Elody

Elody

Share

Elody is a cosmetics and fashion wholesaler. Elody sells only authentic original products that are always safe for your skin.

We also sell products wholesale to shops as well as online.

23/03/2021

နက်ဖြန် တစ်ရက် အော်ဒါလက်မခံပါဘူး နော်။
၂၅ ရက်နေ့ကစပြီး ပြန်မှာလို့ ရပါတယ်။

Photos from Elody's post 02/03/2021

ရေမွှေး လေးတွေ စိတ်၀င်စားကြတဲ့ သူတွေအတွက် ရေမွှေးလေးရောင်းပေးပါ့မယ်။
ဈေးသက်သက်သာသာနဲ့ သုံးရတာလည်း အဆင်ပြေအောင် သင့်တင့်တဲ့ အမျိုးအစားလေးတွေကို ရွေးထားပေးပါတယ်။
ပထမ တစ်ခုက Elody ရေမွှေးပါ Long Lasting ဖြစ်ပြီး Pocket size ပါ။
အရောင်သုံးမျိုးနဲ့လာပါတယ်။ အနီ ခရမ်း အမဲ
ကိုရီးယား made ဖြစ်ပြီး စင်ကာပူက တစ်ဆင့် တင်သွင်းတာပါ။
Morning Sunrise (Red)
Spring Afternoon (Purple) နဲ့
Night Out (Black)
တို့ပဲ ဖြစ်ပါတယ်။
တစ်ဘူးကို 3200 ပါ။
ဒုတိယ တစ်မျိုးက Bloom ဖြစ်ပါတယ်။
ဒီ Bloom ကတော့ branded မဟုတ်ပါဘူး။
ဒါပေမယ့် အရမ်းသုံးလို့ကောင်းပါတယ်။
100ml ဘူးတွေပါ။ ပန်းရနံ့ လေးတွေ ဖြစ်ပါတယ်။
တစ်ဘူးကို 3000 နဲ့ မှာယူလို့ရပါတယ်။
အနီရယ်
အစိမ်းရယ်
နီညိုရယ် သုံးမျိုးလာပါတယ်။
ဈေးသက်သာပြီး ပစ္စည်း ကောင်းကောင်းသုံးချင်သူတွေ အတွက် အထူးသင့်လျော် ပါတယ်နော်။

26/02/2021

ဒီနေ့မှာ‌တော့ မိန်းကလေးရော ယောက်ျားလေးတွေပါ အရမ်းစိတ်၀င်စားကြတဲ့ ရေမွှေးလေးတွေ အကြောင်းပြောပြပါစေ။❣️

ရေမွှေးကို အရမ်း ချစ်ကြတဲ့ ကောင်မလေးတွေရှိလား။
ရေမွှေးရနံ့လေးတွေ ရွေးတဲ့ အခါ အရမ်းဇီဇာကြောင်တဲ့ ကောင်မလေးတွေရှိလား။
ရေမွှေးရွေးတဲ့ အခါမှာ ဘယ်brand ရွေးရမလဲ?ဘယ်လို အမျိုးအစားကိုရွေးရမလဲ? စဉ်းစားရခက်နေကြလား။

ဒါဆို ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။
ရေမွှေးလို့ပြောရမယ်ဆိုရင် ပန်းရနံ့ Floral, သစ်သီးရနံ့ Fruity, ပြီးတော့ ကိုယ်သင်းရနံ့ Feminine ဆိုပြီး အဓိက သုံးမျိုး ရှိပါတယ်။ ဒါကတော့ ရနံ့ပိုင်းနဲ့ ပတ်သက်တဲ့ အဓိက အမျိုးအစားတွေပါ။

ရေမွှေး တွေမှာ ပါတတ်တဲ့ Parfum တို့ Eau De Parfum ဆိုတဲ့ စကားလေးတွေကို သတိထားမိကြလား။ သတိမိတယ် ဆိုရင်တော့ ဘာကြောင့် ရေးထားလဲ ဆိုတာပြောပြ ပါရစေ။ ရေမွှေးရွေး တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။

Parfum❤️
သူကတော့ အမွှေးဆီပါ၀င်မှု အများဆုံးဖြစ်ပြီး ပါ၀င်မှု ၁၅ ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်း အထိရှိပါတယ်။
ပျမ်းမျှအားဖြင့် ရေပန်းအစားဆုံးရေမွှေးတွေမှာတော့ အမွှေးဆီပါ၀င်မှု ၂၀ကနေ၃၀ရာခိုင်နှုန်း ရှိပါတယ်။
ဒီအမျိုးအစားကတော့ အနံ့တစ်နေကုန်စွဲပါတယ်။ ပါ၀င်မှု ရာခိုင်နှုန်းအပေါ်မူတည်ပြီးတော့ အနံ့စွဲချိန်ကွာခြားပါတယ်။

Eau De Parfum🧡
ဒီတစ်မျိုးကတော့ ဒုတိယ အမွှေးဆီ ပါ၀င်မှုအများဆုံး ရေမွှေးပါ။ EDP လို့လည်းသိကြပါတယ်။ ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိပါတတ်ပါတယ်။ တစ်ချို့ EDP တွေက တစ်နေကုန် ရနံ့စွဲပါတယ်။ အနည်းဆုံး 5နာရီခံပါတယ်။
Parfum နဲ့ EDP နဲ့ ကွာခြားချက်ကတော့ EDP ကပိုပြီး ဈေးသက်သာလေ့ရှိပါတယ်။

Eau De Toilette💛
EDT ကတော့ EDP ထက်ဈေးနည်းသလို အမွှေးဆီပါ၀င်မှုက 5ကနေ15 ရာခိုင်နှုန်းပဲရှိပါတယ်။ ပေါ့ပေါ့ပါးပါး ထပ်သွားထပ်လာ ရေမွှေးအမြဲသုံးတတ်တဲ့ သူတွေအတွက် သင့်တော့ပါတယ်။ သုံးနာရီ၊ လေးနာရီ အများဆုံးကြာရှည်ခံပြီး နေ့ဖက်တွေမှာ သုံးဖို့ပိုသင့်တော်တယ်လို့ သိရပါတယ်။

Eau De Cologne💚
Cologne ဆိုပြီး လူသိများတဲ့ ရေမွှေးကတော့ အမွှေးဆီ 2 ကနေ 4ရာခိုင်နှုန်းအထိပဲ ပါပါတယ်။ ယောက်ျားလေး သုံးအထွက်များပါတယ်။ မိန်းကလေးသုံးတွေလည်းရှိပါတယ်။ ဈေးကတော့ အတော်လေးတန်ပါတယ်။ ပြီးတော့ သုံးတဲ့အခါမှာ များများလေးသုံးပေးရပါတယ်။

Eau Fraiche💙
သူကတော့ Cologne နဲ့ဆင်ပါတယ်။အမွှေးဆီ 1ရာခိုင်နှုန်းကနေ 3ရာခိုင်နှုန်းလောက်ပဲ ပါလေ့ရှိပါတယ်။ ဒါကတော့ အိတ်ဆောင် ရေမွှေးဘူးလေးတွေလိုမျိုးပါ။ နှစ်နာရီလောက်သာကြာရှည်ခံပြီး ဈေးအတော်ဆုံးဖြစ်ပါတယ်။

ရေမွှေးတွေရဲ့ဈေးနှုန်းကိုမှန်းဆတဲ့အခါ ရေမွှေး အမျိုးအစားအပြင် Brand name နဲ့လည်း မှန်းဆနိုင်ပါတယ်။
Luxury Brand တွေကတော့ cologne လို အဆင့်မျိုးတောင် ဈေးအတော်လေးပေးရပါတယ်။

အားလုံးပဲ အကောင်းဆုံးကိုရွေးချယ်နိုင်ကြပါစေ။ ❤️

Photos from Elody's post 28/01/2021

Elody Stock Clearance Sale!!😮😮

ပုံမှန်ဆို ဒီဈေးနဲ့ မရပါဘူး ဒါမယ့် မင်မင်က stock အသစ်တွေ တင်ချင် လို့ ဒီဈေးနဲ့ရောင်းပေးတာပါ။
ပစ္စည်းက အစစ်တွေမို့ ၀ယ်ဈေးအတိုင်း ရောင်းပေးတာပါနော်။
လက်လွှတ်မခံပဲ မှာယူလိုက်ပါ။❤️

Laneige Blue or Purple sleeping mask - 3000mmk for each
Laneige Pink Lips sleeping mask - 3000 mmk for each
Clinique makeup remover - 6000 mmk for each
Perfect whip face cleanser - 10000 mmk for each
Innisfree Bija Facial Foam - 10000 mmk for each
Innisfree face masks - 1100 for each
Bloom Perfumes - Red/ Dark Red/ Green - 3000 for each

CB မှာ စာပို့ပြီး မှာလို့ရပြီနော်။

media1.tenor.co 31/12/2020

Happy New Year 🎊

media1.tenor.co

Photos from Elody's post 10/12/2020

Christmas အတွက် လက်ဆောင်တွေရှာနေကြပြီလား...🤔
ချစ်ရသူတွေ အတွက် ရေမွှေးလေး ပေးရင် ဘယ်လိုလဲ။

ဒီဇင်ဘာလ အထူးအစီအစဥ် အနေနဲ့ ရေမွှေးတစ်ဘူး ဝယ်ယူသူတိုင်း ကို Washable Face Mask လက်ဆောင် ပေးမှာပါ။
ရေမွှေး က အရောင်သုံးမျိုး ရှိပါတယ်။
လိမ္မော်ရောင် ရယ်
အစိမ်းရောင် ရယ်
အနီရောင် ရယ် ပါ။

အနံ့က အရမ်းကောင်းပြီး ကြာရှည်ခံတာမို့
လက်ဆောင်ပေးဖို့ သာမက ကိုယ်တိုင်သုံးလို့လည်းရပါတယ်။ 😍

100ml ပုလင်းဖြစ်ပြီး တစ်ပုလင်းမှ 6000 ပါ။
ရေမွှေးလည်းရ Facemask လည်းရ 😍😍

Instock ရှိတာမို့ ဝယ်ပြီး နောက်တစ်ရက် delivery အပ်ပေးတယ်နော်။

Photos from Elody's post 03/11/2020

Innisfree My Real Squeeze Mask လေးတွေရောက်နေပါပြီနော်။ 🌿🌸

Work From Home နေတဲ့ ပျိုမဒီလေးတို့ရေ အိမ်မှာလေ စကွင်းကဲရင်း အလုပ်လုပ်တော့ အလှလည်းတိုး၊ အလုပ်လည်းပြီးတာပေါ့နော်။ 💆‍♀️😎

အလုပ်သွားနေရတဲ့ ပျိုမဒီလေးတို့လည်း အလုပ်က ပြန်ရောက်ပြီး ညအိပ်ခါနီးလေးမှာ စကွင်းကဲရင်း အနားယူနိုင်တယ်လေနော်။ 💆‍♀️😉

Price>> 1,800 Ks
_________________________________________

မှာယူလိုတယ်ဆိုရင် Chat Box ကို မက်ဆေ့ ပို့လိုက်ပါနော်

ကိုယ်တိုင်လာယူလို့လည်းရတယ်နော်။
Delivery လည်းရှိတယ်နော်။

Photos from Elody's post 05/10/2020

🌼ဈေးသက်သက်သာသာ နဲ့ အနံ့လည်းကောင်းမယ်
တစ်ရက်လုံးလည်း အနံ့စွဲမယ့် ရေမွှေးလေးတွေပါ​နော်🌼

🌺Elody Perfumes က ကိုရီးယား က ထုတ်လုပ်ပြီး
စင်ကာပူကနေ ၀ယ်တာဆိုတော့ quality အတွက် စိတ်ပူစရာမလိုဘူးနော်။🌺

😎အနံ့ကတော့ သုံးမျိုးရှိတယ် 👌

❤Morning Sunrise ❤ red
ဆွဲဆောင်မှုရှိပြီး ယုံကြည်မှုရှိတဲ့ ရနံ့မျိုးဖြစ်တယ်

💜Spring Afternoon 💜 purple
နူးညံ့ပြီး လိမ်မာပါးနပ်တဲ့ အသွင်နဲ့ ရနံ့မျိုးဖြစ်တယ်

🖤Night Out 🖤 black
Night မ Out ရတာကြာတော့ admin night out ဆိုတဲ့ စကားလုံးတွေ့ရင် နည်းနည်း၀မ်းနည်းတယ် 😂
အနံ့ကတော့ ယဉ်ယဉ်လေးနဲ့ ရင်ထဲစွဲကျန်ခဲ့မယ့် ရနံ့မျိုးဖြစ်တယ်။

5ml ပုလင်းလေးပါ 🖐
1ပုလင်းကို 3200mmk👆
3ပုလင်း ယူရင် 9000mmk ပဲ ကျမယ်နော်။
Admin က ခရမ်းရောင်လေးသုံးနေတယ်။ တကယ်တော့ သုံးရောင်လုံး သုံးနေပါတယ်။ ခရမ်းရောင်က အကြိုက်ဆုံး ဖြစ်နေတာပေါ့။
ကယ် လက်မနှေးပဲ အမြန်ဆုံး ဆက်သွယ်၀ယ်ယူလိုက်နော် ချစ်တို့။

Photos from Elody's post 10/03/2020

Please Attention!!!

Elody ပျိုမဒီလေးတွေအတွက် promotions တွေ လုပ်ပေးထားပါတယ်နော်🥰🥰

တစ်ပုံချင်းစီ သေချာဝင်ကြည့်ပြီး Cbမှာလာမေးပါနော်💕

Photos from Elody's post 07/02/2020

INNISFREE - Bija Trouble Facial Foam 150ML Cleanser - Ks 15,000

Instock/ Cash On Delivery

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Elody posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.