုးရဝန်ထမ်းဖြစ်တော့
အခြေခံလစာတွေ ပြင် လိုက်တာ ကိုယ်တွေအတွက်
အံဝင်ဂွင်ကျ ဝန်ထမ်းဘဝမှာ ရွှေစ ငွေစနဲ့ ရွှေထီးဆောင်းရတဲ့အချိန်တွေပေါ့ ။
အလုပ်တစ်ခုနဲ့ မရပ်နေတတ်သူမို့ Online ကပါ ဈေးရောင်းရင်း အရာရာအဆင်ပြေ ဘဝရဲ့အနှစ်သာရတွေ ချိုမြိန်နေတဲ့အချိန်တွေပါပဲ။
မအလ အာဏာရူးတဲ့အချိန်ကစလို့ ကိုယ်တွေလဲ
CDM လုပ် ဘဝကို အစကနေပြန်စ အဆင်ပြေမယ်လုပ်လိုက် မတည်ငြိမ်လိုက်နဲ့ 5နှစ်ထဲ ဝင်လာတော့
မဖြစ်ချေဘူး ဆိုပြီး ခုလို ထိုင်းဘက်ထွက်ဖို့ ကိုယ့်မြို့လေးကို ချစ်ရက်နဲ့စွန့်ခွာခဲ့ရတာပါပဲ။
ဒီနေရာမှာ ကြုံလို့ ဖတ်ထားသိထားတာလေး
ပြောပြချင်ပါရဲ့
မနေသင့်တဲ့အရပ်တဲ့
စစ်မှန်သော ဘာသာတရားမရှိတဲ့အရပ်
စစ်မှန်သော ဦးဆောင်သူမရှိတဲ့အရပ်
ဆေးရုံဆေးခန်းမရှိသောအရပ်(စစ်အတွင်းမှာဆေးရုံကို လေယာဉ်နဲ့ဗုံးကျဲတာ နှစ်ခါလေ)
ပညာ ကောင်းစွာသင်ယူခွင့်မရသောအရပ်တဲ့
အဲ့လို မနေသင့်တဲ့အရပ်မှာနေရင် တိုးတက်မှုဆိုတာ
မရှိလို့ စွန့်ခွာသင့်ရင် စွန့်ခွာရဲရမယ်လေ
ကဲ ဟုတ်ပါပြီ
ခု ထိုင်းဘက်လဲ ထွက်လာရော
အရာရာအဆင်ပြေတယ်ထင်ပြီး ပိုက်ဆံချေးတဲ့သူနဲ့
လိုက်လာချင်လို့ အကူအညီတောင်းတဲ့သူနဲ့😔
ကိုယ်ချင်းစာပါတယ် လူတိုင်းက အဲ့လိုထွက်လာရင်
ဟပ်ချလောင်းဆို အဆင်ပြေပြီပဲ ထင်ကြတာကိုး
ခုဒီမှာရတဲ့လစာက အမေစု လက်ထပ်မှာ ကိုယ်တွေအသက်ရှူချောင်သလောက်ပါပဲ။
တစ်ခုပိုလာတာက ကိုယ့်နိုင်ငံမှာ နေရင် အထောက်အထားလုပ်ဖို့ ပိုက်ဆံမကုန်ဘူး
သက်တမ်းတိုးဖို့ ပိုက်ဆံမကုန်ဘူး
နေရာတကာ စေ့စပ်ကျွမ်းကျင်ရင် ပွဲစားမလိုဘူး
ဒီမှာက ဘာနေနေ ပွဲစားနဲ့လုပ်ရ ဒီကြားလဲ အလိမ်ခံရနဲ့ ရောက်ခါစ ကိုယ့်နိုင်ငံက လူတွေများ ရှေ့ရောက် မြန်မာနိုင်ငံက လူတွေရဲ့ ပလေးခံရချက်က
စကောထဲ ဇီးဖြူသီးထည့်လှိမ့်သလိုပဲ တော်တော်နဲ့
နလန်ကိုမထူနိုင်ကြဘူးဟေ 😌
ချွင်းချက် ကိုယ်တွေလို ဈေးသည်တောင်လည်သလိုလိုနဲ့ ခံလိုက်ရသေးတာနော် 😂
ကဲ အဲ့လောက်ကြီး ဒုက္ခဖြစ်ရင်လဲ ပြန်ခဲ့ပါလားလို့ ပြောရင် အပေါ်မှာ ပြောခဲ့သလို မနေသင့်တဲ့အရပ်မို့
ချစ်လျက်နဲ့ထွက်လာရတာပါပဲ။
နောင်တချိန်များ မအလ သော်ကေရင်တော့
ရှမ်းပြည်ကို အလည်သက်သက်တော့ ပြန်ဖြစ်မှာပါ။
ဘယ်မှာ အခြေချမလဲဆိုတော့ အပူကို ကြောက်ပေမယ့်လို့ အပူပိုင်းဒေသ တစ်ခုခုမှာ အခြေချဖြစ်မယ်ထင်ပါတယ်။ဒါကလဲ အကြောင်းပေါင်းများစွာရှိပါတယ်။ အစအဆုံးဖတ်ဖြစ်ရင်တော့ တစ်ခုခုတွေးစရာရမယ်လို့ ယုံကြည်ပါတယ်။😊
#ရှာဖွေရင်းခရီးဆန့်ရင်းလူ့ဘဝလူ့လောက
16/03/2026
ဒီမနက်
မနက်စာစားဖို့ ဇွန်း ခရင်း ရှာနေတဲ့ထိုင်းလူမျိုးအစ်မတစ်ယောက်ကိုတွေ့တယ်။ လာနေကျဟုတ်ဟန်မတူတော့ နေရာမတွေ့ဘူး ဖြစ်နေတာ။
(အမှန်က mall ထဲမှာ ဧည့်သည်တွေအတွက် ဇွန်း ခရင်း ထားပေးတဲ့နေရာ 3 နေရာလောက်ရှိပါတယ်။)
ဒါနဲ့သူ့မှာ ပန်းကန်လေးကိုင်ပြီး ယောင်လည်လည်ဖြစ်နေရော
ကိုယ်ကလဲ မနက်စာစားမလို့ ဇွန်းခရင်း သွားယူရင်း တလက်စတည်း သူ့အတွက်ပါ ယူလာပေးလိုက်တာ
ကျေးဇူးတင်ပါတယ်ဆိုပြီး မနက်စာ သူ့အမျိုးသားနဲ့ စားကြပါရော(ဖြစ်ချင်တော့ သူက ခေါက်ဆွဲပန်းကန်ကိုင်ထားတာတွေ့လို့ ကိုယ်က လိုလိုမယ်မယ် ဟင်းရည်သောက်ဇွန်းတစ်ချောင်းနဲ့ဇွန်းခရင်းတစ်စုံယူလာပေးလိုက်တာ အဆင်ပြေတာနဲ့စားပါစေပေါ့ကွယ် ကွက်တိ နှစ်ယောက်စာရသွားတာ)
ကိုယ်လဲ မနက်စာ စားအပြီး Toilet ထဲ ခဏ သွားလိုက်တာ 5မိနှစ်မကဘူးထင်တယ် 😛 Toilet ထဲ ကထွက်လာတော့ အဲ့အစ်မက ဒီမုန့်တွေနဲ့ထိုင်စောင့်နေတာပါပဲ။
ခပ်ခွန်းခ ခပ်ခွန်းခနဲ့ အတင်းထိုးပေးတာ လက်ကာပြလဲ မရဘူး အားနာလိုက်တာမှ 😁
ကိုယ်လဲ လက်အုပ်လေးချီပြီး ခပ်ခွန်း န ခ လို့ပဲ
ပြန်ပြောလိုက်ရတော့တယ်။
ကူညီတာက သေးသေးလေးပေမယ့် အသိအမှတ်ပြုလို့ ရတဲ့ခံစားချက်ကတော့လေ။😊😊😊😊😊
Morning 🥰
ကိုယ့်ကို အမြဲနာကျင်လေးလံစေတဲ့သူကို
လွှတ်ချလိုက်တာ အကောင်းဆုံးပါပဲ။
15/02/2026
Morning 🥰
ကြာပန်းတွေရဲ့သဘာဝကို သဘောကျတယ်။
သူကတနေရာမှာ မြဲမြံပြီအမှတ်နဲ့
အစွမ်းကုန်ပွင့်တယ်။ ဖူးတယ်။ သူ့အလှတွေကို
ကန်တပြင်လုံးကျယ်ပြန့်အောင် လှနေကာမှ သူ့ကိုသဘောကျလို့ တနေရာရွေ့ပြီး ပြန်စိုက်ဖို့
သယ်သွားတဲ့အခါမှာ နေပူထဲဖြတ်လျှောက်ပြီး
စိုက်ပျိုးချင်တဲ့သူရဲ့လိုရာလို လိုက်ရတာပါပဲ။
ကြာပန်းစိုက်တဲ့အခါမှာလဲ ရွှံညွှန်ထဲ ထိုးနှစ်ပြီး
စိုက်ပျိုးခြင်းခံရတယ်။
ရေပေါ်မှာ လှပစွာ မဖူးပွင့်နိုင်ခင်က
ရွှံ့နွံထဲက ရုန်းထဖို့ သူအတော်ကြိုးစားရပါတယ်။
ရွှံ့နွံထဲ ရုန်းနေချိန်မှာ ဘယ်သူမှ မမြင်ပေမဲ့
ရေပေါ် ပေါ်လာချိန်မှာတော့ ခူးလိုသူ တွေနဲ့
အလှကြည့်ချင်သူတွေနဲ့ ကိုယ့်လို ပုံရိုက်ချင်သူတွေ
ဝိုင်းဝိုင်းလည်နေပေါ့။သူ့သဘာဝကို သတိထားမိတဲ့သူမရှိသလောက်ရှားတယ်။သူ့ရဲ့ရုန်းထနေတဲ့အချိန်ကို မသိသလောက်ရှားတယ်။
ခု ကိုယ်ရိုက်လာတဲ့ကြာပန်းလေးကရော ဘယ်အရပ်ဒေသကနေ ရွေ့ပြောင်းပြီး အလှစိုက်ခံရဖို့ ရောက်လာတာပါလိမ့်။
သူခုလို လှပရှင်သန်ဖို့ ဘယ်လောက်တောင်ဖြတ်ကျော် ရုန်းထခဲ့ရပါလိမ့်။
လှပနေရင်သာ ဝန်းရံကြတာပါ။ခက်ခဲနေတဲ့အချိန်မှာ အားပေးဖော် ဝန်းရံဖော် ဆိုတာ လောကမှာ အင်မတန်ရှားပါးပါတယ်။
အဲ့လိုလူတွေကို မိတ်ဆွေကောင်းလို့ခေါ်ပါတယ်။
မိတ်ဆွေကောင်းတွေကို နှုတ်ဆက်လိုက်ပါတယ်။
မင်္ဂလာမနက်ခင်းပါရှင်🙏🥰
14/02/2026
၁။ ဘာအကြောင်းပြချက်ပေးပေး မင်းကို မရွေးချယ်ဘူးဆိုကတည်းက အကြောင်းပြချက်က မင်းဖြစ်နေလို့ပါ။
၂။ ငွေမက်တယ်ပြောရင် မကြိုက်ကြပေမယ့် မင်းမှာငွေမရှိရင်လည်း အမျိုးရင်းတွေတောင် လူရာမသွင်းပါဘူး။
၃။ မင်း စကားပြောမအောင်တာ မဟုတ်ဘူး။ မင်းမှာ ငွေနဲ့အောင်မြင်မှုဆိုတဲ့ ဩဇာတွေလိုနေလို့ပါ။
၄။ မိန်းကလေးတွေ ငွေရှာပါ။ ပိုက်ဆံရှိရင် အသက်ကြီးတဲ့အထိ တစ်ကိုယ်လုံးလှလို့ရတယ်။
၅။ ရိုးသားလို့ လွတ်ပေးလိုက်မယ်ဆိုတဲ့ လူလိမ်မရှိဘူး။ ရိုးသားလေ ပိုလိမ်ညာခံရလေပဲ။
၆။ ရင်းနှီးတိုင်း ရင်မဖွင့်ပါနဲ့။ အတွင်းရေးတွေပေါက်ကြားတယ်ဆိုတာ အတွင်းလူတွေဆီကပဲ လာတာပါ။
၇။ ငွေမက်ပါ။ ငွေမမက်ရင် ငွေမရှိတဲ့မင်းအနားမှာ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။
💐🍀🕊🌿
14/02/2026
ကိုယ်ပိုင်အလုပ်မလုပ်ခင်က ဝန်ထမ်းလုပ်ခဲ့တဲ့တလျှောက်လုံး အကောင်းဆုံးတာဝန်ယူ အကောင်းဆုံးကြိုးစားခဲ့တော့ ကိုယ်မလုပ်ချင်ရင် အလုပ်ကို ကိုယ်ကပဲဖြုတ်ချခဲ့တာ
CDM လုပ်ခဲ့တုန်းကလဲ
CDM လို့ မသိခင်တည်းက ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အလုပ် ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ယူနီဖောင်း
ကိုယ်တိုင်ပဲ အရင်ထားပစ်ခဲ့တာ😌😔
အာဏာသိမ်းတာ 1.2.2021 ရက်နေ့
4 .2.2021 ရက်နေ့တည်းက ရုံးမသွားတော့ဘူး
ဦးမင်းကိုနိုင် CDM ကြော်ငြာတာက 8.2.2021
2024 ရှမ်းမြောက်စစ်ဆင်ရေးအပြီး
စစ်အတွင်းကြားကာလမှာလဲ ဆရာမဝင်လုပ်ခဲ့တာပါပဲ။ စီမံခန့်ခွဲတာကို မကြိုက်လို့ ကိုယ့်ဘာသာထွက်လာတာ(တချို့တွေသိဖို့ ကြောက်လို့ရှောင်တာမဟုတ်ဘူး ရွံလို့ရှောင်တာ 😎)ထိုင်းထိ သတင်းကရသေးတယ် သူတို့ပြေးကုန်ပြီတဲ့ 🤭😂
ဪ တစ်ချက်ပြောဖို့မေ့နေတာ ရုံးမှာစီမံခန့်ခွဲရေး ဌာန အတွေ့အကြုံ 6နှစ် လုပ်ခဲ့ဖူးပါတယ်။အပြင်အလုပ်တွေနဲ့ပေါင်းရင် 10နှစ်ကျော် 😊
ခုထိုင်းရောက်လို့ တစ်ကပြန်စတော့လဲ အရင်းအနှီးမရှိ ဘာသာစကားမတတ်သေး အထောက်အထား မခိုင်မာသေးတော့ ဝန်ထမ်းကပြန်စရတာပါပဲ။ ဒါပေမဲ့ ကိုယ်တာဝန်ယူလို့ရတာ ကိုယ်သိတာကို အကောင်းဆုံးကြိုးစားတယ်။ကိုယ်တတ်ထားတဲ့စကေးတွေကိုလဲ ပြောပြထားတယ်။
အလုပ်ရှင်ဘက်လဲ မျှတွေးတယ် ကူညီနိုင်တာကို
ကူညီပါ့မယ်လို့လဲ ပြောထားတယ်။😊
အူပါးကို ဈေးရောင်းစကေး သင်ပေးပြီးတော့
နောက်လူသစ်တွေကိုလဲ အစ်မပဲ သင်ပေးပါတဲ့
စိတ်ချပါ ဈေးရောင်းတဲ့အတွေ့အကြုံက 10 တန်းအောင်တည်းက ရှိခဲ့တာရော Online ခေတ်ထတော့
Online ပေါ်မှာ 2015 တည်းက ဈေးရောင်းခဲ့လို့
အတွေ့အကြုံက 10နှစ်ကျော်ပါပြီ။
Experience Level So Hight ဖြစ်နေပါပြီ
တတ်နိုင်တဲ့ဘက်ကနေ အပြန်အလှန်ကူညီပါ့မယ်လို့
Marketing, Communication, Service, Online business, Live, Video, Content,Accounting Experience 18 year, Education က ဆယ်တန်းအောင် 17နှစ်တည်းက မို့ အသက် 40နားနီးပေမဲ့ အလုပ်တစ်ခုရဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါတယ်။
ဘာရယ်ဟုတ်ဘူး ဈေးရောင်းရင်းမအားတဲ့ကြားက
ရေးလိုက်တာ ။😁
အယ် Page နဲ့မှားပြီး ရေးလိုက်ပြီ။ပြန်မဖျက်တော့ဘူး။ Block ချင်လဲ block နိုင်ပါတယ်ရှင်။နောက်လဲ
မှားပြီး ရေးမိအုံးမှာမို့ပါ ။😝
ပုံက ဘဲကြီးကို VCall နဲ့ လှမ်းကော
အဲလေ ဟုတ်ပါဘူး လှမ်းပြော 🤭😂
ကိုယ်လှရင်ပြီးရော တင်လိုက်ပြီ 🫣🤭😂
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok