WONE VANN - YGN

WONE VANN - YGN

Share

ဝုန်းဝမ်း ကျားနှင့်နေ အမှတ်တံဆိပ် မဟာဖြေဆေး၊ မဟာချောင်းဆိုးပျောက်ဆေး၊ ရှမ်းမလေး သွေးဆေး ။

15/08/2026

အခုမိုးရာသီမှာ အစားအသောက်နဲ့ ရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောတာကို ကြုံတွေ့နေရပါတယ်။ 🌧️⚠️

ကာလဝမ်းရောဂါကို ကာကွယ်နည်းနဲ့ သိထားရမယ့်အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နေ့စဉ်ဘဝမှာ အစားမှားလို့ပဲဖြစ်ဖြစ်၊ မသန့်ရှင်းတာတစ်ခုခု စားမိလို့ပဲဖြစ်ဖြစ် သာမန်ဝမ်းပြဿနာဖြစ်ခဲ့ရင် ဝုန်းဝမ်းရန်ကုန်မဟာဖြေဆေး သောက်သုံးနိုင်ပါတယ်။ 💊✨

ဝမ်းဗိုက်နာကျင်တာ၊ လေပွတာနဲ့ ဝမ်းပျက်တာတွေကို သက်သာစေလို့ အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ အဆင်သင့် ဆောင်ထားသင့်တဲ့ ဆေးကောင်းလေးတစ်ခွက်ပဲ ဖြစ်ပါတယ်။

(သတိပြုရန် - ရေကဲ့သို့ ဝမ်းအပြင်းအထန်သွားခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသပေးပါရှင်။)

မိသားစုဝင်တွေ ဝမ်းဗိုက်ကျန်းမာပြီး စိတ်အေးရပါစေရှင်!

#ဝုန်းဝမ်းဆေးတိုက်ရန်ကုန်
#ဝုန်းဝမ်းလားရှိူး
#မဟာဖြေဆေး
#ကာလဝမ်းရောဂါ

#ဝမ်းပျက်ဝမ်းလျှော
#ကျန်းမာရေးအသိပညာ
#တစ်ကိုယ်ရေသန့်ရှင်းရေး

14/08/2026

💦🌧 မိုးတွင်းချိန်ခါမှာ ကျန်းမာရေးအတွက် သတိပြုစရာများ‼️

ရာသီဉတုသုံးပါးထဲမှာ မိုးရာသီဟာ ကျန်းမာရေးအတွက် သတိပြုရဆုံးရာသီတစ်ခုပါပဲ။ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး ဖြစ်တတ်တာလဲ မိုးရာသီပါပဲ။

တစ်ကယ်လို့များ ဒီလိုရာသီမျိုးမှာ နေထိုင်သွားလာမှုတွေ စားသောက်မှု သတိမထားနိုင်ခဲ့ရင် ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

☔️ အပြင်က ပြန်လာတိုင်း လက်ဆေးပါ။ အဝတ်အစားတွေ လျှော်ဖွပ်ပါ။ မိုးမိလာရင် ချက်ချင်း ရေချိုးလိုက်ပါ။ ဗိုင်းရပ်စ်တွေ ကပ်မပါလာနိုင်အောင် အမြဲသတိဝိရိယထားပါ။

☔️ဗီတာမင် စီ ပါတဲ့ အစားအစာ နဲ့ ဆေးဝါးများကို မှီဝဲပေးပါ။

☔️အသား၊ငါးများကျက်အောင်ချက်ပါ ။

☔️ရေကိုကျိုချက်၍သောက်ပါ ။

☔️ ဒီလိုမိုးရာသီထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားလေးတွေ ကပ်ပါလာနိုင်တာမို့ သန့်သန့်ရှင်းရှင်း နေထိုင်ပါ။ တစ်ခုခုကိုင်တွယ်ပြီး တိုင်း လက်ဆေးပါ။

☔️ အာဟာရဖြစ်မယ့် အစားအသောက်များကို စားသုံးပေးပါ။ မသန့်ရှင်းတဲ့ အစားအစာတွေကို မစားမိဖို့ သတိရှိပါ။ အစာစားပြီးတိုင်း ရန်ကုန်မဟာဖြေဆေး ကို မှီဝဲနိုင်ပါတယ်။

☔️ #ဝုန်းဝမ်းရန်ကုန်မဟာဖြေဆေး သည် အစာစားပြီး ဝမ်းဖောဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်၊ ဗိုက်နာဗိုက်အောင့်၊အထက်လှန်အောက်လျှော၊ အရက်မူးလွန်ခြင်း များကို ပျောက်ကင်းစေနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် မီးနေသည်များလည်း သောက်သုံးနိုင်ပါသည်။

☔️ မိုးတွင်းချိန်ခါတွင် လူသားအားလုံးရောဂါဘယကင်းဝေးပြီး ကျန်းမာကြပါစေ။

#ဝုန်းဝမ်းဆေးတိုက်ရန်ကုန်
#ဝုန်းဝမ်းလားရှိူး
#မဟာဖြေဆေး
#မဟာဖြေဆေးစိမ်း
#ရန်ကုန်မဟာဖြေဆေး
#ဝုန်းဝမ်းရန်ကုန်မဟာဖြေဆေး
#မိုးရာသီ
#ဝမ်းပျက်ဝမ်းလျှော

Phone - 095261064
Viber - 095261064

#
&Healthy #

12/08/2026

လက်ရှိ ရာသီဥတုနှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် မြန်မာနိုင်ငံနေရာတော်တော်များများမှာ ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါများ သတိပြုဖွယ် ဖြစ်ပွားလျက်ရှိပါတယ်။ မိသားစုဝင်များ ကျန်းမာစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် စားသောက်ပြုမူနေထိုင်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
1. ဆောင်ရန်များ
သန့်ရှင်းသော ရေကိုသာ သောက်သုံးပါ - သောက်ရေကို (၁၀) မိနစ်ခန့် ဆူပွက်အောင် ကျိုချက်ပြီးမှ သောက်သုံးပါ။ သောက်ရေသန့်ကိုသာ ရွေးချယ်သုံးစွဲပါ။
လက်ကို စနစ်တကျ မကြာခဏ ဆေးပါ - အစာမစားမီ၊ အစားအစာ မကိုင်တွယ်မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် စက္ကန့် (၂၀) ကြာအောင် သေချာစွာ ဆေးကြောပါ။
ဓာတ်ဆားရည် ဖြည့်ဆည်းပါ - ဝမ်းနည်းနည်းစသွားသည်နှင့် ခန္ဓာကိုယ် ရေဓာတ်မခမ်းခြောက်စေရန် ဓာတ်ဆားရည်ကို နည်းနည်းနှင့် မကြာခဏ သောက်ပေးပါ။
အစာကို ပူပူနွေးနွေး စားသုံးပါ - အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်ပြီး ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် သာ စားသုံးပါ။

2. ရှောင်ရန်များ
ယင်ကောင်နားသော/မသန့်ရှင်းသော အစားအစာများ ရှောင်ပါ - မသန့်ရှင်းသော အစားအစာများ၊ ယင်ကောင်နားထားသော အစားအစာများနှင့် မအုပ်ထားသော ဟင်းများကို လုံးဝမစားပါနှင့်။
အစာအစိမ်းနှင့် အေးစက်နေသော အစားအစာများ ရှောင်ပါ - အသီးအရွက်အစိမ်းများ၊ အအေးစာများနှင့် ညသိပ်အစာများကို ခေတ္တရှောင်ကြဉ်ပါ။
ရေစိမ်း၊ ရေနွေးမကျိုထားသောရေ လုံးဝမသောက်ပါနှင့် - ရေခဲတုံးများ၊ မသန့်ရှင်းသော အအေးရေများကို ရှောင်ကြဉ်ပါ။
ဝမ်းပိတ်ဆေးများ သောက်ခြင်းမှ ရှောင်ကြဉ်ပါ - ဝမ်းသွားလျှင် ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဝမ်းပိတ်ဆေးများ ချက်ချင်းသောက်ခြင်းသည် ပိုးမွှားများကို အူလမ်းကြောင်းထဲ ပိတ်မိစေနိုင်သဖြင့် မသောက်သင့်ပါ။

3. စားသောက်ပြုမူနေထိုင်နည်း
အစာကြေလွယ်သော အစာများ ရွေးချယ်ပါ - ဆန်ပြုတ်၊ စွပ်ပြုတ်၊ အဆီနည်းသော ဟင်းရည် ပူပူလေးများကို သောက်သုံးပေးပါ။
အစပ်၊ အဆီနှင့် နို့ထွက်ပစ္စည်းများ ခေတ္တရှောင်ပါ - အူလမ်းကြောင်း မအီမသာ ဖြစ်နေချိန်တွင် အဆီအစိမ့်၊ အစပ်နှင့် နို့/ဒိန်ချဉ် စသည်တို့ကို ခေတ္တရှောင်ထားပါ။
ပတ်ဝန်းကျင်နှင့် အိမ်သာ သန့်ရှင်းရေး - အိမ်သာ၊ ရေချိုးခန်းနှင့် အမှိုက်ပုံးများကို ထုံး သို့မဟုတ် ပိုးသတ်ဆေးဖြင့် သန့်ရှင်းစွာ ထားရှိပါ။

💡 အထူးသတိပြုရန် ‼️
ဝမ်းသွားခြင်းနှင့်အတူ အော့အန်ခြင်း၊ ဖျားခြင်း၊ ခြေမကိုင်နိုင်လက်မကိုင်နိုင် မောပန်းခြင်း သို့မဟုတ် မှိန်းသွားခြင်းများ ရှိပါက အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသ ကုသမှုခံယူပါ။

မိဘပြည်သူများအားလုံး ကျန်းမာရေးအသိဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဘယများမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏

#ဝမ်းပျက်ဝမ်းလျှော
#မိုးရာသီ

08/08/2026

ခေတ်အဆက်ဆက် အဘိုးအဘွားတွေလက်ထက်ကတည်းက အိမ်တိုင်းရဲ့ ဆေးသေတ္တာထဲမှာ မရှိမဖြစ် ဆောင်ထားကြတဲ့ "ဝုန်းဝမ်း ရန်ကုန်မဟာဖြေဆေး" ✨😊

အစားမှားလို့ပဲဖြစ်ဖြစ်၊ အစားအသောက်တွေ အများကြီးစားမိလို့ ဗိုက်ကယ်၊ ဗိုက်ပွပြီး နေမထိထိုင်မသာ ဖြစ်နေရင်ပဲဖြစ်ဖြစ် သောက်လိုက်တာနဲ့ ရင်ထဲမှာ ချက်ချင်းအေးခနဲဖြစ်သွားပြီး နေလို့ကောင်းသွားမှာပါ။

ဝမ်းပျက်ဝမ်းလျှောတာနဲ့ အစာမကြေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်လို့ အပြင်သွားရင်ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အမြဲဆောင်ထားဖို့ မမေ့နဲ့နော် 💛

Phone & Viber - 095261064

#ခေတ်အဆက်ဆက်ရွေးချယ်

#မဟာဖြေဆေး
#မဟာဖြေဆေးအစိမ်း
#ရန်ကုန်မဟာဖြေဆေး
#ရှမ်းဆေးအစာဖျက်ဆေး
#ဦးစိုင်းလိတ်၏မဟာဖြေဆေး

29/07/2026

“ ဝါဆိုလပြည့် ”
ဓမ္မစကြာအခါတော်နေ့

ကမ္ဘာသူ ကမ္ဘာသား၊ ရဟန်း ရှင် လူ မိဘပြည်သူများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး၊
ကပ်ကြီးသုံးပါးမှ ကင်းဝေးကြကာ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေကြောင်း “ဝုန်းဝမ်း”မိသားစုမှ ဆုမွန်ကောင်း ပို့သအပ်ပါသည်။

26/07/2026

လည်ချောင်းယားပြီး သလိပ်ကပ်တာ၊ ရာသီဉတုကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေကို အမှန်တကယ် သက်သာစေတဲ့ #မဟာချောင်းဆိုးပျောက်ဆေး
ဆိုးချင်သလောက်ဆိုး မဟာ ရှိရင် ရပြီ နော်😉

#ဝုန်းဝမ်းဆေးတိုက်(ရန်ကုန်)
#ဝုန်းဝမ်းဆေးတိုက်(လားရှိူး)
#မဟာချောင်းဆိုးပျောက်ဆေး
#မဟာဖြေဆေး
#ရှမ်းမလေးသွေးဆေး

27/06/2026

🤗ဘယ်လောက်ဆိုးနေနေ နောက်က လိုက်ရှင်းပေးတဲ့
#မဟာချောင်းဆိုးပျောက်‌ဆေး

💁ကိုယ်ဆိုးခဲ့သမျှ သူနဲ့မှ အကောင်းပကတိ ပြန်ဖြစ်သွားရတာပါ ဆိုရင်တော့
အဲ့ဒါ မဟာချောင်းဆိုးပျောက်ဆေးနဲ့ တွေ့သွားလို့ပဲ ဖြစ်မှာပါ

🤔ဘာကြောင့်ပဲ ချောင်းဆိုးနေပါစေ
🤔ဘယ်လိုချောင်းပဲဆိုးပါစေ

👉လည်ချောင်းယားပြီး သလိပ်ကပ်တာ၊ ရာသီဉတုကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေကို အမှန်တကယ် သက်သာစေတဲ့ #မဟာချောင်းဆိုးပျောက်ဆေး

ဆိုးချင်သလောက်ဆိုး မဟာ ရှိရင် ရပြီ နော်👌

#ဝုန်းဝမ်းဆေးတိုက်(ရန်ကုန်)
#ဝုန်းဝမ်းဆေးတိုက်(လားရှိူး)
#မဟာချောင်းဆိုးပျောက်ဆေး
#မဟာဖြေဆေး
#ရှမ်းမလေးသွေးဆေး

29/05/2026

ချောင်းစို ၊ ချောင်းခြောက် ဘာလို့ဆိုး❗❗

🍀ချွဲသလိပ်တွေထွက်ပြီး ချောင်းဆိုးတာဟာ ခန္ဓာကိုယ်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ရှိနေတဲ့ အညစ်အကြေးတွေကို အပြင်ထုတ်ဖို့ ကြိုးစားတာ ဖြစ်ပြီး ချောင်းစို ဆိုးတယ်လို့ သတ်မှတ်နိုင်ပါတယ်

👉ချောင်းဆိုးရင် သလိပ်မထွက်ဘဲ လည်ချောင်းထဲက တဟွတ်ဟွတ်နဲ့ ယားယံပြီး ဆိုးတာမျိုး၊

👉 အာခေါင် ခြောက်သွေ့ပြီး ဆိုးတာမျိုးကိုတော့ ချောင်းခြောက်ဆိုးတယ်လို့ သတ်မှတ်လေ့ရှိကြပါတယ်

ချောင်းစိုကတော့ အသက်ရှူလမ်းကြောင်းကို သန့်စင်ဖို့ ချွဲသလိပ်ထုတ်ပေးခြင်းကြောင့် ဖြစ်ပြီး
🍀ဓာတ်မတည့်တာ၊
🍀ပန်းနာရင်ကျပ်အခံရှိတာနဲ့
🍀လေထုခြောက်သွေ့တာကြောင့် ချောင်းခြောက်ဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်

👉ဒီလိုချောင်းဆိုးတဲ့အခါ အနည်းနဲ့အများတော့ အားအင်ကုန်ပြီး ပင်ပန်းတတ်ကြပါတယ်
ဆိုးနေတဲ့ချောင်းကို မကြာရှည်စေဖို့ဆိုရင်
#မဟာချောင်းဆိုးပျောက်ဆေးကို သာ ရွေးချယ်လိုက်ပါ

👉ချောင်းစို၊ ချောင်းခြောက် ဘယ်လို ချောင်းပဲ ဖြစ်ဖြစ် မဟာ နဲ့တွေ့ရင် အမြန်ဆုံး သက်သာသွားစေမှာမို့

🙆သုံးဖူးသူတိုင်း နှစ်သက်တာ မဟာချောင်းဆိုးပျောက်ဆေးပါ💯

#ဝုန်းဝမ်းဆေးတိုက်(ရန်ကုန်)
#ဝုန်းဝမ်းလားရှိူး #ချောင်းဆိုးပျောက်ဆေး
#မဟာချောင်းဆိုးပျောက်ဆေး

10/05/2026

မေမေတို့ရဲ့ မေတ္တာဆိုတာ သားသမီးတွေ ဘာပဲဖြစ်ဖြစ် အမြဲတမ်း ရှေ့ဆုံးကရှိနေတာမျိုးပါ ❤️✨

ကလေးတွေ ဗိုက်နာဗိုက်အောင့်တာမျိုး၊ ဝမ်းပျက်ဝမ်းလျှောတာမျိုးလို ဝမ်းပြဿနာတွေ ကြုံလာရတိုင်း မေမေတို့ အားအကိုးရဆုံးကတော့ ရန်ကုန်မဟာဖြေဆေး ပဲ မဟုတ်လား။

အမေတိုင်းရဲ့ ယုံကြည်အားကိုးမှုကို နှစ်ပေါင်းများစွာ ရရှိထားတာကြောင့် ဝုန်းဝမ်းရန်ကုန်မဟာဖြေဆေးမိသားစုမှ တကယ်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။ 🐯💊

ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ မေမေတို့အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သားသမီးတွေရဲ့ အားကိုးရာဖြစ်တဲ့ မေတ္တာရှင်ကြီးများအဖြစ် ထာဝရ တည်ရှိနေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော် 🥰🌹✨

#အမေများနေ့

#မဟာဖြေဆေး
#မဟာဖြေဆေးအစိမ်း
#ရန်ကုန်မဟာဖြေဆေး
#ရှမ်းဆေးအစာဖျက်ဆေး
#ဦးစိုင်းလိတ်၏မဟာဖြေဆေး
#ယာကေလျက်

10/05/2026

‼️Hantavirus ကူးစက်ခံရပါက Hantavirus Pulmonary Syndrome (HPS) လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ဖျားနာမှုကို ဖြစ်စေနိုင်ပြီး သေဆုံးသည်အထိ အသက်န္တရာယ်ရှိနိုင်ပါတယ်။
Hantavirus ဆိုတာဘာလဲ?
Hantavirus ဆိုတာကတော့ ကြွက်တွေနဲ့ အခြားသတ္တဝါတွေကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။

Hantavirus ဘယ်လိုကူးစက်သလဲ?
• ကူးစက်ခံရတဲ့ကြွက်တွေရဲ့ ဆီး၊ မစင်နဲ့ တံတွေးတို့မှတစ်ဆင့် Hantavirus ကို ကူးစက်နိုင်ပါတယ်။
• နေအိမ်၊ ရုံးခန်း စတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကြွက်တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။
• Hantavirus ဗိုင်းရပ်စ်ရှိနေတဲ့ ဆီး၊ မစင်၊ တံတွေးတို့ကို ကိုင်မိတဲ့အခါ ကူးစက်နိုင်ပါတယ်။
• ဒါ့အပြင် ကြွက်အကိုက်ခံရတဲ့အခါ ကူးစက်နိုင်ပါတယ်။

Hantavirus အန္တရာယ်ကိုဘယ်လိုကာကွယ်ရမလဲ?
• နေအိမ်ပတ်ဝန်းကျင်နဲ့ ရုံးခန်းပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ထားရှိခြင်း။
• ကြွက်တွေ လာနိုင်တဲ့ နေရာတွေကို ပိတ်ဆို့ခြင်း။ ဥပမာ - ကြွက်တွင်းတွေကို ပိတ်ခြင်း။
• ကြွက်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် သတိထားခြင်း။
• ကြွက်ကိုင်တွယ်ရာမှာ လက်အိတ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်း။

Hantavirus ရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ?
• ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။
• အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း။
• ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပျက်စီးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Hantavirus ကူးစက်ခံရပါက ဘာလုပ်ရမလဲ?
ချက်ချင်း ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ပိုမိုသိရှိလိုပါက WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ Website ဒါမှမဟုတ် နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အထက်ပါအကြောင်းအရာကို နေ့စဉ်ဂရုစိုက်ပြီး နေထိုင်ကြပါ ရှင့် ။

ကျန်းမာကြပါစေ 🙏


#ဟန်တာဗိုင်းရပ်စ်

#2026

Website

Address


Hnin Cherry Road, Thingangyun TSP
Yangon
N.A