YsY Professional Hair & Makeup
Professional Hair & Makeup
16/01/2022
17/11/2021
Packing design is ready
Coming soon😍😍
👉ရှမ်းမြောက်တွက်တော့ကိုယ်စားလှယ်ရှိသွားပါပီ
အခြားတိုင်းနဲ့ပြည်နယ်များတွက် chat box pls😬
25/05/2020
ဒီpageကBeauty saloon ကပိတ်ထားတာကြာပီနော်
အိတ်တွေပဲရောင်းမယ်နော်လောလောဆယ်
27/01/2020
23/01/2020
🧣🧣🧣
30/06/2019
Justice for Victoria!
" ဘယ်တော့မှ သွေးအေးမသွားကြပါနဲ့"
ပထမတော့ သတင်းတွေပဲ လိုက်ဖတ်နေခဲ့ပါတယ်
သက်ငယ်မုဒိမ်းမှု- Child R**e ကို သေဒါဏ်မှ တပါး သင့်တော်သော ပြစ်ဒါဏ်မရှိဘူးဆိုတာလည်း လွန်ခဲ့တဲ့ရက်က ရေးခဲ့ပါတယ် ဒါပေမယ့်
အမှုသွားအမှုလာကို ကြည့်ရတာ နောက်ဆုံးသတင်းအရ " နေပြည်တော်၊ ဇဗ္ဗူသီရိ မြို့နယ်ရှိ Wisdom Hill ပုဂ္ဂလိက ကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရသည်ဟုဆိုကာ တိုင်တန်းထားသည့် အမှုတွင်ဖမ်းဆီးထားသည့် တရားခံဟုယူဆရသူကို တရားစွဲတင်ရန် အထောက်အထား မရှိသည့် အတွက် ပြန်လွှတ်ထားကြောင်း ရဲမှူးကြီး မင်းဟန်က ပြောသည်။"
ဆိုတာ ဖတ်လိုက်ရတော့ စိတ်ထဲလည်း စိုးရိမ်စိတ်က မြင့်တက်လာပါတယ် ။ ဧရာဝတီက မေးထားတာကို ပြန်ဖြေထားတာပါ ရုပ်သံဖိုင်တွေလည်း ကြည့်လိုက်ရပါတယ် ။
ဖြစ်စဉ်ကို ပြန်ပြီး စီကြည့်ရအောင်
၁ ။ ခွေးစိတ်ဝင်ပြီး အနိုင်ကျင့်စော်ကားခံရတဲ့နေ့ - မေ ၁၇ ( မိခင်ကိုယ်တိုင်အမှုဖွင့်ခဲ့ )
၂ ။ ဖြစ်စဉ်ကာလ - ၁ လကျော်ကြာမြင့်
၃ ။ တရားခံ - ဖမ်းဆီးမမိသေး
၎ ။ တရားခံဟု ယူဆသူ - ၁ လခန့်ဖမ်းဆီးပြီးမှ အထောက်အထားမပြည့်စုံ၍ ပြန်လွှတ်
၅ ။ စစ်ဆေးသောအဖွဲ့ - CID လို့ခေါ်တဲ့ Criminal Investigation Department က မေ ၃၀ မှာ စစစ်တယ် ဇွန်လ ၂၄ မှာ လွှတ်လိုက်တယ်
၆ ။ Wisdom Hill ဖက်က အခြေအနေ - အမှုနဲ့ဆက်စပ်မယ်လို့ယူဆရတဲ့ လူ ၂၀ ကို ဇွန် ၁၇ မှာ စစ်ဆေးပြီးပြီ လို့ဆိုတယ် ရဲအဖွဲ့ကလည်း ဆရာမ ယာဉ်မောင်း နဲ့ ကျောင်းကြီးကပ်ရေးမှူးတွေကို ခေါ်စစ်ဆေးနေတယ်လို့ဆိုတယ်
၇ ။ ကလေးက " ဆရာမ နှင်းနုသိတယ် " ဆိုတဲ့စကားကို စစ်ဆေးသူတွေ မသိပဲမနေလောက်ဘူး ခုလောက်ဆို စစ်ဆေးပြီးလို့ အကြောင်းမထူးသေးလို့ ဘာမှ ပေါ်မလာသေးတာလို့ယူဆတယ် ။
================
ကိုယ့်တစ်ယောက်တည်း ကောက်ချက်ချရရင်
၁ ။ ဖြစ်စဉ်အသေးစိတ်ကို လူတိုင်း သတင်းတွေ ဆက်တိုက်ဖတ်လာခဲ့ကြတဲ့လူတွေဆိုသိမှာပါ ။ ကလေးဆီမှာ s***m တွေ့တယ်ဆိုတဲ့အဖြေထွက်တယ် ဒါပေမယ့် ( ကလေးရဲ့ မိန်းမကိုယ်မှာ စုတ်ပြဲ ထိုးသွင်း ဒါဏ်ရာ မျိုး ) မတွေ့ရဘူး ဒါကြောင့် နောက်ရက်ကျောင်းတက်တဲ့အခါ ကလေးက ကလေးသဘာဝဆော့ကစားတော့ CCTV မှတ်တမ်းတွေကြည့်ပြီး R**e Victim တစ်ယောက်ဟာ ဒီလို ဘာမှမဖြစ်သလို နေနိုင်ပါ့မလားဆိုတဲ့မေးခွန်းထွက်လာတယ် ( လူစိတ်မရှိတဲ့လူတွေ တွေးကြတယ်ထင်ပါရဲ့ )
၂ ။ ပြင်းထန်ရုပ်ဆိုးအကျည်းတန်တဲ့ ဒါဏ်ရာဒါဏ်ချက် နာကျင်မှုမရှိပဲ s***m တွေ့တယ်ဆိုတော့ ဖြစ်နိုင်ချေရှိတာသည်
က ။ အရွယ်ရောက်စ s***m ပိုး ထုတ်နိုင်တဲ့ အရွယ် ကလေးတစ်ယောက်လက်ချက်
ခ ။ အသက်ကြီးပေမယ့် လိင်အရွယ်အစားသေးငယ်ပြီး ( မရိုသေစကား - လိင်တံမမာနိုင်တော့တဲ့ရောဂါ Erectile dysfunction ဖြစ်နေသူတစ်ယောက် )
ဂ ။ ယောက်ျားတစ်ယောက် ( လိင်စိတ်ရူးသွပ်စွဲလမ်းမှုတစ်ခုဖြစ်တဲ့ ကလေး ရဲ့ လိင်အဂါင်္ကို မိမိ လိင်အဂါင်္နဲ့ထိတွေ့ ပြီး ma********on ပြုလုပ်ပြီး s***m ထည့်တယ်ဆိုတဲ့အချက် ဖြစ်နိုင်ချေမရှိဘူးမပြောနဲ့ အဖေအရင်းနဲ့သမီးအရင်းတောင်စိတ်မချရတဲ့ ခွေးစိတ်တွေပေါက်နေကြတဲ့ခေတ်ကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့မှတ်ထား ပါ )
၃ ။ DNA လည်းစစ်ပြီးပြီ ခွေးမုဒိမ်းကောင်ရဲ့ DNA ရဖို့တော့ခက်နေတုန်းပဲထင်ပါရဲ့ အခုထိ ထူးသေးတာမတွေ့ဘူး
ဒီတော့ကိုယ်ဟာ အမှုဖော်ထုတ်ကျွမ်းကျင်သူတစ်ယောက်မဟုတ်တဲ့အတွက် ကိုယ့်အသိကိုယ့်အမြင်နဲ့ပဲ ရေးပါရစေ
- ဖြစ်စဉ်ဖြစ်တဲ့နေ့က ကလေးငယ်နဲ့ ထိတွေ့ဆက်စပ်သူအားလုံး ကို ထည့်သွင်းစဉ်းစားရပါမယ် ( အတွင်းလူ ၊ အပြင်လူ )
- CCTV မှာ မမြင်ရတဲ့ မြင်ကွင်းကွယ်နေတဲ့နေရာတွေ အများကြီးရှိနေနိုင်တာမို့ အဆိုပါ Blind Spot များကို ထည့်သွင်းစဉ်းစားရပါမယ်
- အဆိုပါဖြစ်စဉ်နေ့က ထူးခြားဖြစ်စဉ်ရှိမရှိစုံစမ်းရပါမယ် ( ဥပမာ ကလေးငယ် အပြင်ထွက်သွားတာမျိုး ၊ ဒါမှမဟုတ် တစ်နေရာရာကို ချောင်တချောင်ချောင်သွားတာမျိုး စသဖြင့် )
- အမျိုးသမီးတွေကို ဖယ်လိုက်ပါ ယုတ်စွအဆုံး ကြံရာပါပဲဖြစ်နိုင်တာမို့ ( အဲဒီနေ့ ဖြစ်နိုင်ဖွယ် သံသယရှိသူ ယောက်ျားစာရင်း ကြီးကြီးငယ်ငယ် စာရင်းလုပ်ရပါမယ် )
- အဆိုပါ စာရင်းထဲကမှ အသက်အရွယ်အလိုက် Category အလိုက် ( စိတ်အနေအထား ၊ ထူးခြားဖြစ်စဉ် ၊ အချင်းချင်းပေါင်းသင်းဆက်ဆံရေး စသဖြင့် ) ခွဲပြီး စစ်ဆေးတာလုပ်သင့်ပါတယ်
- အပြင်လူအပိုင်းကိုစဉ်းစားရရင်တော့ အပြင်လူ ထိတွေ့နိုင်စရာဖြစ်နိုင်ချေ Probability & Possiblity ကို မူတည်ပြီး အဆိုပါ ဧရိယာနေ လူစာရင်းကို ပြုစုပြီး ဧရိယာတ၀ှိုက် အတွင်းလူ အပြင်လူထည့်စုံစမ်းရပါမယ် ။
- CID ရော ရဲတပ်ဖွဲ့ရော အားကိုးပါရစေ... ။ ကလေးဖက်ပဲကြည့်ကြည့် မိဘအနေနဲ့ကြည့်ကြည့် တိုင်းပြည်ဖက်နေပဲကြည့်ကြည့် သိက္ခာတရား ၊ ကိုယ်ကျင့်တရား နဲ့ လူ့အသိုင်းအ၀ိုင်းမှာ လက်ခံနိုင်ခြင်းမရှိတဲ့ တိရိစ္ဆာန်အပြုအမူဖြစ်တယ် ။ .........................................
မတရားမှု မှန်သမျှဟာ တရားမျှတခြင်းကို အနိုင်ရသတဲ့လား ?
အကြံပေးချင်တာကတော့ တရားခံအစစ်ကိုထိုက်သင့်တဲ့ ပြစ်ဒါဏ် မပေးရမချင်း လူပုံအလယ်မှာ ဒီလူဟာ ဒီလို ခွေးစိတ်ပေါက်ပြီး လူမဆန်တဲ့ အပြစ်ကို ကျူးလွန်ခဲ့ပါတယ်လို့ လက်ညှိုးဝိုင်းမထိုးနိုင်သေးပဲနဲ့
ဘယ်တော့မှ သွေးအေးမသွားကြပါနဲ့ ။
သက်တန့်ချို
29-June-2019
Blog link - https://thettantcho.blogspot.com/2019/06/blog-post_29.html
(ဓါတ်ပုံမူရင်းဖန်တီးသူအား လေးစားစွာ Credit ပေးပါတယ် )
Category
Contact the business
Telephone
Website
Address
Kyaw Thu 17 Street, South Okkalapa
Yangon
Alerts
Be the first to know and let us send you an email when YsY Professional Hair & Makeup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.