Veraclara Myanmar

Veraclara Myanmar

Share

veraclara ( Fresh & Light introducing the Freshest and the Easiest to sue Cosmetics at anytime , anywhere.

02/09/2026

🌿 အသားအရေကို အေးမြနူးညံ့ပြီး ရေဓာတ်ပြည့်ဝစေမယ့် Toner တစ်ခုရှာနေလား?

VERACLARAရဲ့ CICA & PEPTIDE REAL MOIST TONER လေးကို
နေ့စဉ် Skin Care Routine ထဲ ထည့်သုံးဖို့သတိရလိုက်တော့နော်

🌱 Cica (Centella Asiatica) ပါဝင်မှုကြောင့်
• အသားအရေကို နူးညံ့သက်သာစေပြီး
• Sensitive ဖြစ်လွယ်တဲ့အသားအရေအတွက် Soothing Care ပေးနိုင်ပါတယ်။
🧬 Peptide ပါဝင်မှုက
• အသားအရေရဲ့ တင်းရင်းမှုကို ထိန်းသိမ်းပေးရန် ကူညီပြီး
• Collagen ပြုလုပ်မှုကို အားပေးကူညီပေးပါတယ်။

💦 Deep Hydration – အသားအရေကို ရေဓာတ်ဖြည့်တင်းပေးခြင်း
🌿 Soothing Care – အသားအရေကို သက်သာနူးညံ့စေခြင်း
🛡️ Strengthen Skin Barrier – Skin Barrier ကို ခိုင်မာကောင်းမွန်အောင် ကူညီပေးခြင်း
✨ အသားအရေခြောက်သွေ့၊ Sensitive ဖြစ်လွယ်ပြီး ရေဓာတ်လိုအပ်နေသူတွေအတွက် နေ့စဉ်အသုံးပြုနိုင်တဲ့ Toner လေးပါ။

29/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ Veraclara Myanmar မှ ကိုယ်စိတ်နှစ်ပါး အမြဲချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🌸

မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး ဓမ္မစကြာတရားတော်မြတ်ကို ဟောကြားတော်မူခဲ့သည့် ဤမင်္ဂလာအခါတော်နေ့လေးမှာ...

မိမိတို့ရဲ့ နေ့စဉ်ဘဝ အလုပ်တာဝန်တွေကြားမှာ စိတ်နှလုံးအေးချမ်းပြီး တရားသဘောနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ Veraclara Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

ယနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း မိသားစုနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီးနိုင်ကြပါစေရှင် ✨

Photos from Veraclara Myanmar's post 23/07/2026

✨ Veraclara လေးတွေ ဘယ်မှာဝယ်လို့ရသေးလဲ? 💖

Ocean Shwe Pin Lon နဲ့ Ocean Shwe Gone Daing မှာ
လည်းဝယ်လို့ရနိုင်တဲ့ Product လေးတွေပါရှင့်

Moisturizing Toner
💛 Aqua Active Essence
🤍 Tone-Up Cream
🩷 Night Cream
☀️ Sun Cream

အကြိုက်ဆုံး Item လေးတွေ Stock ရှိတုန်း အခုပဲ သွားရောက်ဝယ်ယူလိုက်တော့နော်။ 🛍️💕

19/07/2026

၁၉ ဇူလိုင် မမေ့နိုင်

"မျက်ရည်သွန်းလို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး"

၂၀၂၆ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော
(၇၉)ကြိမ် မြောက် အာဇာနည်နေ့ တွင်
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား Veraclara Myanmar မိသားစုမှ လေးစားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။

19.7.2026
#အာဇာနည်နေ့

19/06/2026

❄️ အေးအေးကြည်ကြည်လေးနဲ့ Glow Skin လေးရဖို့ Secret လေးတစ်ခု ပြောပြမယ်နော် ✨

💙 Veraclara Moisturizing Toner 💙

Gel Type ဖြစ်လို့ အသားပေါ်မှာ ပေါ့ပါးပြီး စိမ့်ဝင်လွယ်ကူတယ်။ အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ကြည်လင်စိုပြေတဲ့ Skin လေးကို ရရှိစေဖို့ ကူညီပေးပါတယ်။ 🥰

✨ ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို စိုပြေစေတယ်
✨ အဆီပြန်ခြင်းကို လျော့ပါးစေပြီး Fresh ဖြစ်စေတယ်
✨ အသားအရေ Texture ကို ချောမွေ့စေတယ်
✨ Make-up လိမ်းရင် ပိုမိုညီညာလှပစေတယ်
✨ အေးအေးလေးနဲ့ သုံးရတာ အရမ်း Comfortable ဖြစ်တယ်

👜 27g အိတ်ဆောင် Size လေးမို့ ခရီးသွားရင်းပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် အလွယ်တကူ ဆောင်သွားလို့ရတယ်နော်။

29/05/2026

1 လလုံးရမဲ့ အထူးအခွင့်အရေး ✨

Veraclara သုံးနေကျ Customer မမ၊ ညီမလေးတို့ရေ... Skincare Stock ဖြည့်ဖို့ အချိန်တန်ပြီနော်...

Junction Mawtin, Level-2 မှာ အသစ်ဖွင့်လှစ်မယ့် Beauty Diary ဆိုင်သစ်မှာ Veraclara က ပျိုမေတို့အတွက် အမိုက်စား Surprise အနေနဲ့ Up to 70% Off ပရိုမိုးရှင်းကို ယူဆောင်လာပါတယ်။ (1) လတာ ပြုလုပ်မယ့် အထူးအစီအစဉ်ဖြစ်လို့ စိတ်ကြိုက်ရွေးချယ်ခွင့် ရမှာဖြစ်ပါတယ်...

ကိုယ့်အသားအရေအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ အခုပဲ ပြက္ခဒိန်မှာ ရက်မှတ်ထားလိုက်တော့နော်...

📅Promotion Date: 30.05.2026 - 30.06.2026 (1 month)

📍Location: Level-2, Junction Mawtin Shopping Mall

ဒီတစ်ခေါက် Grand Opening ရဲ့ အရည်အသွေးမြင့် Product တွေနဲ့ အတန်ဆုံး Promotion ကို လက်လွတ်မခံဘဲ Glow တဲ့ အသားအရေကို အတူတူ ပုံဖော်ကြရအောင်...

Photos from Veraclara Myanmar's post 08/05/2026

YCC ခန်းမမှာပြုလုပ်တဲ့ Myanmar International Beauty Expo ပွဲကြီးကို စတင်ဖွင့်လှစ်လိုက်ပါပြီရှင်

မင်မင်တို့ Veraclara Myanmar မှာ Skincare အစုံလင်ရှိမှာမို့အပြေးလေး လှမ်းလာခဲ့တော့နော်

07/05/2026

သတင်းကောင်းလေးရှိမယ်‌နော် ကာကာတို့ရေ....

နက်ဖြန် YCC ခန်းမမှာကျင်းပမယ့် Myanmar Beauty Expo မှာ Farm Stay, Veraclara, Red Cookies Brand တွေက skin care နဲ့ နှုတ်ခမ်းနီများကို အထူးဈေးနှုန်းတွေနဲ့ရောင်းချပေးမှာဖြစ်ပြီး ကာကာတို့အသဲစွဲ scoop ခပ်ပြီးလက်ဆောင်ယူအစီစဉ်လေးလဲရှိဦးမှာမို့ သွက်သွက်လေးလာမှတော့ရမယ်နော် 🥰

နောက်ထပ်ထူးခြားတာလေးရှိဦးမယ် ဒါလေးကတော့ ပွဲမှကြည့်တော့နော် 😁

Location : YCC ခန်းမ
Date : 8.6.26~10.6.26

01/05/2026

Happy Labour Day

ယနေ့ "၂၀၂၆ခုနှစ်၊ မေလ (၁)ရက်" နေ့တွင် ကျရောက်သော အလုပ်သမားနေ့ (Labour Day) တွင် တစ်ကမ္ဘာလုံးတွင် ရှိကြသော အလုပ်သမားများအား Veraclara Myanmar မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။👷👏

30/04/2026

🌕 ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော် 💦
===============================

🙏🏻ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။

“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏
🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊
🙏🏻ဖွားမြင်တော်မူတဲ့နေ့၊
🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊
🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။

🌞 ထို့အပြင် ကဆုန်လ သည် ရာသီဥတုပူပြင်း၍ ရေနည်းပါးသောကာလဖြစ်သဖြင့် 💧 ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေရန်နှင့် မြတ်ဗုဒ္ဓအား အမှတ်ရစေလိုသော ရည်ရွယ်ချက်ဖြင့် ညောင်ရေသွန်းပွဲတော် ကို ကျင်းပကြခြင်းဖြစ်ပါသည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ကောင်းမှုကုသိုလ်များ ပွားများရင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေကြောင်း Veraclara Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏

#ဗုဒ္ဓနေ့

Telephone

Address


Room (104), First Floor, Shwe Than Lwin Condo, New University Avenue Road. Bahan Tsp
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00