Venus Skinlux

Venus Skinlux

Share

Providing the best At Home Spa care products for you Your Perfect Beauty Partner

05/08/2026

Return & Save! 🌿✨
We’ve updated our packaging to new aluminum foil pouches with window and we want them back!

♻️ Return 1 Empty Pouch at popup = Get 500 MMK OFF
Small steps for us, big steps for the planet. Start saving your pouches today! 🌸

#ကျန်းမာရေးရေချိုးခြေစိမ်ဆားခါး

01/08/2026

Today isn't just for couples, it’s for the girlfriends who make life sweeter and these home spa goodies! are for you. 💐✨

Tag your bestie, your soul sister, or the girlfriend who deserves a little extra pampering today! 💕👇

Happy National Girlfriend’s Day from Venus Skinlux! 💖🛁

30/07/2026

ရေချိုးချိန်လေးကို ပန်းခင်းလေးတစ်ခုထဲ ရောက်သွားသလို အပန်းဖြေချင်သူတွေအတွက် Venus Skinlux ရဲ့ Floral Bath Bomb လေးတွေ ရရှိနိုင်ပါပြီရှင်
🌸✨

ရိုးရိုး Bath Bomb လေးတွေနဲ့ မတူတဲ့ အချက်ကတော့ သဘာဝ ပန်းပွင့်ဖတ်စစ်စစ်လေးတွေကို ရောင်စုံ Bath Bomb လေးတွေပေါ်မှာ အလှဆင် ဖိသိပ်ပေးထားတာမို့ ပန်းပွင့်ဖတ်လေးတွေနဲ့ ကိုယ်ပိုင် ပန်းခင်းလေးတစ်ခုလို မျက်စိပသာဒဖြစ်စေမယ့် အပြင် ပန်းရနံ့လေးတွေလည်းပိုလွှမ်းခြုံနေမှာပါ 🛁🌷

ရရှိနိုင်မယ့် ပန်းရနံ့လေးများကတော့:
Floral Bamboo 🎋 လတ်ဆတ်ဆန်းသစ်တဲ့ သဘာဝသစ်တော ရနံ့လေးနဲ့ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။
Rose 🌹 ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှင်းဆီရနံ့လေးနဲ့ အသားအရေကို ပိုမို ဝင်းပနူးညံ့စေပါတယ်။
Lavender 💜 စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့်လာဗန်ဒါ ရနံ့လေးပါ။
Chamomile 🌼 နူးညံ့တဲ့ အထိအတွေ့နဲ့အတူ ယားယံတာနဲ့ နီရဲတာတွေကို သက်သာစေလို့ အသားအရေ ထိခိုက်လွယ်သူတွေနဲ့ အဆင်ပြေဆုံးပါ။
Calendula 🧡 သဘာဝ Calendula ပန်းပွင့်လေးတွေပါဝင်လို့ အသားအရေ အစိုဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးပြီး ကျန်းမာဝင်းပစေပါတယ်။

Weekend လကုန်ရက်လေးမှာတော့ Floral Bath Bomb လေးတွေနဲ့ Homespa လုပ်ရင်း အနားယူလိုက်ကြရအောင် ဗီးနက်စ်လေးတို့ရေ 🥰💗

29/07/2026

🌕 မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယမှာ ✨🙏 Venus Skinlux မိသားစုမှ ချစ်ရတဲ့ ချစ်သူများအားလုံး ဝါဆိုလပြည့်နေ့ထူးနေ့မြတ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအေးချမ်းပြီး ကောင်းမွန်သော ကုသိုလ်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨💛

TikTok · shunn_the little 28/07/2026

Unboxing Venus -Huu Self care gift box 🎁

TikTok · shunn_the little

24/07/2026

Self-care ဆိုတာ Selfish ဖြစ်တာ မဟုတ်ပါဘူး 🌸✨
သူတစ်ပါးကို ဂရုစိုက်ပြီး အချစ်တွေ ပေးနိုင်ဖို့ဆိုရင် ရှေ့ဆုံးကနေ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ချစ်ပေးဖို့နဲ့ စွမ်းအင်တွေ ဖြည့်ထားဖို့ လိုပါတယ်ရှင်။

Self-care ဆိုတာ ကြီးကြီးမားမားတွေ လုပ်ယူရမှာ မဟုတ်ပါဘူး။ တစ်နေကုန် ပင်ပန်းလာသမျှကို ရေနွေးနွေးလေးနဲ့ ဆေးကြောတာ၊ မွှေးပျံ့တဲ့ သဘာဝရနံ့လေးနဲ့ ခဏလောက် အနားယူတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ နေ့စဉ် ရေချိုးချိန်လေးမှာ စိတ်ရောကိုယ်ပါ ငြိမ်းအေးအောင် ဂရုစိုက်ပေးလိုက်တာမျိုး သာမန် လွယ်ကူတဲ့ အပြုအမူသေးသေးလေးတွေကလည်း လှပတဲ့ Self-care ပါပဲနော် 🌿🛁

ဒီနေ့ရော နေ့တိုင်းအတွက် ကိုယ့်အတွက် အချိန်နည်းနည်းလေး ပေးပြီး စိတ်ရောကိုယ်ပါ အနားပေးလိုက်ရအောင် ဗီးနက်စ်လေးတို့ရေ 🥰💗

Photos from Venus Skinlux's post 23/07/2026

မိုးဒဏ်မမှုတဲ့ ဆံနွယ်လေးတွေ... 🌧️✨

မိုးရာသီရဲ့ စိုစွတ်ထိုင်းမှိုင်းမှုနဲ့ မိုးရေထဲက အညစ်အကြေးတွေကြောင့် ဦးရေပြား ယားယံ၊ အဆီပြန်ပြီး ဆံပင်တွေကျွတ်နေပြီလား?

Venus Skinlux ရဲ့ သဘာဝအဆီအနှစ်စစ်စစ်တွေနဲ့ ဖော်စပ်ထားတဲ့ Shampoo Bar လေးတွေထဲကမှ မိုးဒဏ်ကို ခံနိုင်ဖို့ အထောက်အကူအဖြစ်ဆုံး ရှန်ပူဘားလေးတွေပြောပြပေးမယ်နော် 🌿

Shikakai (တရော်ကင်ပွန်း) Shampoo Bar 🧼 ကတော့ ရှေးယခင်တည်းက ဆံကေသာအတွက် အကောင်းဆုံးလို့ သတ်မှတ်ထားကြတဲ့ တရော်ကင်ပွန်းရဲ့ သဘာဝအစွမ်းကြောင့် ဦးရေပြား ယားယံတာနဲ့ ဗောက်ထတာတွေကို သဘာဝအတိုင်း အေးမြသန့်စင်ပေးပြီး ဆံပင်ကျွတ်တာကို ထိရောက်စွာ သက်သာစေပါတယ်ရှင်။

Bamboo Charcoal (ဝါးမီးသွေး) Shampoo Bar 🖤 ဆိုရင် မိုးရာသီမှာ အဖြစ်များတဲ့ ဦးရေပြား အလွန်အမင်း အဆီပြန်တာနဲ့ ချွေးပေါက်ပိတ်တာတွေကို ဝါးမီးသွေးရဲ့ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်တဲ့ အစွမ်းနဲ့ Detox လုပ်ပေးပြီး တစ်နေကုန် ပေါ့ပါး လန်းဆန်းစေမှာပါ။

Rice Shampoo Bar 🥥🌾 လေးကတော့ မိုးရေထိလို့ ဖွာလန်ကြဲပြီး အသက်မဲ့နေတဲ့ ဆံသားတွေကို ဆန်နဲ့အုန်းသီးတို့ရဲ့ပေါင်းစပ်မှုနဲ့ နက်ရှိုင်းတဲ့ အစိုဓာတ်နဲ့ ဖြည့်တင်းပေးပြီး ပိုးသားလေးလို နူးညံ့ပျော့ပျောင်း အိစက်သွားစေပါတယ်နော်။

မိုးရာသီမှာလည်း ခေါင်းအစ ခြေအဆုံး ယုံကြည်မှုအပြည့်နဲ့ ကျန်းမာလှပဖို့ ကိုယ့်ဆံကေသာ အမျိုးအစားနဲ့ အကိုက်ညီဆုံး သဘာဝ Shampoo Bar လေးကို ရွေးချယ်လိုက်ရအောင် ဗီးနက်စ်လေးတို့ရေ 🥰💗

Photos from Venus Skinlux's post 22/07/2026

စစချင်း ရေနွေးနွေးလေးအောက်မှာ Lavender Shampoo Bar လေးနဲ့ ခေါင်းစလျှော်လိုက်ရုံနဲ့တင် လာဗန်ဒါရဲ့ သဘာဝရနံ့သင်းသင်းလေးက ခေါင်းထဲက ရှုပ်ထွေးနေတာတွေကို ချက်ချင်းပြေပျောက်သွားမယ်💜

ပြီးရင် Pink Bath Salt လေးကို စိမ်ထားတဲ့ ရေနွေးနွေးလေးထဲ ခဏစိမ်၊ Bath Sponge လေးနဲ့ တရော်ကင်ပွန်း Bath Powder အသားအရေပေါ်က အညစ်အကြေးတွေကို ညင်သာစွာ ပွတ်တိုက်ပေးလိုက်တဲ့အခါ...
သဘာဝအဆီအနှစ်တွေရဲ့ အထိအတွေ့ကြောင့် ကလေးငယ်လေးတစ်ယောက်လို အသားအရေက နူးညံ့အိစက်သွားပြီး စိတ်ရောကိုယ်ပါ ငြိမ်းအေးသွားတာကို ခံစားရမှာပါ 🌸✨

ဒီလိုမျိုး သဘာဝအတိုင်း အပြည့်အဝ အပန်းဖြေပြီးတဲ့အခါမှာတော့ တစ်နေကုန်ပင်ပန်းသမျှတွေဝေးဝေးပြေး အိမ်မက်လှလှလေးတွေနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဖို့ပဲ လိုတော့တာပေါ့ 💤🛌

သဘာဝ ရနံ့လေးတွေနဲ့အတူ ကိုယ့်ရဲ့ Self-care routine လေးကို အဆုံးသတ်လိုက်ပါနော် ဗီးနက်စ်လေးတို့ရေ 🥰💗

Photos from Venus Skinlux's post 19/07/2026

ဗီးနက်စ်လေးတို့ရဲ့ မေတ္တာတွေကြောင့် အမြဲအားပြည့်နေရတာ ကျေးဇူးပါနော် 💬✨

Venus Skinlux ရဲ့ ထုတ်ကုန်လေးတွေကို သုံးစွဲပြီး အဆင်ပြေရုံတင်မကဘဲ အခုလို အားတက်စရာ စကားလေးတွေ လာရောက်မျှဝေပေးကြတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မဆုံးပါဘူးရှင်။

Venus Skinlux Product လေးတွေကလေ Sulfate, SLS, SLES ကင်းစင်ပြီး Harsh Chemical လုံးဝမပါဝင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတွေ၊ နို့တိုက်မေမေတွေနဲ့ အသားအရေ ထိခိုက်လွယ်သူ (Skin Sensitive) ဖြစ်တဲ့သူတွေပါ စိတ်ချလက်ချ ယုံကြည်စွာ သုံးစွဲနိုင်တာမို့ တကယ့်ကို Safe ဖြစ်တဲ့ Homespa routine လေးကို အမြဲပေးစွမ်းနေမှာပါ 🌿🛡️

ဗီးနက်စ်လေးတို့ရဲ့ အသားအရေနဲ့ ဆံကေသာကို သဘာဝအတိုင်း အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ဖို့အတွက် အခုထက်မက ပိုပြီး ကြိုးစားသွားပါဦးမယ်နော် 🥰💗

18/07/2026

လွယ်ကူရိုးရှင်း ပလတ်စတစ်ကင်း... ♻️✨

ပလတ်စတစ်သုံးစွဲမှုကို လျှော့ချဖို့ဆိုတာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ချက်ချင်းလုပ်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ် ရေချိုး၊ ခေါင်းလျှော်တဲ့ Routine လေးကို ပိုပြီးရိုးရှင်းအောင် ပြောင်းလဲလိုက်ရုံနဲ့လည်း တတ်အားသမျှပါဝင်နိုင်ပါတယ်✨

ဒီနေ့အထိ ဗီးနက်စ်လေးတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် Venus Skinlux ကနေ ကမ္ဘာမြေကြီးအတွက် ပလတ်စတစ်ပုလင်းပေါင်း ၃,၇၉၇ ပုလင်း တိတိကို မလိုအပ်ဘဲ အမှိုက်ဖြစ်မသွားအောင် အတူတူ လျှော့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်း 🥳🎉

ရိုးရိုးအရည်ပုလင်းတွေအစား Venus Skinlux ရဲ့ သဘာဝ Shampoo Bar လေးတွေကို ပြောင်းသုံးလိုက်ရုံနဲ့တင်

* (၁)တုံးကို ပလတ်စတစ်ဘူး (၂) ဘူးစာ သက်သာစေတယ်
* သဘာဝအတိုင်း ထုတ်လုပ်ထားလို့ ဦးရေပြားနဲ့ ဆံသားတွေကို ညင်ညင်သာသာ ကိုင်တွယ်ပေးတယ်
* အခွံတွေ အမှိုက်တွေ မကျန်ခဲ့တဲ့ Zero Waste Habit ကို ရိုးရိုးရှင်းရှင်းလေး ပိုင်ဆိုင်နိုင်မှာပါ 🧼💚

ဒီ Plastic Free Julyမှာလည်း ပလတ်စတစ်ပုလင်းတွေကို အတူတူ ဆက်ပြီး လျှော့ချသွားရအောင်နော်။ အခုပဲ ကိုယ့်ရဲ့ Care Routine လေးကို ကမ္ဘာမြေချစ်စိတ်နဲ့အတူ ပိုမိုလှပအောင် ပြောင်းလဲလိုက်ပါ ဗီးနက်စ်လေးတို့ရေ 🥰🌸

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


တေးနုယဉ်လမ်း
Yangon
11061,11062,11063