Nay Linn Kxa

Nay Linn Kxa

Share

Traveller

11/05/2026

Professional & Personal
ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်တစ်ခုက professional နဲ့ personal ခွဲခြားတတ်ဖို့ပဲ

လူတစ်‌ယောက်ဟာသူရဲ့ personal relationship တွေမှာ ဘယ်လောက်ပဲ ပေ့ါပေ့ါပါးပါး လွတ်လွတ်လပ်လပ်နေပါစေ .... သူတည်ဆောက်ထားတဲ့ သူ့ brand ရှိတဲ့ သူ့ရဲ့ နယ်ပယ် ၊ သူ့ professional life မှာတော့ သူဟာတည်တည်တံ့တံ့ ရှိနေလိမ့်မယ် ။

ခင်မင်ရင်းနှီးတယ်ဆိုတာ မေတ္တာ တရား ပါ။

မေတ္တာစိတ်‌ကြောင့် အတူဆုံကြချိန် private time တွေမှာ ဖက်လဲ တကင်း ရှိမယ် ၊ အတူတူ ပေါကြ ရူးကြ တဲ့ အချိန်တွေ ရှိမယ်။ ဒါတွေကို သူ့ရဲ့ professional life အထိ သယ်သွားပြီး သူ့ကို အမြဲ အာ့လို သွားဆက်ဆံရင် ပြဿနာ ဖြစ်ရတတ်တယ်။ တစ်ဖက်က ထုတ်မပြောရင်တောင် ရင်ခံသွားတတ်တာတွေရှိတယ်။
လူတိုင်းက ကိုယ့် လို မဟုတ်ဘူး ၊ အမြဲ လွတ်လပ်နေမှာ မဟုတ်ဘူး ။ သူ့စိတ်ရှိတိုင်း အမြဲနေခွင့်ရ‌နေမှာ မဟုတ်ဘူး ။ ဒါက ဟန်ဆောင်နေတာလည်းမဟုတ်ဘူး။ ဘဝကို သူ့အကန့်သူခွဲ ရတာပဲ ဖြစ်တယ်။ ကိုယ့်ဘက်က အခြေနေ နှင့် အချိန်အခါကို ကြည့်ပြီး အလိုက်သိပေးရပါတယ် ။ လူတွေက မတူတဲ့ဘဝတွေကလာတာ၊ မတူတဲ့ရင်ဆိုင်ရမှုတွေရှိတယ်ဆိုတာကို အမြဲသတိကပ်ပြီး အလိုက်သိစိတ်နဲ့ ပေါင်းသင်းကြရပါတယ်။
ကျွန်တော်က ကျွန်တော်ချစ်ခင်တဲ့သူတွေနဲ့ဆို ပေါ့‌ပေါ့ပါးပါး နေတတ်တဲ့သူဖြစ်တယ်။ ရယ်မောတယ်၊ ရူးမိုက်တယ်၊ ပွင့်ပွင့်လင်းလင်း နေတယ်၊ ဘာ‌‌ကြောင့်ဆို ပျော်လို့ပါ၊ အဲ့လိုနေရတာ အရမ်းပျော်လို့ပါ။ ဒါပေမယ့် ကျွန်တော့ကို လေးစားတဲ့သူတွေရှိတဲ့ နေရာ ၊ ကျွန်တော့ကို ထမင်းကျွေးထားတဲ့ အလုပ်တွေအပေါ်မှာဆို ဘယ်တော့မှ ပေ့ါပျက်ပျက်မလုပ်သလို၊ ခပ်ကြောင်ကြောင်လည်းမနေပါဘူး။ လေးစားမှုနဲ့ တန်အောင်နေထိုင်ပြီး၊ အလေးနက်ထားပြီး အလုပ်လုပ်ပါတယ်။
ဒါကိုရောထွေးပြီးတော့ ကျွန်တော် တန်ဖိုးထားတဲ့ နယ်ပယ်ကို အထင်သေးသလိုမျိုး၊ ကျွန်တော်ရဲ့ personal face နဲ့ရောထွေးပြီး သတ်မှတ်တာမျိုးဆို မေတ္တာတုံးလာသလို၊ အဲဒီလိုလူတွေနဲ့ ပေါင်းသင်းရတာကလည်း တကယ် မပျော်‌တော့ပါဘူး။
ကိုယ်တိုင်ကလည်း ခုလို ခံစားချက်ရှိတဲ့အတွက် အခြားသူတွေကိုလည်း အကန့်ခွဲးပြီးဆက်ဆံပါတယ်။ private time မှာ ဘယ်လောက်ပဲ ဖက်လဲတကင်း ရင်းနှီးပါစေ၊ သူ့ရဲ့ dark side တွေကို ဘယ်လောက်ကြီး သိပါစေ... သူ့ရဲ့ professional life ကိုတော့ တကယ်ကို အလေးနက်ထားပြီး ရိုရိုသေသေ ဆက်ဆံပါတယ်။
လူတစ်ယောက် ကိုယ့်ကို personal life မှာ ဆက်ဆံတဲ့ ဖော်‌ရွေမှုဟာ ကိုယ့်အပေါ််ထားတဲ့ မေတ္တာ ဖြစ်တယ်။ ဒါကို အလွဲသုံးစား လုပ်လို့မရသလို ၊ စည်းဘောင်တွေ ကျော်လို့လည်းမရပါဘူး။
ဒါကြောင့် ဘဝမှာ လူတစ်ဉီးနဲ့ တစ်ဉီး ပေါင်းသင်းဆက်ဆံတဲ့ အခါ အကန့် တွေခွဲထားတတ်ဖို့ လိုအပ်သလို ၊ ကိုယ့်ဘဝထဲမှာလည်း အဲ့လို သူ့အကန့်နဲ့သူ ခွဲခြားပြီး ဆက်ဆံတတ်သူတွေသာ ရှိနေဖို့ လိုပါတယ် ။
crd #

25/08/2025

Hello everyone, nice to meet you all!
Let’s be happy together and make our daily life more joyful. 🌸✨

Want your business to be the top-listed Beauty Salon in Kuala?
Click here to claim your Sponsored Listing.

Category

Website

Address


10/7B
Kuala
56100

Alerts

Be the first to know and let us send you an email when Nay Linn Kxa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kuala.