Snow Japan product

Snow Japan product

Share

Health Supplement & Beauty

Photos from ဒို့ရိုးရာမြေ soy candles's post 19/06/2023
22/09/2022
27/08/2022

"မေမေ" ဇာတ်ကားကို

မန်ဘာ၀င်ပြီး တစ်ရက် တစ်ပိုင်း ကြည့်လို့ရပါပြီနော်

မန်ဘာဂရုထဲ အပိုင်း (၂) ထိ တင်ထားပါပြီ

မန်ဘာ၀င်မယ့်သူများ အောက်ကလင့်ထဲဝင်ပြီး
👉 👉 m.me/September962020 👈👈
VVIP လို့စာရိုက်ပို့လိုက်ပါနော်

Free ကိုတော့ ၃ ရက် တစ်ပိုင်းနှုန်းဖြင့်
တင်ဆက်ပေးသွားမှာပါ😍

ဇာတ်ကားကြည့်ရန်
https://www.facebook.com/109318264210987/posts/558571712618971/

18/07/2022

Japan 🇯🇵 ရဲ့ Best Collagen စာရင်းမှာ အမြဲထိပ်ဆုံးဖြစ်နေတဲ့ Shiseido The Collagen 🥳

Shiseido ကထုတ်လုပ်ထားတဲ့ The Collagen ဆို နိုင်ငံတကာမှာ နာမည်ကြီးလူကြိုက်များပြီးသားဖြစ်လို့ မသိတဲ့သူမရှိသလောက် Review ကောင်းတွေအမြဲရရှိပြီးသားဖြစ်တဲ့ Product တစ်ခုပဲဖြစ်ပါတယ် 💁‍♀️

ဆေးတောင့်ဆေးရည်မသောက်ချင်သူတွေက ယခု The Collagen Powder Type ကိုအသုံးပြုနိုင်ပြီး မိမိသောက်မည့် အရည်တစ်ခုထဲဖြစ်စေ၊ မိမိစားမည့်ဟင်းထဲဖြစ်စေ၊ရေဖြင့်ဖြစ်စေ ရောစပ်၍အသုံးပြုသောက်သုံးနိုင်ပါသည် 💁‍♀️

အသုံးပြုရမည်ပမာဏမှာ တစ်နေ့ကို 6g (ထမင်းစားဇွန်း)ဖြစ်ပြီး The Collagen Powder တစ်ထုပ်လျှင် 126g ပါဝင်တာဖြစ်လို့ 21ရက်စာ အသုံးပြုနိုင်တယ်ရှင် 💁‍♀️

5,000mg Collagen ပါဝင်ပြီး ငါးကထုတ်လုပ်ထားတာဖြစ်ပါတယ်။Flavourless ဖြစ်ရုံသာမက No Fishy Smell ဖြစ်လို့ သောက်သုံးရာမှာအရမ်းအဆင်ပြေစေပါတယ် ✅

22kcal ဖြစ်ပြီး No Fat Formula ဖြစ်လို့ ဝိတ်တတ်မှာဆိုးရိမ်စရာလုံးဝမလိုပဲ Diet သမားတွေအတွက်လည်းအရမ်းအဆင်ပြေစေပါတယ် ✅

Shiseido Collagen Powder ကိုအသုံးပြုသောက်သုံးခြင်းဖြင့်ရရှိစေတဲ့ Benefits တွေကတော့ 👇

အသားအရေဖြူစင်တောက်ပလာစေခြင်း။
ဦးရေပြားနှင့်ဆံပင်၊လက်သည်း၊ခြေသည်းပိုမိုကောင်းလာခြင်း။
Anti Aging ဖြစ်လို့အရွယ်တင်နုပျိုစေခြင်း။
တင်းတိတ်၊ဝက်ခြံ၊အမဲစက်များ ပျောက်ကင်းစေခြင်း။
အစာခြေစနစ် နှင့် အူလမ်းကြောင်းကျန်းမာစေခြင်း။
ပုံမှန်အသားအရေထက် Tone Up ဖြစ်စေပြီး အသားအရေပိုဖြူလာခြင်း တို့ပဲဖြစ်တယ်ရှင့်
Crd to Owner
Instock
35000/-

လိုချင်ရင်ဖုန်းဆက်လိုက်နော်😍

📱: 095030228
📱: 09 43098212

18/06/2022

အောင်မြင်သူနဲ့ကျရူံးသူ
^^^^^^^^^^^^^^^^^^^^^^^^
ဒီခေါင်းစဥ်လေးနဲ့ကလေးတွေအတွက်

ကျေးဇူးတင်ပါတယ်ဦးမင်းသိန်း၊
မနေ့က ကျမသူငယ်ချင်းဦးမင်းသိန်းမှ
Comments တွင်ရေးသားဖော်ပြခဲ့သောစာ
တပိုဒ်မှ-----စာများအားသမီးလေးသိစေရန်နှင့်
မှီငြမ်းရမည့်များကိုကွတ်ကွတ်ကွင်းကွင်းမြင်မိ
စေရန်
စာတစုနှင့်အတဆရာလင်္ကာရည်ကျော်ရဲ့ဝတ္တူလေးတွေကိုပါညွှန်ပြခဲ့ပါတယ်။

စာမေးပွဲအောင်သူများမဖတ်ရ!!! ... --------------------------------------------------

စာမေးပွဲကျလို့စိတ်ညစ်နေလား.. မညစ်နဲ့ ပြန်ဖြေ!! မိဘတွေလည်းပြန်ထားပေးပါ!! အရေးကြီးတယ်..

လူတိုင်း ဟာ ဘာသာစုံ မတော်တောင် တနေရာရာမှာတော်တယ်။ စာမေးပွဲဆိုတာ အားလုံးကို သစ်ပင်တက်ခိုင်းတာလိုပဲ... ဒါပေမဲ့ သားက မျောက်မဟုတ်ဘူး ဆင် ဆို ဘယ် သစ်ပင်တက်နိုင်မလဲ.. စာမေးပွဲကျတိုင်းသား ညံ့တာမဟုတ်ဘူး.. သား အဲ့ဘာသာတွေနဲ့ မအပ်စပ်တာ.. အဲ့ဒါမျိုးဆို နောက်နှစ်မှာ အောင်ဖို့လောက် ကြိုးစားပြလိုက်.. မတက်နိုင်ရင် နှာမောင်းနဲ့ချု ချ..ဉာဏ်သုံး.. အောင်ရင်တော်ပြီ.. တက္ကသိုလ်ပြီးမှ မျောက်အလုပ်မျောက်လုပ်.. သားလည်းဆင့်အလုပ်ဆင်လုပ်ပေါ့.. အဲ့ဒီအခါမှ ဘယ်သူပိုအောင်မြင်သလဲ ပြလိုက်.. ဒါပေမဲ့ တက္ကသိုလ်အဆင့်တော့ သားရောက်ဖို့လိုတယ်..

စာမေးပွဲ ဆိုတာ ကျက်တတ်တဲ့လူတွေ၊ မှတ်ဉာဏ်ကောင်းတဲ့လူတွေ ဂုဏ်ထူးထွက်တာ.. သူတို့ ကိုနောက် ၁၀ နှစ်အကြာ လူ့ဘဝထဲဝင်တဲ့အခါ အဲ့စာတွေပြန်ရွတ်ခိုင်းကြည့်.. ဘယ်သူမှ အလွတ်မရတော့ဘူး. အဲ့တော့ အလွတ်ရွတ်နိုင်ဖို့ အရေးမကြီးပါဘူး အလွတ်ရွတ်ခြင်းဟာ အပေါ်တက်ဖို့ တုံးတတုံးပါပဲ.. သူတို့တုံးကို 4D တွေ5 D တွေနဲ့ ရွှေချပြီး တက်သွားတာ အားကျမနေနဲ့.. သားက နောက်နှစ်မှာ ရှိတာလေး ခုပြီးတက်သွား.. ဘဝမှာ တသက်လုံးမှတ်မိဖို့က 6 D ထက် ဘယ်လို အောင်မြင်အောင်လုပ်ရမလဲ ဆိုတာပဲ.အဲ့ဒါတော့မမေ့နဲ့ စာတွေဖတ်..

ပညာရေးစနစ်က ကျောင်းသားခေါင်းထဲဘာတွေရသွားလဲ စိတ်မဝင်စားဘူး.. စာရွက်ပေါ်ဘာချရေးလဲ ပေါ်မှာပဲအမှတ်ပေးတာ.. သား စာရွက်ပေါ်ချရေးခဲ့တဲ့ အောင်မှတ်မဟုတ်တဲ့ တလုံး နှစ်လုံး ကိုပဲ ဘဝမှာ လက်တွေ့သုံးတတ်ရင် အောင်မြင်နိုင်တယ်.. စိတ်ဓါတ်မကျနဲ့ ပြန်ကြိုးစား..

မြန်မာပြည် ပညာရေးဆိုတာ ပြဿနာအကြီးကြီးတွေကို စဉ်းစားတတ်အောင်မသင်ပေးနိုင်ဘူး သားက အားတဲ့အချိန်မှာပြဿနာအကြီးကြီးတွေ အောက်က အပြန်အလှန် ငြင်းခုံ ကြတဲ့ ကွန်မင့်တွေဖတ်ပြီး ဘယ်သူမှန်မလဲခွဲခြားစိတ်ဖြာ.. အဲ့လို အမှားအမှန် ခွဲခြမ်းစိတ်ဖြာတတ်တဲ့ဉာဏ်တွေ ရရင်နောက်နှစ်စာတွေကိုခွဲခြမ်းစိတ်ဖြာပြီး ကျက်.. အောင်လိမ့်မယ်..

ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ရဲမြင့်ကျော် (ဆရာ လကာင်္ရည်ကျော်) ရဲ့ ကျောက်စရစ်ခဲလေးများမှ တဆင့် နဲ့ သူ့ဘဝအထုပ္ပတ္တိ ဖတ်ကြည့်... သားထက်ဆိုးချင်ဆိုးနေဦးမယ်.. ဦးဘဝလည်း သားထက်ဆိုးခဲ့တယ်...
အားမငယ်နဲ့ ဆက်လျောက်!

ထိုစာပိုဒ်လေးတွေ ကိုမှီငြမ်းပြီး ရေးသားလိုက်ပါတယ်၊

အောင်မြင်သူတွေကလည်းဆက်၍တော်အောင်
ကောင်းအောင်ကြိုးစားပြီး.......
ကျရူံးသူတွေကလည်း ငါတို့အတွေ့အကြုံရခဲ့ပြီ
ထပ်ပြီးပိုလိုတော်အောင် အောင်မြင်အောင်
ကြိုးစားနိုင်တယ်လို့ မှတ်ယူပြီးထပ်မံအားစိုက်လိုက်ပါ၊
အရွယ်တွေငယ်ပါသေးတယ်၊
ငယ်ကတည်းကစိတ်ဓာတ်အင်အားမလျော့ကျ
မိပါစေနဲ့လို့၊

Shwe Thet@T THlaing

15/06/2022

ကျွန်ုနှင့်အားကစား
*****************

အသက် လေးဆယ်ကျော်ရင် ကျန်းမာရေးက အရေးကြီးလာတယ်..မြန်မာပြည်က ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံများ (LDCs) ကနေ လွတ်သေးတာမဟုတ်ဘူး..ဒီတော့ WHO ရဲ့ စာရင်းမှာ မြန်မာပြည်က လူတွေရဲ့ သက်တမ်း (life span)က တိုတယ်..အမျိုးသားတွေက ၆၅ နှစ်တဲ့...အမျိုးသမီးတွေကတော့ နှစ် ၇၀ တဲ့..

ကိုယ်ံ့လူမျိုးတွေဖြစ်လို့ သာသာထိုးထိုးလေး တိုးပြီးပြောရမယ်ဆိုရင် အားလုံး ပျမ်းမျှ နှစ် ၇၀ နဲ့ တွက်ကြည့်ပေါ့..ခေါက်ချိုး ချိုးကြည့်ရင် အသက် ၃၅ နှစ်မှာ လူ့ဘဝ သက်တမ်းက တစ်ဝက် ဖြစ်နေပြီ..ဒီတော့ ၃၅ နှစ်မတိုငိမီ အရွယ်တွေမှာ ဘာတွေဘဲ အမှားတွေ လုပ်ခဲ့လုပ်ခဲံ့ပြဿနာ မရှိသေးဘူး..တင့်တယ် တယ်ဘဲ ထားတော့..မလုပ်ဖူးတာ မရှိသလောက် ဖြစ်နေပြီ..အတွေ့အကြုံတွေများခဲ့ပြီ...ဒီတော့ သက်တမ်း တစ်ဝက်ကျော်တဲ့ အချိန်မှာတော့ စပြီး ပြောင်းသင့်ပြီ..ကျန်းမာရေးဂရုစိုက်ဖို့..အားကစား စလုပ်ဖို့..ကျန်းမာခြင်းရဲ့ တန်ဘိုးဆိုတာ ကိုယ်တိုင် မကျန်းမာမှ သိရတာ..ဆရာဝန် ပြောမှ မဟုတ်ဘူး. ကိုယ်ကျန်းမာလား စိတ်ချမ်းသာလား ဆိုတာ ဆရာဝန်ထက် ကိုယ်တိုင်က အသိဆုံး..ဘာရောဂါ ဖြစ်နေတယ်ဆိုတာကတော့ စမ်းသပ်ကြည့်မှ သိရမယ်..

ဒီတော့ ကျန်းမာချင်ရင် အသက် ၃၅ ကျော်တာနဲ့ လူကိုထိခိုက်မယ့် မကောင်းတာမှန်သမျှ အကုန်ဖြတ်တောက်ပစ်ဖို့ လိုတယ်..ဆေးလိပ် အရက် ကွမ်း မူးယစ်ဆေးဝါး နဲ့ တခြား အဟာရ မဖြစ်တဲ့ ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေပေါ့..ပြီးရင် ..တရက်ခြား နာရီဝက် အားကစားလုပ်ဖို့ လိုတယ်..ဝါသနာပါရာပေါ့..ဒါဆို.. ၇၀ သက်တမ်းအပြည့် နေလို့ရပြီ..မြေးတွေ မြစ်တွေနဲ့ ပျော်နိုင်ပြီ..

အသက် ၇၀ ဆိုတာ..ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဘာမှ ကြီးသေးတာမဟုတ်ဘူး..အသက် ၉၀ အဘွားကြီးက ဂျွမ်းဘား ကစားတုန်း၊ အသက် ၈၀ အဘိုးကြီးက ရေကူးတုန်း အလေးမတုန်း.. ယူကျုမှာသွားကြည့်ပေါ့..

အသက် ၇၀ ဆိုတာ နှစ်ဖက်လှေကားနဲ့ တူတယ်.. ဒီဘက် ၃၅ နှစ်က လှေကားအတက် ဟိုဘက် ၃၅ နှစ်က အဆင်း..အခု လှေကားဆင်းရမယ့်အချိန်မှာ သတိမထားဘဲ ဆင်းခဲ့ရင် ရုတ်တရက် ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားနိုင်တယ်..အဆင်းမှာ သာယာစိုပြေဖို့လိုတယ်..

မြန်မာပြည်သားအများစုက အားကစား လုပ်လေ့လုပ်ထမရှိဘူး..နိုင်ငံခြားသားတွေက ဘယ်ရောက်ရောက် လုပ်တယ်..သတိထားမိသလောက် မြန်မာပြည်မြို့ကြီးတွေမှာ တရုတ်တွေ ကုလားတွေ မနက်ပိုင်း အားကစားလုပ်ကြတယ်..မြန်မာတွေ မတွေ့မိဘူး..

အခန်းချင်းကပ်ရပ် ရင်းနှီးခဲ့ဖူးတဲ့ အိမ်ထောင်သည် ဆွီဒင်နိုင်ငံသူက ကလေးမွေးပြီးတော့ ၄၅ ရက်တောင် မကြာဘူး.. မနက်တိုင်း ထပြီး ပြေးတယ်.. တစ်လလောက်ကြာတော့..မူလအတိုင်း အပျိုလေးလို ပြန်ဖြစ်သွားတယ်..
နောက် ကမ္ဘာ့အကြီးဆုံး ဆေးကုမ္ပဏီမှာလုပ်တဲ့ မိတ်ဆွေကတော့ နေ့ခင်း ထမင်းစားချိန်ကြီးမှာ သူ့ရုံးခန်းထဲမှာဘဲ အားကစားဝတ်စုံလဲပြီး ပြေးပြန်တယ်..
သူတို့ဆီက ဆယ့်နှစ်လရာသီလုံး အေးနေလို့လည်း ပြေးကြတာဖြစ်မယ်..အစားအသောက်ကလည်း ဆီပြန်တွေ မပါဘူး..မြန်မာပြည်သားအများစုက ဆီပြန်ဟင်းမှ စားတာကိုး..ကျနော်တို့ တစ်ပတ်တစ်ကြ်မ် စျေးဝယ်ရင် ကောင်တာက အမျိုးသမီးတွေက တအံ့တသြ ကြည့်ကြတယ်..တစ်ခါဝယ် ဆီ ၁၀ ဗူး လောက်ရှိလို့..

မြန်မာပြည်က အမျိုးသမီးအများစုက တစ်ခုတော့ကောင်းတယ်..အားကစားသာ မလုပ်တာ ဆေးလိပ် မသောက်ကြဘူး..နိုင်ငံခြားသူတွေကတော့ သဘော်ခေါင်းတိုင်ဘဲ..အရက် ဘီယာလည်း အမျိုးသားတွေနဲ့ တန်းတူ ချနိုင်တယ်..သို့သော် အားကစားတော့ ပစ်မထားဘူး..

မြန်မာပြည်သားအများစုက အသက် ၃၅ ဆိုရင် ကျားဖြစ်စေ မ ဖြစ်စေ..ပုံပျက်သွားကြပြီ..အမျိုးသားအများစုက အဝလွန်ရင်လွန် မလွန်ရင် ရှုနာရှိုက်ကုန်း ဖြစ်နေပြီ..မျက်လုံးအရောင်တွေ မတောက်ပတော့ဘူး..အနီ အဝါရောင်တွေ သမ်းနေတယ်..အားကစား မလုပ်တဲ့ ဒဏ်တွေပေါ့..

အမျိုးသမီးအများစုလည်း အရွယ်မတိုင်မီ ခင်သန္တာသက်ချိုပြုံး တွေ ဖြစ်သွားကြတယ်..အဓိက စားဝတ်နေရေး ရုန်းကန်နေကြရလို့ ဖြစ်တယ်...အားကစားဆိုတာ စားဝတ်နေရေးအဆင်ပြေပြီး အပူအပင် အကြောင့်အကြ မရှိမှ လုပ်လို့ရတာကိုး..အားမှ ကစားနိုင်လို့လည်း အားကစားခေါ်သကိုး..

ဒါကြောင့် အားမှ ကစားတာထက်..မအားလည်း အားအောင်ထားပြီး..ကျန်းမာအောင်.အားကစားဖြင့် နေထိုင်ကြပါစေကြောင်း...

Photo( မမရွှေသက်)
စာရေးသူ=ဒေါက်တာထူးမောင်

Photos from Snow Japan product's post 15/06/2022

ဂျပန်ရောက် မြန်မာများကလည်းဝယ်ယူအားပေး
လို့သွားပို့ရင်း စကားတွေပြောကြပေါ့၊

Photos from Snow Japan product's post 14/06/2022

၂၀၁၃ ခု နှစ်ကတည်းကကျနော်ညံ့ခဲ့ပါတယ်၊
တိုင်းပြည်ကိုတဖက်တလမ်းကကူညီလုပ်ဆောင်
ဖို့အတွက် ကိုးရီးယား ကုမ္ပဏီ ကြီးတခုနဲ့ချိတ်ဆက်
လုပ်ဆောင်ခဲ့ပြီး၊ကျနော်တို့လုပ်ရပ်တွေကစောသေး
တယ်ဆိုလို့
Wase Water Treatment လုပ်ဖို့ရပ်တန့်ခဲ့ရတယ်။

ယနေ့ စာရွက်တွေ ဖိုင်တွေရှင်းရင် ပြန်တွေ့ခဲ့တာ၊

တခါတရံမှာ လူဝံ ကြီးလောက်ဖမ်းခဲ့သော်လည်း
ပုရွက်ဆိတ်လေးတောင်မမိခဲ့ပါ။

ရှေးသရောအခါက ပုံပြင်လေးတွေဖြစ်ခဲ့ရတယ်။
ကိုယ်အောင်မြင်ဖို့ အတွက်တခါတရံမှာဒေါက်တိုင်
တွေလိုသော်လည်း၊ကိုယ်ဆီရောက်လာသူများသည်
အဖူးအညွှန့်မထွက်သေးခင်ချိုးဖဲ့လိမ်ကောက်စား
သောက်မည့် လက်အောက်ဝန်ထမ်းများနှင့်တွေ့ရ
သလို အားကိုးမရသည့်သူများကြောင့်လည်း
အလုပ်များစွာလက်လွတ်ခဲ့ရပါသည်၊

သို့ပါ၍ကျနော်ညံ့ခဲ့ပါသည်၊

Shwe Thet@T T Hlaing
ခတျတေ
ဂျပန်စံတော်ချိန် ည ၉နာရီဆယ်မိနစ်
14.6.2022

14/06/2022

1968လောက်ကမွေးတဲ့သူတွေလည်း
ဒီအတိုင်းနီးပါးမှီနိုင်ပါသေးတယ်။
ရန်ကုန်မြို့လယ်ခေါင် ၆မြို့နယ်မှာလမ်းကျဉ်း
လမ်းကျယ်တွေမှာမီးတားတို့ မြေငလျှင်ဒါဏ်ရန်သူမျိုးငါးပါးကြုံလာရင်ရှောင်လို့ရတဲ့မြေကွတ်လပ်တွေရှိတယ်။
မှတ်မိတာကတော့😟၁၉၇၃လောက်ကစပြီး၁၉၈၅လောက်အထိပေါ့။အဲဒီ့မြေကွတ်လပ်တွေမှာကလေးတွေကစားကွင်းလို့ဖြစ်နေတော့ကစားလို့ရတယ်။
ငယ်တုန်းကတည်းကတည်းကမိဘတွေကကျောက်တံတားမြိုနယ်မွာအနေများတယ်။
မူလတန်းကျောင်းသူအရွယ်လောက်ကယောက်က်ားလေးသူငယ်ချင်းတွေနဲ့ ဇီးထုပ်(ထွန်းမင်းလတ်)တထုပ်ကြေး ဂေါ်လီရိုက်ကြတယ်။ကစားဖော်ကစားဖက်တွေကအခုတော့သူတို့ကသူဌေးတွေဖြစ်ကုန်ပြီ၊
အရင်းနှီးဆုံးကျောင်းနေဖက်သူငယ်ချင်းစိန်ချောင်း
ခေါ်ကိုသန်းဝင်း နဲ့ ကစားကြ၊
မနိုင်ရင်လုပြေး၊အိမ်ပေါ်တက်တံခါးပိတ်။
ငယ်တုန်းက သူငယ်ချင်းတွေ အမက( ၅ )ဒဂုံအထိ
လေးတန်း၊
ကိုယ့်က လေးတန်းအောင်တော့ မိန်းကလေးကျောင်းအထက၂ လသာပြောင်းနဝမတန်းအထိ၊
နဝမတန်းနှစ်တဝက်နဲ့ အထက၁ ဒဂုံကိုပြောင်း၊
တခါထပ်ပြီးငယ်သူငယ်ချင်းတွေနဲ့ထပ်ဆုံ၊

အဲအချိန်ကပျင်းရင်နားထောင်ဘို့ရေဒီယိုတို့ကက်ဆက်တို့ပဲရှိသေးတာ၊အိမ်တိုင်းမွာTVမရှိကြသေးဘူး။
ရေဒီယိုကလာတဲ့ဦးဝင်းဦးတို့ ဒေါ်မာမာအေးတို့
ဒေါ်ချိုပြုံးတို့သီချင်းတွေအပြင် ကာလပေါ်တေး
ဆိုပြီးကေဂျာနူးသီချင်း" လောကကြီးကိုခါးစောင်းတင်မည့်လူစား" သူ့အချစ်ဟာဖရဲသီးတို့ သီချင်းတွေအပြင်
ပုလဲရဲ့ကိုကိုယောက်ကျားမဟုတ်ဘူး၊
ပလေးဘွိုင် သန်းနိုင်၊မြန်မာပြည်သိန်းတန် LPJတီးဝိုင်းတို့အပြင်စိုင်းထီးဆိုင်ရဲ့မောင့်လပြည့်ဝန်းတို့လည်းကက်ဆက်ခွေနားထောင်လို့ရနေပြီ၊

အဲအချိန်ကပျင်းရင်စံရွှေမြင့်ကာတွန်း၊ရွှေဂေါင်းပြောင်၊​​ပြာလောင်၊ဆိုတဲ့ကာတွန်းတွေ၊ရွှေသွေး၊တေဇဂျာနယ်တွေဖတ်ရတယ်။
အထက်တန်းကျောင်းသူလောက်ရောက်တော့
စာရေးဆရာကြီးငြိမ်းကျော်၊မောင်စိန်ဝင်း၊နွမ်ဂျာသိုင်း၊ဝတ္တူနဲ့သပြေမဂ္ဂဇင်း၊ရူမဝမဂ္ဂဇင်းတို့ဖတ်ရသေးတယ်။

ဆူးလေဘုရားလမ်းမပေါ်ရုပ်ရှင်ရုံတွေက
Trader Hotel နေရာမှာဝဇီရာ၊ပပဝင်းရုပ်ရှင်ရုံ
ဗိုလ်ချုပ်လမ်းမနဲ့ ဆူးလေဘုရားလမ်းဒေါင့်က
ပြည်သူ့မုန့်တိုက်ဗိုလ်ချူပ်လမ်းပေါ်မှာရဲရင့်ရုံကကုလားကားအပြများတယ်၊
ကျောင်းပြေးပြီး ပပဝင်းရုံ (ပေလဒီယံ )လို့ခေါ်တဲ့
ရုံမှာ A Tale of Africa သွားကြည့်တာ
မိုးမိပြီးဖျားတော့တာပါပဲ၊
အဲဒီတုန်းက မှတ်မိသေးတယ်(1983)
သမ္မတ ရုပ်ရှင်ရုံကတော့ဒီနေရာမှာပဲ၊
မပြောင်းလဲတာကနေပြည်တော်၊ရှေ့ဆောင်ရုံ။
အခုသိသိသာသာပြောင်းလဲတာကတော့သီဟရုပ်ရှင်ရုံ၊၊

မြို့ထဲကနေ ကိုယ်တို့တက်တဲ့အထကဒဂုံ၁အရှေ့
ကနေပြား၂၀ပေးပြီးဘိုက်ပူ ကားနံပတ်၁၄၊၁၅၊
ဘတ်စ်ကားတွေစီးရင်ကျောက်မြောင်းရောက်တယ်။
ကျောင်းဘေးနားက ယခုလပြည့်ဝန်းPalazaက
ယခင်ကနိုင်ငံတော်ယာဉ်အရောင်းပြခန်းနှင့်
မော်တော်ယာဉ်ပစ္စည်းအရောင်းပြခန်းတွေရှိတယ်၊
ကျောင်းတက်ခဲ့ရတဲ့ဘဝလေးကိုပြန်သတိရမိ၊
ဒန်ပြားစေ့ဆယ်ပြားစေ့လေး၂ခု ရှိရင်အိမ်ပြန်ရောက်၊

အထက၁ဒဂုံကျောင်းရောက်တော့စီနီယာကိုကိုတွေ
ကရည်းစာစာလာပေး၊ စာလာပေးရင်အုန်းသီးကော်ပြန့်
လိပ်ဝယ်ကျွေးရင်ဖတ်မယ်ပြောပြီး ညာစားခဲ့မိတာသတိရ😍😍
အဲတုန်းကစီနီယာ ကိုကိုတွေက မိသက် အတွက်လို့
ပြောပြီးစာပေးရင်ညာစားခဲ့တယ်၊
မုန့်တော့ကြိုက်တယ်😊လူတော့ကြိုက်ဖူး
အဖွားဆူမှာကြောက်ခဲ့ရတယ်၊
ငယ္က ကိုယ်နံမည်အပြောင်သိသူရှိရင်ပြောကြည့်၊
အခုတော့လွမ်းမိပါတယ်၊
မု့န်ညာစားခံခဲ့ရတဲ့ကိုကိုကျောင်းတူတက်ဖက်တွေ
ငယ်သူငယ်ချင်းကျောင်းနေဖက်တွေကိုTT Hက
ကသတိရလွမ်းမိပါတယ်လို့၊
မကြာခင်အားလုံးပြန်ဆုံကြမယ်၊

အမက၅ ဒဂုံမှ သည် အထက၁ ဒဂုံအထိ
ငယ်သူငယ်ချင်းများအားလုံးကိုတွေ့ဆုံကြရအောင်၊
သတိရခြင်းများစွာဖြင့်

ခတ်ေတ(Japan)

Shwe Thet@T T Hlaing

14/06/2022

1968လောက်ကမွေးတဲ့သူတွေလည်း
ဒီအတိုင်းနီးပါးမှီနိုင်ပါသေးတယ်။
ရန်ကုန်မြို့လယ်ခေါင် ၆မြို့နယ်မှာလမ်းကျဉ်း
လမ်းကျယ်တွေမှာမီးတားတို့ မြေငလျှင်ဒါဏ်ရန်သူမျိုးငါးပါးကြုံလာရင်ရှောင်လို့ရတဲ့မြေကွတ်လပ်တွေရှိတယ်။
မှတ်မိတာကတော့😟၁၉၇၃လောက်ကစပြီး၁၉၈၅လောက်အထိပေါ့။အဲဒီ့မြေကွတ်လပ်တွေမှာကလေးတွေကစားကွင်းလို့ဖြစ်နေတော့ကစားလို့ရတယ်။
ငယ်တုန်းကတည်းကတည်းကမိဘတွေကကျောက်တံတားမြိုနယ်မွာအနေများတယ်။
မူလတန်းကျောင်းသူအရွယ်လောက်ကယောက်က်ားလေးသူငယ်ချင်းတွေနဲ့ ဇီးထုပ်(ထွန်းမင်းလတ်)တထုပ်ကြေး ဂေါ်လီရိုက်ကြတယ်။ကစားဖော်ကစားဖက်တွေကအခုတော့သူတို့ကသူဌေးတွေဖြစ်ကုန်ပြီ၊
အရင်းနှီးဆုံးကျောင်းနေဖက်သူငယ်ချင်းစိန်ချောင်း
ခေါ်ကိုသန်းဝင်း နဲ့ ကစားကြ၊
မနိုင်ရင်လုပြေး၊အိမ်ပေါ်တက်တံခါးပိတ်။
ငယ်တုန်းက သူငယ်ချင်းတွေ အမက( ၅ )ဒဂုံအထိ
လေးတန်း၊
ကိုယ့်က လေးတန်းအောင်တော့ မိန်းကလေးကျောင်းအထက၂ လသာပြောင်းနဝမတန်းအထိ၊
နဝမတန်းနှစ်တဝက်နဲ့ အထက၁ ဒဂုံကိုပြောင်း၊
တခါထပ်ပြီးငယ်သူငယ်ချင်းတွေနဲ့ထပ်ဆုံ၊

အဲအချိန်ကပျင်းရင်နားထောင်ဘို့ရေဒီယိုတို့ကက်ဆက်တို့ပဲရှိသေးတာ၊အိမ်တိုင်းမွာTVမရှိကြသေးဘူး။
ရေဒီယိုကလာတဲ့ဦးဝင်းဦးတို့ ဒေါ်မာမာအေးတို့
ဒေါ်ချိုပြုံးတို့သီချင်းတွေအပြင် ကာလပေါ်တေး
ဆိုပြီးကေဂျာနူးသီချင်း" လောကကြီးကိုခါးစောင်းတင်မည့်လူစား" သူ့အချစ်ဟာဖရဲသီးတို့ သီချင်းတွေအပြင်
ပုလဲရဲ့ကိုကိုယောက်ကျားမဟုတ်ဘူး၊
ပလေးဘွိုင် သန်းနိုင်၊မြန်မာပြည်သိန်းတန် LPJတီးဝိုင်းတို့အပြင်စိုင်းထီးဆိုင်ရဲ့မောင့်လပြည့်ဝန်းတို့လည်းကက်ဆက်ခွေနားထောင်လို့ရနေပြီ၊

အဲအချိန်ကပျင်းရင်စံရွှေမြင့်ကာတွန်း၊ရွှေဂေါင်းပြောင်၊​​ပြာလောင်၊ဆိုတဲ့ကာတွန်းတွေ၊ရွှေသွေး၊တေဇဂျာနယ်တွေဖတ်ရတယ်။
အထက်တန်းကျောင်းသူလောက်ရောက်တော့
စာရေးဆရာကြီးငြိမ်းကျော်၊မောင်စိန်ဝင်း၊နွမ်ဂျာသိုင်း၊ဝတ္တူနဲ့သပြေမဂ္ဂဇင်း၊ရူမဝမဂ္ဂဇင်းတို့ဖတ်ရသေးတယ်။

ဆူးလေဘုရားလမ်းမပေါ်ရုပ်ရှင်ရုံတွေက
Trader Hotel နေရာမှာဝဇီရာ၊ပပဝင်းရုပ်ရှင်ရုံ
ဗိုလ်ချုပ်လမ်းမနဲ့ ဆူးလေဘုရားလမ်းဒေါင့်က
ပြည်သူ့မုန့်တိုက်ဗိုလ်ချူပ်လမ်းပေါ်မှာရဲရင့်ရုံကကုလားကားအပြများတယ်။ကျောင်းပြေးပြီး ပပဝင်းရုံ (ပေလဒီယံ ြမျာလို့ခေါ်တဲ့ရုံမှာ A Tale of Africa သွားကြည့်တာ
မိုးမိပြီးဖျားတော့တာပဲ၊
အဲဒီတုန်းက မှတ်မိသေးတယ်(1983)
သမ္မတ ရုပ်ရှင်ရုံကတော့ဒီနေရာမှာပဲ။
မပြောင်းလဲတာကနေပြည်တော်၊ရှေ့ဆောင်ရုံ။
အခုသိသိသာသာပြောင်းလဲတာကတော့သီဟရုပ်ရှင်ရုံ၊၊

မြို့ထဲကနေ ကိုယ်တို့တက်တဲ့အထကဒဂုံ၁အရှေ့
ကနေပြား၂၀ပေးပြီးဘိုက်ပူ ကားနံပတ်၁၄၊၁၅၊
ဘတ်စ်ကားတွေစီးရင်ကျောက်မြောင်းရောက်တယ်။
ကျောင်းဘေးနားက ယခုလပြည့်ဝန်းPalazaက
ယခင်ကနိုင်ငံတော်ယာဉ်အရောင်းပြခန်းနှင့်
မော်တော်ယာဉ်ပစ္စည်းအရောင်းပြခန်းတွေရှိတယ်၊
ကျောင်းတက်ခဲ့ရတဲ့ဘဝလေးကိုပြန်သတိရမိ၊
ဒန်ပြားစေ့ဆယ်ပြားစေ့လေး၂ခု ရှိရင်အိမ်ပြန်ရောက်၊

အထက၁ဒဂုံကျောင်းရောက်တော့စီနီယာကိုကိုတွေ
ကရည်းစာစာလာပေး၊ စာလာပေးရင်အုန်းသီးကော်ပြန့်
လိပ်ဝယ်ကျွေးရင်ဖတ်မယ်ပြောပြီး ညာစားခဲ့မိတာသတိရ😍😍
အဲတုန်းကစီနီယာ ကိုကိုတွေက မိသက် အတွက်လို့
ပြောပြီးစာပေးရင်ညာစားခဲ့တယ်၊
မုန့်တော့ကြိုက်တယ်😊လူတော့ကြိုက်ဖူး
အဖွားဆူမှာကြောက်ခဲ့ရတယ်၊
ငယ္က ကိုယ်နံမည်အပြောင်သိသူရှိရင်ပြောကြည့်၊
အခုတော့လွမ်းမိပါတယ်၊
မု့န်ညာစားခံခဲ့ရတဲ့ကိုကိုကျောင်းတူတက်ဖက်တွေ
ငယ်သူငယ်ချင်းကျောင်းနေဖက်တွေကိုTT Hက
ကသတိရလွမ်းမိပါတယ်လို့၊
မကြာခင်အားလုံးပြန်ဆုံကြမယ်၊

အမက၅ ဒဂုံမှ သည် အထက၁ ဒဂုံအထိ
ငယ်သူငယ်ချင်းများအားလုံးကိုတွေ့ဆုံကြရအောင်၊
သတိရခြင်းများစွာဖြင့်

Shwe Thet@T T Hlaing.

Category

Address


Yangon

Alerts

Be the first to know and let us send you an email when Snow Japan product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.