Naing Naing

Naing Naing

Share

Work from home

14/11/2025
07/10/2025

ငါ မမှားဘဲ အပေါ်ကိုယုတ်မာခဲ့တာတွေကို နားလည်မှုတွေ ကုန်ဆုံးခဲ့ပြီးပြီ

25/09/2025

လူတချို့ရဲ့ မျက်နှာဖုံးတွေက
ကွာလတီကောင်းလွန်းတော့
အတုမှန်း
အစစ်မှန်း မသိသာဘူး.....

ရုန်းကန်နေရတဲ့ အခြေအနေမို့သာ
အရာရာကို အပြုံးနဲ့
တုံပြန်လိုက်ရတာ
ရင်ထဲမှာတော့
အောင့်သက်သက်နဲ့ … 😉

24/09/2025

ဘယ်လောက်နေရမလဲမသိတဲ့
လက်ကျန်နေ့ရက်လေးတွေမှာ
ဘယ်သူ့ကိုမှ စိတ်မဆိုးဘဲ နေချင်တယ် ။

အလိုမများတဲ့သူဟာ ချမ်းသာတယ် ။
ခွင့်လွှတ်တတ်သူဟာ ငြိမ်းချမ်းတယ် ။

ဆုပ်ကိုင်မထားတဲ့သူဟာ ပေါ့ပါးတယ် ။
အခိုက်အတန့်လေးတိုင်းမှာ
နေနိုင်သူဟာ ရှင်သန်တယ် တဲ့ ။

အချိန်တန်ရင်
ရောဂါတစ်ခု ရောက်လာပြီး
နာကျင်ဆင်းရဲကြဦးမယ့် အတူတူ

သူများအပူတွေ ပိုမယူဘဲ
အခုအချိန်လေးတွေတော့
ဉာဏ်နဲ့ယှဉ်ပြီး ပျော်အောင်နေဦးမယ် ။

(မူရင်းရေးသားသူအားလေးစားစွာဖြင့်)


Tamudaya Thit Sar 🌹

21/09/2025

တဖြေးဖြေးနဲ့ အသက်အရွယ်တစ်ခု ရလာတော့
တိတ်ဆိတ်အေးချမ်းမှုကိုသာ မက်မောလာတယ်
ဘယ်အရာမှ မမြဲဘူးဆိုတာကိုအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရတော့ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာဆိုတာကို
နှလုံးသွင်းတတ်လာတယ် ။
ရေစက်ရှိသလောက်ပဲ ကြုံတွေ့ရမှာမို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဆုံစည်းခွင့် ရတုန်းလေးမှာစိတ်ကလေးကို
အတတ်နိုင်ဆုံး ဖြူအောင်ထားဖြစ်တယ်...
ခွင့်လွှတ်နိုင်သလောက် ခွင့်လွှတ်ပြီးခွင့်မလွှတ်နိုင်တော့ရင် မပတ်သက်ခြင်းဖြင့်သာကိုယ့်စိတ်အေးချမ်းမှုကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။

20/09/2025

အပေါ်ယံလူတစ်ချို့ကြောင့်
တဖြည်းဖြည်း
သံယောဇဉ်နည်းတတ်ခဲ့ပြီ

လိုအပ်မှ ခင်မင်ပြတဲ့လူတစ်ချို့ကြောင့်
တစ်ယောက်တည်းနေရတာ
အသားကျလာခဲ့ပြီ

မုသားတွေနဲ့
လိမ်ညာတတ်တဲ့လူတစ်ချို့ကြောင့်
ယုံကြည်မှုတွေ အေးစက်လာခဲ့ပြီ

အသုံးချခံတာ များလာတော့လည်း
လူတိုင်းအပေါ် စေတနာတွေ
လျော့နည်းလာခဲ့ပြီ.

ကိုယ့်အပေါ် ဘာမဟုတ်တဲ့လူတွေအတွက်
အချိန်မဖြုန်းသင့်ဘူးဆိုတာ
သိလာခဲ့ပြီ

စေတနာတွေ ယုံကြည်မှုတွေ ကိုယ့်ရဲ့အချိန်တွေ
အဆုံးရှုံးခံဖို့မလိုတော့ဘူးဆိုတာ
နားလည်ခဲ့ပြီ

ဘာမှမတန်တဲ့ လူတွေအတွက်
ဘာမှ မပေးချင်တော့တဲ့
ကိုယ့်ဆုံးဖြတ်ချက်ဟာ

သူတို့အတွက်တန်ရာဆိုတာ
သိလာခဲ့ပါပြီ

20/09/2025

‎ကိုယ့်အပေါ် သူစိမ်းဆန်သွားတဲ့သူတွေကို
‎သူစိမ်းဆန်သွားတဲ့ အတိုင်းပဲ ထားလိုက်တယ်
‎ကိုယ့်ဘက်ကစခေါ်ဖို့ ထပ်ပတ်သက်ဖို့
‎အစီအစဥ်မရှိဘူး ။
‎
‎မှန်တစ်ချပ်လို ပြုမှုဖို့ မထိုက်တန်တဲ့ လူတွေကိုတော့ သူ့ဝဋ်နဲ့သူပဲ ထားလိုက်တယ် ။
‎
‎တစ်ယောက်တည်း အထီကျန်လားဆိုတော့
‎"ဟင့်အင်း" ပါ ။
‎သီချင်းတွေရှိတယ်
‎ပန်းတွေရှိတယ်
‎စာအုပ်တွေရှိတယ်
‎စစ်မှန်သော လူအနည်းစုပါ ရှိသေးတယ် ။
‎
‎တိတ်ဆိတ်မှုကိုပဲ ကိုယ်ရွေးချယ်လိုက်တာမို့
‎လူတချို့နဲ့ပတ်သက်ပြီးတော့ ကောင်းခြင်း၊
‎ဆိုးခြင်းတွေကို ကိုယ်စိတ်ဝင်စားတော့မှာမဟုတ်ဘူး ။
‎
‎အေးချမ်းခြင်းကိုပဲ လိုက်လံရှာဖွေနေတဲ့
‎လူသားတစ်ယောက်မို့
‎ပူလောင်မှု့ပေးတဲ့ရပ်ဝန်းကိုတော့ တတ်နိုင်သမျှ
‎ဝေးဝေးကနေ ရှောင်ပါတယ် ။
‎

Category

Website

Address


Pathein
Yangon