ELIZA Skin Republic

ELIZA Skin Republic

Share

And also we offer superior & essential skincare products. Ph: +95 (9) 427666411, +95 (9) 427666343

Eliza Skin Republic, it’s integrate comprehensive with professional therapists in a warm environment that provides Skin Rejuvenation solutions you deserve Yangon & Mandalay branches. Eliza (Sayarsan Branch)
No. 42(A), Sayarsan Road, Bahan Tsp, Yangon
Ph: +95 (9) 441696672

Eliza (Sanchaung Branch)
No. 40, Kyun Taw Road, San Chaung Tsp, Yangon
Ph: +95 (9) 444926275, +95 (9) 444926276

Eliza (Waizay

Photos from ELIZA Skin Republic's post 10/08/2026

Skincare Stock Update • August 2026

Cleansing
▪️ Honey Cleansing Gel
▪️ Cleansing Water
▪️ Acne Foam
▪️ Vitamin C Foam
▪️ Kathy Daily Scrub Foam

Toner
▪️ Essential Toner (100ml)
▪️ Centella Toner (100ml)

Moisturizer
▪️ Intense Moisturizing Cream
▪️ Skin Brightening Cream
▪️ Hyaluronic Gel
▪️ Moisturizing Gel
▪️ Aloe Vera Gel (200g)
▪️ Aloe Vera Cream

Sunscreen
▪️ BB Sunscreen
▪️ Eliza Intense Sun Essence

Acne Care
▪️ AHA BHA
▪️ AHA 8%
▪️ Acne Gel

Serum & Treatment
▪️ Vitamin C Booster
▪️ Gold Collagen Serum
▪️ Essential Serum
▪️ Miracle Drop Serum

Extra Care Essential
▪️ Centella Mist
▪️ Eye Gel
▪️ Lip Scrub
▪️ Kathy Hand Therapy

သြဂုတ်လအတွက် Skincare လေးတွေ စုံစုံလင်လင် ပြန်ဝင်ထားပါပြီ.. တချို့ Item လေးတွေက Limited Stock ဖြစ်လို့ ပစ္စည်းမပြတ်ခင် ကိုယ်သုံးနေကျလေးတွေကို ELIZA ရဲ့ Page Messenger မှာ အမြန်လေး လာဝယ်ထားလိုက်တော့နော်.. ✨

07/08/2026

ဒီတစ်ပတ် ပိတ်ရက်မှာ ELIZA သွားဖို့ Booking ယူပြီးပြီလား 😊😊

07/08/2026

✨ ဘဝရဲ့ အထူးခြား အလှပဆုံးနေ့လေးမှာ ယုံကြည်မှုအပြည့်နဲ့ တောက်ပနေစေဖို့ သတို့သား၊ သတို့သမီးနှစ်ဦးလုံးအတွက် ELIZA ရဲ့ Wedding 1 Month Intensive Package ✨

💐 Wedding ပွဲလေးကို စိတ်တိုင်းကျ ကိုယ်တိုင်ဖန်တီးရင်း စိတ်ရောလူပါပင်ပန်းပြီး မျက်နှာမှာ ဝက်ခြံနဲ့အဆီဖုလေးတွေ ဖြစ်တတ်ပါတယ်

✨ ပွဲရက်နီးမှ ကိုယ့်မျက်နှာအသားအရေကို စိတ်တိုင်းမကျဖြစ်နေတဲ့ သတို့သား၊ သတို့သမီးတို့အတွက် အထိရောက်ဆုံး Package လေးကို မိတ်ဆက်ပေးပါရစေ

🌟 ELIZA ရဲ့ Wedding 1 Month Intensive Package လေးမှာ သတို့သား၊ သတို့သမီး (၂)ဦးလုံးအတွက်

✔️ Wedding မတိုင်မီ အသားအရေကို လိုအပ်တဲ့အာဟာရတွေဖြည့်တင်းပြီး အပြစ်အနာအဆာတွေ ကင်းစင်စေဖို့ ပထမဆုံးတစ်ပတ်မှာ Complete Facial Treatment (1)ကြိမ်စီ

✔️(10)ရက်ခြားပြီးရင် Complete Facial Treatment နောက်(1)ကြိမ်စီ နဲ့

✔️ ပွဲနေ့မှာ မျက်နှာလေး Glow ပြီး လှနေစေဖို့ Wedding မတိုင်ခင် (2)ရက်အလိုမှာ Red Carpet Ready Treatment (1)ကြိမ်စီ ပါဝင်မှာဖြစ်ပြီး

✔️ သတို့သမီးလေးအတွက် Wedding ပြီး (1)ပတ်အကြာမှာ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ပြေပျောက်စေဖို့နဲ့ အသားအရေကို ပြန်လည်အားဖြည့်ပေးဖို့ Complete Facial Treatment (1)ကြိမ်

စုစုပေါင်း Complete Facial Treatment (5) ကြိမ်နဲ့ Red Carpet Ready Treatment (2)ကြိမ် ပါဝင်မှာဖြစ်ပါတယ်။

Package Duration က (1) လဖြစ်ပြီး ဒီ Package လေးကို 399,000Ks တည်းနဲ့ ဝယ်ယူနိုင်မှာပါရှင်။

💐 ဘဝရဲ့ အမှတ်တရနေ့ရက်လေးအတွက် အကောင်းဆုံးပြင်ဆင်ပြီး မင်္ဂလာပွဲနေ့မှာ အလှဆုံး၊ အတောက်ပဆုံး၊ ယုံကြည်မှုအရှိဆုံး သတို့သား၊ သတို့သမီးလေးတွေ ဖြစ်နိုင်ပါပြီနော်...

07/08/2026

✨ Facial Treatment လုပ်ပြီးရင် အသားအရေပိုကောင်းသွားလို့ ထပ်ဂရုစိုက်စရာ မလိုတော့ဘူးထင်နေရင် မှားသွားမယ်နော်...

🌿 Treatment ယူပြီးတာနဲ့ အသားအရေက ပိုမိုနူးညံ့ပြီး ထိခိုက်လွယ်နေတဲ့အချိန်မို့ ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြချင်ပါတယ်

🌟မျက်နှာသစ်တဲ့အခါ အပျော့စား Cleanser ကိုသုံးပြီး ညင်ညင်သာသာသစ်ပေးပါ။ အားနဲ့ ပွတ်တိုက်ပြီး မသစ်ပါနဲ့။

🌟နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။ အပြင်မထွက်ခင် SPF 30 နဲ့အထက်ရှိတဲ့ Sunscreen ကို မျက်နှာအနှံ့ မဖြစ်မနေလိမ်းပြီး (၂)နာရီခြားတစ်ကြိမ် ပြန်လိမ်းပေးပါ။

🌟ပြင်းအားများတဲ့ Retinoids, Glycolic Acid, Salicylic Acid, Vitamin C တို့ကို Facial Treatment လုပ်ပြီးနောက် ၂-၃ ရက်လောက် ရှောင်ပေးပါ။ မိတ်ကပ်၊ သနပ်ခါးလိမ်းတာကို တတ်နိုင်သမျှ ရှောင်ပါ။

🌟Facial Treatment လုပ်ထားတဲ့ အသားအရေဟာ ရေဓာတ်ပိုလိုအပ်ပါတယ်။ ဒါကြောင့် Alcohol-free) Moisturizer ကို သေချာလိမ်းပေးပါ။

🌟 Treatment ယူပြီးပြီးချင်းမှာ Alcohol သောက်ခြင်း၊ အပူစပ်စားခြင်းက ၀က်ခြံပြန်ထွက်စေတက်လို့ treatment ယူပြီးတစ်ရက်တော့ရှောင်ပေးပါ။

🌟မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တွယ်ထိတွေ့တာ၊ ချွေးထွက်လွန်စေမယ့် လေ့ကျင့်ခန်းတွေလုပ်တာနဲ့ ရေနွေးငွေ့ခံတာ/ချွေးထုတ်တာနဲ့ Sauna တွေကို ရက်အနည်းငယ်လောက် ရှောင်ပါ။

🌟Treatment ပြီး ရက်ပိုင်းအတွင်း အသားအရေမှာ ရောင်ရမ်းမှု၊ ယားယံမှုနဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာရင် Therapist တွေနဲ့ ပြန်လည်တိုင်ပင်ဆွေးနွေးပါ။

✅ ဒီအချက်တွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် Facial Treatment ရဲ့ အကျိုးအာနိသင်ကို အပြည့်အဝ ရရှိပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်နော်

31/07/2026

ELIZA ချစ်သူတို့ရဲ့ ကိုယ်ပိုင်အချိန်လေးတွေကို တန်ဖိုးထားပြီး အလဟဿမဖြစ်စေချင်တာကြောင့် ELIZA မှာ Treatment ယူဖို့အတွက် Booking ကြိုတင်လိုက်ရုံနဲ့ 10,000Ks လျှော့ဈေးပါ ရယူနိုင်မယ့် အစီအစဉ်ရှိတယ်နော်။

ဩဂုတ်လ (၁) ရက်နေ့ကနေ (၃၁) ရက်နေ့အတွင်း Complete Facial Treatment အတွက် Advance Booking ကြိုတင်ရယူလိုက်တာနဲ့ ပုံမှန် 59,000 Ks ကျသင့်မယ့် Complete Facial Treatment ကို Advance Booking ပြုလုပ်ထားသူတွေအတွက် အထူးဈေးနှုန်း 49,999 Ks တည်းနဲ့ ရယူနိုင်မှာပါ။

လူရှုပ်တာတွေအတွက် စိတ်မပူရတော့ဘဲ ငွေလည်းပိုသက်သာမယ့် ဒီအစီအစဉ်လေးအတွက် ကိုယ့်နဲ့အဆင်ပြေမယ့် ELIZA Branch ကိုဆက်သွယ်ပြီး Booking လေးတွေ အခုပဲ ကြိုတင်လုပ်ထားလိုက်တော့နော် ✨

31/07/2026

August Born လေးတွေအတွက် မွေးနေ့ရှင်ကိုယ်တိုင်သာမက အတူခေါ်လာတဲ့ သူငယ်ချင်းတွေပါ Discount တွေရမယ့် ELIZA ရဲ့ မွေးလ Promotion လေး လာပါပြီနော် 🎂

ဩဂုတ်လ (၁) ရက်နေ့ကနေ (၃၁) ရက်နေ့အတွင်းမှာ ဘယ်နေ့ပဲလာလာ

✨ Complete Facial Treatment အတွက် August Born လေးက 50% Off ရရှိမှာဖြစ်ပြီး အတူခေါ်လာတဲ့ သူငယ်ချင်းတွေက 30% Off ရရှိမှာပါ။

✨ Express Skin Glow Treatment အတွက် August Born လေးက 20% Off ရရှိမှာဖြစ်ပြီး အတူခေါ်လာတဲ့ သူငယ်ချင်းတွေအတွက် 10% Off ရရှိမှာဖြစ်ပါတယ်။

ကိုယ့်သူငယ်ချင်းတွေထဲက August Born လေးတွေကို Mention ခေါ်ပြီး ELIZA မှာ Treatment တူတူလာလုပ်ဖို့ အခုပဲတိုင်ပင်လိုက်တော့နော်။

31/07/2026

ELIZA ရဲ့ VIP နဲ့ VVIP Member တို့အတွက်သီးသန့် August တစ်လလုံးရရှိမယ့် အထူး Promotion လာပြီနော် 🎉

ချွေးပေါက်ကျယ်ပြီး အသားအရေမညီမညာဖြစ်နေတဲ့ ပြဿနာအတွက် ဩဂုတ်လ (၁) ရက်နေ့ကနေ (၃၁) ရက်နေ့အတွင်းမှာ "Pores Refine" Treatment ကို Buy 1 Get 1 နဲ့ ရယူနိုင်မယ့် အခွင့်အရေးကြီးပဲ ဖြစ်ပါတယ်။

My Club VIP/VVIP တွေအတွက်ပဲ သီးသန့်ပေးထားတာမို့ ဒီအခွင့်အရေးကို လက်မလွတ်ရအောင် ELIZA မှာ အမြန်ဆုံးလာဝယ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

30/07/2026

လစာထုတ်ရက်မှာ ကိုယ့်ကိုယ်ကိုယ်ဆုချရင်း အနားယူအပန်းဖြေမယ့် ELIZA ချစ်သူလေးတွေအတွက် Pay Day Sales အထူးပရိုမိုးရှင်းလေးက စောင့်ကြိုနေပါပြီ... 🤩

ဇူလိုင်လ (၃၀) ရက်နေ့ကနေ ဩဂုတ်လ (၂) ရက်နေ့အထိ
✨ 249,000 Ks တန်ဖိုးရှိတဲ့ Gold Package ကို Buy 1 Get 1
✨ ပုံမှန် 138,000 Ks ကျသင့်မယ့် Signature Treatment (၂) ကြိမ်စာကို အထူးဈေးနှုန်း 99,999 Ks တည်းနဲ့ အတန်ဆုံး ဝယ်နိုင်မှာပါ။

လစာထုတ်ရက်လေးမှာ အသားအရေလေးကို စိုပြေလှပစေဖို့နဲ့ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့အတွက် ဒီလိုတန်လွန်းတဲ့ အခွင့်အရေးကို လက်လွတ်မခံရအောင် ELIZA ကိုဆက်သွယ်ပြီး ကြိုတင်ဝယ်ယူထားလိုက်တော့နော်။ ✨

29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ဖြစ်ပါစေ 🙏

🌕 ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မြန်မာပြည်သူ/သားအားလုံး

🙏စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး
🙏ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေးကြပါစေ
🙏လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေလို့

Mahar Ya Da Nar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

26/07/2026

✨ အသားအရေကို အလေးထား ထိန်းသိမ်းသူတိုင်း ဘယ်ကိုသွားသွား အိတ်ထဲမှာအမြဲဆောင်ထားသင့်တဲ့ Skincare ပစ္စည်း(၃)မျိုးကို သိကြလား?

🍃 နေရောင်ခြည်ဒဏ်ကာကွယ်ဖို့၊ အသားအရေစိုပြေမှုထိန်းသိမ်းဖို့နဲ့ တစ်နေကုန်လန်းဆန်းစေဖို့အတွက် လိုအပ်တဲ့ Sunscreen, Hand Cream နဲ့ Hydrating Mist တွေပဲဖြစ်ပါတယ်..

☀️ နေရောင်ခြည်က အသားအရေကိုပျက်စီးစေတဲ့အပြင် အိုမင်းရင့်ရော်မှုနဲ့ တင်းတိပ်၊ အမဲစက်တွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Sunscreen ကို အပြင်မသွားခင်လိမ်းရုံသာမက (၂) နာရီခြားတစ်ခါ ထပ်ပြီးလိမ်းပေးခြင်းဖြင့် အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ထိရောက်စွာကာကွယ်နိုင်ပါတယ်။

💅 လက်ဖဝါးက ခန္ဓာကိုယ်ရဲ့အခြားနေရာတွေထက်ပိုပြီးခြောက်သွေ့လွယ်ပါတယ်။ အထူးသဖြင့် ဆပ်ပြာနဲ့ အခြားဓာတုပစ္စည်းတွေအသုံးပြုတဲ့အခါ လက်ဖဝါးခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် လက်ဖဝါးအသားအရေကို နူးညံ့ပြီး စိုပြေနေစေဖို့ Hand Cream မကြာခဏလိမ်းပေးဖို့လိုပါတယ်။

💦 Hydrating Mist ကို မိတ်ကပ်လိမ်းပြီးချိန်မှာ မျက်နှာပေါ်ဖြန်းပေးရင် မိတ်ကပ်သားညီညာစေပြီး အသားအရေကို စိုပြေလန်းဆန်းစေပါတယ်။ Air-con အခန်းထဲမှာ အချိန်ကြာကြာနေရလို့ ဒါမှမဟုတ် ပြင်ပရာသီဥတုအခြေအနေကြောင့် အသားအရေခြောက်သွေ့နေတဲ့အခါမျိုးမှာလည်း Hydrating Mist လေးက လိုအပ်တဲ့ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

တစ်နေကုန်လှပလန်းဆန်းနေစေဖို့အတွက် ဒီပစ္စည်း (၃) မျိုးက မရှိမဖြစ်လိုအပ်တာကြောင့် ဘယ်ကိုသွားသွား အိတ်ထဲဆောင်ထားသင့်တယ်နော်...

ELIZA မှာဆိုရင် Sunscreen အမျိုးမျိုးနဲ့ Hand cream, Hydrating Mist လေးတွေက လူကြိုက်အများဆုံးထဲမှာ ပါဝင်ပြီး ELIZA ချစ်သူလေးတို့ရဲ့ အိတ်ထဲမှာ အမြဲရှိနေတဲ့ Product လေးတွေပေါ့

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Address


No. 42(A), Sayarsan Road, Bahan Tsp
Yangon
11111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 22:30
Thursday 09:00 - 22:30
Friday 09:00 - 22:30
Saturday 09:00 - 22:30
Sunday 09:00 - 19:00