Yuuka's Journal

Yuuka's Journal

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yuuka's Journal, Bangkok.

26/07/2026

❄️ Winter Intake မှာကျောင်းလျှောက်မယ့်သူတွေ အထူးသတိထားရမယ့် Christmas ပိတ်ရက် 🇩🇪

ဂျာမနီက ပိတ်ရက်၊ နားရက်ကို အထူးအလေးထားတာ အားလုံးလဲ သိထားပြီးသားဖြစ်မှာပါ။
Officer တွေက Christmas Holidays ကို အနည်းဆုံး၂ပတ်လောက်နားကြပါတယ်။

Yuuka ကျောင်းလျှောက်တုန်းက Christmas ပိတ်ရက်ကို သတိမထားလိုက်မိလို့ ကိုယ်သတ်မှတ်ထားတဲ့ Timeline ထက် 1 semester နောက်ကျပြီးမှ ကျောင်းအပ်/ကျောင်းတက်လိုက်ရပါတယ်။ 😔

အဲ့ဒါကြောင့် Winter Intake လျှောက်ပြီး
2027 Summer Semester မှာဂျာမနီကိုလာဖို့မှန်းထားကြတယ်ဆိုရင် အခုကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပြီး၊ August လလောက်ကစပြီး VPD ကိုလျှောက်ထားကြပါတော့နော်။

🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨

-------------------------

Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။

22/07/2026

🐾 How Much Does It Cost to Bring Your Pet to Germany 🇩🇪 from Thailand 🇹🇭 (part 2)

Germany ကို pet ကလေးတွေပါ ခေါ်လာဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ဆိုပြီး အမေးအများဆုံး ခံရပါတယ်။
Yuuka ကတော့ သားအကြီး ကြောင်ကလေး Kudzu ကို Yuuka နဲ့အတူ cabin (onboard) ကနေ ခေါ်လာခဲ့တာပါ။
Yuuka အတွက် ကုန်ကျခဲ့တဲ့ စရိတ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

📌 ကုန်ကျစရိတ်များ
1️⃣ Microchip + Rabies Vaccine + Microchip Certificate – 5,400 THB ဝန်းကျင်
2️⃣ Rabies Titer Test (Lab Fee) – 3,500 THB ဝန်းကျင်
3️⃣ Thailand Export Permit – 250 THB ဝန်းကျင်
4️⃣ Flight (Pet Carry Fee) – 300 USD ဝန်းကျင်
USD 300 က ခုံတစ်ခုံမရပါဘူးနော်၊ အဲ့နေ့က ဆရာကြီးက ကံကောင်းပြီး ဘေးခုံကလူမလာလို့ သူ့အတွက် ခုံတစ်ခုံသီးသန့်ရလိုက်သလိုဖြစ်သွားတာပါ။ ပုံမှန်က ကလေးကို seat အောက်ထဲထားရတာပါ။
5️⃣ Pet Carrier (IATA-approved) – 1,000 THB ဝန်းကျင်

📍 မှတ်ချက်
အထက်ပါကုန်ကျစရိတ်များသည် ပြသတဲ့ တိရစ္ဆာန်ဆေးခန်း (Veterinary Clinic)၊ စစ်ဆေးတဲ့ Laboratory နဲ့ စီးတဲ့ Airline ပေါ်မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။
ခေါ်တဲ့ pet (cat or dog) ပေါ်မူတည်ပြီးလဲ requirements နဲ့ ကုန်ကျစရိတ် ကွာခြားပါတယ်။
Yuuka ရဲ့ အတွေ့အကြုံကို အခြေခံပြီး မျှဝေပေးတာဖြစ်ပါတယ်။ 😊

Thailand export permit နဲ့ပက်သက်ပြီး Part 3 မှာဆက်ရေးပေးပါမယ်။

Basic requirement နဲ့ပက်သက်တဲ့ Part 1 ကိုဖတ်ချင်ရင် အောက်ကlink မှာဖတ်ကြည့်လို့ရပါတယ်။

https://www.facebook.com/share/p/1DtYazD92u/?mibextid=wwXIfr

11/07/2026

Pet Relocation to Germany 🇩🇪
from Thailand 🇹🇭 (part 1)

Germany ကို pet ကလေးတွေပါခေါ်ဖို့ အခြေခံအကျဆုံး အချက်(၃)ချက်

၁။ ISO အသိအမှတ်ပြု Microchip ထည့်ပါ။ Microchip Certificate ထုတ်ထားပါ။

၂။ Rabies vaccine ကို vaccination lapse မရှိအောင်ထိုးထားပေးပါ။ Vaccination records တွေ သေချာသိမ်းထားပါ။

၃။ Rabies Antibody Titer Test စစ်ပါ။
📍📍အထူး(အထူး)သတိထားရမှာက Vaccine ထိုးပြီး “ရက်၃၀”ကျော်မှစစ်ပါ။
ရက်၃၀မကျော်ပဲ စစ်ထားမိရင် အဲ့ test result က valid မဖြစ်ပါဘူး။

📍နောက်တစ်ချက် သတိထားရမှာက Titer Test ကိုမသွားခင်ထက် ရက် ၉၀ အနည်းဆုံး ကြိုလုပ်ရပါမယ်။ Titer test result ထွက်ပြီး ရက်၉၀ကျော်မှ ကလေးကခရီးထွက်လို့ရပါမယ်။

အိမ်မွေးတိရစ္ဆာန်များအတွက် Rabies Antibody Titer Test (ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး Antibody စစ်ဆေးမှု)သည် နိုင်ငံအများစု၏ စည်းမျဉ်းများအရ သက်တမ်းကုန်ဆုံးသည့်ရက် (expiration date) မရှိပါ။
ဒါပေမယ့် Rabies ကာကွယ်ဆေးကို သက်တမ်းမပြတ် ဆက်လက်ထိုးထားဖို့တော့လိုပါတယ်။ကာကွယ်ဆေးသက်တမ်း ကွာဟသွားပါက (vaccination lapse ဖြစ်ပါက) အရင် Titer Test ကို မသက်ဆိုင်တော့ဟု သတ်မှတ်နိုင်ပြီး Rabies ကာကွယ်ဆေးထပ်ထိုးပြီး Titer Test ကို ပြန်လည်စစ်ဆေးရနိုင်ပါတယ်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အိမ်မွေးတိရစ္ဆာန် တင်သွင်းခွင့် စည်းမျဉ်းများ မတူညီတဲ့အတွက်ကြောင့်သွားမည့်နိုင်ငံ၏ နောက်ဆုံးသတ်မှတ်ချက်များကို အမြဲစစ်ဆေးရန် လိုအပ်ပါတယ်။

Thai export permit နဲ့ပက်သက်ပြီး part 2 မှာ ဆက်ရေးပေးပါမယ်ရှင်။

09/07/2026

🇩🇪Public University ရဲ့ ကုန်ကျစရိတ် 🇩🇪

ပြီးခဲ့တဲ့ Yuuka တင်ထားတဲ့
Public University Bachelor + language preparatory program ပို့စ်မှာ လူမေးအများဆုံးက ကုန်ကျစရိတ်ပါ။

Germany Public University ဖြစ်တဲ့အတွက် ကျောင်းလခမရှိပါဘူး။
Public University တွေက Semester fee (Euro 400-900 ဝန်းကျင်)ပဲ ရှိပါတယ်။
Yuuka “လက်ရှိ”တက်နေတဲ့အတန်းရဲ့ semester fee က 394.30 Euroပါ။

📍ကုန်ကျစရိတ် အဓိကကတော့ blocked account ပါ။
တစ်လ= 992 Euro
တစ်နှစ်စာ = 992*12 = 11.904 Euro ဝန်းကျင်ပါ။

Blocked account ဆိုတာ
⭕️ ကျောင်းသားတစ်ယောက်ရဲ့ Germany မှာကျောင်းတက်နေတဲ့ တစ်နှစ်စာအတွက် အသုံးစရိတ်ကိုကြိုထည့်ထားရတာပါ။

❌တစ်နှစ်လုံး ပိုက်ဆံအကုန်လုံးကို blocked ခံထားရမှာမဟုတ်ပါဘူး
❌show money မဟုတ်ပါဘူး
❌ Visa ရပြီးတာနဲ့ အကုန်လုံးကိုချက်ချင်းပြန်ထုတ်လို့မရပါဘူး

ကျောင်းသားက ဂျာမနီရောက်ပြီဆိုရင်
တစ်နှစ်စာ Block account ထဲကနေ ကျောင်းသားရဲ့ German local bank ထဲကို တစ်လဆီ 992 Euro ပြန်ထုတ်ပေးတာပါ။
အဲ့ထဲကနေ အိမ်လခ၊ အထွေထွေအသုံးစရိတ်၊ health insurance ဖိုးတွေသုံးရမှာပါ။

Public Uni အတွက် semester fee တို့ application fee တို့က Euro ဆယ်ဂဏန်း ရာဂဏန်းပဲရှိပါတယ်။

အသေးစိတ်ထပ်ဖတ်ချင်ရင် အောက်ကပို့စ်မှာ ဖတိလို့ရပါတယ်
https://www.facebook.com/share/p/1J11voa97A/?mibextid=wwXIfr

-------------------------

Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨

Photos from Yuuka's Journal's post 07/07/2026

🇩🇪 Public University Bachelor + language preparatory program 🇩🇪

English taught တက်ဖို့ IELTS ပြင်ဆင်ရတာ ပင်ပန်းလို့ အချိန်ကြာလို့ German taugt Bachelor program ရွေးမယ်ဆိုရင် German Language preparatory course program ရှိတဲ့ Public University တွေရှိပါတယ်။

📍ဘယ်လိုလူတွေလျှောက်သင့်လဲ
Yuuka လို IELTS မဖြေချင်တဲ့သူတွေ၊ IELTS ဖြေရမှာကြောက်တဲ့သူတွေ၊ ဂျာမနီအမြန်ရောက်ချင်တဲ့ သူတွေလျှောက်သင့်ပါတယ်

📍German စာ ဘယ်level ထိ လိုလဲ
A0 ပဲလိုပါတယ် 😁
Yuuka ဆိုကျောင်းရဲ့ Admission Letter ရမှ ဂျာမန်စာစလုပ်တာပါ 😁
ဒါပေမယ့် ဂျာမန်စာ တက်ထားရင် တက်ထားသလောက် အခွင့်အရေးကတော့ပိုတာပေါ့နော်

📍ဘာ Visa အမျိုးအစားရမှာလဲ
University Student Visa (National D) Visa ရမှာဖြစ်ပါတယ်။

📍Visa ရော ခိုင်လုံရဲ့လား
Yuuka ကိုယ်တိုင် ဒီprogram နဲ့ဂျာမနီရောက်နေတာဖြစ်တဲ့အတွက် အဲ့ထက်ခိုင်လုံတဲ့အထောက်အထားမရှိတော့ဘူး ထင်ပါတယ် 😊

📍Part time လုပ်လို့ရလား
University Student ဖြစ်တဲ့အတွက် တစ်ပတ်ကို နာရီ ၂၀ part time လုပ်လို့ရပါတယ်။
Semester break တွေမှာနာရီ၄၀ထိလုပ်လို့ရပါမယ်။

📍အမြန်ဆုံး ဘယ်အချိန်လောက်ထွက်လာလို့ရမလဲ။
၃လကနေ ၄လအတွင်းပြင်ဆင်ပြီး ဂျာမနီကိုအရောက်လာနိုင်ပါမယ်။

📍Family ရောခေါ်လို့ရလား။
Family reunion Visa နဲ့ မိသားစုခေါ်လို့ရပါမယ်။

-------------------------

Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨

03/07/2026

Yuuka တို့ Family ထဲမှာ EU passport ပထမဆုံးကိုင်တဲ့ family member ပါရှင် 😻
ဆရာကြီးကတော့ ဆရာကြီးပါပဲ
သွားရှုပ်လို့မရဘူး 🤩

Photos from Yuuka's Journal's post 28/06/2026

Yuuka ကတော့ Deutschland မှာ Semester တစ်ခုထပ်ပြီးပါပြီ။ 😎
ဒီတစ်ခေါက် semester မှာတော့ အရမ်းချစ်ဖို့ကောင်းပြီး စာအသင်အရမ်းကောင်းတဲ့ ဆရာမနဲ့ တွေ့ခွင့်ရလို့ တော်တော်ပျော်ခဲ့ရတယ်။
Semester တစ်ခုလုံးအဲ့ဆရာမအချိန်ကို တစ်ချိန်မှာ မပျက်ပဲ တက်ခဲ့တယ် 😊

ဒီSeptember ကျောင်းလာတက်မယ့်သူတွေကိုလဲ Yuuka မျှော်နေပါပြီနော် 😻
-------------------------

Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨

19/06/2026

🎊Congretulations ပါ အစ်ကို နဲ့ အစ်မရေ။
ဒီတစ်ခေါက်က လင်မယားနှစ်ယောက်ကို
ကျောင်းရော Visa ရော တူတူရအောင်လုပ်ပေးနိုင်လို့ Yuuka တို့ရဲ့အပျော်က ၂ဆပေါ့ရှင် 🥰

Yuuka တို့ကို့ ယုံကြည်ပေးခဲ့လို့လည်း ကျေးဇူးပါ။ စိတ်လည်းအရမ်းရှည်၊ အရမ်းလည်းကြိုးစားတဲ့ အစ်ကိုနဲ့ အစ်မ။ တစ်မြို့တည်းအတူရသွားတာ အရမ်းပျော်မိပါတယ်။💛

🇩🇪 Germany next chapter ကို ချစ်သူနဲ့ အတူတူ ဆက်သွားချင်တယ်ဆိုရင် Yuuka တို့ ကူညီပေးနေပါတယ်နော်။

💪National D Student Visa က Strong လည်းဖြစ်သလို နောက် အလုပ်ဆက်လုပ်ဖို့ PR အထိ သွားဖို့ ကြိုးစားချင်သူတွေအတွက် လည်း အဆင်ပြေပါတယ်နော်။ 🏆

-------------------------

Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆိုလည်း Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
📱Whatsapp - +66834706719
📩Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
🇩🇪အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။ ✨

01/06/2026

🇩🇪ဒီနေ့ Winter Semester အတွက် Application ဖွင့်ပါပြီ။ ❄️

🔥လာမယ့် October ၂၀၂၆ မှာ ကျောင်းသွားတက်ချင်တယ်ဆိုရင် နောက်ဆုံး အခွင့်အရေးပါနော်။ July ၁၅ က deadline ဆိုပေမယ့် Uni-Assist ခံရတဲ့ ကျောင်းတွေ ရှိမှာ ဖြစ်တဲ့ အတွက် next two weeks မှာ ပြီးအောင်လျှောက်ဖို့လိုပါတယ်။ အရမ်းလော နေမလား ကြောက်နေနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်ဆိုတာကို Yuuka အားပေးပါရစေ။ ⭐

☝️Yuuka တိုနဲ့ လုပ်မယ်ဆိုရင်တော့ အနည်းဆုံး စာရွက်စာတမ်း တွေ အသင့် ထုတ်ပြီးသား ဖြစ်ဖို့လိုပါတယ်။ 📃
🏫မြန်မာ အစိုးရ တက္ကသိုလ်က တတိယနှစ် အောင်ထားပြီးသားသူတွေ က Bachelor လျှောက်လို့ရပါမယ်။
🎓BE နဲ့ MBBS ရထားတဲ့ သူတွေက Master ကို attempt လုပ်လို့ရပါမယ်။
🌏ပြည်ပ တက္ကသိုလ်မှာ လူကိုယ်တိုင်တက်ထားတဲ့ သူတွေက qualified ဖြစ်မဖြစ် Yuuka တို့ consultation မှာ စစ်ပေးလို့ရပါတယ်။

🎊2027 New Year ကို Germany မှာ celebrate လုပ်နိုင်အောင် Yuuka တို့ team ကို ဆက်သွယ် လိုက်ပါနော်! 🤙

-----------------------------------
Public Uni & Visa လျှောက်တဲ့ နေရာမှာ အကူအညီလိုချင်တယ် Service အပ်ချင်တယ်ဆို Yuuka တို့ကို ဆက်သွယ်လို့ရပါတယ်နော်။
Give us a call!
Whatsapp - +66834706719
Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။

Photos from Yuuka's Journal's post 30/05/2026

🇩🇪တတိယနိုင်ငံ အိမ်မက်ရဲ့ ရင်ဖွင့်စကား 💙

🐾 ဒီ တစ်ခေါက် ဘန်ကောက် က Germany အပြန်မှာတော့ သားကြီး Kudzu ကို ရအောင် ခေါ်လာဖြစ်တယ်။ သူပါလာတော့ တစ်နေ့တစ်နေ့ ပိုတော့ လုံခြုံတယ်။ ကြောက်နေသေးပေမယ့် သူ့နွေးထွေးမှူတွေက သက်သာစေတယ်။ Germany မှာနေတဲ့ Yuuka အတွက် အခက်ခဲ့ ဆုံးက အထီးကျန်တာပဲ။ သူငယ်ချင်းတွေ ၊ မြန်မာ လူမျိုး မောင်နှမတွေ ရှိပေမယ့်လည်း Yuuka မခံနိုင်ဘူး။ ကိုယ့်ကြောက်စိတ်နဲ့ ကိုယ် အထီးကျန်နေတာကို။ အဲ့ ခံစားချက် က တကယ် မလွယ်ပါဘူး။ ဒါကြောင့် အခု new semester ကျရင် လာမယ့် မောင်မယ် အသစ်တွေရော ရောက်ပြီးသား မောင်နှမ တွေအတွက် ရည်ရွယ် ပြီး ဒီ စာလေးရေးဖြစ်တာပါ။

Yuuka မနှစ်က October ၄ ရက်နေ့ က Germany ရောက်တယ်။ ဘဝမှာ တစ်ယောက်တည်း ဒီလောက်ခရီးအဝေးကြီး ကို မထွက်လာဖူးဘူး။ လက်တွဲဖော်လည်းမပါ။ မိသားစုလည်းမပါ။ သားနှစ်ယောက်လည်း မပါ။ တစ်ယောက်တည်း။ ရောက်ရောက်ချင်း အခန်းမရသေးတဲ့အတွက် temporary housing မှာ နေရတယ်။
ဒီမှာကြိုရောက်နေတဲ့ ညီမလေး နဲ့ မောင်လေးတွေက ကူပေးကြပါတယ် ဒီ အစ်မကြီးကို။ သူတို့ လာကြို လိုက်ပို့တဲ့ မေတ္တာတွေနဲ့ ပဲ ရှောရှောရှူရှူ ၁၈ ပေ ပတ်လည် အခန်းလေးထဲကို ရောက်ခဲ့တယ်။

🌙 ဘာပဲ ဖြစ် ငါရအောင်လုပ်မယ်၊ ငါ့မိသားစုအတွက် အားဖြည့်ရမယ် လို့ ကြိုးစားခဲ့တယ်လို့ ပြောချင်ပေမယ့်လည်း တကယ်တမ်းကျ Yuuka မျက်ရည် မတိတ်နိုင်ခဲ့ပါဘူး။ ညတိုင်းကြောက်တယ်။ နေ့လည်းကြောက်တယ်။ အပြင်လည်း မထွက်ရဲဘူး။ ဒါတောင် Yuuka နေတာ မြိုလည်ခေါင်မှာ။ ဘေးနားမှာ အားပေးသူတွေ ရှိပေမယ့်လည်း ပျောက်မသွားဘူး။ အထီးကျန် နေခဲ့တယ်။ ထိန်းမရသိမ်းမရ ဝမ်းနည်းခဲ့တယ်။ မရောက်ခင်တုန်းက ဒီ ကိုရောက်ရင် ရင်အေးရပြီလို့ ပြောခဲ့ပေမယ့် တကယ်တမ်းကျ နေတိုင်းနီးနီး ငို နေမိခဲ့တာ အမှန်ပါ။

နိုင်ငံ အသစ်ကို ထွက်လာရတာ က မလွယ်ပါဘူး။ တတိယနိုင်ငံ ကူးမယ်ဆိုတာ Yuuka တို့ နိုင်ငံပျောက်နေကြတဲ့ မြန်မာလူမျိုးတိုင်းရဲ့ အိမ်မက်ပဲလေ။ မလုပ်လို့မှလည်းမရတာ။ ဒါပေမယ့် တစ်ချိန်တည်း မှာ လည်း ခံရတဲ့ စိတ်ပင်ပန်းစရာတွေ၊ anxiety တွေကို အသိအမှတ်ပြုဖို့ တော့ လိုပါတယ်။ ညဘက် အခန်းတည်းမှာ နဖူးပေါ်လက်တင်ရင်း ဒါကြီး ကို လုပ်မိတာ မှားပြီလား မသိဘူးဆိုတဲ့ အတွေး က ဝင်တာပါပဲ။

💛ဒီ ခံစားချက်တွေက ကျောင်းလာတက်ကြသူတိုင်းခံစားရပါတယ်။ တစ်ယောက်တည်း မဟုတ်ပါဘူးနော်။ ဒီလိုအချိန်တွေမှာ အကူအညီ တောင်းဖို့ ကို ဝန်မလေးဖို့ Yuuka မေတ္တာရပ်ခံပါတယ်။ ချစ်ရတဲ့ သူတွေ၊ ကိုယ်အတွက် လုံခြုံတဲ့ သူတွေဆီက သူတို့ ပေးနိုင်မယ့် အချိန်ကို တောင်းပါ။ စကားပြောပါ။ အပြင်မထွက်နိုင်သေးရင် တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ ကိုယ့်ခံစားနေမိတာသည် အားနည်းချက် မဟုတ်ပါဘူး။ ဒါသဘာဝပါ။ ပိုက်ောင်းလာမယ်ဆိုတာကို လည်း Yuuka အားပေးပါရစေ။ ဒီဘွဲံကြီးကို ပြီး အောင် ဘယ်လိုတက်ရမလဲ ဆိုတာထက် မနက်ဖြန် ငါ ကျောင်းသွားမယ်။ ဒီပိတ်ရက် ငါနားမယ် ဆိုတာလေးနဲ့ စသွားရင် နေသားကျတဲ့ ကို ဖြည်းဖြည့်းချင်းရောက်လာမှာပါ။

🧑‍🤝‍🧑ကိုယ့်ရဲ့ မိသားစုဝင်တွေကို ဒါလေး ပေးဖတ်ဖြစ်တယ်ဆိုလည်း Yuuka အစားထိုး မေတ္တာရပ်ခံ ပေးပါရစေ။ ဒီအချိန်မှာ အကြောက်လွန် အတွေးလွန်တဲ့ အခါတွေ ရှိနေတာကို နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ မငိုနဲ့လေ လို မပြောပါနဲ့။ နဂိုကတည်းကို က ကိုယ့် ငိုနေမိတာကို အားနည်းလိုက်တာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီးသားပါ။ ထပ်ပြောတာက ပို အထိးကျန်စေတာပဲဖြစ်စေမှာပါ။ တတ်နိုင်ရင် အတူတူရှိနေပေးဖို့ကြိုးစားပါ။ ပုံမှန် routine တစ်ခု ပြန်ဆောက်ဖို့ ကူညီပေးပါ။ Online ကနေ ရုပ်ရှင်အတူတူကြည့်တာ၊ game အတူတူ ဆော့တာမျိုးပေါ့။ ပြီးတော့ သူငယ်ချင်းအသစ်တွေ မိတ်ဆွေသစ်တွေနဲ့ သွားတာလာတာကို လည်းအားပေးပါ။ လူလူချင်းထိတွေ့တဲ့ သံယော်ဇဉ် က အရမ်းအရေးကြီးပါတယ်။ နဂိုကတည်းက သွားရမှာကြောက်နေတာဖြစ်တဲ့အတွက် “ကောင်လေးပါလား” “မိန်းကလေးပါရင် မသွားနဲ့” ဆိုတာလေးတွေ လျှော့ပေးပါ။ Yuuka ကြား က မိဘတွေ Loved ones တွေကို မေတ္တာရပ်ခံပေးတာပါနော်။

🌱တစ်နှစ်နီးပါး ကြာလာတဲ့ အခုအချိန်မှာတော့ Yuuka က Germany ကို အိမ်လို့ ခေါ်နိုင်လာပါပြီ။ အစပိုင်းက နေ့တိုင်းငိုခဲ့တဲ့ သူ က တခြားသူကို အားပေးတဲ့ သူတော့ ဖြစ်လာပါပြီ။ (စိတ်ပေါက်ရင်တော့ ငိုတုန်းပါ။ ဘာဖြစ်တုန်း) သားကြီး Kudzu နဲ့ အတူတူ ကိုယ့်နေရာလေးကိုယ် ရှာတွေ့လာတယ်။
ဓာတ်ပုံလေးတွေက သားအမိ၂ယောက် အိမ်နားကပန်းခြံထဲမှာ လမ်းလျှောက်ထွက်တဲ့ပုံလေးတွေပါ။
အဲ့ဒါကြောင့် အခုလာမယ့် မောင်လေး ညီမလေးတွေကို ပြောချင်တာက ကြောက်နေလို့ ရပါတယ်၊ ဝမ်းနည်းနေလို့ ရပါတယ်၊ အိမ်လွမ်းနေလို့ ရပါတယ်။ ဒါသည် ဖျောက်ပစ် ဖိနှိပ် ပစ် ရမယ့် အားနည်းချက်တွေ မဟုတ်ပါဘူးနော်။ ပြီးတော့ ဒါက temporary ပါ။ ဒီ ခံစားချက်က အမြဲတမ်းကြီး ရှိနေမှာမဟုတ်ပါဘူး။

အရေးကြီးဆုံးက ဒီစာကို ဖတ်နေပြီး စိတ်ပင်ပန်းနေတဲ့သူ ရှိရင် သတိရပါ။
🦋မင်းတစ်ယောက်တည်းမဟုတ်ပါဘူးနော်။ You’re not alone. 🦋
—-----------------------------------

German အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ စုံစမ်းဆွေးနွေးချင်ရင် Give us a call!
Whatsapp - +66834706719
Email - [email protected]
Messenger ကတော့ Page ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်နော်။
အားလုံးရဲ့ Germany အိမ်မက် တွေ အကောင်အထည်ဖော်နိုင်ပါစေ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok