Mè Beauty
Mè Beauty was born with the appreciation of beauty given by mother Earth in all its natural goodnes
🚨 မြန်မာပြည်ရဲ့ အပူရှိန် + စိုထိုင်းဆ + ဓာတုဗေဒပစ္စည်းတွေပါတဲ့ Skincare = သင်မသိလိုက်ဘဲ ဖြစ်သွားမယ့် အရေပြားပျက်စီးမှု
မြန်မာနိုင်ငံမှာ နေထိုင်သူဆိုရင်တော့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒီဒုက္ခကို သိကြမှာပါ - အပြင်ကို ၅ မိနစ်လောက် ထွက်လိုက်တာနဲ့ မျက်နှာပေါ်မှာ ချွေးတွေ၊ အဆီတွေ တန်းပြီး ပြည့်လာရောပဲ။
ဒါပေမဲ့ လူအများစု သတိမထားမိတဲ့အချက်တစ်ခု ရှိပါတယ် - သုံးနေတဲ့ Skincare က ဒီလိုရာသီဥတုနဲ့ ပြောင်းပြန်ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။
ပြင်းထန်တဲ့ အပူရှိန်၊ UV ရောင်ခြည်တွေနဲ့ စိုထိုင်းဆတွေကြားထဲမှာ ဓာတုဗေဒပစ္စည်းတွေ အများကြီးပါတဲ့ လေးလံတဲ့ Skincare တွေကို သုံးလိုက်တဲ့အခါ အရေပြားပေါ်မှာ "ပိတ်ဆို့မှုအာနိသင် (Trap Effect)" ကို ဖြစ်စေပါတယ်။
Synthetic အမွှေးနံ့သာတွေ၊ Parabens တွေနဲ့ ပြင်းထန်တဲ့ Sulfates တွေက အရေပြားပေါ်မှာ ဒီအတိုင်း ရှိနေတာမဟုတ်ဘဲ အပူရှိန်ကြောင့် ဓာတ်ပြုပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေကာ အရေပြားအတားအဆီး (Skin Barrier) ကို ပျက်စီးစေပါတယ်။
ရလဒ်အနေနဲ့ကတော့ ဘာလုပ်လုပ် မပျောက်နိုင်တဲ့ ရုတ်တရက် ဝက်ခြံထွက်တာ၊ အမည်းစက်ဖြစ်တာနဲ့ အသားအရေ ညိုညစ်တာတွေ ဖြစ်လာရတာပါ။
🌿 "Chemical-Free" နဲ့ သဘာဝအပင်အခြေခံ Skincare တွေက ဘာလို့ ထူးခြားတာလဲ -
ချွေးပေါက်ပိတ်ဆို့မှု လုံးဝမရှိခြင်း: သဘာဝအပင်အခြေခံ အာဟာရဓာတ်တွေက အသားအရေရဲ့ သဘာဝအဆီအလွှာနဲ့ တစ်ထပ်တည်းကျတာမို့ အရေပြားကို ပိတ်ဆို့မွန်းကျပ်မနေစေဘဲ ကောင်းကောင်း စိမ့်ဝင်သွားစေပါတယ်။
သင့်အသားအရေကို မွန်းကျပ်မနေစေပါနဲ့တော့။ အပူပိုင်းရာသီဥတုနဲ့ တကယ်ကို ကိုက်ညီပြီး အသားအရေကို အသက်ရှူရလွယ်ကူစေမယ့် Clean & Breathable ပါဝင်ပစ္စည်းတွေကို ပြောင်းလဲအသုံးပြုလိုက်ပါ။ ☀️✨
လှပကျန်းမာတဲ့ V-Shape လေး ရရှိဖို့ ဒီနေ့ပဲ Facial Oil လေးနဲ့ Massage လုပ်လိုက်ရအောင်~ 💆♀️✨
**Gua Sha ရဲ့ Magic ကို အပြည့်အဝ ရချင်ရင် ဒါလေးကို မမေ့ပါနဲ့! 💖**
ဂွါရှာနဲ့ နှိပ်နယ်တဲ့အခါ မိမိရဲ့ Skincare Routine ထဲမှာ **Facial Oil** ပါမှကို ပြီးပြည့်စုံမှာပါ။
အဆီမပါဘဲ ဒီအတိုင်း ပွတ်တိုက်ရင် အသားအရေ အရေးအကြောင်း ထွက်လွယ်ပြီး မလိုအပ်ဘဲ နီရဲလာတတ်ပါတယ်။
✨ **Facial Oil သုံးပေးရင် ရနိုင်တဲ့ အကျိုးကျေးဇူးများ:**
* မျက်နှာပေါ်မှာ ကျောက်တုံးလေး လျှောလျှောရှူရှူ ရွေ့လျားစေတယ်
* အသားအရေ ဆွဲဆန့်ခံရခြင်းမှ ကာကွယ်ပေးတယ်
* အဆီထဲက အာဟာရဓာတ်တွေကို အသားအရေထဲ ပိုမိုစိမ့်ဝင်စေတယ်
ဒီတော့ ဂွာရှာ မလုပ်ခင် **Facial Oil လေး ၃/၄ စက်** အရင်လိမ်းဖို့ မမေ့နဲ့နော်! 😉
10/07/2026
ဝယ်မလား... စဉ်းစားနေတုန်း စျေးခြင်းတောင်းထဲက ပစ္စည်းလေးတွေ တခြားသူ လက်ဦးသွားရင် နောင်တရရချေဦးမယ်! ⏳🔥
ချစ်ရတဲ့ မမ၊ ညီမလေးတို့ရေ... Me' Beauty ကနေတစ်ခါပဲ ရှိမယ့် အမိုက်စား MID-YEAR SALE ကြီး စတင်လိုက်ပါပြီ! 🥳✨
အသားအရေကို အမြဲကြည်လင်လှပနေစေဖို့ နေ့တိုင်း မရှိမဖြစ် လိုအပ်တဲ့ Skincare item တွေကို UP TO 50% OFF အထိ တစ်ဝကြီး လျှော့စျေးနဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးကြီးနော်။ 😍🛍️
"SHOP MORE, SAVE MORE!"
ဝယ်လေ သက်သာလေမို့ စိတ်ကြိုက် ယူရုံပဲ။ ဒါပေမဲ့ တစ်ခုတော့ ကြိုပြီး သတိပေးပါရစေ... နာမည်ကြီးပြီး အဝယ်အများဆုံး item တချို့က Limited Stock (အကန့်အသတ်နဲ့ပဲ ကျန်တော့တာ) ဖြစ်လို့ စောစောလေး လာဦးမှ စိတ်ချရမယ်နော်။ လက်နှေးရင်တော့ ကုန်သွားလို့ စိတ်မကောင်းဖြစ်ရပါလိမ့်မယ်။ 🏃♀️💨
ပြတင်းပေါက်ကနေ ငေးကြည့်နေရုံနဲ့တော့ အသားအရေက လှမလာဘူးနော်... အခုပဲ မိမိအကြိုက်ဆုံး Skincare လေးတွေကို လက်ဦးမှုရယူဖို့ Page Messenger မှာ အမြန်ဆုံး လာရောက်မှာယူလိုက်ပါတော့ရှင်။ 🛒👇
Online Only 🛒👇
24/06/2026
Give away လေးပေါက်သွားတဲ့ အကောင့်လေးတွေပါရှင့်
မနေ့က မယ် food poison ဖြစ်လို့ ဒီနေ့မှ တင်လိုက်ရတာ အားနာပါတယ် cb မှာ လာ ယူပေးပါအုံးနော်
Profile တွေကို ကြည့်မရလို့ ဒီတိုင်းပဲတင်လိုက်ပါတယ်
သင့်ရဲ့ Skincare တွေတင် သုံးနေရုံနဲ့ ဘာလို့ ထိရောက်မှု အားနည်းနေရတာလဲ?
ခရမ် (Creams) တွေလိမ်းတာက အရေပြားရဲ့ အပေါ်ယံအလွှာကိုပဲ ပြုပြင်ပေးနိုင်တာပါ။
အရေးအကြောင်းတွေ အမှန်တကယ် စတင်ဖြစ်ပေါ်တဲ့ အရေပြားအတွင်းပိုင်းအလွှာအထိ ထိရောက်ဖို့ဆိုရင် Marine Collagen က အတွင်းပိုင်းကနေ အပြင်ဘက်အထိ ထိရောက်စွာ အလုပ်လုပ်ပေးနိုင်ပါတယ်ရှင့်
゚
18/06/2026
သနပ်ခါးနဲ့တင်းတိတ် တည့်လား မတည့်ဘူးလား?
"တင်းတိပ်ဖြစ်နေတဲ့ မျက်နှာကို သနပ်ခါး လိမ်းလို့ ရလား?" ဆိုပြီး မေးတတ်ကြပါတယ်။
တိုတိုနဲ့ လိုရင်း အရင်ဖြေပေးရရင် "တင်းတိပ်သမားတွေ သနပ်ခါး လိမ်းလို့ ရပါတယ်" ဒါပေမဲ့ မလိမ်းခင် ပြုလုပ်သင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဘာတွေလဲဆိုတော့
1. သနပ်ခါးလိမ်းတာက ပြဿနာမရှိပေမဲ့၊ ညဘက် မျက်နှာသစ်တဲ့အခါ မျက်နှာပေါ်က သနပ်ခါးတွေ ပြောင်ဖို့ဆိုပြီး မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်ဆေးတတ်ကြပါတယ်။ တင်းတိပ်ဆိုတာ အပူဒဏ်နဲ့ ပွတ်တိုက်မှုဒဏ် (Friction) ကို လုံးဝ မခံနိုင်ပါဘူး။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်လိုက်လေ၊ အရေပြားအောက်က မယ်လနင် (Melanin) ဆဲလ်တွေ ပိုထွက်လာပြီး တင်းတိပ်က ပိုမည်းလာနိုင်ပါတယ်။
✅အဲ့တာကြောင့် ညဖက် မျက်နှာသစ်တဲ့အခါ Cleansing Balm ဒါမှမဟုတ် Cleansing Oil တစ်ခုခုကို အသုံးပြုပြီး သနပ်ခါးတွေကို အရင်ဆုံး အရည်ပျော်အောင် လုပ်ပါ။ ပြီးမှ ဆပ်ပြာအပျော့စားလေးနဲ့ ဖွဖွလေး ညင်သာစွာ သစ်ချပေးပါ။
2. သနပ်ခါး လိမ်းထားရင် နေလောင်ဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်တယ်လို့ အထင်မှားနေကြပါတယ်။ သနပ်ခါးမှာ သဘာဝအတိုင်း နေလောင်ဒဏ်ကို အနည်းငယ် ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတာ မှန်ပေမဲ့၊ တင်းတိပ်သမားတွေ လိုအပ်တဲ့ အကာအကွယ် (SPF 30 ကနေ 50 အထက်) ကိုတော့ ဘယ်လိုမှ မပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် သနပ်ခါးလေးပဲ အားကိုးပြီး နေပူထဲထွက်ရင် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို တိုက်ရိုက်ခံရပြီး တင်းတိပ်တွေ ပွါးလာနိုင်ပါတယ်။
✅ ဒါ့ကြောင့် နေ့ခင်းဘက်ဆိုရင် Moisturizer လိမ်းပြီးတာနဲ့ spf လုံလောက်တဲ့ နေလောင်ကာခရင်မ် (Sunscreen) ကို လိမ်းပါ။ ခဏခြောက်အောင်စောင့်ပြီးမှသာ အပေါ်ကနေ သနပ်ခါးကို လိမ်းပေးပါ။
3. တင်းတိပ်သမားတွေရဲ့ အသားအရေက များသောအားဖြင့် ခြောက်သွေ့နေတတ်ပါတယ်။ အသားခြောက်နေတဲ့ မျက်နှာပေါ်ကို သနပ်ခါး အထူကြီး ထပ်အုပ်လိုက်တဲ့အခါ အသားအရည်ပိုခြောက်စေပြီး မျက်နှာက ပိုမွဲခြောက်ကာ တင်းတိပ်အကွက်တွေ ပိုပြီး ထင်းထွက်လာတတ်ပါတယ်။
✅အဲ့အတွက် သနပ်ခါး မလိမ်းခင်မှာ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် (Moisturizer) အရင်ဆုံး လိမ်းပေးဖို့ လိုပါတယ်နော်။
အထက်ပါ လိမ်းလို့ရတယ်ဆိုတဲ့ သနပ်ခါးဆိုတာ သဘာဝ သနပ်ခါးတုံးကို ပြောတာကိုတော့ အထူးသတိပြုပေးပါနော်၊ ရေမွှေးပါသော သနပ်ခါးဘူးများ၊ တာရှည်ခံဆေးတွေနဲ့ အခြား ingredients များပါဝင်တဲ့ သနပ်ခါးဘူးတွေက တင်းတိပ်သမားတွေအတွက် ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်လို့ပါ။
သနပ်ခါးဟာ မြန်မာ့ရိုးရာ အလှကုန်ဖြစ်လို့ တန်ဖိုးထားတာ မှန်ပေမဲ့၊ ဆေးပညာအရ တင်းတိပ်ကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ မှော်ဆေး မဟုတ်ပါဘူး။ တင်းတိပ်ကို တကယ် သက်သာချင်တယ်ဆိုရင် သနပ်ခါး တစ်ခုတည်းကို အားကိုးနေမယ့်အစား၊ Sunscreen သေချာလိမ်းတာနဲ့ မှန်ကန်တဲ့ Skincare တွေ သုံးစွဲတာကသာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်နော်။"
Founder story of Me Beauty 😍
゚ ゚viralシ2023
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
First Floor , Hledan Center , Kamayut Township, Yangon.
Yangon
11041
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |