The Tale of Rose

The Tale of Rose

Share

From kitchen to gym,
from home to the world 🌍
Sharing real life as a mother & daughter
Beauty in balance ✨

03/10/2026

ဖက်ထမင်းပေါင်း နဲ့ ကြက်ကြော် 🍗🍛
အိမ်မှာပဲ အလွယ်တကူရှိတဲ့ ကြက်သားလေး နဲ့ ဖက်ထမင်းပေါင်းလေး လုပ်စားဖြစ်ပါတယ် ☺️

02/10/2026

နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ ချဉ်ပေါင်ဟင်းတွေ စားချင်ပေမယ့် အမြဲတမ်း လတ်လတ်ဆတ်ဆတ် ရဖို့ မလွယ်ဘူး။ ဒီနေ့တော့ Rose က ချဉ်ပေါင်တွေ အများကြီး ရလာတာ နဲ့ အရွက်ကို Rose သိမ်းနေကျ ပုံစံလေး အတိုင်း ကြာကြာသိမ်းထားလို့ရမယ့် နည်းလေး ပြောပြလိုက်ပါတယ်။

02/10/2026

Greekyogurt သို့ ဒိန်ချဉ် နဲ့ လုပ်တဲ့ ဒီပူတင်းလေး အောက်က မခဲဘူး အရည်တွေ ဖြစ်နေလို့ လာလာပြောကြတဲ့ သူတွေအတွက် Rose ဒီ Everyday Breakfast က တင်ပေးလိုက်ပါတယ်။ Recipe လေးက
ကြက်ဥ - 2 လုံး
ကြက်ဥ အကာ -2 လုံး
Greekyogurt - 100gm
(တခါတလေ Greekyogurt ကုန်နေရင် ရိုးရိုး yogurt ပဲထည့်ပါတယ်။
ဘယ် Yogurt ထည့်ထည့် yogurt က ထွက်တဲ့ Whey အရည် လုံးဝ မထည့်ပါဘူး)

အချို - ကြိုက်ရင်ထည့် မကြိုက်ရင် မထည့်ပါနဲ့ ( မိမိ choice ပါ) Rose ကတော့ Maple Syrup-1 teaspoon ထည့်ပါတယ်။

ဒိန်ခဲလေးတွေ မကျန်ခဲ့အောင် နှံစပ်ပြီး သမအောင် မွှေပေးဖို့ကလဲ အရေးကြီးပါတယ်။
မွှေတံ အသေးလေး သုံးရင်ပိုကောင်းပါတယ်။
သမအောင် မွှေပြီးတာနဲ့ 180 D မှာ 16 မိနစ် airfryer နဲ့ ဖုတ်ပါတယ်။ 160 D မှာ 20 မိနစ် လောက် ဖုတ်လဲရပါတယ်။

မုန့်ထည့်တဲ့ ခွက်က Rose လို အောက်ရှူးသွားတဲ့ ပန်းကန်လုံးမျိုးမဟုတ်ပဲ ။ အပေါ်အောက် ညီတဲ့ ပန်းကန်လုံးဆိုပိုသင့်တော်ပါတယ်။ အတွင်းပိုင်း ပိုကျတ်အောင်ပါ။

Rose ဒီအတိုင်း လုပ်စားနေတာ ၂ လ နီးပါးရှိပြီမို့ ခဲကိုခဲပါတယ်နော်။

01/10/2026

TTOR ကို အမြဲကြည့်နေတဲ့ အမတွေ ညီမတွေ အရမ်းချစ်ဖို့ကောင်းကြတယ်❤️စားချင်တာလေးတွေရှိရင် ဒါလေး ချက်ပေးပါဦး ဟိုဟာလေး ချက်ပေးပါဦး ပူဆာကြတယ်။ ဟင်းလေးတွေ ချက်ပြီးရင် လဲ လာလာပြကြတယ်။

မုန့်လေးတွေ လုပ်ကြည့်လို့ အဆင်မပြေရင် လာမေးကြတယ်။ Troubleshoot တွေ လုပ်ပြီး အဆင်ပြေသွားရင် လာပြကြတယ်။ တကယ်ကို နွေးထွေးတယ် ခံစားရတယ်။
စာအရှည်ကြီးတွေရေး ရင်လဲ ဖတ်ပေးကြတယ်။

အားလုံးကို ကျေးဇူးတင်တယ် လို့ လာပြောတာ 😊

30/09/2026

တရုတ်ကြာဇံကြော် စားပြီး ဝိတ်ချလို့ရတယ်ဆိုရင် ဖြစ်နိုင်ပါ့မလား? 🥗
မဖြစ်နိုင်ဘူး ထင်ရင်အဆုံးထိကြည့်ပေး 😉

Photos from The Tale of Rose's post 30/09/2026

Rose ရဲ့ ကတ်ကြေးကိုက် Nutrition Facts နဲ့ Recipe 😊

29/09/2026

Rose ရေ Greek yogurt ရှာရခက်လို့ cheesecake ကို ဒိန်ချဉ်နဲ့ လုပ်လို့ရလား မေးနေသူတွေ အတွက် ဒိန်ချဉ်နဲ့ cheese cake လေး လုပ်ပြထားတယ်။

29/09/2026

🌹 Rose ရဲ့ Chopping Board ကို မေးနေကြသူများအတွက် သတင်းကောင်းလေးပါရှင့် 🤍

Rose ရဲ့ Retinol Video တင်ပြီးကတည်းက Rose သုံးနေတဲ့ Chopping Board လေးကို ဘယ်ကဝယ်လဲ? ဘယ်မှာရလဲ? ဆိုပြီးComment, DM, TikTok စတဲ့နေရာတွေမှာ မကြာခဏ မေးလာကြတာ အခုထိပါပဲရှင့်။

Rose ကိုယ်တိုင် ဝယ်ယူတဲ့နေရာကို အမြဲတမ်း ပြန်ညွှန်းပေးဖြစ်ပေမယ့်မြန်မာနိုင်ငံကနေ ဝယ်ယူရတာ အဆင်မပြေဘူး လို့ ပြောလာကြတဲ့သူတွေလည်း အများကြီးရှိတာကြောင့်…

အားလုံးအဆင်ပြေအောင် Rose ရဲ့ Team ကနေ Pre-Order တင်ပေးသွားပါမယ်ရှင့် 🤍

🛒 Pre-Order Information
Price — 45,000 Ks / 1 ချပ်

✨ Pre-Order ဖြစ်ပေမယ့် ကြိုတင်ငွေပေးစရာ လုံးဝမလိုပါဘူး။

📍 ရန်ကုန်မြို့တွင်း
ပစ္စည်းရောက်ရှိပြီးမှ COD (Cash on Delivery) နဲ့ ပေးချေလို့ရပါတယ်။
📍 နယ်မြို့များ
ပစ္စည်းရန်ကုန်ရောက်ပြီး နယ်မပို့ခင် အချိန်မှာ ငွေကြိုလွှဲပေးရပါမယ်ရှင့်။

⏳ Waiting Time
လမ်းခရီးအခြေအနေတွေနဲ့ ပို့ဆောင်ရေးအခြေအနေအရပစ္စည်းရောက်ရှိချိန်က ၂ လကျော် ကြာနိုင်ပါတယ်။ဒါကြောင့် စောင့်နိုင်မှ Order တင်ပေးကြပါနော် 🤍
Pre-Order ဖြစ်တဲ့အတွက် Waiting Time ကို နားလည်ပြီးမှ မှာယူပေးဖို့ Rose က မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ငွေကိုလည်း ပစ္စည်းမရောက်ခင် ကြိုပေးထားစရာ မလိုပါဘူး။

📅 Order ကောက်မယ့်ရက်
September 29, 30 & October 1 — ၃ ရက်တိတိ Order လက်ခံပေးပါမယ်ရှင့်။

Order တင်ပြီးတဲ့အခါ Rose ရဲ့ Team ကနေ ပြန်လည်ဆက်သွယ်ပြီး အသေးစိတ် ဖြေပေးပါလိမ့်မယ်။ 🤍

✈️ အမြန်လိုသူများအတွက်

“၂ လကျော် မစောင့်နိုင်ဘူး၊ အမြန်လိုချင်တယ်” ဆိုရင်တော့
Air Shipping နဲ့ အမြန်ပို့ပေးနိုင်ပါတယ်။

➡️ Air Shipping Fee — +35,000 Ks ( Total 80,000Ks)

Chopping Board လေးက ကြည့်ရတာ ပါးပါးလေးပေမယ့် အလေးချိန်က တော်တော်လေးရှိတာကြောင့် Air Shipping Cost က အနည်းငယ်မြင့်ပါတယ်။🤍

မှာယူချင်သူများ September 29, 30 & October 1 အတွင်း Order တင်ပေးကြပါနော်။

စောင့်နိုင်မှ Order တင်ပေးပါရှင့် 🤍

27/09/2026

Rose ရဲ့နောက်ထပ် လုပ်ချင်တဲ့ Blog တွေက Food Review, Beauty Product ,Aesthetic & lifestyle blog လေးတွေပါ။
Cooking နဲ့ သပ်သပ်ဖြစ်စေချင်လို့ နောက်ထပ် Page လေး အနေနဲ့ ဖွင့်ထားလိုက်တာပါ။

ပုံမှန်လေး တင်ဖြစ်နေအောင်တော့ ကြိုးစားနေပေမယ့် အကြောင်း အမျိုးမျိုးကြောင့် နဲနဲပဲ တင်ဖြစ်နေပါသေးတယ် 😊😊😊။

26/09/2026

ဝိတ်ချနေတဲ့ အချိန် ဇလုံထမင်းသုပ် စားလို့ရလား?

အဖြေကတော့ Yes ပါ။ အဆီချ ဝိတ်ချနေတဲ့ အချိန်
Calories deficit ဖြစ်နေသ၍ကတော့ ဝိတ်ကျနေမှာပါပဲ။ ဒီနေ့ အိမ်မှာ ချဉ်ပေါင်လေး ကြော်ထားလို့ အမျိုးသား က မြန်မာပြည်အလွမ်းပြေ ဇလုံထမင်းစားချင်တယ်လို့ ပူဆာတာနဲ့ တက်သည့် ပညာ မနေသာမို့ သူ့ အတွက် ထမင်းလေး နယ်ပေးဖြစ်တယ်။

Want your business to be the top-listed Beauty Salon in West Region?
Click here to claim your Sponsored Listing.

Website

Address


000
West Region

Alerts

Be the first to know and let us send you an email when The Tale of Rose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in West Region.