sniper near

sniper near

แชร์

เพจอิสระและมิตรภาพมาร่วมกัน

Photos from sniper near's post 06/08/2026
Photos from sniper near's post 06/08/2026

ထိုင်းတွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ မြန်မာနိုင်ငံသားတချို့က မင်းအောင် လှိုင်၏ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ၊ ထိုင်းအစိုးရအနေဖြင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားရေးမူများကို လိုက်နာရန် Asylum Access ကတိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၆

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ ထိုင်းရောက်မြန်မာနိုင်ငံသားများက ကုလသမဂ္ဂရုံးရှေ့၌ ယနေ့ ဆန္ဒပြကြသည်။

အဆိုပါ ဆန္ဒပြပွဲကို "တောက်ပသောအနာဂတ်အဖွဲ့" က ဦးဆောင်ခြင်းဖြစ်ပြီး ယနေ့ ဩဂုတ်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်မှစတင်၍ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရောက်မြန်မာနိုင်ငံသားတချို့ ပါဝင်ခဲ့ကြောင်း သိရသည်။

မင်းအောင်လှိုင်၏ ခရီးစဉ်ကို ဆန္ဒပြသူများက “မင်းအောင်လှိုင် ကျရှုံးပါစေ”၊ “ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို ငါတို့ မကြိုဆိုဘူး” စသည့် စာတမ်းများကို ကိုင်ဆောင်ကာ စစ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံခရီးစဉ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မင်းအောင်လှိုင် မရောက်ရှိမီကတည်းက ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်တွက်ဆထားသဖြင့် ထိုင်းအာဏာပိုင်များက ဘန်ကောက်မြို့အတွင်း လုံခြုံရေးအစီအမံများကို တင်းကျပ်စွာ ချမှတ်ထားခဲ့ကြောင်း ထိုင်းရောက်မြန်မာနိုင်ငံသားများထံမှ သိရသည်။

ထို့ပြင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်သည့် ခရီးစဉ်ကို ထိုင်းနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့ကလည်း ပူးတွဲကန့်ကွက်ကြေညာခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှုရရှိစေမည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို ရပ်တန့်ရန် တောင်းဆိုထားသည်။

တစ်ဖက်တွင်လည်း Asylum Access (AA) က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာသည့်အထိ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးအခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း သတိပေးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကြောင့် လက်နက်ကိုင်ပဋိပက္ခများ၊ အရပ်သားများအပေါ် ခွဲခြားမထားဘဲ တိုက်ခိုက်မှုများနှင့် ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံမှ လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အများအပြားမှာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် လုံခြုံခိုလှုံရန် ကြိုးပမ်းနေကြရကြောင်း သိရှိရသည်။

AA က အာဆီယံ၏ ၂၀၂၁ ခုနှစ် အချက်ငါးချက် သဘောတူညီမှု (Five-Point Consensus) သည် မြန်မာ့အရေးဖြေရှင်းရန် ဒေသတွင်း သဘောတူထားသည့် လမ်းပြမြေပုံအဖြစ် ဆက် လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အကောင်အထည်ဖော်မှု အကန့်အသတ်များရှိသော်လည်း ယင်းသဘောတူညီချက်ပါ ကတိကဝတ်များကို လေးစားလိုက်နာသင့်ကြောင်းလည်း တိုက်တွန်းထားသည်။

မြန်မာစစ်ခေါင်းဆောင်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံဆွေးနွေးရာ၌ လူသားချင်းစာနာထောက်ထားရေးနှင့် လူ့အခွင့်အရေးအခြေခံမူများကို အလေးထားလိုက်နာပြီး အရပ်သားများ၏ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လက်လှမ်းမီရေးနှင့် မြန်မာ့အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း ကြိုးပမ်းမှုများကို အထောက်အကူပြုရန် AA က တောင်းဆိုထား သည်။

ထို့အပြင် မြန်မာအာဏာပိုင်များနှင့် ပြုလုပ်မည့် ဆွေးနွေးမှုများသည် ဒုက္ခသည်များ၊ ခိုလှုံ ခွင့်လျှောက်ထားသူများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာလာရသူများ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို ထိခိုက်စေမည့် ဆုံးဖြတ်ချက်များ မဖြစ်စေရန် လိုအပ်ကြောင်း AA က အလေးပေးထားသည်။

AA က ထိုင်းအစိုးရအနေဖြင့် "ပြန်လည်မပို့ဆောင်ရေး" (non-refoulement) အခြေခံမူကို ဆက်လက်လိုက်နာပြီး နှိပ်စက်ညှဉ်းပန်းမှု၊ အကြမ်းဖက်မှု သို့မဟုတ် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့ရနိုင်သည့် နေရာများသို့ မည်သူ့ကိုမျှ အတင်း အကျပ် ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။

06/08/2026
Photos from sniper near's post 06/08/2026

เป็นเหตุการณ์ที่รับไม่ได้ที่สุด ที่ได้เจอแบบนี้ในรอบ 10 ปีไม่มีรัฐบาลไทยรัฐบาลไหน ที่ทำแบบนี้ ต้อนรับปีศาจ
มินอ่องลาย ในขณะที่ไทย ต้อนรับมินอ่องลาย ในขณะเดียวกันในประเทศmyanmar ชาวบ้านเด็กตาดำๆถูกสังหารทุกวัน โดนทหารของมินอองลายกระทำอย่างโหดเห*้ยม มินอ๋องลายยิ้มแย้มแจ่มใส สักวันเถอะครับจะได้รู้ ร้ายกว่า ฮุนเซน คือใคร เขมร ที่ว่าร้าย ต้องแพ้พ่ายให้กับรัฐบาลพม่าของมินอ่องลาย ศัตรูที่แท้ของไทยใคร สักวันจะปรากฏ

06/08/2026
06/08/2026
ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ที่อยู่


Bangkok