I-VAY Bangkok All In One service

I-VAY Bangkok All In One service

แชร์

Find your way with IVAY.A visa for all your travel needs.Get a visa, and explore the world!

19/08/2026

မြန်မာသံရုံး Passport သက်တမ်းတိုးခြင်းဆိုင်ရာ နောက်ဆုံးရ အခြေအနေ

ဒီနေ့ မနက်ပိုင်း သံရုံးအခြေအနေအရ PV (Passport for Visit) သက်တမ်းတိုးရန် သွားရောက်ခဲ့ကြသည့် Non-LA နှင့် Non-O သမားများကို ထိုင်းသံရုံးမှတစ်ဆင့် Form ဖြည့်စွက်ခိုင်းပြီးနေပြည်တော်သို့ အချက်အလက်စီစစ်ရန် နှင့် ခွင့်ပြုစာ အရင်တင်ပြရမည်ဟု သိရှိရပါတယ်ဗျ
PV>PJ
PV>PT
PV>PE (အရင်ကတည်းကPV to PVကထိုင်းမှာမရတာပါဗျ)
PVမှမည်သည့် Visaကိုင်ထားပြီး မည်သည့် Passport Typeသို့ပြောင်းပြောင်းစာအုပ် သက်တမ်းတိုးမည့် ယနေ့မှစ formစတင်ရပါတယ်

Formကြိုတင်ထားရပြီးခွင့်ပြု စာပြန်ကျလာသည့်နေ့ပါရက်စွဲအတိုင်း သာ သက်တမ်းတိုးကိစ္စဆောင်ရွက်ပေးသွားမည်ဟု သံရုံးဘက်မှ ယနေ့
သက်တမ်းတိုးသွားရောက်လျှောက်ထားသူကိုအကြောင်းပြန်ကြားခဲ့ပါတယ်တဲ့ဗျ

ဒါကြောင့် လုပ်ငန်းစဉ်များ လုံးဝ ပိတ်သိမ်းသွားခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း အပြောင်းအလဲရှိသွားသည့်အတွက် မိမိဘက်မှ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပြီးမှ သွားရောက်ပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်ဗျ

Passport အပျောက်လျှောက်တုန်းကလို processမျိုးပြန်သွားတာတွေ့ရပါတယ်ဗျ

Processing Time -2လအကြာပြန်လာစုံစမ်းရန်လို့ဘောက်ချာမှာရေးထားပါတယ်

Passport အပျောက်လျှောက်တုန်းကတော့ ၃လကြာရင်ပြန်လာဆိုပြီး ၁နှစ်နဲ့ ၈လမှပြန်ဆက်သွယ်တာ/သံရုံး pageမှာတင်တာမျိုးလုပ်ဆောင်ခဲ့ပါတယ်ဗျ

လူကိုယ်တိုင်ဒါမှမဟုတ် agentမှတစ်ဆင့် form and docsကိုသံရုံးမှာသွားတင်နိုင်ပါတယ်ဗျ

Source-19/AUG/2026 စာအုပ်သက်တမ်းတိုးသွား
ရောက်လျှောက်ထားသူထံမှ

18/08/2026

Passport သက်တမ်းတိုးကိစ္စလာမေးသူများနေလို့

ဘယ်လို Visa မျိုးကိုင်ထားကိုင်ထား၊ PV PASSPORT TYPEကိုင်ထားရင် ထိုင်းနိုင်ငံမှာ သက်တမ်းတိုးလို့မရတော့ကြောင်း ကြားသိရပါတယ်ဗျ

အကယ်၍ တရားဝင် ကြေညာချက်ထွက်လာပါက
ကြိုတင်ပြင်ဆင်ထားနိုင်ရန် တင်ပေးခြင်းဖြစ်ပါတယ်ဗျ

13/08/2026

ထိုင်းနိုင်ငံမှာ အသက်ကြီးဗီဇာ လျှောက်ထားဖို့အတွက် (၁၄) ရက်နဲ့ပဲဖြစ်ဖြစ်၊ TR (Tourist Visa) နဲ့ပဲဖြစ်ဖြစ် ဝင်လာလို့ရပါတယ်ဗျ။

💡 အဓိကလိုအပ်ချက်ကတော့ ဗီဇာသက်တမ်း ရက် (၃၀) ကျန်ရှိနေဖို့ပဲ လိုပါတယ်

(အခုလတ်တလော ဈေးနှုန်းအရဆိုရင်တော့ ၁၄ ရက်နဲ့ ဝင်လာပြီးမှ ၁ လ တိုးလိုက်တာက ဈေးပိုသက်သာပါတယ်ဗျ။)

📌 ဗီဇာလျှောက်ထားရန် ဒီ သတ်မှတ်ချက် (၃) ချက်သာ လိုအပ်ပါတယ်ဗျ
1. အသက် (၅၀) အထက် ဖြစ်ရမည်။
2. Passport သက်တမ်း အနည်းဆုံး (၁၅) လကျော် ကျန်ရှိရမည်။
3. ဗီဇာသက်တမ်း အနည်းဆုံး ရက် (၃၀) ကျန်ရှိရမည်။

✨ အိမ်စာချုပ် သို့မဟုတ် ထိုင်းဘဏ်အကောင့် မရှိသေးရင်လည်း စိတ်မပူပါနဲ့!

လူကြီးမင်းတို့ဘက်က အထက်ပါ Requirement (၃) ချက် ပြည့်စုံတာနဲ့ ကျန်တဲ့ စာရွက်စာတမ်းကိစ္စတွေအတွက် လုံးဝ စိတ်ပူစရာမလိုဘဲ လေယာဉ်လက်မှတ်ဖြတ်ပြီး ထိုင်းနိုင်ငံကို အလည်သဘောနဲ့ ဝင်လာခဲ့ရုံပါပဲ။

🏦 ဘဏ်အကောင့်ဖွင့်လှစ်ခြင်း + (၁၅) လစာ ဗီဇာ ကိစ္စရပ်များကို အစမှ အဆုံး ထိရောက်စွာ အဆင်ပြေစေဖို့ ကျွန်တော်တို့ ကျွမ်းကျင်သူများထံ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ဗျ။

✅ဘဏ်+၁၅လလုံးတစ်ရက်တည်းပြီးမယ်
✅Visa ရမှငွေရှင်းရပါမယ်ဗျ
စိတ်ဝင်စားရင် အခုဘဲ CM or CBမှာ RTလို့ မန့်လိုက်ရုံပါဗျ
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ-
Viber : +66 992400416
Phone: 09 92400416

#ထိုင်းရောက် #ထိုင်းရောက်ရွှေမြန်မာ #ထိုင်း #ရွှေမြန်မာ

Photos from I-VAY Bangkok All In One service's post 11/08/2026

Retirement Visa (အသက်ကြီးနေထိုင်ခွင့်) လျှောက်ထားရန် အသက်သာဆုံး ပရိုမိုးရှင်းကာလ!

ထိုင်းနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ရတာခက်ခဲတာအားလုံးအသိပေါ့ဗျာ

အခုလဲRTအတွက် အချို့ Branch တွေ ဖွင့်ရခက်ခဲတဲ့ ပြဿနာများနှင့် ကြုံတွေ့လာနေရတယ်ပေါ့ဗျာ

ဒါကြောင့် စျေးနှုန်းအသက်သာဆုံးနှင့် ဘဏ်အကောင့် အလွယ်တကူ ဖွင့်လှစ်နိုင်သည့် အခုလိုအချိန်မှာ Retirement Visa (RT) ကို လျှောက်ထားနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုအပ်ပါသည်။

ဝန်ဆောင်ခ စျေးနှုန်းများ
အသက် (၅၆) နှစ်နှင့် အထက်: ⁠53,500 Baht⁠

ဘဏ်ရက်ချိန်း ကြိုတင်ရယူရန်အတွက်

1. မှတ်ပုံတင် (ရှေ့ / နောက်)
2. Passport (Bio Page)
3. Entry Stamp Page (ထိုင်းနိုင်ငံသို့ ဝင်ရောက်ထားသည့် တုံးစာမျက်နှာ)

အထက်ပါ စာရွက်စာတမ်းများကို ပေးပို့ပေးရုံပါဗျ

ကျန်ရှိသည့် Show Money၊ အိမ်ငှားစာချုပ်နှင့် အခြား စာရွက်စာတမ်း အသေးစိတ်များကို IVAY မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါတယ်ဗျ

✅ဘန်ကောက် တုံးအစစ် (၁၀၀%)
✅Visaရမှ ငွေချေ
✅ကြာချိန်တစ်ရက်တည်း

11/Aug/2026 ယနေ့အတွက် လျှောက်ထားပေးခဲ့သည့် Retirement Visa မှတ်တမ်းများနှင့် (Save the Memo)။

📱 ဆက်သွယ်ရန်

Viber: +66 992400416
Phone: 0992400416

08/08/2026

Third Country မထွက်ခင် ထိုင်းမှာ ၂ လ / ၃ လ စောင့်မယ့်သူတွေအတွက် အချိန်နဲ့ ငွေကုန်ကြေးကျ အသက်သာဆုံး နည်းလမ်း

📌ဒီ မှာမေးထားတာလေးကိုဖြေပေးရရင်တော့

ထိုင်းနိုင်ငံကို ဝင်ရောက်တာနဲ့ ၁၄ ရက် Free Visa အလိုအလျောက် ရရှိပါမယ်၊

ရရှိလာတဲ့ Free Visa ကို ၁ ကြိမ်လျှင် ရက် ၃၀ (၁ လ) စီ သက်တမ်းတိုးလို့ ရပါတယ်ဗျ

၁။ Walk-in (ကိုယ်တိုင်) သက်တမ်းတိုးမည်ဆိုပါက -

* အနည်းဆုံး ၅ ကြိမ်အထိ တိုးလို့ရပါတယ်
* TM30၊ ထောက်ခံစာနဲ့ အိမ်ငှားစာချုပ် စတဲ့ စာရွက်စာတမ်းတွေ လိုအပ်ပါမယ်။
* Counterမှာ ဟိုမေးဒီမေး နည်းနည်းပါးပါး ရှိနိုင်ပါတယ်
*E Extension လဲတိုးလို့ရပါတယ်

၂။ (လမ်းကြောင်း) ဖြင့် တိုးမည်ဆိုပါက -

* အကြိမ် ၁၀ အထိ တိုးလို့ရပါတယ်
* Visa ကုန်ခါနီး (ရုံးဖွင့်ရက်) ၄ ရက်အလိုမှာ Passport Bio Page နဲ့ Visa Stamp Page ပုံကို ကြိုပို့ပေးရုံပါပဲဗျ
* သက်တမ်းတိုးလာမည့်နေ့မှ Passport မူရင်း နဲ့ ကိုယ်တစ်ပိုင်းပုံ (၁) ပုံ သာ ယူဆောင်လာပေးရပါမယ်။ ကျန်တဲ့ စာရွက်စာတမ်း အကုန်လုံးကို IVAY
ဘက်က အစအဆုံး ပြင်ဆင်ပေးပါတယ်ဗျ

* နာမည်ခေါ်မှ Counter ကို ၁ မိနစ်ခန့် ဝင်ပြီး မျက်နှာ Scan ဖတ်ပေးရုံပါပဲ၊ စစ်ဆေးမေးမြန်းတာ လုံးဝ မရှိပါဘူးဗျ
*

ဒီတော့ ဒီ Chat ကလို Third Country ထွက်ဖို့ စီစဉ်ထားပြီး ထိုင်းမှာ ၂ လ / ၃ လလောက်ပဲ ကြာမယ့် Case ဆိုရင် ၁၄ ရက် Free Visa နဲ့ ဝင်လာပြီးမှ တစ်လစီ တိုးနေတာက ဈေးရော အချိန်ရော အသက်သာဆုံး ဖြစ်ပါတယ်

Thai Visa policyတွေကနေ့စဉ်နဲ့အမျှ Updateလေးတွေရှိနေတာဖြစ်လို့ Up to Dateဖြစ်တဲ့ Infoလေးတွေကိုဘဲသိချင်ရင်ဘဲဖြစ်ဖြစ်

လမ်းကြောင်းဈေးကလဲ တခြားထက် အရမ်းသက်သာလို့ စျေးအသေးစိတ် သိချင်ရင်ဘဲဖြစ်ဖြစ်

* CB (Chat Box)
* Viber+66 992400416
*Phone 0992400416 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

CBမှာမေးထားတာလေးတွေကို တစ်နေ့တစ်ခုစီဖြေကြားပြီး postတင်ပေးသွားမှာဖြစ်လို့ Pageလေးကို Like and Followလေးလုပ်ထားဖို့မမေ့ကြနဲ့နော်😉

#ထိုင်း #ထိုင်းရောက် #ထိုင်းရောက်ရွှေမြန်မာ #မြန်မာ #ဗီဇာ #နေထိုင်ခွင့် #ထိုင်းအလည်

Photos from I-VAY Bangkok All In One service's post 06/08/2026

Feedback လေးတွေ တကူးတကလေး ပြန်ပို့ပေးကြလို့ အထူးဘဲ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ❤️

(၅) ရက်နေ့ နဲ့ (၆) ရက်နေ့ (၂) ရက်စာအတွက် လျှောက်ပေးခဲ့တဲ့ Retirement Visa Pageများနှင့်Save The Memo 📑✨

အသက် (၅၀) အထက် နိုင်ငံသားတိုင်း ထိုင်းနိုင်ငံ Retirement Visa (RT) လျှောက်ထားနိုင်ပါတယ်၊

လူကြီးမင်းတို့ဘက်က ဒါလေးတွေဘဲ ပြင်လာပေးပါ -

ခရီးသွား ဗီဇာရက် (၂၀) ကျန်မည်။
Passport သက်တမ်း (၁၅) လအထက် ကျန်မည်။

မှတ်ပုံတင် နိုတြီ မူရင်း
ကျန်တဲ့ အိမ်စာချုပ်၊ Show Money ကိစ္စ အစအဆုံးကို အသက် (၅၆) အထက်အတွက် ၅၃,၀၀၀ ဘတ် တည်းနဲ့ အချိန် (၁) ရက်တည်း ဘဏ်အကောင့်ရော (၁၅) လ နေထိုင်ခွင့် ပါ ရအောင် အစအဆုံး ဆောင်ရွက်ပေးပါတယ်ဗျ။ 🤝

📞 Contact Us:
Viber: +66 992400416
Phone: 09 92400416

#ထိုင်းရောက် #ထိုင်းရောက်ရွှေမြန်မာ #ထိုင်း #ဘန်ကောက် #အသက်ကြီးနေထိုင်ခွင့် #နေထိုင်ခွင့် #ဗီဇာ #ထိုင်းနိုင်ငံ

04/08/2026

53000ဘတ်တန် Retirement Visa ကဘယ်သူတွေအတွက်အကြုံးဝင်လဲ

✅ အသက် (၅၆) နှစ်နှင့် အထက် ဖြစ်ရမည်။
✅ ဗီဇာ သက်တမ်း (၂၀) ရက် ကျန်ရှိရမည်။
✅ မှတ်ပုံတင် နိုတြီ (Notary) ရှိရမည်။

တန်မှတန် 53000ဘတ်တန်ကိုလျှောက်ထားပါက

✅ဘန်ကောက်တုံးရမယ်
✅bank accရမယ်
✅ဘတ်၈သိန်းshow moneyပြပေးမယ်
✅အိမ်စာချုပ်ကောပြင်ဆင်ပေးပါမယ်

ကြာချိန်ကကော?

Bank+RT ၁၅လ ကိုတစ်ရက်တည်းရပါမယ်

ရက်ချိန်း - ရုံးဖွင့်ရက် ၅ရက်ကြိုယူရပါမယ်

Viber +66992400416
phone 0992400416

#ထိုင်းရောက် #ထိုင်းရောက်ရွှေမြန်မာ #ထိုင်း #ဘန်ကောက် #အသက်ကြီးနေထိုင်ခွင့် #နေထိုင်ခွင့် #ဗီဇာ #ထိုင်းနိုင်ငံ

Photos from I-VAY Bangkok All In One service's post 03/08/2026

၅၃၀၀၀ဘတ်တည်းနဲ့ Retirement လျှောက်ဖို့ ဒီ၂ ချက်တည်းပြင်ဆင်ခဲ့ဖို့လိုပါတယ်
* ဗီဇာ သက်တမ်း (၂၀) ရက် ကျန်ရှိရပါမည်။
* မှတ်ပုံတင် နိုတြီ (Notary) မူရင်း။

📌 ကျန်ရှိသည့် -
* ဘဏ် Statement
* အိမ်ငှားစာချုပ် အစအဆုံး စသည်တို့ကို
လူကြီးမင်းတို့အတွက် ကျွန်တော်တို့ဘက်မှ အပြီးအစီး ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး ဘန်ကောက် တုံးအစစ် ကို ရရှိမှာဖြစ်ပါတယ်ဗျ။

> ⏱ ကြာမြင့်ချိန် - (၁) ရက်တည်း (ရုံးဖွင့်ရက်)
> 📅 ရက်ချိန်း ကြိုယူရန် - ၃ ရက် မှ ၅ ရက် (ရုံးဖွင့်ရက်)
> 📞 ဆက်သွယ်ရန် -
> * Phone: 0992400416
> * Viber: +66 992400416

> 📸 ဒီနေ့ ကျွန်တော်တို့နဲ့အတူ Retirement ဗီဇာ အစအဆုံး ယုံကြည်စိတ်ချစွာ လျှောက်ထားခဲ့ကြသော Korea Passportလေးတွေနဲ့ Save the Date တွဲတင်လိုက်ပါတယ်ဗျ

Photos from I-VAY Bangkok All In One service's post 23/07/2026

Retirement Visa အထူး Promotion – ဘတ် ၅၃,၀၀၀ တည်းဖြင့် အပြီးအစီး! ✨

ပုံမှန် ဘတ် ၆၀,၀၀၀ ကျော် ကျသင့်တဲ့ RT Visa ကို ယခု လျှောက်ထားမယ်ဆိုရင် ဘတ် ၇,၀၀၀ တောင် အထူးသက်သာခွင့် ရရှိမှာဖြစ်ပါတယ်။

ဘန်ကောက်တုံး (Bangkok Stamp) ဖြစ်လို့ အောက်ပါ စာရွက်စာတမ်း သုံးမျိုးပဲ လိုအပ်ပြီး ထပ်မံပြင်ဆင်စရာ မလိုပါဘူး -

* Passport စာအုပ်မူရင်း
* မှတ်ပုံတင် နိုတြီမူရင်း
* ဗီဇာသက်တမ်း (၂၀) ရက် ကျန်ရှိရုံ
၁ ရက်တည်း ခဏအချိန်ပေးရုံနဲ့ Bank Account + Retirement (၁၅) လစာ ကို စိတ်ချလက်ချ လျှောက်ထားနိုင်ပါပြီ။

Showmoney /အိမ်စာချုပ် စတဲ့စာရွက်စာတမ်းဆိုင်ရာ ကိစ္စအဝဝကို IVAY မှ အစအဆုံး တာဝန်ယူပေးသည့်အပြင် ဘဏ်ရက်ချိန်း (Bank Appointment) များကိုလည်း အမြန်ဆုံး ၂ရက်အတွင်းရရှိအောင် စီစဉ်ပေးထားပါသည်။

ဒီလို တခြားဘယ်မှာမှ မရနိုင်တဲ့ အထူးဈေးနှုန်း နဲ စိတ်ချရတဲ့ ဝန်ဆောင်မှုကို ရယူဖို့ Chat Box (CB) မှတစ်ဆင့် အသေးစိတ် လာရောက်စုံစမ်းနိုင်ပါတယ်ဗျာ။

ဆက်သွယ်ရန် -
* Phone: +66 992400416
* Viber: 0992400416

ကျွန်တော်တို့ကို အမြဲမပြတ် ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးကြသော ဧည့်သည်တော်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
(ယခုတစ်ပတ်အတွင်း ကျွန်တော်တို့ IVAY နှင့်အတူ RT Visa အောင်မြင်စွာ လျှောက်ထားခဲ့ကြသော ဧည့်သည်တော်များ၏ ပတ်စ်ပို့စာအုပ်လေးများကိုပါ တွဲတင်ပေးလိုက်ပါတယ်ဗျာ။)
ရဲ့စာအုပ်လေးတွေနဲ့တွဲတင်ပေးလိုက်ပါတယ်ဗျ

#ထိုင်းရောက်မြန်မာ #ထိုင်းရောက်ရွှေမြန်မာ #မြန်မာ

22/07/2026

✅ထိုင်းအလည် Visa အတွက် သိထားသင့်သည့် အချက်များ

၁။ Visit Visa တွင် TR နှင့် Visa on Arrival (14 Days) ဟူ၍ ၂ မျိုး ရှိပါသည်။
၂။ TR ၂ လ ကုန်လွန်၍ ပထမဆုံးအကြိမ် သက်တမ်းတိုးပါက သံရုံးထောက်ခံစာ မလိုပါ။ ဒုတိယအကြိမ် ထပ်မံတိုးပါက သံရုံးထောက်ခံစာ လိုအပ်ပါသည်။
၃။ TR ၂ လ ကုန်၍ ပထမဆုံးအကြိမ် သက်တမ်းတိုးလျှင် Visa ကုန်မည့်နေ့မှ သက်တမ်းတိုးပါ။ ကြိုတင်တိုးပါက ရက်ဖြတ်ခံရမည်
၄။ TR ကို ပထမဆုံးအကြိမ် သက်တမ်းတိုးပြီးပါက နောက်ပိုင်းအကြိမ်များတွင် ရက်ကြိုတိုးသော်လည်း ရက်မဖြတ်ပါ။(Visaကုန်သည့်ရက်မှရက်၃၀ထပ်ပေးပါသည်)
၅။ TR ကို e-Extension နှင့် တိုးထားမိပြီးမှ
Walk in ဖြင့် အောက်counterပြောင်းတိုး၍မရပါ(ဒီ caseဖြစ်လာပါကcbသို့အသေးစိတ်မေးမြန်းနိုင်ပါသည်)
၆။ 14 Days နှင့် လာလျှင်လည်း ရက် ၃၀ စီ ထပ်မံတိုး၍ နေထိုင်နိုင်ပါသည်။ (ပထမဆုံးအကြိမ်မှစ၍ သံရုံးထောက်ခံစာ လိုအပ်ပါသည်။)
၇။ 14 Days ကိုမူ ကြိုတင်တိုးသော်လည်း ရက်မဖြတ်ပါသဖြင့် Visa မကုန်မီ ကြိုတင်တိုးနိုင်ပါသည်။
၈။ Walk-in သက်တမ်းတိုးလျှင် TR / 14 Days ကို အများဆုံး ၄ ကြိမ်အထိသာ လက်ခံတိုးပေးလေ့ ရှိပါသည်။
၉။ VIP စနစ်ဖြင့် တိုးပါက ၁၀ ကြိမ်အထိ တိုး၍ ရပါသည်။
၁၀။ PJ ပတ်စ်ပို့ ဖြစ်နေပါက TR / 14 Days အတွက် ထောက်ခံစာတင်ရန် အခွန်စစ်ဆေးခံရတတ်ပါသည်။
၁၁။TRကို တစ်လတိုးလျှင် Government Complexမှာတိုးရပြီး 14Daysကို E Extension တိုးလျှင် GC>stampတုံးဖြင့်တိုးလျှင် ITမှာတိုးရပါမယ်

ကိုယ်တိုင် ၁ လတိုးလျှင် ဘာတွေလိုအပ်မည်ဆိုတာကို နောက်နေ့တွင် ထပ်မံတင်ပေးသွားပါမယ်ဗျ
စာရွက်စာတမ်း အရှုပ်အရှင်းကြောင့် စိတ်မညစ်ချင်လျှင်ဖြစ်စေ၊ Visa ကိစ္စအတွက် မိမိ၏ တန်ဖိုးရှိသော အချိန်များ အလဟဿ မကုန်ဆုံးချင်လျှင်ဖြစ်စေ အချိန်ကုန်သက်သာစေမည့် IVAY ရဲ့ VIP Extension ရှိပါတယ်ဗျာ။

ဈေးနှုန်းမှာလည်း အခြားနေရာများထက် အလွန်သက်သာသဖြင့် Chat Box သို့မဟုတ် ဖုန်းဖြင့် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်
ပါတယ်ဗျ
* Viber 💬 +66 992400416
* phone☎️ 09 92400416

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10100