Si Thu Lay

Si Thu Lay

Share

ပန်တိမ်

28/12/2022

ကိုယ့်လက်ထဲမှာ
ပိုက်ဆံတစ်ပြားမှမရှိတဲ့အခါ ...
လောကကြီးကသင့်ကို
လူတွေအကြောင်း သင်ပေးသွားပါလိမ့်မယ်။

သင်ဆုံးရှုံးမှုတွေနဲ့
ရင်ဆိုင်ရပြီးဆင်းရဲမွဲတေနေတဲ့အခိုက်မှာ
စစ်မှန်ပါတယ်ဆိုတဲ့ မိတ်ဆွေ၊
ခင်မင်လှပါတယ်ဆိုတဲ့ မိတ်ဆွေ၊
စာနာပါတယ္ဆိုတဲ့ မိတ်ဆွေတွေဆိုတာ
ဘယ်လိုမျိုးလဲ သင့်ကို သင်ကြားပေးပါလိမ့်မယ်။

အဆင်ပြေနေတဲ့အချိန်...
လက်ခုပ်ဝိုင်းတီးပေးတဲ့ မိတ်ဆွေထက်
အဆင်မပြေတဲ့အခါ
နှစ်သိမ့်စကားတစ်ခွန်းပြောပေးတဲ့
မိတ်ဆွေက ပိုတန်ဖိုးရှိပါတယ် ။

ပြဿနာတိုင်းက သင့်ကို
အဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို လမ်းညွှန်ပေးတဲ့
အရာတွေပါ။

အဆိုးတွေအားလုံးက သင့်ကို
အရှုံးပေးဖို့ဖြစ်စေတာမဟုတ်ဘူး
တကယ်တော့သင့်ကို
အကောင်းဖက်ဘယ်လိုသွားရမလဲ
သင်ပြပေးနေကြတာပါ။

ရုန်းကန်မှုအားလုံးက
သင့်ကို စိတ်ဓါတ်ကျစေဖို့
ဖြစ်စေတာမဟုတ်ဘူး။
တကယ်တော့သင့်ကို
အောင်မြင်ခြင်းကို ဘယ္လို ယူရမလဲ
သင်ပြပေးနေကြတာပါ။

လွယ်လွယ်အရှုံးမပေးတတ်ဘူးဆို
အရာရာ သင့်လက်ထဲမှာ ပါပဲ ။

သူတစ်ပါးရဲ့လုပ်ရပ်ကြောင့်
ကိုယ်ထိခိုက်ရပေမယ့်
ကိုယ့်လုပ်ရပ်ကြောင့်
သူတစ်ပါးကို မထိခိုက်စေနဲ့။

သူတစ်ပါး စကားကြောင့်
ကိုယ်စိတ်ဆင်းရဲရပေမယ့်...
ကိုယ့်စကားတစ်ခွန်းကြောင့်
သူတစ်ပါးစိတ်မဆင်းရဲစေနဲ့။

သူတစ်ပါး ကြောင့်
ကိုယ်မျက်ရည်ကျရပေမယ့်...
ကိုယ့်ကြောင့်...
သူတစ်ပါးမျက်ရည်မကျစေနဲ့ ။

လောကကြီးမှာ
လူတွေအားလုံးက အမြင့်ကိုရောက်ဖို့
လှေကားတွေကိုနင်းတက်ကြတယ်။
ဒါပေမယ့် အဲ့ဒီလှေကားတွေကို
ကျေးဇူးတင်ရကောင်းမှန်းမသိကြဘူး

အမြင့်မှာ ပျံသန်းနေတဲ့စွန်ဟာ
သူ့ကို ကြိုးနဲ့ချီပြီး မြေပြင်ကနေ
ရစ်ဘီးလေးကိုင်လို့ မျှော်ကြည့်နေသူကို
မေ့နေတတ်တယ်

ကိုယ့်ဘ၀ရဲ့ တန္ဖိုး
ကိုယ်ဘယ်လို ဖွစျလာသလဲဆိုတာ
ဘယ်နေရာရောက်ရောက်...
ဘယ်အခြေအနေမှာဖြစ်ဖြစ်...
မမေ့ဖို့အရေးအကြီးဆုံးပါပဲ

သုညဆိုတာ
သူ့ဘာသာနေရင်တော့...
တန်ဖိုးမရှိဘူးထင်ကြလိမ့်မယ်။
ဒါပေမယ့် သူ့ရှေ့က ဂဏန်းတွေကိုတော့
တန်ဖိုးအမြင့်ဆုံးရောက်အောင်
မြှင့်တင်ပေးနိုင်ပါတယ်။
#မေတ္တာများစွာဖြင့်
(ဘဝစာပေ)

30/10/2022
Photos from Si Thu Lay's post 11/10/2022

👍

Want your business to be the top-listed Beauty Salon in Kuala?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


မလေးရှား
Kuala
AAA

Alerts

Be the first to know and let us send you an email when Si Thu Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kuala.