High Five Beauty Salon & Mini Spa by CS
For Your Beauty "Hi 5 Beauty Salon - Cab's Professional" Care Your Life Style at Parami Sein Gay Har Shopping
Tel: 09795933910, 0943038883, 0943057856
22/07/2026
လူတိုင်းရဲ့လှပမှုဟာ ဆံပင်လှလှလေး ဖြစ်နေမှ ❤️ရုပ်ရည်ပိုချောလာတယ်။
လှပမှုကြိုက်တဲ့ 😘ချစ်မိတ်ဆွေများအတွက် High Five Beauty Salon ဆိုင်ကို သတိရလိုက်ပါ၊ စိတ်ချမ်းစေရပါမယ်ရှင့်🥰
Address 📍 Location
Level 3A-11, Sein Gay Har Parami Shopping Center
Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️ 09795 933910 / 0943057856
06/07/2026
အထူးဝမ်းနည်းကြေကွဲခြင်းနှင့် ဂါရဝပြုလွှာ
မိမိတို့ High Five Beauty Salon & Mini Spa သည် စိန်ဂေဟာ (ပါရမီ) စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ ယခု (၁၇) နှစ်တိုင်တိုင် စိန်ဂေဟာမိသားစုဝင်များ၏ နွေးထွေးလှသော စောင့်ရှောက်မှု၊ ရိုင်းပင်းကူညီမှုများနှင့်အတူ မိသားစုကဲ့သို့ အစဉ်တစိုက် လက်တွဲရပ်တည်ခဲ့ပါသည်။
ယခုကဲ့သို့ မိမိတို့လုပ်ငန်းအပေါ် အစဉ်အမြဲ မေတ္တာကရုဏာပွားများ၍ ပံ့ပိုးကူညီပေးခဲ့ကြသော စိန်ဂေဟာမိသားစုဝင် ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ လမ်း၊ တံတား အလှူဒါယိကာမကြီး ဒေါ်တီတီလေး (ခေါ်) ဒေါ်ရှုတီ (အသက် ၇၁ နှစ်) ကွယ်လွန်အနိစ္စရောက်ရခြင်းအတွက် မိမိတို့ High Five မိသားစုမှ နှမြောတသ ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲရပါသည်။
ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့် ကောင်းရာသုဂတိ ဘုံဘဝသို့ ရောက်ရှိပါစေကြောင်း လေးနက်စွာ ဆုမွန်ကောင်းတောင်းလျက် ဂါရဝပြု အမျှဝေအပ်ပါသည်။
🙏🙏🙏
02/06/2026
Nail art ပဲ လုပ်မလား၊Hair Style ပဲချိန်းမလား၊ Hair Color ချိန်းမလား တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ကိုယ့်ရဲ့ ပိုမိုတောက်ပတဲ့ style အသစ်ကို High Five မှာ ပြောင်းလဲဖို့ လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့် ❤️
Address:
Sein Gay Har Parami Shopping Center, Level 3, Room No. 3A-11, Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09795 933910
📌Branches Address📌
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09420078731
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09404590040
13/05/2026
ဒီနေ့မှာတော့ ဆံသားလေးတွေ ပိုမိုကောင်းမွန်သန်စွမ်းဖို့
ဆောင်ရန်ရှောင်ရန်ေလးများကို High Five မိတ်ဆွေများအတွက် sharing လုပ်ပေးလိုက်ပါတယ်ရှင့်။😍😍
ဆံသားလေးတွေ ကျန်းမာနေစေဖို့ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
❤️ဆံပင်ကို ပေါင်းတင်ပါ
ဆံပင်ကို ပေါင်းတင်ပါဆိုလို့ ဘယ်လိုပေါင်းဆေးတွေဝယ်ရမလဲဆိုပြီး တွေးမနေနဲ့နော်။ သဘာဝ ပစ္စည်းတွေဖြစ်ကြတဲ့ ရှားစောင်းလက်ပပ် လိုမျိုုးအရာတွေကို အသုံးပြုပေး
လို့ရပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်တခြောက်အနေအထားမှာ ဆံသားကိုရော ဦးရေပြားကိုပါ ရှားစောင်းလက်ပပ် ဂျယ်လီသား လိမ်းပေးရုံပါ။
❤️ခေါင်းပုံမှန်လျှော်ပါ
ခေါင်းလျှော်တာက ဆံသားကိုရော ဦးရေပြားကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံး ၂ ရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အရမ်းကုတ်မလျှော်မိဖို့ သတိထားပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ရေကို စင်နေအောင် ဆေးချဖို့လိုပါမယ်။ ဒါမှ ဆံသားတွေ ကျန်းမာမှာပါ။
❤️ဦးရေပြားကို နှိပ်နယ်ပါ
ဦးရေပြားကို နှိပ်နယ်တာက ဆံသားတွေကို သန်စွမ်းစေသလို ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဦးရေပြားပြဿနာကင်းလို့ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားကို ခေါင်းမလျှော်ခင်မှာ လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။
❤️Conditioner သုံးပါ
ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဆံသားတွေကြမ်းတာ၊ ကျိုးပျက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဆံပင်ကို Conditioner သုံးပေးဖို့လိုပါမယ်။ သဘာဝ Conditioner အနေနဲ့ ခေါင်းမလျှော်ခင်တစ်ညမှာ ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို အရင်းကနေ အဖျားထိသေချာစွာ လိမ်းပါ။ ပြီးရင် ဆံပင်ကို ပလပ်စတစ် ခေါင်းစွပ်လေးစွပ်လို့ တစ်ညထားပါ။ မနက်နိုးတဲ့အခါ နှစ်သက်ရာ ခေါင်းလျှော်ရည်ကို သုံးလို့ သေချာ စင်နေအောင် လျှော်ပေးပါ။
❤️ခဏခဏ ခေါင်းမလျှော်ပါနဲ့
ခေါင်းလျှော်တာက ဆံသား ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ဆံပင်ကို ခဏခဏလျှော်နေတာကတော့ ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ခေါင်းလျှော်ပါ။ နေ့တိုင်း ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။ ဆံသားပျက်စီးစေနိုင်တာကြောင့်ပါ။
❤️ရေခြောက်အောင်သုတ်ပါ
ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင်သုတ်ပါ။ ရေခြောက်အောင် မသုတ်တာက ဦးရေပြားကျန်းမာရေးကို ထိခိုက်စေသလို ဆံသားတွေရဲ့ သန်စွမ်းမှုကိုလည်း ထိခိုက်စေပါတယ်။ ဗောက်ထတာ အပြင် အမျိုးမျိုးသော ဦးရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။
❤️အပူချိန်ပြင်းပြင်းနဲ့ အခြောက်မခံပါနဲ့
ဆံပင်မခြောက်မှာဆိုပြီး Dryer ကိုသုံးလို့ အပူချိန် ပြင်းပြင်းနဲ့ အခြောက်ခံတာမျိုးက အဆင်မပြေပါဘူး။ ဒီလိုလုပ်တာကလည်း ဆံသားကို ထိခိုက်စေနိုင်တဲ့ အပြုအမူတစ်ခုပါ။ ခပ်နွေးနွေး အနေအထားနဲ့ပဲ အခြောက်ခံပါ။
❤️ခပ်ကြမ်းကြမ်း မသုတ်ပါနဲ့
ခေါင်းလျှော်ပြီးတဲ့အခါ တဘက်ကို အသုံးပြုပြီး ခပ်ကြမ်းကြမ်းသုတ်တာက ဆံသားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်တွေကို ကျိုးပျက်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ဖို့လည်း သတိထားပေးပါ။
❤️ဆံပင်ကို ဆီလိမ်းပါ
ဆံပင်ကို ဆီလိမ်းတာကလည်း ဆံသားကို အာဟာရဖြည့်တာပါပဲ။ ဦးရေပြားကိုလည်း အာဟာရဖြည့်ပေးရာရောက်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း လက်ဖဝါးထဲကို ဆီနည်းနည်းထည့်ပြီး ဆံပင်ကို အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ခပ်ပါးပါးဖြစ်ဖြစ် လူးရင်တောင် ဆံပင်ပျက်စီးမှုကို ကာကွယ်နိုင်မှာပါ။
အပူဒဏ်ကနေ ကာကွယ်ပါ
အပူဒဏ်ကနေ ကာကွယ်ဖို့လိုတာ အသားအရေတင်မဟုတ်ပါဘူး။ ဆံသားကိုလည်း အသားအရေလိုပဲ နေရောင်ဒဏ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးဖို့ မမေ့ပါနဲ့။
❤️ခေါင်းဖြီးပါ
ခေါင်းဖြီးတာက ဆံသားရော၊ ဦးရေပြားကိုပါ ကျန်းမာစေပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ခေါင်းဖြီးဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။
❤️ကျန်းမာအောင် စားပါ
ဆံပင်ကျန်းမာစေဖို့ ရေများများသောက်တာ။ အသီးအရွက်တွေ၊ သစ်သီးတွေစားတာမျိုးလုပ်ပေးပါ။ ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်ပြင်ထားတဲ့ အစားအစာတွေစားသုံးတာမျိုး၊ ခေါက်ဆွဲပြုတ်လို အရာမျိုးတွေ စားတာမျိုးလျှော့ပါ။
29/04/2026
မိမိရဲ့ လက်ချောင်းလေးတွေကို ပိုမိုလှပပြီး လူအများကြားမှာ ထင်ပေါ်စေဖို့... ✨💅
High Five Beauty Salon ရဲ့ လက်ရာသေသပ်လှပတဲ့ Nail Art Design လေးတွေနဲ့ အလှပြင်လိုက်ရအောင်။ ရိုးရိုးရှင်းရှင်း Minimal ဒီဇိုင်းကနေ စတိုင်ကျပြီး ဆန်းသစ်တဲ့ Trend ဒီဇိုင်းတွေအထိ စိတ်တိုင်းကျ ဖန်တီးပေးနေပါပြီ။
အခုပဲ Booking တင်ပြီး သင့်ရဲ့လက်သည်းလေးတွေကို အလှဆင်လိုက်ပါ! 💖
Address:
Sein Gay Har Parami Shopping Center, Level 3, Room No. 3A-11, Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09795 933910
18/04/2026
High Five Beauty Salon ဆိုင်ကို ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ချစ်သော မိတ်ဆွေများအား အသိပေးအပ်ပါတယ်ရှင့်။🥰
13/04/2026
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတွေပြည့်စုံသော သင်္ကြန်နေ့ရက်လေးတွေ ဖြစ်ကြပါစေရှင့် 🥰
10/04/2026
နှစ်သစ်ကူးဆိုင်ပိတ်ရက် အဖြစ် (12-4-2026) မှ (17-4-2026) အထိ ဆိုင်ခေတ္တပိတ်မည်ဖြစ်သောကြောင့် ဆိုင်မပိတ်ခင် Hairstyle လန်းလန်းလေးတွေနဲ့ သင်္ကြန်မှာကဲဖို့ High Five ကိုလာခဲ့လိုက်တော့နော်🥰
20/03/2026
🥰ပျော်ပျော်ရွင်ရွင် ဝေဝေဆာဆာနဲ့ High Five ရဲ့ သင်္ကြန် promotion မှာ ပါ၀င်ဆင်နွှဲရင်း ကိုယ့်ရဲ့ ကိုယ်ပိုင်အလှတရားကို ပုံဖော်ထုဆစ်လိုက်ကြရအောင် ....🌟❤️
ဆံပင်ဖြောင့်မလား၊ ကောက်မလား၊ ဆေးဆိုးမလား... ကြိုက်တာလုပ် 20% Discount ရရှိမှာဖြစ်ပါတယ်ရှင့် 💇♀️✨
📅 ပရိုမိုးရှင်းကာလ: 15.3.2026 မှ 11.4.2026 အထိ။
📍 ဆိုင်လိပ်စာ - Sein Gay Har Parami Shopping Center, Level 3, Room No. 3A-11, Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
📞 ဖုန်းနံပါတ် - 09795933910
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Sein Gay Har Parami Shopping Center, Level 3, Room No. 3A-11, Corner Of Insein Road & Parami Rd, Hlaig Tsp, Yangon
Yangon
V44C+WM6,PARAMIRD,YANGON
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |