Shar Htet Luu Poem Page
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shar Htet Luu Poem Page, Health/Beauty, Malaysia, Klang.
13/12/2025
မိုးတွေညှို့လာပြီဆို
ကောင်းကင်က တန်းငိုတာပဲ
အလွမ်းတွေ တသီတတန်း
လောကဓံဆိုတဲ့မညီညာလမ်းတွေထဲ
လျောက်ရသူမို့
မိုးတွေပြိုလဲ ခိုးငိုနေရသူပါကွယ်......
#သျှားထက်လူ
07/12/2025
ကိုပိုင်ကမ္ဘာငယ်လေး
ဖွံ့ဖြိုးရေးအတွက်
ရေခြားမြေခြား
တိုင်းတပါးမှာ
ကျနော်တကယ်မပျော်ပါ........
#သျှားထက်လူ
02/12/2025
သာယာတဲ့မိသားစုလေးနဲ့
နေချင်တာပေါ့ဗျာ
သာယာတဲ့ပျားရည်ဆမ်းခရီး
ထွက်ချင်တာပေါ့ဗျာ
သာယာတဲ့ဘဝလေး
ဖြစ်ချင်တာပေါ့ဗျာ
အဲတာတွေဖြစ်မြောက်ဖို့ပဲ
အဝေးရောက်နေရတာ......
#သျှားထက်လူ
27/11/2025
စိတ်ပျော်ရွှင်မှု့ကို
တိုင်းတာတဲ့ကိရိယာများ
သိပ္ပံပညာရှင်များက
မထီထွင်ခဲ့ဘူးလား......
ရှိရင်ရောင်းပါ
ဝယ်ချင်ပါတယ်ဗျာ......
စိတ်နဲ့လူနဲ့ကပ်ဖို့
ကော်ဗူးရှိရုံနဲ့လဲမရပြန်ဘူး.......
#သျှားထက်လူ
25/11/2025
လိပ်ပြာမလုံတဲ့သူဆိုတာ
လမ်းမှာတွေ့ရင်တောင်
မျက်နှာချင်းဆိုင် ပြုံးပြနူတ်မဆက်ရဲပဲ
ခေါင်းကိုလွှဲသွားတာမျိုး....
မင်းကိုမင်း
လိပ်ပြာလုံတယ်ထင်လား
အဲတာဆို
လမ်းမှာတွေ့ရင် ပြုံးပြနူတ်ဆက်ရဲရမယ်လေ......
#သျှားထက်လူ
22/11/2025
ရေ ဆိုတာ အရောင်မှမရှိပဲ
ပတ်ဝန်းကျင်ကြောင့်သာ
အရောင်ပြောင်းနေရတာ.......
#သျားထက်လူ
အိမ်ပြန်ချိန်
ဘယ်နေ့ ဘယ်ရက် အတိကျမသိ
အဖြေရေရေရာရာမရှိ
ဘယ်ချိန်ဘယ်နေရာအခြေချမယ်
အတိကျမသိ အဖြေရေရေရာရာမရှိ
ကျင်လည်လောက လူ့ဘဝမှာ
ဝမ်းရေးတွက်ပဲ ပူနေရရ
တနေ့ပေါ့
ပိုက်ဆံတေစုပီးအိမ်ပြန်မယ်လို့
စိတ်ကူးထားတဲ့နေ့
ရောက်လာမယ့်
တနေ့ပေါ့
တနေ့ပေါ့
မျှော်လင့်ချက်ရောင်ခြည်
ရောင်နီတွေထွက်ပေါ်လာမယ့်
တနေ့ပေါ့
#သျှားထက်လူ
လက်ရေးလဲ လှသလို
ကဗျာလေးလဲလှ🥰🥰
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Malaysia
Klang
Alerts
Be the first to know and let us send you an email when Shar Htet Luu Poem Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.