Paradise Products Co Ltd
Paradise Products Co Ltd
16/05/2026
Paradise မိသားစု၏ 2026 Annual Party အခမ်းအနားကို 15.5.26 ရက်နေ့တွင်Western Park Royal ၌ ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ✨
ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များ၊ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်မှုများ၊ ဂုဏ်ပြုညစာ၊Lucky Draw အစီအစဉ်များနှင့် ဝန်ထမ်းများအားလုံးအတွက် အမှတ်တရကောင်းများစွာ ဖန်တီးပေးခဲ့ပါသည်။ 💙
အတူတကွ လျှောက်လှမ်းနေသော Paradise Family အားလုံး နောင်နှစ်များစွာတိုင် အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးအပ်ပါသည်။
“We are Paradise Asia Group, We Shine Together”
24/04/2026
Paradise Products Co., Ltd ၏ နှစ်စဉ်ကျင်းပလှူဒါန်းမြဲဖြစ်သော နှစ်ဦးအလှူကို (၂၄.၄.၂၀၂၆) ရက်နေ့တွင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ (ထောက်ကြန့်) မှ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဝန်ထမ်းများအား နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ပါသည်။
နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။
10/04/2026
🍀မကြာခင်ကျရောက်တော့မယ့် မြန်မာ့နှစ်သစ်ကို ကြိုဆိုသောအားဖြင့် Paradise Products Co.,Ltd မှ 🍀ဝန်ထမ်းများအား မနက်ခင်း မု့န်ဟင်းခါးဖြင့်ဧည့်ခံပြီး နေ့လည်ပိုင်းတွင် မြန်မာ့ရိုးရာ သင်္ကြန်စာ ရွှေရင်အေး၊အုန်းနို့သာကူ မုန့်များပေးဝေခြင်းနှင့် ဝန်ထမ်းများ ပျော်ရွှင်စွာအတာရေဆော့ကစားနေသည့် ပုံရိပ်များကိုမျှဝေပေးလိုက်ရပါတယ်…
“မြန်မာ့နှစ်သစ်ကူး အခါသမယမှာ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်🙏”
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
260, Zaykabar 6 Street, Yangon Industrial Park, Mingalardon
Yangon
11021
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |