Byoh Lifestyle
Byoh Lifestyle Application မှာ ဗေဒင်နှင့်လူမှုဘဝရသအစီအစဉ် ၆၀ ကျော်ကို နေ့စဉ် တင်ဆက်လျက်ရှိပါတယ်။
08/08/2026
ဗျို့ ပရိသတ်ကြီးရေ …
ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၆.၈.၂၀၂၆ ရက်မှ ၁၂.၈.၂၀၂၆ ရက်နေ့အထိ ရာသီဖွားအဟောများအား Byoh Lifestyle YouTube Channel ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/wk3wG41do8k
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဦးကောင်းစံလင်း #ရာသီဖွားအဟော #ဆရာကြီးကောင်းစံလင်း
(၆.၈.၂၀၂၆) မှ (၁၂.၈.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း ဗျို့ ပရိသတ်ကြီးရေ …ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၆.၈.၂၀၂၆ ရက်မ...
07/08/2026
"ကံကောင်းသောနေ့ကို ဘယ်လိုရှာဖွေမလဲ . . . "
~~~~~~~~~~~~~~~~~~~~~~~~~~~
-ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
လူသားတိုင်း၏ နေ့စဉ်ဘဝလှုပ်ရှားမှုများတွင် အောင်မြင်မှုနှင့် ကျရှုံးမှုဟူသည် အလှည့်အပြောင်းဖြင့် တည်ရှိတတ်ပါသည်။ အချို့သောနေ့ရက်များတွင် အရာရာသည် အဆင်ပြေချောမွေ့နေတတ်သော်လည်း၊ အချို့သောနေ့များတွင်မူ အကြောင်းမဲ့ ထစ်ငေါ့နှောင့်နှေးမှုများကို ကြုံတွေ့ရတတ်သည်။
ဤသည်မှာ တိုက်ဆိုင်မှုသက်သက်လော? ရှေးဟောင်းနက္ခတ်ဗေဒင်နှင့် ကိန်းဂဏန်းဗေဒ (Numerology) ပညာရှင်တို့ကမူ ယင်းကို "နေ့ရက်တို့၏ စွမ်းအင်နှင့် လူသားတို့၏ ကံကြမ္မာဂဏန်း ပေါင်းစပ်မှု" ကြောင့်ဟု ယူဆခဲ့ကြသည်။
ယနေ့တွင် မိမိတို့၏ အရေးကြီးသော ဆုံးဖြတ်ချက်များကို အထောက်အကူပြုစေမည့်၊ မိနစ်ပိုင်းအတွင်း ကိုယ်တိုင်တွက်ချက်နိုင်သော လျှို့ဝှက်ကိန်းဂဏန်းစနစ်ကို လက်တွေ့အသုံးချအဆင်ပြေစေဖို့ ဖော်ပြပေးလိုက်ပါသည်။
တွက်ချက်ပုံအဆင့်ဆင့် (နမူနာ - ၉.၉.၁၉၉၀ မွေးဖွားသူအတွက်)
=======================================
ဤစနစ်ကို အသုံးပြုရန် သင့်အနေဖြင့် မွေးသက္ကရာဇ်နှင့် သိလိုသော ရက်စွဲ (၂) ခုသာ လိုအပ်ပါသည်။ နမူနာအနေဖြင့် ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ (၉) ရက်တွင် မွေးဖွားသူတစ်ဦးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်မည်ဆိုပါစို့။
*အဆင့် (၁) - မိမိ၏ ကံကြမ္မာဂဏန်း (Destiny Number) ကို ရှာဖွေခြင်း
===========================================
မွေးသက္ကရာဇ် ဂဏန်းအားလုံးကို တစ်လုံးတည်းရသည်အထိ ပေါင်းရပါမည်။
၉.၉.၁၉၉၀ -> ၉ + ၉ + ၁ + ၉ + ၉ + ၀ = ၃၇
၃၇ ကို ထပ်မံပေါင်းပါ -> ၃ + ၇ = ၁၀
၁၀ ကို ထပ်မံပေါင်းပါ -> ၁ + ၀ = ၁ (ဤနမူနာရှင်၏ အသက်ထက်ဆုံး ကံကြမ္မာဂဏန်းမှာ "၁" ဖြစ်ပါသည်။)
*အဆင့် (၂) - သိလိုသောနေ့၏ နေ့ဂဏန်း (Day Number) ကို ရှာဖွေခြင်း
တွက်ချက်လိုသော ရက်စွဲ (၇.၇.၂၀၂၆) ကို အထက်ပါအတိုင်း ပေါင်းရပါမည်။
၇.၇.၂၀၂၆ -> ၇ + ၇ + ၂ + ၀ + ၂ + ၆ = ၂၄
၂၄ ကို ထပ်မံပေါင်းပါ -> ၂ + ၄ = ၆
*အဆင့် (၃) - ဟောကိန်းဂဏန်း (Prediction Number) ကို ရယူခြင်း
=======================================
အထက်ပါ ရလဒ်ဂဏန်းနှစ်ခုကို ပြန်လည်ပေါင်းစပ်လိုက်ရုံသာ ဖြစ်ပါသည်။
၁ (Destiny Number) + ၆ (Day Number) = ၇ (ထိုနေ့အတွက် နမူနာရှင်၏ ကံကြမ္မာအဖြေမှာ "၇" ဖြစ်ပါသည်။)
ဟောကိန်းဂဏန်းများက ဖော်ပြနေသော ကံကြမ္မာလမ်းညွှန်ချက်များ
တွက်ချက်ရရှိလာသော အဖြေဂဏန်း (၁ မှ ၉ အထိ) အလိုက် ဆောင်ရန်၊ ရှောင်ရန်နှင့် ကံကြမ္မာအလားအလာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ဂဏန်း (၁) - အစပျိုးခြင်းနှင့် အောင်မြင်မှုနေ့
==========================
စွမ်းအင်အသစ်များ ကိန်းအောင်းနေသော နေ့ဖြစ်သည်။ အစီအစဉ်သစ်များစတင်ခြင်း၊ အလုပ်လျှောက်ခြင်းနှင့် ဦးဆောင်မှု ပေးရသော ကိစ္စရပ်များတွင် အထူး အောင်မြင်လိမ့်မည်။ တုံ့ဆိုင်းမနေဘဲ ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်သင့်သည်။
ဂဏန်း (၂) - ပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးနေ့
================================
တစ်ဦးတည်းလုပ်ဆောင်ခြင်းထက် အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းက အကျိုးများစေမည်။ အချစ်ရေးနှင့် လူမှုရေးကိစ္စရပ်များတွင် နားလည်မှုရရှိစေမည့်နေ့ ဖြစ်သည်။ သည်းခံနားထောင်ပေးခြင်းက အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။
ဂဏန်း (၃) - ဖန်တီးမှုနှင့် ပျော်ရွှင်ခြင်းနေ့
========================
စိတ်ကူးစိတ်သန်းသစ်များ ပွင့်လန်းနေမည့်နေ့ ဖြစ်သည်။ အနုပညာလုပ်ငန်းများ၊ ပွဲလမ်းသဘင်များနှင့် မိတ်ဆွေသစ်ဖွဲ့ခြင်းများအတွက် သင့်တော်သည်။ မိမိ၏ ဆွဲဆောင်မှုစွမ်းအား အထူးတောက်ပနေလိမ့်မည်။
ဂဏန်း (၄) - တည်ငြိမ်မှုနှင့် အလုပ်ကြိုးစားမှုနေ့
============================
ပျော်ရွှင်မှုထက် လက်တွေ့ကျကျ အလုပ်လုပ်ရမည့်နေ့ ဖြစ်သည်။ အခြေခံကျသော အလုပ်များ၊ စာရင်းဇယားများနှင့် အစီအစဉ်ဆွဲခြင်းများအတွက် သင့်တော်သည်။ ဖြတ်လမ်းနည်းမသုံးဘဲ ဇွဲရှိရှိ လုပ်ဆောင်ပါက ရေရှည်အကျိုးကျေးဇူးကို ရရှိမည်။
ဂဏန်း (၅) - အပြောင်းအလဲနှင့် လွတ်လပ်မှုနေ့
============================
မထင်မှတ်ထားသော အခွင့်အလမ်းသစ်များနှင့် အပြောင်းအလဲများ ကြုံတွေ့ရနိုင်သည်။ ခရီးသွားလာခြင်း၊ ပတ်ဝန်းကျင်သစ်နှင့် ထိတွေ့ခြင်းများအတွက် အထူး ကောင်းမွန်သည်။ စိတ်မြန်လက်မြန် ဖြစ်တတ်သဖြင့် သတိပြုရန် လိုအပ်သည်။
ဂဏန်း (၆) - မိသားစုနှင့် တာဝန်ယူမှုနေ့
=======================
မေတ္တာတရားနှင့် တာဝန်သိစိတ်တို့ ရှေ့တန်းရောက်မည့်နေ့ ဖြစ်သည်။ မိသားစုကိစ္စရပ်များ၊ လူမှုရေးအကျိုးပြုလုပ်ငန်းများနှင့် ချစ်ခင်ရသူများကို အချိန်ပေးရန် အကောင်းဆုံးဖြစ်သည်။ စိတ်နှလုံးချမ်းမြေ့မှုကို ရရှိစေလိမ့်မည်။
ဂဏန်း (၇) - အတွေးအခေါ်နှင့် အတွင်းစိတ်ဆန်းစစ်မှုနေ့
=================================
ပြင်ပလှုပ်ရှားမှုထက် မိမိ၏အတွင်းစိတ်ကို ပြန်လည်ဆန်းစစ်သင့်သောနေ့ ဖြစ်သည်။ ပညာသင်ယူခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် အနာဂတ်အတွက် အေးဆေးစွာ စဉ်းစားခြင်းများ ပြုလုပ်သင့်သည်။ စွန့်စားသောကိစ္စရပ်များကို အထူးရှောင်ကြဉ်ရမည်။
ဂဏန်း (၈) - စီးပွားရေးနှင့် ငွေကြေးအောင်မြင်မှုနေ့
=============================
ငွေကြေးကံနှင့် အာဏာစက် အားကောင်းနေသော နေ့ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ၊ အရောင်းအဝယ်ကိစ္စရပ်များနှင့် ရာထူးတိုးရန် ကြိုးစားမှုများတွင် ထိုက်တန်သော ရလဒ်ကို ရရှိလိမ့်မည်။ မာန်မာနကို ထိန်းချုပ်ရန် လိုအပ်သည်။
ဂဏန်း (၉) - အဆုံးသတ်ခြင်းနှင့် သင်ခန်းစာယူခြင်းနေ့
================================
စက်ဝန်းတစ်ခုကို အပြီးသတ်၍ အသစ်အတွက် ပြင်ဆင်ရမည့်နေ့ ဖြစ်သည်။ မပြီးပြတ်သေးသော အလုပ်ဟောင်းများကို အဆုံးသတ်ပါ။ အကျင့်ဟောင်းနှင့် အဆက်အသွယ်ဟောင်းများကို စွန့်လွှတ်ပါ။ အသစ်တစ်ခုခု စတင်ရန်ထက် အဟောင်းများကို သန့်စင်ရန်သာ သင့်တော်သည်။
ဤဂဏန်းဗေဒင် စနစ်သည် ကံကြမ္မာကို ကြိုတင်ကြည့်ရုံမျှသာမဟုတ်ဘဲ သင့်ဘဝ၏ နေ့ရက်များကို ပိုမိုအကျိုးရှိစွာ စီမံခန့်ခွဲနိုင်ရန် လမ်းညွှန်ပေးသည့် "မြေပုံ" တစ်ခုသဖွယ် ဖြစ်ပါသည်။ ကံကြမ္မာ၏ လမ်းညွှန်မှုကို သိရှိနားလည်ပြီး မိမိ၏ ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်လိုက်ပါက မည်သည့်အတားအဆီးကိုမဆို ကျော်ဖြတ်၍ အောင်မြင်မှုပန်းတိုင်သို့ လှမ်းတက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပါသည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဆရာလင်းဝေအောင်(မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
06/08/2026
တောင်တန်းတွေက အစိုဓာတ်ကိုထိန်းသိမ်းပေးထားပြီး အပင်တွေနဲ့မြက်တွေရှင်သန်ပွားများအောင်အထောက်အကူပြုပေးတဲ့အတွက် မြင်းရိုင်းတွေအဖို့ စားကျက်မြေတွေ အလုံအလောက်ရရှိခဲ့ပါတယ် . . .
ဩစတြေးလျ မြင်းရိုင်းကြီးများ ( အပိုင်း - ၂ ) ကို Byoh Lifestyle YouTube Channel ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/ioUDmZGtpsA
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဩစတြေးလျ မြင်းရိုင်းကြီးများ ( အပိုင်း - ၂ ) တောင်တန်းတွေက အစိုဓာတ်ကိုထိန်းသိမ်းပေးထားပြီး အပင်တွေနဲ့မြက်တွေရှင်...
05/08/2026
"မိုးကာအင်္ကျီဝတ်ဆင်ဖို့အတွက် အကြံပြုချက် ၆ ခု . . . "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-ကျော်ကျော်သက်
မြန်မာနိုင်ငံမှာ ရန်ကုန်နဲ့ မြို့ကြီးအများစုဟာ မိုးများတာကြောင့် မိုးသည်းချိန်တွေမှာ ထီးဆောင်းရုံနဲ့ မိုးမလုံဘဲ မိုးကာပါဝတ်ဖို့ လိုတတ်ပါတယ်။ မိုးကာအင်္ကျီလို့ ဆိုလိုက်ရင် ထူထူထဲထဲ၊ ပုံတုံးတုံး ပလတ်စတစ် အင်္ကျီရှည်ကြီးတွေပဲ ဆိုတဲ့ခေတ်က ကုန်ဆုံးသွားပါပြီ။ မိုးကာတစ်ထည်ဟာ မိုးမစိုဖို့က အဓိကဖြစ်ပေမယ့် မိမိရဲ့ စတိုင်လ်ကိုတော့ အလျှော့ပေးစရာ မလိုပါဘူး။ ဒီနှစ်မိုးရာသီမှာ မိုးကာအင်္ကျီကို ဖက်ရှင်တစ်ခုလို ဝတ်ဆင်နိုင်ဖို့အတွက် အကြံပြုချက် ၆ ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်နဲ့ လိုက်ဖက်မယ့် ပုံစံကို ရွေးချယ်ပါ
==========================
မိုးကာတစ်ထည် ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ သွားလာနေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ကိုယ်က လုံချည်ဝတ်ပြီး ရုံးတတ်ရသူဆိုရင် မိုးကာအင်္ကျီရွေးချယ်တဲ့အခါ အောက်နားကားတဲ့ပုံစံ ဒါမှမဟုတ် ဘေးကွဲပါတဲ့ ပုံစံတွေကို ရွေးချယ်သင့်ပါတယ်။ အောက်နား အရမ်းကျဉ်းတဲ့ မိုးကာတွေက ရေအိုင်တွေကို ဖြတ်လျှောက်တဲ့အခါ လှုပ်ရှားရခက်စေပြီး လုံချည်ကိုလည်း အထဲမှာ လိပ်တက်သွားစေနိုင်ပါတယ်။ အောက်နား ခပ်ကားကား ပုံစံကတော့ လေတိုက်တဲ့အခါမှာတောင် အဆင်ပြေပြေနဲ့ လှလှပပ လမ်းလျှောက်နိုင်စေမှာပါ။ တကယ်လို့ စကပ်၊ ဘောင်းဘီအတိုနဲ့ ပေါ့ပေါ့ပါးပါး သွားမယ်ဆိုရင်တော့ အရမ်းမရှည်ဘဲ အောက်နားအစည်းပါတဲ့ မိုးကားက သင့်စတိုင်နဲ့ လိုက်ဖက်စေမှာပါ။
၂။ လေဝင်လေထွက်ကောင်းတဲ့ အသားကို ရွေးပါ
=============================
မြန်မာနိုင်ငံရဲ့ မိုးရာသီမှာ စိုထိုင်းဆက ၉၀% အထိ ရှိနိုင်ပါတယ်။ လေဝင်လေထွက်မရှိတဲ့ ပလတ်စတစ်အသားအထူကြီးတွေကို ဝတ်ဆင်မယ်ဆိုရင် အပြင်က မိုးမစိုပေမယ့် အတွင်းမှာ ချွေးအောင်းပြီး "ကိုယ်တွင်းမိုး" ရွာနေသလို ခံစားရပါလိမ့်မယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းပြီး မိုးစိုခံတဲ့၊ အထူးထုတ်လုပ်ထားတဲ့ ပိုလီစတာအသားတွေကို ရွေးချယ်ပါ။ ချိုင်းအောက်မှာ လေဝင်ပေါက်ပါတာမျိုး ဒါမှမဟုတ် အတွင်းက ပိုက်ကွန်သား ပါတာမျိုးက ကားစီးတဲ့အခါ ဒါမှမဟုတ် လူကြားထဲသွားလာတဲ့အခါ အေးအေးလူလူ ရှိစေပါတယ်။
၃။ အရောင်တွေနဲ့ အားဖြည့်ပါ
==================
မိုးရာသီရဲ့ ကောင်းကင်ယံက အမြဲတမ်းလိုလို မှိုင်းညို့နေတတ်ပါတယ်။ ဒါကြောင့် မီးခိုးရောင် နောက်ခံကားချပ်ထဲမှာ ထင်ရှားပေါ်လွင်နေဖို့ အဝါတောက်တောက်၊ အစိမ်းနုရောင် ဒါမှမဟုတ် ဝိုင်နီရောင်ရင့်ရင့် စတဲ့ အရောင်လေးတွေကို ရွေးချယ်ပါ။ ဒါက သင့်ကို ဖက်ရှင်ကျစေရုံတင်မကဘဲ မိုးသည်းထန်နေချိန်မှာ ယာဉ်မောင်းသူတွေ သင့်ကို အလွယ်တကူ မြင်နိုင်စေတဲ့အတွက် ဘေးကင်းလုံခြုံမှုကိုလည်း ပေးနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းပဲ ကြိုက်တယ်ဆိုရင်တော့ ဂန္ထဝင်မြောက်တဲ့ နို့နှစ်ရောင်က အမြဲမှန်ကန်နေမယ့် ရွေးချယ်မှု ဖြစ်ပါတယ်။
၄။ အကြည်ရောင် မိုးကာများ
=================
တကယ်လို့ အထဲကဝတ်ထားတဲ့ မြန်မာဝတ်စုံ ဒီဇိုင်းဆန်း ဒါမှမဟုတ် ပန်းပွင့်ဂါဝန်လေးတွေလို အင်္ကျီလှလှလေးတွေ ကို မဖုံးကွယ်ချင်ဘူးဆိုရင်တော့ အကြည်ရောင်မိုးကာတွေက အကောင်းဆုံးပါပဲ။ ဒီလို အကြည်ရောင်မိုးကာတွေက အရည်အသွေးမြင့်ပြီး ခေတ်မီတဲ့ ပုံစံမျိုး ပေါက်စေပါတယ်။ အထူးသဖြင့် အနားသတ်တွေကို အနက်ရောင် ဒါမှမဟုတ် အဖြူရောင် လိုင်းလေးတွေနဲ့ ချုပ်ထားတာမျိုးက ပိုပြီး စတိုင်လ်ကျစေပါတယ်။
၅။ ဖိနပ်ရွေးချယ်မှု
===========
မိုးရာသီမှာ အတွေ့ရအများဆုံး အမှားကတော့ ရေစိုရင် ပျက်စီးလွယ်တဲ့ သားရေဖိနပ် ဒါမှမဟုတ် ပိတ်သားလိုဖိနပ်တွေကို ဝတ်ဆင်တာပါပဲ။ မိုးကာအင်္ကျီနဲ့ လိုက်ဖက်မယ့် စတိုင်လ်ကျတဲ့ PVC သား boot တွေ ဒါမှမဟုတ် ရေစိုခံ ခြေညှပ်နဲ့ ကြိုးသိုင်းဖိနပ် အမြင့်တွေကို ပြောင်းလဲဝတ်ဆင်ကြည့်ပါ။ အကယ်၍ ရုံးမှာ ဖိနပ်လှလှလေး ဝတ်ချင်တယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ရေစိုခံဖိနပ်ကို ဝတ်ပြီး ရုံးရောက်မှ ဖိနပ်လဲတာမျိုး လုပ်သင့်ပါတယ်။
၆။ ခါးပတ်
======
မိုးကာအင်္ကျီ အပွကြီးတွေက တစ်ခါတလေ လူကို ပုံပျက်ပန်းပျက် ဖြစ်စေတတ်ပါတယ်။ ဒါကို အကောင်းဆုံးပြုပြင်ဖို့အတွက် ခါးပတ်တစ်ခုကိုသုံးပြီး ခါးကို စည်းနှောင်လိုက်ပါ။ အခုခေတ် မိုးကာအင်္ကျီ တော်တော်များများမှာ ခါးပတ် ပါဝင်တတ်သလို၊ မိမိမှာ ရှိပြီးသား နိုင်လွန်ခါးပတ်လေးတွေနဲ့လည်း Streetwear စတိုင်မျိုး ဖြစ်အောင် တွဲဖက်နိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်စေပြီး မိုးကာအင်္ကျီကို အကာအကွယ်တစ်ခုထက် ဖက်ရှင်ဝတ်စုံတစ်ခုလို ဖြစ်သွားစေပါတယ်။
ref : therake.com
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
04/08/2026
"ငါမှန်နေတာပဲ ဘာလို့အရှုံးပေးရမှာလဲ. . . " စသဖြင့် တွေးစရာများစွာကို မေတ္တာစာလေးများကဏ္ဍတွင် စာရေးဆရာမ လွန်းထားထားမှ ဗျို့ပရိသတ်ကြီးအတွက် အနိုင်အရှုံးထက် တန်ဖိုးထားရမယ့် အရာတွေရှိကြောင်းကို Byoh Lifestyle YouTube Channel တွင် တင်ဆက်ပေးထားပါတယ် . . . "
https://youtu.be/it1JJIJLaLw
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#လွန်းထားထား(ဆေးတက္ကသိုလ်)
အနိုင်အရှုံးထက် တန်ဖိုးထားရမယ့်အရာ . . . "ငါမှန်နေတာပဲ ဘာလို့အရှုံးပေးရမှာလဲ. . . " စသဖြင့် တွေးစရာများစွာကိ...
03/08/2026
"စနေဂြိုဟ် နောက်ပြန်ဆုတ်ခြင်းနှင့် ရာသီခွင်ဗေဒင် . . ."
**************************************************
-ဧက (ဗေဒင်သုတ)
စနေဂြိုဟ် (Saturn) ဆိုတာ ဗေဒင်ပညာမှာ "စည်းမျဉ်းစည်းကမ်း၊ တာဝန်ယူမှု၊ ကံကြမ္မာသင်ခန်းစာနဲ့ ရင့်ကျက်မှု" တွေကို ကိုယ်စားပြုတဲ့ ဂြိုဟ်ကြီးတစ်လုံးဖြစ်ပြီး စနေဂြိုဟ် နောက်ပြန်လှည့်တဲ့ကာလဟာ လူတိုင်းအတွက် အားနည်းချက်တွေကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးပေးတဲ့ "စာမေးပွဲကာလ" လို့ အဆို ရှိပါတယ်။
အနောက်တိုင်းဗေဒင်စနစ်အရ ဒီနှစ် ၂၀၂၆ ၊ ဇူလိုင်လ (၂၆) ရက်ကနေ ဒီဇင်ဘာလ (၁၀) ရက်အထိ စနေဂြိုဟ်ဟာ မိဿရာသီထဲမှာ နောက်ပြန်လှည့်နေမှာဖြစ်ပါတယ်။ မိဿရာသီဆိုတာ အရှိန်အဟုန်၊ စိတ်အားထက်သန်မှုနဲ့ ရှေ့ဆောင်လမ်းပြမှုကို ကိုယ်စားပြုတဲ့ မီးဓာတ်ရာသီခွင်ဖြစ်လို့ ဒီရာသီခွင်ထဲမှာ စည်းကမ်းကြီးတဲ့ စနေဂြိုဟ်က နောက်ပြန်ဆုတ်တဲ့အတွက် ရည်မှန်းချက်ပန်းတိုင်တွေ၊ အစီအစဉ်တွေ အကောင်အထည်ဖော်မှုတွေမှာ စိတ်မရှည်စရာ အတားအဆီးတွေ၊ နှောင့်နှေးမှုတွေ ကြုံရတတ်ပြီး "ဇွတ်လုပ်တာထက် စနစ်တကျလုပ်ဖို့" သင်ခန်းစာပေးမယ့် ကာလ ဖြစ်ပါတယ်။
ဒီတစ်ခေါက် စနေဂြိုဟ် နောက်ဆုတ်တဲ့ဖြစ်စဉ်က အောက်ဖော်ပြပါရာသီခွင်တွေအပေါ်မှာ ရိုက်ခတ်မှု ကြီးမားနိုင်ပြီး အထက်ဖော်ပြပါ ဇူလိုင် ၂၆ ကနေ ဒီဇင်ဘာ ၁၀ အထိ သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။
***မိဿရာသီဖွား
ဒီကာလမှာ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်ပြီး အရာတိုင်းကို ဇွတ်တရွတ် လုပ်မိရင်တော့ နဖူးကွဲ ဒူးပြဲ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ လှုပ်ခတ်လာနိုင်သလို၊ ကျန်းမာရေး ညံ့တာမျိုးလည်း ကြုံရတတ်ပါတယ်။ စိတ်လောလို့ မရဘဲအချိန်မို့ အရာရာကို ခေါင်းအေးအေးထားပြီး ဖြည်းဖြည်းချင်းပဲ သွားရမယ့် အချိန်ပါ။ ဆန္ဒစောလေ၊ ပိုကြာလေ ဖြစ်မယ့်သဘောပါ။
***တူရာသီဖွား
အချစ်ရေး၊ အိမ်ထောင်ရေးတင်မကဘူး၊ စီးပွားဖက် အစုစပ်ရှယ်ယာရှင်တွေကြားမှာပါ "ယုံကြည်မှုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ" စစ်ဆေးခံရပါလိမ့်မယ်။ အပေါ်ယံ ရွှေမှုန်ကြဲ ပတ်သက်နေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပြတ်တောက်ပြီး တကယ့် လက်တွဲဖော်၊ မိတ်ဆွေ အစစ်အမှန်တွေပဲ ကိုယ့်အနားမှာ ကျန်ရစ်မယ့် "ဆန်ကာတိုက် စစ်ချမယ့်" ကာလဖြစ်ပါတယ်။
***ကရကဋ်ရာသီဖွား
လုပ်ငန်းခွင်မှာ ဖိအားတွေ ပိုလာတာ၊ ကိုယ်ကပဲ အပင်ပန်းခံ လုပ်နေရပြီး အသိအမှတ်ပြု မခံရတာမျိုး ကြုံရတတ်ပါတယ်။ "အလုပ်ထွက်ချင်စိတ်"တွေ တဖွားဖွား ဖြစ်ပေါ်လာနိုင်ပေမယ့် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ကိုယ့်ရဲ့ ရေရှည်စီမံကိန်းတွေကို သေချာ ပြန်အုတ်မြစ်ချ စီစဉ်တာက ပိုကောင်းပါလိမ့်မယ်။
***မကာရရာသီဖွား
မိသားစုတာဝန်တွေ၊ အိမ်တွင်းရေး ကိစ္စတွေက ကိုယ့်ပခုံးပေါ် အလုံးအရင်းနဲ့ ပြိုကျလာတတ်ပါတယ်။ အိမ်ထောင်မှု အရှုပ်အရှင်းတွေ ဒါမှမဟုတ် မိဘတွေ၊ သွေးရင်းတွေကြောင့် စိတ်မချမ်းမြေ့စရာတွေပါ ကြုံရတတ်လို့ ကိုယ့်ရဲ့ခံစားချက်တွေကို တည်ငြိမ်အောင် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
စနေဂြိုဟ် နောက်ပြန်ဆုတ်ချိန်အတွင်း သတိပြုရမယ့်အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေဂြိုဟ် မိဿရာသီထဲမှာ နောက်ပြန်စီးချိန်မှာ အရာအားလုံးကို အရှိန်လျှော့ခိုင်းတာပါ။ ဒါကြောင့် အောက်ပါအချက်တွေကို သတိပြု ရှောင်ကျဉ်ရပါမယ်။
အစီအစဉ်အသစ်ကြီးတွေ ချက်ချင်းမစပါနဲ့ ။ မိဿရာသီရဲ့ သဘာဝအရ ချက်ချင်းထလုပ်ချင်စိတ် ပေါ်တတ်ပေမယ့်၊ ဒီကာလအတွင်း ရေရှည်သွားမယ့် လုပ်ငန်းကြီးတွေ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို စတင်တာမျိုး ရှောင်သင့်ပါတယ်။
ဖြတ်လမ်းမလိုက်ပါနဲ့ ၊ စနေဂြိုဟ်ဟာ ဖြောင့်မတ်တည်ကြည်တဲ့ တရားသူကြီးဖြစ်လို့ ဖြတ်လမ်းနည်း သုံးတာ၊ မရိုးမသားလုပ်တာတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါတယ်။ အဲဒီတော့ မသမာတဲ့ အကြံအဖန် လုပ်တဲ့ အလုပ်တွေကို ရှောင်သင့်ပါတယ်။
တာဝန်တွေကို လျစ်လျူမရှုပါနဲ့ ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို ပျက်ကွက်ရင် ဒီဇင်ဘာလကုန် စနေဂြိုဟ် အတည့်ပြန်သွားချိန်မှာ ပိုပြီး ခံရတတ်ပါတယ်။ လုပ်စရာ ရှိတာ လုပ်ပါ။ တာဝန် ကျေအောင် လုပ်ပါ။
ပြီးတော့ အရာတိုင်းကို စိတ်မစောပါနဲ့ ၊ အတင်းအဓမ္မ တွန်းအားပေးပြီး ရလဒ်ထွက်အောင် လုပ်ဖို့ ကြိုးစားရင် ပိုပြီး ပျက်စီးတတ်ပါတယ်။ ဖြည်းဖြည်းမှန်မှန်နဲ့ တရွေ့ရွေ့ တိုးတက်မှုကိုပဲ ရယူပါ။
တကယ်တော့ စနေဂြိုဟ် အသွားနှုန်း မမှန်တဲ့ကာလဟာ ကံဆိုးမိုးမှောင်ကျတဲ့ ကာလ မဟုတ်ပါဘူး။ ကြိုးစားဆောက်လုပ်ထားတဲ့ ဘဝရဲ့ အုတ်မြစ်တွေ ခိုင်ခံ့မှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခံရတဲ့ ကာလသာ ဖြစ်ပါတယ်။ ကိုယ်တိုင်က သတိနဲ့ စည်းကမ်းကို လက်ကိုင်ထားရင် ဒီကာလအလွန်မှာ ပိုမိုရင့်ကျက်တဲ့ အောင်မြင်သူတစ်ယောက် ဖြစ်လာမှာ သေချာကြောင်း အမှာပါးလိုက်ရပါတယ်။
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဧက(ဗေဒင်သုတ)
02/08/2026
ဗျို့ Lifestyle ပရိသတ်ကြီးရေ
Byoh Lifestyle application မှာဗေဒင်ဟောစာတမ်းများ၊ လူမှုဘဝဆိုင်ရာ အကြောင်းအရာများ၊ သုတရသစာပေများနဲ့ ပျော်ရွှင်ဖွယ်ဟာသများကို အပတ်စဉ်တင်ဆက်ပေးလျက်ရှိတာကြောင့် ဝင်ရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Please subscribe YouTube - https://www.youtube.com/
TikTok https://www.tiktok.com/
Telegram - https://t.me/byohls
Join us Viber -https://invite.viber.com/...
Follow 👉 Byoh Lifestyle Instagram Link: https://www.instagram.com/byoh_lifestyle
01/08/2026
ဗျို့ ပရိသတ်ကြီးရေ …
ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၃၀.၇.၂၀၂၆ ရက်မှ ၅.၈.၂၀၂၆ ရက်နေ့အထိ ရာသီဖွားအဟောများအား Byoh Lifestyle YouTube Channel ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/y3gHCMMtsP0
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
ပျော်စရာ၊ ရင်ခုန်စရာ၊ တိုးတက်အောင်မြင်ရာ အပါအဝင် အခြားကဏ္ဍပေါင်း ၆၀ ကျော်ကိုလည်း သိရှိလိုတယ်ဆိုရင်တော့ Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#ဗေဒင် #ဦးကောင်းစံလင်း #ရာသီဖွားအဟော #ဆရာကြီးကောင်းစံလင်း
(၃၀.၇.၂၀၂၆) မှ (၅.၈.၂၀၂၆) အထိ ၁၂ရာသီဖွား ဟောစာတမ်း ဗျို့ ပရိသတ်ကြီးရေ …ဆရာဦးကောင်းစံလင်း ဟောကြားထားသော ၃၀.၇.၂၀၂၆ ရက်...
30/07/2026
ဇူလိုင်ဆိုတဲ့ လ ဟာလေ သဘာဝတရားက ကမ္ဘာကြီးကို ဖြည်းဖြည်းချင်း ပြန်ဆေးကြောပေးနေတဲ့ အချိန်တစ်ခုပေါ့ . . .
-Rabindranath Tagore
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Please subscribe YouTube - https://www.youtube.com/
TikTok https://www.tiktok.com/
Telegram - https://t.me/byohls
Join us Viber -https://invite.viber.com/...
Follow 👉 Byoh Lifestyle Instagram Link: https://www.instagram.com/byoh_lifestyle
29/07/2026
"အလုပ်ရစေမည့် ယတြာနှင့် အဓိဋ္ဌာန်ပြုနည်းလမ်းညွှန် . . . "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
မြန်မာ့ရိုးရာ လောကီပညာရပ်နှင့် ဗေဒင်နက္ခတ်ဗေဒင် သဘောတရားများတွင် "ယတြာ" ဆိုသည်မှာ ဘေးဥပဒ်အန္တရာယ်များကို ကျော်လွှားစေရန်၊ ပိတ်ဆို့နေသော ကံဇာတာများကို ပွင့်လန်းလာစေရန်နှင့် မိမိအလိုရှိသော ရည်မှန်းချက်ပန်းတိုင်သို့ မြန်ဆန်စွာ ရောက်ရှိစေရန်အတွက် စကြာဝဠာ၏ ဂြိုဟ်နံစွမ်းအင်များကို အကျိုးရှိရှိ ပြုပြင်ပြောင်းလဲ အသုံးချခြင်းပင် ဖြစ်သည်။
အထူးသဖြင့် ဘဝအတွက် အရေးကြီးသော အလုပ်အကိုင် အခွင့်အလမ်းများ အမြန်ဆုံး ပေါ်ပေါက်လာစေရန်၊ အင်တာဗျူးများ အောင်မြင်ရန်နှင့် အလုပ်ကံပွင့်စေရန် အတွက် မိမိမွေးနေ့အလိုက် စနစ်တကျ ပြုလုပ်ရမည့် ဧကံအောင် ယတြာ အစီအမံများကို သန့်ရှင်းသော စိတ်၊ စူးစိုက်သော အဓိဋ္ဌာန်တို့ဖြင့် ဆောင်ရွက်နိုင်ရန် အောက်ပါအတိုင်း အခန်းကဏ္ဍအလိုက် အသေးစိတ် ဖော်ပြပေးလိုက်ပါသည်။
"ဂြိုဟ်သက်နံသင့် မွေးနေ့အလိုက် ယတြာအစီအမံများ"
++++++++++++++++++++++++++++++++++
ဤယတြာအစီအစဉ်တွင် အချိန်ကာလသည် အလွန်အရေးကြီးပါသည်။ သတ်မှတ်ထားသော နံနက် (၉) နာရီခွဲမှ (၁၀) နာရီအတွင်း သည် သက်ဆိုင်ရာ ဂြိုဟ်နံစွမ်းအင်များ အကောင်းဆုံး သက်ရောက်နေချိန် ဖြစ်သဖြင့် မိမိမွေးနေ့အလိုက် စေတီပုထိုးများသို့ သွားရောက်၍ မပျက်မကွက် လှူဒါန်းပူဇော်ရပါမည်။
၁။ တနင်္ဂနွေသားသမီးများအတွက် အလုပ်ရယတြာ
+++++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: ဗုဒ္ဓဟူးနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ ဗုဒ္ဓဟူးထောင့်
လှူဒါန်းရမည့် ပစ္စည်း: ကံ့ကော် (၂) ညွန့် + သီဟိုဠ် (၆) ညွန့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၂။ တနင်္လာသားသမီးများအတွက် အလုပ်ရယတြာ
++++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: ကြာသပတေးနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ ကြာသပတေးထောင့်
လှူဒါန်းရမည့် ပစ္စည်း: အုန်း (၁) ညွန့် + ကံ့ကော် (၂) ညွန့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၃။ အင်္ဂါသားသမီးများအတွက် အလုပ်ရယတြာ
+++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: သောကြာနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ သောကြာထောင့်
လှူဒါန်းရမည့် ပစ္စည်း: ဇီး (၃) ညွန့် + ရွက်လှ (၄) ညွန့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၄။ ဗုဒ္ဓဟူးသားသမီးများအတွက် အလုပ်ရယတြာ
++++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: စနေနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ စနေထောင့်
လှူဒါန်းရမည့် ပစ္စည်း: ရွက်လှ (၄) ညွန့် + အုန်း (၁) ညွန့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၅။ ကြာသပတေးသားသမီးများအတွက် အလုပ်ရယတြာ
++++++++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: တနင်္ဂနွေနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ တနင်္ဂနွေထောင့်
လှူဒါန်းရမည့် ပစ္စည်း: ပျဉ်းမ (သို့မဟုတ်) မေမြို့ (၅) ညွန့်/ပွင့် + ဒန်း (၇) ညွန့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၆။ သောကြာသားသမီးများအတွက် အလုပ်ရယတြာ
++++++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: တနင်္လာနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ တနင်္လာထောင့်
လှူဒါန်းရမည့် ပစ္စည်း: မရမ်း (၉) ညွန့် (သို့မဟုတ်) ဝါး (၄) ညွန့် + ပျဉ်းမ (သို့မဟုတ်) မေမြို့ (၅) ညွန့်/ပွင့် ပေါင်းစပ်၍ လှူဒါန်းပူဇော်ပါ။
၇။ စနေသားသမီးများအတွက် အလုပ်ရယတြာ
++++++++++++++++++++++++++++
ပြုလုပ်ရမည့်နေ့ရက်နှင့် အချိန်: အင်္ဂါနေ့ (နံနက် ၀၉:၃၀ မှ ၁၀:၀၀ နာရီအတွင်း)
သွားရောက်ရမည့် နေရာ: ဘုရားစေတီတော်၏ အင်္ဂါထောင့်
လှူဒါန်းရမည့် ပစ္စည်း: သရက် (၁၀) ညွန့် ကို အစီအမံတကျ လှူဒါန်းပူဇော်ပါ။
"ယတြာပြုလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းနှင့် လုပ်ဆောင်ဖွယ်ရာများ"
++++++++++++++++++++++++++++++++++++++++++++++
ယတြာတစ်ခု အစွမ်းထက်မြက်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းလှူဒါန်းမှုသာမက နာမ်ပိုင်းဆိုင်ရာ စိတ်အင်အား စူးစိုက်မှုသည်လည်း အဓိက သော့ချက်ဖြစ်ပါသည်။
သီလဆောက်တည်ခြင်း: ယတြာမပြုလုပ်မီ မိမိတတ်နိုင်သမျှ ငါးပါးသီလကို မြဲမြံစွာ ဆောက်တည်ပါ။ စိတ်ကို ကြည်လင်သန့်ရှင်းအောင် ထားပါ။
ဝတ်စားဆင်ယင်မှု: ဘုရားစေတီသို့ သွားရောက်သည့်အခါ သန့်ရှင်းသပ်ရပ်ပြီး အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ ဝတ်စုံများကို ဝတ်ဆင်ခြင်းက သန့်စင်သော စွမ်းအင်များကို ပိုမိုရရှိနိုင်စေပါသည်။
ပန်းညွန့်များ ရွေးချယ်ခြင်း: လှူဒါန်းမည့် ပန်းအညွန့်များသည် ညှိုးနွမ်းနေခြင်း မရှိစေဘဲ လတ်ဆတ် လန်းဆန်းနေသော အညွန့်များကိုသာ သေချာစွာ ရွေးချယ်ရပါမည်။
"အဓိဋ္ဌာန် ပြုလုပ်၍ ဆုတောင်းနည်း"
++++++++++++++++++++++
ပန်းအညွန့်များကို သတ်မှတ်ထားသော ဂြိုဟ်ထောင့်၌ စနစ်တကျ လှူဒါန်းပူဇော်ပြီးနောက် ဘုရားရှင်အား ဦးချကန်တော့ကာ အောက်ပါအတိုင်း လေးနက်တည်ကြည်စွာ အဓိဋ္ဌာန်ပြု ဆုတောင်းရပါမည် -
“အရှင်ဘုရား... တပည့်တော်/တပည့်တော်မသည် ယနေ့ ယခု ခါသမယတွင် မိမိ၏ ဘဝဝမ်းကျောင်းမှု အဆင်ပြေချောမွေ့စေရန်၊ ကံပွင့်လမ်းပွင့်ရှိစေရန် ရည်သန်လျက် ဤဂြိုဟ်နံသင့် ပန်းအညွန့်များကို ရိုသေမြတ်နိုးစွာ လှူဒါန်းပူဇော်ပါ၏ဘုရား။
ဤကောင်းမှုကုသိုလ် ကံစွမ်းအင်ကြောင့် တပည့်တော်/တပည့်တော်မ မျှော်မှန်းထားသော၊ မိမိနှင့် သင့်လျော် လျှောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်းကောင်းများ (သို့မဟုတ်) မိမိ လျှောက်ထားထားသော လုပ်ငန်းခွင်မှ လူတွေ့စစ်ဆေးမှုများသည် အပိတ်အဆို့မရှိ, အနှောင့်အယှက် မရှိဘဲ လျင်မြန်ချောမွေ့စွာ အောင်မြင်ပြီးမြောက်၍ အလုပ်အကိုင် အမြန်ဆုံး ရရှိပါစေသား..."
ဆုတောင်းပြီးပါက မိမိပြုလုပ်ခဲ့သော ကုသိုလ်စွမ်းအင်များကို (၃၁) ဘုံ၌ ရှိကြကုန်သော ဝေနေယျသတ္တဝါအပေါင်းနှင့်တကွ မိမိအား စောင့်ရှောက်နေကြကုန်သော နတ်ကောင်းနတ်မြတ်များ၊ ဂြိုဟ်စောင့်နတ်မင်းများအား အမျှပေးဝေကာ သာဓုခေါ်ဆိုပြီး ယတြာအစီအမံကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါသည်။ လိုအပ်ပါက (၃)ကြိမ် (၃)ပတ်ဆက်တိုက်ထိ လုပ်ဆောင်သင့်ပါသည်။
ဤ ယတြာအစီအရင် သည် စိတ်စူးစိုက်မှု အားကောင်းသလောက် ထိရောက်မှု မြန်ဆန်လှသဖြင့် အလုပ်အကိုင် ရှာဖွေနေသူများအနေဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ဆောင်ရွက်နိုင်ကြပါစေသတည်း။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
Byoh Lifestyle App ကို Download လုပ်ရန် 👇
https://www.byohls.com/download
Byoh Lifestyle Application (သို့မဟုတ်) www.byoh.com.mm တွင် MPT ဖုန်းနံပါတ် (သို့မဟုတ်) ATOM(အက်တမ်) ဖုန်းနံပါတ် (သို့မဟုတ်) U9 ဖုန်းနံပါတ် အသုံးပြုပြီး ဝန်ဆောင်မှုရယူကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Byoh Lifestyle Application အကြောင်း အသေးစိတ်သိရှိလိုပါက - 012305273 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Please subscribe YouTube - https://www.youtube.com/
TikTok https://www.tiktok.com/
Telegram - https://t.me/byohls
Join us Viber -https://invite.viber.com/...
Follow 👉 Byoh Lifestyle Instagram Link: https://www.instagram.com/byoh_lifestyle
#ဆရာလင်းဝေအောင်(မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
MICT Park
Yangon
11055
Opening Hours
| Monday | 08:00 - 22:00 |
| Tuesday | 08:00 - 22:00 |
| Wednesday | 08:00 - 22:00 |
| Thursday | 08:00 - 22:00 |
| Friday | 08:00 - 22:00 |
| Saturday | 08:00 - 22:00 |
| Sunday | 08:00 - 22:00 |