Norkhin Nora naung

Norkhin Nora naung

Share

NN

03/08/2023

👉 "မဖိနှိမ့်ပါနဲ့"

ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။

လည်းမျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။

ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။

အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။

ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။

နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။

လူတစ်ချို့က ……
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။

တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။


ချစ် ခြင်း များ စွာ ဖြင့် ...

ပန်းပျိုးလက် ✍️ ရသစာပေ
PANNPHYOLATT NSM

18/07/2023
16/07/2023

လောကမှာ...
လူတိုင်းရန်ဖြစ်တတ်တယ်
ပညာရှိလို ရန်ဖြစ်တတ်တာနဲ့
အောက်တန်းကျကျရန်ဖြစ်တတ်တာ ကွာသွားတယ်

လူတိုင်းအတင်းပြောတတ်တယ်
လူ့သဘာဝအရ တခြားသူကို အပေါ်ယံ
ဝေဖန်မိတာနဲ့
အောက်တန်းကျကျ privacy ထိပါးတာ
ကွာသွားတယ်

လူတိုင်းမှာ hate list ရှိတယ်
မုန်းတာနဲ့အညီ ဥပက္ခာပြု အဖတ်မလုပ်ပဲ
ကိုယ့်ဘဝကိုလျှောက်နေတတ်တဲ့သူနဲ့
မုန်းတယ်သာပြောတာ တစ်ချိန်လုံး လိုက် Stalk လုပ်ပြီး ထိုင်စော်ကားသူ ဆိုပြီး ကွာသွားတယ်

လူတိုင်းမှာ ပါးစပ်ပါတယ်
ပြောသင့်မပြောသင့် ချင့်ချိန်ပြီးမြိုချသင့်မြိုချ ထားတဲ့သူနဲ့
ငါ့စကားနွားရ စကားဖြစ်ပြီးရော ပြောသူဆိုပြီး ကွာသွားတယ်

လူတိုင်းမှာ အားနည်းချက်ရှိတယ်
သူများအားနည်းချက်ကိုမထိပါးတဲ့သူနဲ့
သူများအားနည်းချက်ကို နင်းတဲ့သူ ကွာသွားတယ်

လူတိုင်းသူ့ story နဲ့သူရှိတယ်
သူများ ကိစ္စ dig in မလုပ်တဲ့သူနဲ့
အလုပ်မရှိ အကိုင်မရှိ သူများနောက်ကြောင်း လိုက်လှန်နေတဲ့သူ ကွာသွားတယ်

ဒါပါပဲ ကိုယ်ဘယ်ထဲပါနေလဲ နဖူးပေါ်လက်တင် စဉ်းးစား တိုတောင်းလှတဲ့ ဘဝမှာ ကိုယ့်သမိုင်းကိုယ်ရေး ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ

(ကိုယ့်သမိုင်း ကိုယ်မရေးဘဲ သူများသမိုင်းလိုက်စိတ်ဝင်စားနေရင်တော့ ကိုယ့်ရဲ့ပထဝီတွေ သိပ္ပံတွေပါ အမှတ်နည်းနေလိမ့်မယ် သတိလဲထားဦး)

ရှက်သင့်တာကိုရှက်

Credit:

16/07/2023

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့ လူတွေချည်းပါပဲ။

ဘယ်ဆက်ဆံရေးမှ ရွှေရည်စိမ်နဲ့ မကင်းဘူး။

လူဆိုတာ ကိုယ့်အကျိုးလေးပါမှ စေတနာထားတတ်ကြတာ။

ဆီပေးလို့ ဆန်ရတာပါပဲ။
ဒါကိုပဲ စကားလုံးလှအောင်
တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ လို့
သုံးနှုန်းပြောဆိုနေကြတာ။

တကယ်တမ်းကျတော့ လူတွေဟာ
ဆရာတာရာမင်းဝေရဲ့ ကဗျာထဲကလိုပဲ
လူတွေချစ်တယ်ဆိုတာက သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား။

အလင်းသစ်(သဲကုန်း)
၁၊ ဇူလိုင်၊ ၂၀၂၃

👉 #လူ့သဘာဝထင်ပါတယ်👇👇
https://m.facebook.com/story.php?story_fbid=664529799036741&id=100064391811844&mibextid=Nif5oz

🔰 အစဉ်လေးစား ချစ်ခင်နေလျှက်.........✍

ဓမ္မ၊သုတ၊ရသစာပေများ
ဖတ်ရှု့လိုပါက👇
👇👇👇
https://www.facebook.com/ကြည်-838712306265034/

https://www.facebook.com/profile.php?id=100087746347864

မေတ္တာဖြင့်.💞..✍️
ပြန်လည်မျှဝေသည်။

Category

Website

Address


Ye

Alerts

Be the first to know and let us send you an email when Norkhin Nora naung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Ye.