Soul By Hlaing
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soul By Hlaing, Beauty, cosmetic & personal care, Yangon.
☀️ နေလောင်ကာလေး လိမ်းချင်ပေမယ့် ဘာလိမ်းရမလဲ မသိသေးဘူးလား? 🤍
ဒါဆို SPF 50++++ ပါတဲ့ Daily Hydro Sun Essence လေးကို ရွေးလိုက်နော်။ 💧✨
ပေါ့ပါးစိုပြေတဲ့ Sun Essence လေးမို့ နေ့စဉ် Sunscreen Step အတွက် အဆင်ပြေပြီး နေရောင်ခြည်ဒဏ်ကနေ အသားအရေကို ကာကွယ်ပေးဖို့ ကူညီပေးပါတယ်။ ☀️🫶🏻
နေ့တိုင်းလိမ်းပြီး အသားအရေကို နေဒဏ်ကနေ ဂရုစိုက်လိုက်ပါ။
🤍D𝐚𝐢𝐥𝐲 𝐇𝐲𝐝𝐫𝐨 𝐒𝐮𝐧 𝐄𝐬𝐬𝐞𝐧𝐜𝐞
🇰🇷MADE IN KOREA
Size -50ml
Price -51,000ks
05/08/2026
ရန်ကုန်မြို့တွင်း က မှာနေကျ ညီမလေး ရဲ့ အမှာလေးပါရှင်♥️
ြင့်အိမ်အရောက်ငွေချေ ုံလက်လီလက်ကားပြန်မှာထားလို့ရပါပြီရှင် #ပြည်ပနိုင်ငံများသို့လည်းလိပ်စာအရောက်ပို့ပေးပါတယ်ရှင်
05/08/2026
ဒါလေးကတော့ ပလိပ်မြို့ လက်ကား အမှာလေးပါရှင်
ြင့်အိမ်အရောက်ငွေချေ
04/08/2026
အားကိုရှိနေရောပဲရှင်🥰🥰
အစုံရောက်ထားပါတယ်။
ြင့်အိမ်အရောက်ငွေချေ
03/08/2026
🍃ရေဓာတ်ပြည့်ဝတဲ့ အသားအရေကို နေ့ရက်တိုင်းပိုင်ဆိုင်နိုင်စေဖို့
လိုအပ်တဲ့ရေဓာတ်ကို ဖြည့်တင်းပေးပြီး Hydrated Skin လေးပိုင်ဆိုင်နိုင်စေမယ့်
❤️ Soul's Moisturizer (၃)မျိုး
ကိုယ့်အသားအရေနဲ့သင့်တော်မယ့် Moisturizer ကိုအခုပဲရွေးချယ်လိုက်နော်...
💦𝐏𝐨𝐭𝐞𝐧𝐭 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 𝐅𝐢𝐫𝐬𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧
First Gen လေးကတော့ အဆီပြန်၊ အဆီဖုနှင့် ဝက်ခြံထွက်လွယ်သူ ၊ လက်ရှိထွက်နေသူများအတွက် အထူးအဆင်ပြေအောင် ထုတ်လုပ်ထားပါတယ်။
လိမ်းပြီးရင် မျက်နှာပေါ်မှာ စေးကပ်ပူလောင်ခြင်းလုံးဝမရှိဘဲ အားလုံး စိမ့်ဝင်သွားစေမှာပါနော်
လိမ်းပြီး အဆီပြန်မှာစိုးရိမ်သူတွေ၊ အခြား Moisturizer တော်တော်များများနှင့်အခက်အခဲရှိသူများအတွက် အထူးအဆင်ပြေတဲ့ Moisturizer တစ်ခုဖြစ်ပါတယ်။
💎Suitable for : Sensitive Skin , Oily skin , Acne Prone Skin , Combination Skin.
Price - 48500 Ks (100 ml )
🇰🇷 MADE IN KOREA
💦𝐏𝐨𝐭𝐞𝐧𝐭 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 𝐒𝐞𝐜𝐨𝐧𝐝 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧
လိမ်းပြီး တစ်နေ့တာ စိုစိုအိအိလေးရှိနေချင်သူများအတွက်အထူးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Oxygenated Water ကိုအခြေခံထားတာကြောင့် အစိုဓာတ်တွင်မကပဲ အသားအရေကို သန်စွမ်းကျန်းမာစေခြင်း၊ ဒန့်ဒလွန်နှင့် အခြား သဘာဝသစ်ဥသစ်ဖုများကြောင့် နေဒါဏ်လေဒါဏ်ကို ကာကွယ်လျှော့ချပေးခြင်း၊ အရေပြားနုပျိုကျန်းမာစေဖို့ ကူညီထောက်ပံ့ပေးခြင်း ၊ ပျက်စီးထားသော အရေပြားကိုပြန်လည်ကုသပေးခြင်းအစရှိတဲ့ ကောင်းကျိုးများစွာရရှိနိုင်မှာဖြစ်ပါတယ်။
💎Suitable For : Dry to Normal Skin, Dehydrated and Damage Skin.
Price - 48,500 Ks(75ml)
💦𝐃𝐚𝐢𝐥𝐲 𝐀𝐥𝐚𝐛𝐚𝐬𝐭𝐞𝐫 𝐄𝐦𝐮𝐥𝐬𝐢𝐨𝐧 150ml
အခုလိုနွေရာသီမှာ သနပ်ခါးရေကြဲလေးလိမ်းရသလို ခံစားချက်လေးဖြစ်အောင် စေးကပ်မှုလုံးဝမရှိပဲ Texture ကို ကြဲကြဲအေးအေးလေးဖြစ်အောင်စီစဥ်ထားတဲ့ ပေါ့ပါးတဲ့ နို့ရည်လေးပါ။
Niacinamide နှင့် သဘာဝ သစ်ဥသစ်ဖု ၁၁ မျိုးပါဝင်တာကြောင့် ပျက်စီးထားသောအသားအရေ ပြန်လည်ကျန်းမာလာစေခြင်း၊ တင်းရင်းစေခြင်း၊ နေလောင်ဒါဏ်ကြောင့်ပျက်စီးထားသော အရေပြားနှင့် အသားမညီမညာခြင်းများကို လျှော့ကျစေခြင်း အစရှိတဲ့ အကျိုးအာနိသင်များအပြင် တစ်နေတာအတွက် အစိုဓာတ်ကိုလည်း ထိရောက်စွာ ထပ်လောင်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
💎Suitable For: All Skin Type, Brightening, Soothing & Hydration.
Price - 48500 Ks
🇰🇷 MADE IN KOREA
ပြည်တွင်း&ပြည်ပ အားလုံးပို့ပေးပါတယ်ရှင့်🥰🥰
゚ ゚viralシfypシ゚viralシalシ ောက်တဲ့မြို့တိုင်းအိမ်အရောက်ငွေချေရရ
03/08/2026
💙နေ့စဉ်အသားအရေကို ထိရောက်မှုရှိရှိနဲ့ ထိန်းသိမ်းနိုင်ရမယ်
ကျန်းမာစိုပြေတဲ့ Healthy Skin ပိုင်ဆိုင်စေဖို့ 𝘿𝙖𝙞𝙡𝙮 𝘿𝙪𝙤 အတွဲအစပ်လေး(၂)ခုကတော့
Soul ရဲ့ Best Seller လေးလည်းဖြစ်တဲ့ 𝐃𝐀𝐈𝐋𝐘 𝐏𝐄𝐏𝐓𝐀 𝐒𝐄𝐕𝐄𝐍 နဲ့ 𝐃𝐀𝐈𝐋𝐘 𝐄𝐒𝐒𝐄𝐍𝐂𝐄 ပါပဲရှင်...
𝘿𝙖𝙞𝙡𝙮 𝘿𝙪𝙤 ဆိုတဲ့အတိုင်း နေ့စဉ်အသားအရေထိန်းသိမ်းဖို့ Soul ရဲ့ အကောင်းဆုံး Products လေး ၂မျိုးပါ
✨𝐃𝐀𝐈𝐋𝐘 𝐏𝐄𝐏𝐓𝐀 𝐒𝐄𝐕𝐄𝐍 မှာဆိုရင် Pepitide (7)မျိုးပါဝင်တာကြောင့် အသားအရေရဲ့ အတွင်းပိုင်းအထိ စိမ့်ဝင်ပြီး တင်းရင်းကြည်လင်လာစေမယ့်အပြင်
အသားအရေကိုကျန်းမာအားဖြည့်ပေးတဲ့ Multi-Vitamin Capsule လေးတွေပါ
Serum ထဲ ပါဝင်ပါတယ်။
အသားအရေကို အစိုဓာတ်ထိန်းပေးမယ့် Niacinamide
နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး အသားအရေကို Soothing & Calming ဖြစ်တဲ့ ဆေးမြင်းခွာ CICA လေးလည်းပါဝင်ပါတယ်။
Texture လေးကလည်း Watery Gel Type လေးဖြစ်လို့ စေးကပ်ပူလောင်ခြင်းမရှိပဲ အသားအရေကို အလွယ်တကူစိမ့်ဝင်သွားစေပါတယ်
✨𝐃𝐀𝐈𝐋𝐘 𝐄𝐒𝐒𝐄𝐍𝐂𝐄
တစ်နေ့တာလုံး အသားအရေကြည်လင်စိုအိနေစေဖို့ Daily Essence လေးကလည်း Daily အတွက်အကောင်းဆုံးလေးတစ်ခုနော်
💦အသားအရေကို ကြည်လင် စိုပြေစေမယ့် 𝐇𝐲𝐚𝐥𝐮𝐫𝐨𝐧𝐢𝐜 𝐀𝐜𝐢𝐝
💦၀က်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ် အမဲစက်တွေကို သက်သာစေတဲ့အပြင် ရေရှည်အတွက် Skin Tone ပိုပြီးကြည်ကြည်လင်လင်လေးဖြစ်လာစေမယ့် 𝐍𝐢𝐚𝐜𝐢𝐧𝐚𝐦𝐢𝐝𝐞
အသားအရေကိုတင်းရင်းစေပြီး အရေးအကြောင်းတွေ သက်သာလာစေတဲ့ 𝐒𝐰𝐢𝐟𝐭𝐥𝐞𝐭 𝐍𝐞𝐬𝐭
💦 ရောင်ရမ်းတာတွေသက်သာစေတဲ့အပြင် အသားအရေကို နုပျိုတင်းရင်းစေမယ့် 𝐏𝐨𝐫𝐭𝐮𝐥𝐚𝐜𝐚 𝐄𝐱𝐭𝐫𝐚𝐜𝐭𝐬 တို့ပါဝင်တဲ့အပြင်
Texture လေးကလည်း Watery Gel Type လေးဖြစ်လို့ စေးကပ်ပူလောင်ခြင်းမရှိပဲ အသားအရေကို အလွယ်တကူစိမ့်ဝင်သွားစေပါတယ်...
𝐃𝐀𝐈𝐋𝐘 𝐏𝐄𝐏𝐓𝐀 𝐒𝐄𝐕𝐄𝐍, 60 ml
Price - 49,500 Ks
𝐃𝐀𝐈𝐋𝐘 𝐄𝐒𝐒𝐄𝐍𝐂𝐄, 60ml
Price - 49,500 Ks 📩 Order Now
01/08/2026
🌟Review by Nyi 🌟မှ ကိုညီရဲ့ Testimonial Sharing လေးတွေ တူတူဖတ်ကြည့်ရအောင်
အဆီတွေပြန်ပြီး ညစ်ထေးနေတဲ့ မျက်နှာလေးကို သိပ်သိပ်လေးနဲ့ ဝင်းသွားစေမယ့် Powder🧚
ViHo ရဲ့ feedback အကောင်းဆုံး product တွေထဲမှာ ဒီတခုကလဲ အပါအဝင်ပဲ။ ဘာကြောင့် လူတွေကြိုက်ကြတာလဲဆိုတာ ခုမှပဲ Nyi သုံးကြည့်လို့ သိရတယ်။ ရှေ့မှာလဲ powder pact review တွေ ရေးခဲ့တော့ ဒီနေ့ review မှာ မသိမသာလေး compare လုပ်သွားမယ်နော်။
Powder pact တွေအကြောင်း မိတ်ဆက်ရရင် အရင်ထဲက သုံးလာကြတဲ့ brush နဲ့သုံးရတဲ့ powder ကို ကျစ်ကျစ်လစ်လစ်လေးနဲ့ pact ပါ တပါတည်းထည့်ထုတ်ထားတာပေါ့နော်။ သူတို့ရဲ့ အဓိက purpose က အဆီပြန်တာကို ယာယီသက်သာစေဖို့ပဲ။ အပြင်သွားတဲ့အခါ အဆီပြန်တတ်တဲ့ အသားအရေတွေဆိုရင် ခဏနဲ့ မျက်နှာက ညစ်ညစ်ကြီးဖြစ်သွားတာ၊ tone ကျသွားတာတွေ ကြုံရတယ်မလား? အဲ့လိုဖြစ်တာက လေထုထဲမှာရှိတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ပါသလို ကိုယ့်အသားအရေရဲ့ pH balance မဖြစ်မှုတွေ UV rays တွေကြောင့်လဲ ပါတယ်။
Powder pact သုံးခြင်းအားဖြင့် အဲ့လိုအဆီပြန်ပြီး ညစ်နေတဲ့ skin ကို ဝင်းဝင်းသိပ်သိပ်လေး ဖြစ်စေတယ်၊ မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးတယ်၊ အောက်ခံမိတ်ကပ် sunscreen တွေကို မဖယ်ရှားဘဲနဲ့ လုပ်ဆောင်နိုင်တယ်ပေါ့နော်။ အဆီပြန်မှမဟုတ်ဘဲ လိမ်းစရာရှိတဲ့ skincare, makeup steps တွေပြီးမှ သုံးပေးရင်လဲ ကိုယ့် makeup look ကို ပိုပြီးကြာရှည်ခံစေတယ်၊ မျက်နှာမဲသွားတာကနေ ကာကွယ်ပေးနိုင်တယ်ပေါ့နော်။ SPF ပါဝင်တဲ့ powder pact သုံးရင် UV protection အထိုက်အလျောက်ရစေမယ်၊ အရောင်ပါတဲ့ powder pact သုံးရင်တော့ tone အနည်းငယ်တက်တာမျိုး ရှိနိုင်ပါတယ်။
ခု Nyi review လုပ်မယ့် ViHo powder မှာတော့ SPF , အရောင် ပါဝင်ခြင်း မရှိဘူး။ သူ့မှာ neutral color လေးတော့ ပါတယ် ဒါပေမဲ့ သုံးတဲ့အခါ အရောင်မထွက်တော့ မပါဘူးလို့ပဲ ဆိုကြပါစို့။ SPF မပါတာ ကိုယ်တော့ သိပ်ပြီးဝမ်းမနည်းမိဘူး၊ ဘာကြောင့်လဲဆိုရင် အရင်ကလဲ ပြောခဲ့ပြီးသားဆိုပေမဲ့ SPF ပါတဲ့အခါ sunscreen မလိမ်းတော့ဘဲ ဒါကိုပဲ အားကိုးမှာစိုးတဲ့အတွက်ပါ။ Makeup product တွေမှာပါတဲ့ SPF က UV protection အတွက် မလုံလောက်ဘူးလို့ အမြဲပြောခဲ့တယ်နော်။ အဲ့ဒါကြောင့် Nyi ဒီအချက်ကို အားနည်းချက်လို့ မမြင်ပါဘူး။
နောက်တခုက အရောင်ပါတဲ့ powder pact တွေသုံးရင် shade ရွေးရခက်တဲ့ပြဿနာ၊ mask proof ဘာညာ မဖြစ်တာတွေကြောင့် ဒီတခုမှာ အရောင်မပါတာကိုတော့ Nyi အနေနဲ့ သဘောကျတယ်ပြောရမယ်။ ကိုယ်က ယောကျ်ားလေးမလို့လဲ ပါတာပေါ့နော်။ တခြား powder pact တွေနဲ့ယှဉ်ရင် ဒီ ViHo ရဲ့အားသာချက်က skin ကိုကောင်းကျိုးပြုတဲ့ Squalane, Palmitoyl Pentapeptide-4 တို့ ထည့်သွင်းထားတာကြောင့် သုံးတဲ့အခါ အသားအင်မတန်ခြောက်သွားတာမျိုး၊ မျက်နှာကို ဆွဲကုပ်ထားသလို နေရခက်တာမျိုး မရှိဘူး။
Powder pact ရွေးတဲ့အခါ ဒီအချက်က တကယ်ကိုအရေးကြီးတယ်။ ခဏတာတော့ အဆီပြန်သက်သာသွားပေမဲ့ တဖြည်းဖြည်းနဲ့ မျက်နှာပေါ်တင်ထားတာ ကြာလေ အသားခြောက်လာလေဆိုရင် အဆင်မပြေဘူးလေနော်။ သူ့မှာ အမွှေးနံ့ထည့်သွင်းထားခြင်းမရှိလို့ အနံ့ sensitive ဖြစ်တဲ့သူတွေကအစ သုံးလို့အဆင်ပြေနိုင်တယ်။ သုံးရတဲ့ခံစားချက်ကတော့ luxury ဆန်ဆန်ပါပဲ၊ ဗူးလေးကလဲ သုံးချင်စဖွယ် တော်တော်လေးဖြစ်တယ်။ နောက်ပြီး puff size ကလဲ အတန်အသင့်ကြီးတာမလို့ မျက်နှာနေရာနှံ့ဖို့ လက်ညောင်းအောင် ပုတ်ရတာမျိုး ရှိမယ်မထင်ဘူး။
အရောင်မပါတဲ့အတွက် အထူးသဖြင့် ယောကျ်ားလေးတွေ၊ makeup ပေါ်က ထပ်သုံးမယ့် ကောင်မလေးတွေနဲ့ သင့်တော်လိမ့်မယ်။ သူ့သုံးလိုက်ရင် မျက်နှာက ပြန်ပြီးလန်းဆန်းသွားသလို သိပ်သိပ်ဝင်းဝင်းလေးနဲ့ ချွေးပေါက်တွေ ကျဉ်းသယောင်ဖြစ်သွားစေလို့ တော်တော်များများကြိုက်မှာ အသေချာပါပဲ။ ခုမဟုတ်အောင် နွေရာသီမှာ လူတိုင်းတဗူးတော့ ဆောင်ထားသင့်တယ်။ ဒီ ViHo Peptide Press Powder ရဲ့စျေးနှုန်းကတော့ 3သောင်းကျော်လို့ သိရပါတယ်။ လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင် အောက်က page တွေမှာ မေးကြည့်ပါနော်
🥰🥰🥰
Click here to claim your Sponsored Listing.
Category
Website
Address
Yangon