Beauty Care By May
Beauty Product
20/09/2023
DermaSuri
Beauty Care By May
Crystal Stone Candle
SkinX Myanmar
Cherry Natural Sugar Wax
Grace Shelby Body Scrub စတဲ့ Local Brands တွေကို တောင်ကြီးမြို့ H&K Skincare & Cosmetics မှာ Official Page က ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်ပါတယ်နော် 😍😍😍
13/09/2023
Beauty Care Co.,LTD တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအမြန် အလိုရှိပါသည်။
(၁) Chemist Assistant မ (၂)ဦး အသက် ၁၈မှ ၃၀အတွင်း လစာညှိနှိုင်း
Head Chemist နှင့်အတူ ကုန်ကြမ်းအဝင်အထွက်စာရင်းများစစ်ခြင်း၊Production တွင်ပါဝင်လုပ်ဆောင်ခြင်း၊ ဘူးခွံစာရင်းများစစ်ခြင်း၊ Labelling , Packaging စဖြင့်လုပ်ကိုင်ရပါမည်။
Chemistry နှင့်ကျောင်းပြီးထားသူ သို့မဟုတ် ကျောင်းကိစ္စရှင်းလင်းသူ၊ စည်းကမ်းလိုက်နာပြီး Senior/Junior Respect ထားတတ်သူ၊ Team Work နှင့်လုပ်ကိုင်နိုင်သူများသာလျှောက်ထားပေးပါရန်။
Bonus, Overtime, %ခံစားခွင့်၊ ကျန်းမာရေးခံစားခွင့် ရက်မှန်ကြေးများ ခံစားခွင့်ရှိပါသည်။ အနည်းဆုံး၆လလုပ်ကိုင်နိုင်မှသာလျှောက်ထားပေးပါရန်။
အတွေ့အကြုံမရှိလျှင်လည်းအစမ်းခန့်ကာလတွင်သင်ကြားပေးသွားပါမည် ။ တပတ်၆ရက် ရုံးတက်ရပါမည် မနက် ၁၀-ညနေ၆
———————————————————————
-(၂)အထွေထွေဝန်ထမ်း မ(၂)ဦး အသက် ၁၈ နှစ်မှ ၂၉အတွင်း -လစာညှိနှိုင်း
ဘူးခွံများပိုးသတ်ခြင်း၊Production ထုတ်လုပ်ပြီးချိန်စက်ကိရိယာများပိုးသတ်ခြင်း၊ စက်ရုံအတွင်း ပိုးသတ်သန့်စင်ခြင်း များလုပ်ဆောင်ရမည်ဖြစ်ပါသည်။
အထက်တန်းအောင်မြင်ပြီး သူသို့မဟုတ် ကျောင်းကိစ္စကင်းရှင်းသူများလျှောက်ထားနိုင်ပါသည်။
ကိုယ်ကျင့်တရားကောင်းမွန်သူ၊ စည်းကမ်းလိုက်နာပြီး Senior/Junior Respect ထားတတ်သူ၊ Team Work နှင့်လုပ်ကိုင်နိုင်သူများသာလျှောက်ထားပေးပါရန်။
Bonus, Overtime, %ခံစားခွင့်၊ ကျန်းမာရေးခံစားခွင့် ရက်မှန်ကြေးများ ခံစားခွင့်ရှိပါသည်။ အနည်းဆုံး၆လလုပ်ကိုင်နိုင်မှသာလျှောက်ထားပေးပါရန်။ တပတ်၆ရက် ရုံးတက်ရပါမည် မနက် ၁၀-ညနေ၆။
အတွေ့အကြုံမရှိလျှင်လည်းအစမ်းခန့်ကာလတွင်သင်ကြားပေးသွားပါမည် ။
အထက်ပါ Positions (2)ခုအတွက် CV form ၊မျှော်မှန်းလစာနှင့်အတူ Viber No. 09789893152 သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
----------------------------------------------
Content Writer မ (၁)ဦး အသက် ၁၇မှ ၃၀ အတွင်း -လစာညှိနှိုင်း
Raspberry-The Formulator, Crystal Stone Candle, Beauty Care by May လုပ်ငန်းများအတွက် ပါဝင်ပစ္စည်းများအကြောင်းကောင်းစွာလေ့လာထားပြီး၊ Idea အသစ်များထုတ်နိုင်သူများ လျှောက်ထားနိုင်ပါသည်။
Bonus, Overtime, %ခံစားခွင့်၊ ကျန်းမာရေးခံစားခွင့် ရက်မှန်ကြေးများ ခံစားခွင့်ရှိပါသည်။ အနည်းဆုံး3 လလုပ်ကိုင်နိုင်မှသာလျှောက်ထားပေးပါရန်။ Work From Home တပတ်တရက်သာရုံးတက်ရပါမည်။
အတွေ့အကြုံရှိသူများအနေနှင့် Viber No.09789893152 သို့ မိမိရေးသားဖူးသော Content များနှင့်အတူ ကိုယ်ရေးအချက်လက်နှင့်တကွ CV Form မျှော်မှန်းလစာနှင့်အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။
Positions (၃)ခုလုံးအတွက် တောင်ဥက္ကလာပမြို့နယ်အနီးတဝိုက်နေထိုင်သူများ လျှောက်ထားပေးပါ။ Interview လာရပါမည်။ အလုပ် Pressure ခံနိုင်မှသာလျှောက်ပါ။
*******အားနေရင် ရည်းစားနဲ့စိတ်ကောက်၊ပြီး Depression ဝင်တတ်သူများမလာပါရန်။ 😊 အာမခံနိုင်တာတခုအနေနဲ့ကတော့ အပြင်မှာအတွေ့အကြုံမရှိပဲရောက်လာလဲ အလုပ်သေချာလုပ်လျှင် အစမ်းခန့်ကာလတွင်မှာပင် ၂သိန်းကျော်မှ ၄သိန်းကျော်အတွင်းရရှိနိုင်ပါမည်။
03/08/2023
😍😍😍
12/07/2023
အက်ကွဲလွယ်တဲ့နေ့စွဲတွေအစား ချိုမြိန်နူးညံ့မှုများ 🍭🍓 အရောင်နုလေးလား❓အရောင်ရင့်လေးလား❓
ခြောက်သွေ့ကြမ်းတမ်းပြီး အက်ကွဲလွယ်တဲ့ နှုတ်ခမ်းသားလေးတွေအတွက် ၁ကြိမ်ရင်းနှီးမြုပ်နှံထားရုံနဲ့ (၆) လလောက် လှည့်ကြည့်စရာမလိုပဲ နေ့ရက်တိုင်းမှာ ချိုမြိန်နေစေမဲ့ Rose Lip Care Set လေးက အတန်ဆုံး Investment လေးပေါ့✨
Lip Plumper Technology နဲ့ထုတ်လုပ်ထားလို့ နှုတ်ခမ်းသား ဖူးဖူးဖောင်းဖောင်းလေးနဲ့ ဆွဲဖက်နမ်းချင်စရာ သဘာဝကျကျလေး စိုအိနေတဲ့ နှုတ်ခမ်းလေးတစ်စုံ ဖြစ်ဖို့အတွက် Strawberry Lip Scrub လေးနဲ့ Rose Lip Balm လေးကိုသာ အားကိုးလိုက်နော် 🙊♥️
ဒါအပြင် ဆိုးလိုက်ရင် ခန္ဓာကိုယ်အပူအချိန်ပေါ်လိုက်၍မိမိ Body Temperature ပေါ်မူတည်ပြီးပန်းနု, ပန်းဆီရောင် အဖြစ် အရောင်ပြောင်းလဲသွားမှာဖြစ်ပါတယ်ရှင်💖
🍓မျိုးရိုးဗီဇနဲ့အသွေးအသားကြောင့်ပဲညိုညို
🍓 ရေသောက်နည်းလို့ ဒါမှမဟုတ် ကျန်းမာရေးအရပဲဖြစ်ဖြစ် နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလွယ်လွယ်
🍓 မတည့်တဲ့ နှုတ်ခမ်းနီတွေဆိုးမိလို့ ပျက်စီးညိုမဲသွားတဲ့ နှုတ်ခမ်းသားအတွက်ပဲဖြစ်ဖြစ်
Rose Lip Care Set လေးထဲက
Strawberry Lip Scrub လေးနဲ့ တပတ်ကို (၂)ကြိမ်လောက် မှန်မှန်လေး နှုတ်ခမ်းသားလေးကိုတိုက်ပေးပြီး Lip Care လေးလုပ်ပေးမယ်ဆိုရင် မလိုအပ်တဲ့ dead cells တွေကွာသွားပြီး သိသိသာသာ နှုတ်ခမ်းသားညိုခြင်း အက်ကွဲခြင်းတွေကို ပျောက်ကင်းလာစေမှာဖြစ်ပြီး 👄
နှုတ်ခမ်းသားရဲ့ အစိုဓါတ်ကို အဟာရဓါတ်အပြည့်အဝနဲ့ ဖြည့်တင်းပေးတဲ့အပိုင်းကိုတော့ Rose Lip Balm လေးကိုအားကိုးနော် 🥀
Shea Butter ကိုအခြေခံပြီးပြုလုပ်ထားတဲ့ Lip Balm လေးဖြစ်တဲ့အတွက် နှုတ်ခမ်းသားလေးကို အဟာရပြည့်ဝစွာနဲ့ နူးညံ့စေပြီး ကြမ်းတမ်းခြောက်သွေ့မှုတွေကင်းပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိတာမို့ စိတ်ချလက်ချ နေ့စဉ်အသုံးပြုနိုင်တဲ့ Lip Balm အမျိုးအစားလေးပဲဖြစ်ပါတယ် 🌹
မျက်နှာအသားအရေလေးလှပကျန်းမာဖို့ Skincare တွေဂရုတစိုက်ညတိုင်း Step by step လိမ်းပေးဖို့လိုသလိုပဲ ငေးချင်စရာ ပန်းရောင်နှုတ်ခမ်းဖူးဖူးလေးပိုင်ဆိုင်ဖို့အတွက်ဆိုရင်လည်း မမေ့မလျော့ပဲ Lip Care လေးတွေကို ဂရုတစိုက်လုပ်ပေးမှ ချွင်းချက်မရှိလှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်✨♥️
Rose Lip Care Set လေးကို မှာယူချင်တယ်ဆိုရင် Beauty Care by May Page လေးမှာ order တင်လို့ ရပါတယ်။ ပြန်လည် ရောင်းချလိုတဲ့ Reseller များ အနေနဲ့လည်း Page Chat Box မှ တဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်။❣
Beauty Starts With Skin ✨
Lip Care Set - 9500 Kyats.
02/07/2023
ပထမဆုံးလာတဲ့လူအယောက် 100 အတွက် shower လေးတွေလဲလက်ဆောင်ပေးမှာပါတဲ့ရှင်🥰🩷
19/05/2023
ပန်းသီးစိမ်းလေးကတကယ်ဒီရာသီနဲ့အကိုက်ပဲ💖
14/05/2023
အနှိုင်းမဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကိုယ့်ပေါ်မျှော်လင့်ချက်မပါပဲ အချစ်နိုင်ဆုံးကတော့ မေမေတွေပါပဲ။💓ဒီအချိန်ထိ မိဘနှစ်ပါးစုံ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင်တော့ တကယ်ကို Blessing ပါပဲ။ 🍀
အနားမှာမရှိတော့မှ လွမ်းတာထပ်စာရင်၊ သက်ရှိထင်ရှားရှိချိန် ကိုယ်ဘယ်လောက်ချစ်ကြောင်းပြောဖို့ ကအရေးအကြီးဆုံးပဲမို့ အနာဂတ်ကိုကြိုမသိနိုင်တဲ့ အတွက် ဒီနေ့ပဲ မေမေ့ကိုဘယ်လောက် ချစ်ကြောင်း ပြောရင်း မိသားစု အပြန်အလှန် မေတ္တာတရားတွေတိုးပွားကြပါစေ။
ပျော်ရွှင်စရာအမေများနေ့လေး ပိုင်ဆိုင်ကြပါစေ😍🤱
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
111111