Ko Naung

Ko Naung

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Naung, ความงาม เครื่องสำอาง และการดูแลตนเอง, Sukhumvit 81, Bangkok.

16/05/2024

ကျနော်က လူတစ်ယောက်ကို
ဘယ်တေ့ာမှ လက်လွတ်စပယ်ထားခဲ့လေ့မရှိဘူး။
စောင့်ကြည့်တယ်၊ အခွင့်ရေးပေးတယ်၊
မရတေ့ာဘူးဆိုရင်
ဘာနေနေစိတ်လည်းမဝင်စားတေ့ာဘူး။🌿

ကျနော်ခေါ်တုန်းမှာ လှည့်မလာရင်
အဲ့ဒီရပ်ဝန်းဆီ ကျနော်ဘယ်တေ့ာမှ ခြေထပ်မချဘူး။
ကျနော့်လိုလူကိုလည်း ဘယ်တေ့ာမှနှစ်ခါပြန်မရတော့ဘူး ။🌿

15/05/2024

စိတ်ဓာတ်ကျ လမ်းပျောက်
စိတ်ညစ် အထီးကျန်
အားငယ် ဝမ်းနည်း

ဒါတွေကို ဘဝရဲ့ အချိုးကွေ့တွေမှာ
လူတိုင်းခံစားရတယ်

အပြည့်အဝ ခံစားလိုက်ပါ
အော်ဟစ်လိုက်ပါ ငိုချလိုက်ပါ
တစ်ချိန်ကျရင် ဒါတွေက ဘဝရဲ့
အရေးပါတဲ့ အခိုက်တန့်တွေဖြစ်နေတတ်တယ်

ခံစားပြီးရင်တော့
ကိုယ်ယုံကြည်တဲ့ အရာကို
ဆက်သာလုပ်
ဘယ်သူတွေ ဘာပဲထင်ထင်
ဘာပဲပြောပြော
ဘာမှဂရုစိုက်စရာ မလိုဘူး

14/05/2024

အမေ
သားနေထိုင်ရာပတ်၀န်းကျင်ဟာ
အတုအယောင်တွေသိပ်များတာပဲ
အစစ်အမှန်တွေရှာဖို့ သား
ခရီးထွက်ရအုံးမယ်...

အမေ့ရဲ့သားဟာ အသည်းမာတတ်တဲ့ကောင်ရယ်ပါ
ဒါပေမဲ့နှလုံးသားဟာ ခဏခဏ
ကွဲကြေနေရတယ် ....

လေထုတွေပဲ ညစ်ညမ်းလာသလား
အဆုတ်နဲ့နှလုံးအခံပဲမကောင်းတော့တာလား
သားတခါတခါ အသက်ရှုရခက်နေတယ်အမေ

သားရဲ့သက်တမ်းဟာ တိုတိုရှည်ရှည်
ခံစားချက်လေးတွေသာ
အဓွန့်ရှည်နေစေချင်တယ်...။

☮🕊👑

13/05/2024

ဘယ်လောက်ဘဲကြိုးစားကြိုးစား
ကိုယ်ဖြစ်နေလို့လက်မခံချင်တဲ့ လူမှုရပ်ဝန်းထဲမှာ
ချွတ်ခြုံကြနေတဲ့ လူတစ်ယောက်လို
မနေထိုင်ခဲ့ခြင်းဖြင့် ကိုယ့်ဘဝကိုကယ်တင်ခဲ့ပါတယ်။

အထူးသဖြင့် လူရာဝင်ဖို့ထက်
လူလိုနေရဖို့က ပိုအရေးကြီးတဲ့အချိန်မှာပေါ့။

#ရိုးတံ

🌻🍀
𝐿𝑒𝑚𝑜𝑛

04/05/2024

😆

28/04/2024

1ပွဲနိုင်မှအိပ်မယ်

26/04/2024

ပြုံ2ပဲ😂😂😂😂

29/03/2024

သွားပြီးမနှောင့်ယှက်တော့ ခြင်းကလည်း အချစ်ပါပဲ ။
ဘယ်လောက်ပဲ သဘောကျကျ ၊

ဘယ်လောက်ပဲချစ်ချစ်
ငါတို့ကို မလိုလားတဲ့ပုံစံတွေ ပြလာတဲ့အခါ

နေတတ်အောင်နေပေးလိုက်ရခြင်းတွေကလည်း
မေတ္တာတွေပါပဲ။

♥️🌻💔

27/03/2024

မနက်ဖြန် ပျော်နိုင်ဖို့ကလွဲရင်
ဘာရည်မှန်ချက်မှမရှိတဲ့
ခပ်ညံ့ညံ့ကောင်လေးရယ်ပါ ...

ချစ်ပေးပါလို့မတောင်းဆိုရက်သလို
မချစ်ပေးရင်လဲ အပြစ်မမြင်ရက်ပါဘူး..

ပျော်ရာကိုသွားပါ သာရာကိုင်းကိုနားပါ
လိုချင်တာတွေဆိုမရခဲ့တာများလို့
မင်းကိုလဲ ....
ငေးယုံနဲ့ပဲ ကျေနပ်ပါရစေ....

ငါ မပိုင်ဆိုင်နိုင်တဲ့ ငှက်ကလေး
မုန်တိုင်းရန်တွေ ကင်းဝေးပါစေ ။

24/03/2024

ပြောင်းလဲသွားတာ မဟုတ်ဘူး
````````````````````````````````````````

မှတ်မှတ်ရရပါပဲ ဘဝမှာ ဘယ်ဆက်ဆံရေးကိုမဆို
ရင်းနှီး နွေးထွေးပြခဲ့ဖူးပါတယ် ။

လူတွေကို အားနာတဲ့စိတ်နဲ့ ပတ်သက်မိခဲ့ဖူးတယ် ။
ကိုယ့်အပေါ်နည်းနည်းကောင်းပြရင်
ကိုယ်ကအများကြီး ပြန်ကောင်းချင်တယ် ။

တစ်ဖက်မှာ အခက်အခဲဖြစ်လို့ မကူညီနိုင်ခဲ့တောင်
ကိုယ့်ရင်ထဲမှာ နက်နက်နဲနဲ
စိတ်မကောင်း ဖြစ်နေတတ်တဲ့ လူမျိုး ။

ယုံအောင်ပြောရင် ယုံတယ် သနားအောင်ပြောရင် သနားတယ်
ဒီလိုစိတ်တွေကြောင့်လည်း လူရင်းကပေးတဲ့ ဒဏ်ရာတွေ ခါးခါးသီးသီး ခံခဲ့ရတယ် ။

တချို့တွေဆို ကိုယ့်အတွက် အရိပ်လိုလိုနဲ့
နောက်မှ လောင်းရိပ်ဖြစ်နေတာမျိုးပါ ။
အလိုရှိတုန်း ကပ်ပြီး အလိုမရှိတော့ ထွက်သွားကြတယ် ။

တစ်ချိန်က ကိုယ်ဆွဲထူလို့ ထခဲ့ရတဲ့ လက်တွေ
တကယ်တမ်း ကိုယ်လဲကျတဲ့ အချိန်ရောက်တော့
အားလုံး အဝေးရောက်ကုန်ကြရော ။

အဲဒီလိုပဲ တဖွဖွပြောခဲ့တဲ့ ကျေးဇူးစကားတွေ
နားနဲ့မဆန့်အောင် ကြားခဲ့ရပေမယ့်
ကိုယ်တိုင် အခက်အခဲနဲ့ကြုံတွေ့ရတဲ့အခါ
ဒါတွေ စကားသက်သက်ပဲဆိုတာ
ကောင်းကောင်းကြီး နားလည်လာတယ် ။

ကိုယ်အဆင်ပြေတုန်းက အနားမှာတပြုံးပြုံးနဲ့ လူတွေလည်း
ကိုယ်ဒုက္ခရောက်တဲ့အခါ သူ့အလိုလို စိမ်းသွားကြတာဟာ
ဘဝနဲ့ချီပြီး ရလိုက်တဲ့ သင်ခန်းစာပါ ။

ဒါကြောင့်
အရင်လို ဆက်ဆံရေးတိုင်းအပေါ် နွေးထွေးမပြတော့ဘူးဆိုတာ
ဟင့်အင်!
ပြောင်းလဲသွားတာ မဟုတ်ဘူး
ကျွန်တော် အရင်လို မ'အ'တော့တာပါ ။

...
..

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Sukhumvit 81
Bangkok