Beauty Lover
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty Lover, Health/Beauty, Yangon.
15/08/2019
“ပြုံးပြုံးလေးနဲ့ပြောဆိုနိုင်အောင် လေ့ကျင့်ပါ“
“ဟန်မဆောင်တတ်ဘူးတော့၊ သူ သဘောမကျရင် မကျသလိုသူ့မျက်နှာမှာ အကုန်ပေါ်တယ်“…ဆိုတဲ့စကားပေါ်မှာ နှစ်သက်သဘောကျခဲ့မိတယ်။
ကိုယ့်ကိုယ်ကိုလည်း ဟန်မဆောင်တတ်သူအဖြစ် ကျေနပ်ဂုဏ်ယူခဲ့မိတာ အမှန်ပါ။ ဟန်မဆောင်တတ်ဘူး ဆိုတဲ့စိတ်နဲ့ပဲ …ကိုယ်မကြိုက်တဲ့စကားတစ်ခွန်းခွန်း၊ အပြုအမူတစ်ခုခုများ အခြားတစ်ယောက်ယောက်ဆီက ရလိုက်ရင် မျက်နှာကြောတင်းပြီး ဒေါသနဲ့တုန့်ပြန်ပါလေရော။အဲဒါဟာ လူမှုဆက်ဆံရေးအတွက် မှန်ကန်တဲ့နည်းလမ်းဖြစ်ရဲ့လား…ဆိုတာ ဟိုစဉ်တုန်းကတော့ မသိခဲ့ပါဘူး။
အဲဒါကြောင့် ကိုယ်မှန်တယ်လို့ ထင်ရင် အခြားသူတွေရဲ့အမြင်နဲ့အပြောက မှားတယ်လို့ တစ်ထစ်ချ လက်ခံပြီး ပြောဆိုတတ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့သူ အဖြစ် ကျမ ရှင်သန်ခဲ့ဖူးပါတယ်။
ကျမရဲ့ စိတ်ခံစားချက်အတိုင်း ပြောဆိုပြုမူလိုက်တဲ့အတွက် ပညာရေးမှာရော စီးပွားရေးမှာရော ထိခိုက်ဆုံးရှုံးရတာတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာ ပြန်တွေးကြည့်တော့ တယူသန်၊ တဇောက်ထိုး အမြင်နဲ့ငါတော်တော်လေး လွဲခဲ့ပါလား လို့လည်း သုံးသပ်မိတယ်။
တကယ်တော့ ကိုယ့်ရဲ့မကျေနပ်မှုပဲ ဖြစ်ဖြစ်၊ ဒေါသပဲ ဖြစ်ဖြစ် မထိမ်းချုပ်နို်င်တာ၊ ခံစားရတဲ့အတိုင်း ပြောဆိုပြုမှုတာတွေအားလုံးဟာ မရင့်ကျက်ခြင်းရဲ့လက္ခဏာတွေပဲဆိုတာ သိလာချိန်ကစပြီး ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ကြိုးစားအားထုတ်ခဲ့မိတယ်။
အရင်ဆုံး ကိုယ်ကပဲ ပြောချင်ပြီးသူများပြောတာကို သိပ်နားမထောင်ချင်တဲ့ အကျင့်ကို ဖျောက်နိုင်ဖို့ တစ်ယောက်ယောက်နဲ့တွေ့တိုင်း သူတို့စကားပြီးဆုံးတဲ့အထိ စိတ်ရှည်လက်ရှည်နဲ့သည်းခံနားထောင်ပေးနို်င်အောင် လေ့ကျင့်ရပါတယ်။
အခြားသူတွေရဲ့စကားကို ပြီးဆုံးအောင်နားထောင်ပေးတတ်တဲ့အလေ့အကျင့်မှာလည်း သူဘာပြောပြော ပြုံးပြုံးလေးနဲ့ နားထောင်နေနို်င်ဖို့လည်း လိုပါတယ်။
တစ်ခါတစ်ရံမှာ သူက ကိုယ်နဲ့အမြင်မတူ၊ အကြိုက်မတူတာတွေ ပြောနေတာပဲဖြစ်ဖြစ် ကိုယ့်ကို အပြစ်တင် ဝေဖန်နေတာပဲ ဖြစ်ဖြစ် နားထောင်ပြီး အပြုံးမပျက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကို ရအောင်ကြိုးစားပါတယ်။
တစ်ခါတစ်ခါ ကိုယ့်ကို အပြစ်တင်လိုတဲ့စိတ်နဲ့ပြောနေတာကို ဘယ်နှဲ့လုပ်ပြီး နားထောင်နိုင်ပါ့မလဲ။ ဒါပေမဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ရင့်ကျက်မှု အတွက် ငါသည်းခံရမယ်ဆိုတဲ့ …စိတ်ထားဖို့ လိုတာလည်း တွေ့ရပါတယ်။
အဲဒါကြောင့် သူပြောနေချိန် အပြစ်တင်နေချိန်မှာ ကိုယ့်စိတ်ထဲမှာတော့…ပြောပါစေ၊ သူပြောနေတဲ့အတိုင်း ငါမဟုတ်ပါဘူး၊ ဒါပေမဲ့သူစိတ်ထဲရှိတာ ပြောပါစေ…အဲဒီလို ပြောလို်က်ရလို့ သူ ရင်ပေါ့သွားမှာပဲ၊ သူ ကျေနပ်သွားမှာပဲ… သူ ပြောချင်တာ ပြောပြီးမှ ငါ ပြောမယ်ဆိုပြီး နှုတ်ခမ်းပေါ်က အပြုံးလည်း မပျက်ရအောင် အခါခါ ကြိုးစားပြီး နားထောင်ခဲ့ရဖူးတယ်။
တစ်ခါတစ်ခါ အံတင်းတင်းကြိတ်ပြီး နားထောင်ရတာလည်း ရှိပါတယ်။ ဒါပေမဲ့ အပြုံးမပျက်နဲ့ပြီးဆုံးသည်အထိ နားထောင်နိုင်တာ ကိုယ့်ကိုယ်ကို ထိမ်းသိမ်း နိုင်ခြင်း ဆိုတဲ့အသိနဲ့ကျေနပ်မှု ရရှိစေပါတယ်။
ဒါ့အပြင် ပြောနေတဲ့သူကလည်း နားထောင်ပေးနေတဲ့ကိုယ့်ကို မြင်ရတဲ့အခါ ….ငါ ဘယ်လောက်ပြောပြော သူက အပြုံးမပျက် နားထောင်နေတာပဲ၊ ငါ ပြောတာများ လွဲသလား၊ လွန်နေသလား ဆိုတဲ့ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တဲ့ အသိနဲ့သတိဝင်လာခဲ့ရင် သူ့အတွက်လည်း အကျိုးရှိစေပါတယ်။
အကျိုးကျေးဇူးထူးကတော့ လူမှုဆက်ဆံရေးကောင်းတယ်၊ သည်းခံနိုင်တယ်၊ ဝေဖန်ခံနိုင်တယ်…ဆိုတဲ့သူဟာ ကိုယ်ဖြစ်လာနိုင်ပါတယ်။
အပြုံးမပျက်နားထောင်ပြီးရင် အပြုံးနဲ့ပဲ စကားပြောနို်င်ဖို့ကြိုးစားရပါသေးတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ နှလုံးသားချင်း အနီးအဝေးဆိုတာ မျက်လုံး၊ နှုတ်ခမ်းနဲ့စကားတွေပေါ်မှာ မူတည်တတ်ပါတယ်။
စကားပြောတဲ့အခါ ကိုယ်ပြောမဲ့သူကို သေသေချာချာလေး ကြည့်ပေးပြီး အပြုံးလေးနဲ့လေသံဖြေးဖြေးမှန်မှန်လေးနဲ့ပြောဆိုတာက သူနဲ့ကိုယ်နဲ့အခြေအနေကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။
သူက ကိုယ့်အပေါ် အထင်လွဲနေတာတွေကို ခြေဖျက်ပေးနိုင်ပါတယ်၊ နောက်ဆုံး သူက ကိုယ့်ကို မုန်းနေရင်တောင်မှ ကိုယ့်အပေါ် လေးစားမှု ပျောက်မသွားတတ်ပါဘူး။
အဲဒီလိုမှ မဟုတ်ဘဲ သူ ပြောသလို သူဆိုသလို အဆိုးနဲ့သာ တုန့်ပြန်ပြောဆိုနေမယ်ဆိုရင်တော့ အဆိုးသံသရာ လည်နေပြီးကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများလာတတ်တာ အားလုံး အသိပါ။
အဲဒါကြောင့် ကျမတို့တွေက ကိုယ့်ရဲ့လူမှုဆက်ဆံရေး ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေဖို့ ကိုယ့်ကိုယ်ကို ပြောင်းလဲ လေ့ကျင့် ပျိုးထောင်နေရတာပါ။ ဟန်ဆောင်တတ်ဖို့ လေ့ကျင့်ရတာ မဟုတ်ပါဘူး၊ အပြုံးလေးနဲ့ရင်ဆိုင် တုန့်ပြန်နိုင်ဖို့ပါ။
လေ့ကျင့်ဖို့အတွက် ကောင်းဆုံးကတော့ ကိုယ့်မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေပါပဲ။
သူတို့နဲ့ပြောရင်ပြုံးပြုံးလေးနဲ့များများ နားထောင်ပေးပြီး၊ ပြုံးပြုံးလေး ပြောဆိုရင်းနဲ့လေ့ကျင့်ပါနော်။
ကိုယ့်ခင်ပွန်း ကိုယ့်ချစ်သူနဲ့လေ့ကျင့်မယ်ဆိုရင်လည်း သူတို့က စိတ်မဆိုးလောက်ပါဘူး၊ ဒါပေမဲ့ကိုယ့်အနေနဲ့တော့သူတို့ ဘာပြောပြော သည်းခံ စိတ်ရှည်နားထောင်ပေးနို်င်ဖို့တော့လိုပါတယ်။
အဲဒီလို အလေ့အကျင့်ရလာတဲ့အခါ ဘယ်သူနဲ့မဆို ပြုံးပြုံးလေး နားထောင်ပြီး အပြုံးမပျက်ပြောဆိုနိုင်စွမ်း ရှိသူ၊ စွမ်းအားအပြည့်နဲ့ တည်ငြိမ်လေးနက်စွာ စကားပြောဆိုဆက်ဆံနိုင်သူ ဖြစ်လာမှာပါ။
ကျမအနေနဲ့လည်း အပြုံးမပျက် တည်ငြိမ်လေးနက်စွာ ပြောဆိုနိုင်သူ ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြောင်းလဲ လေ့ကျင့်နေဆဲ ဖြစ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မတူတဲ့ အမြင်တွေကိုလည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်။
မေသင်္ကြန်ဟိန်(မြစ်မခ)
စာမရေးနိုင်သေးလို့ အဟောင်းလေးပဲ ပြန်တင်ပေး လိုက်တာပါ😊
30/07/2019
12/05/2019
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ
======================
ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေအတွက် မျက်နှာသစ်ဆေးဘယ်လိုရွေးမလဲ
အသားအရေထိန်းသိမ်းမှုက လှပမှုအတွက်အရေးပါတဲ့အချက်တစ်ခုပါ။ အသားဖြူဝင်းလှပနေမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးစေမှာအမှန်ပါပဲ။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုနည်းလမ်းတွေကို ရွေးချယ်မိဖို့လိုပါတယ်။ မိမိအသားအရေနဲ့လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုလုပ်ဖို့ဆိုရင် အဓိကအကျဆုံးက ကိုယ်ဟာဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲဆိုတာကို သိဖို့ပါပဲ။ အသားအရေအမျိုးအစားကိုလိုက်ပြီး ထုတ်လုပ်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေက ကွဲပြားပါတယ်။
အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့
ခြောက်သွေ့တဲ့အသားအရေ
အဆီပြန်တဲ့ အသားအရေ
ပုံမှန်အသားအရေ
တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့
ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကို သေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။
မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။
မျက်နှာကို ညင်ညင်သာသာသစ်ပြီး ရေခြောက်အောင်သုတ်လိုက်ပါ။ ဘာမှထပ်မလူးပါနဲ့။
မျက်နှာသစ်ပြီး တစ်နာရီလောက်ကြာရင်မျက်နှာက မူလအခြေအနေအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားတဲ့အခါ မျက်နှာရဲ့ T-Zone နေရာဖြစ်တဲ့ နဖူးနဲ့နှာခေါင်းကို တစ်သျှူးစနဲ့ဖိသုတ်လိုက်ပါ။
တစ်သျှူးမှာပါတဲ့ အဆီပမာဏကိုကြညိ့ပြီး မိမိကဘယ်လိုအသားအရေပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်လို့ရပါပြီ။
ပုံမှန်အသားအရေ- မျက်နှာအသားအရေက ချောမွေ့နေပြီး အဆီတွေနဲ့အရေပြားအဖတ်လေးတွေမကွာနေပါဘူး။
ခြောက်သွေ့တဲ့အသားအရေ – အဆီနည်းနည်းမှမရှိတဲ့အပြင် မျက်နှာအသားအရေက ခပ်တင်းတင်းဖြစ်နေပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။
အဆီပြန်တဲ့အသားအရေ- တစ်သျှူးမှာ အဆီတွေအများကြီးပေကျံလာပြီး မျက်နှာအရေပြားက ပြောင်ချော်ချော်ဖြစ်နေတဲ့အပြင် ချွေးပေါက်တွေကျယ်နေတတ်ပါတယ်။
ပေါင်းစပ်အသားအရေ – အတွေ့ရများတဲ့အသားအရေတစ်မျိုးပါ။ မျက်နှာရဲ့ T-Zone မှာ အဆီပြန်နေတတ်ပေမယ့် ကျန်နေရာတွေမှာ ခြောက်သွေ့ပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။
တုံ့ပြန်လွယ်တဲ့အသားအရေ (Sensitive skin) – အရေပြားက ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့တာနဲ့ နီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတတ်ပါတယ်။ Sensitive Skin ပိုင်ရှင်တွေအနေနဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အထူးသတိထားရွေးချယ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးချယ်မှုမှားသွားတာနဲ့ ဆိုးကျိုးတွေတသီကြီးနဲ့ ဆက်လက်ကြုံတွေ့ရမှာဖြစ်ပြီး နောက်ဆက်တွဲပြုပြင်ထိန်းသိမ်းမှုတွေအများကြီးဆက်လုပ်ရပါတယ်။
မျက်နှာအရေပြားပေါ်မှာ အဖြစ်အများဆုံး အသားအရေပြဿနာက ဝက်ခြံဖြစ်တာပါပဲ။ ဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့ကတော့ ဝက်ခြံသက်သာစေဖို့အဓိက ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါလိမ့်မယ်။ ဝက်ခြံသက်သာစေဖို့ ထုတ်ထားတဲ့အလှကုန်တော်တော်များများမှာ ဝက်ခြံတွေကို သက်သာစေပြီး အသားအရေကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေကိုအဓိကထည့်သွင်းထုတ်လုပ်ထားလေ့ရှိပါတယ်။ ဝက်ခြံကိုသက်သာစေတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ benzoyl peroxide နဲ့ salicylic acid လိုမျိုးအရာတွေကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။ benzoyl peroxide ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာ၊ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သုတ်သင်ပေးတာမျိုးတွေအတွက် အထောက်အကူပြုပါတယ်။ salicylic acid ကတော့ မွှေးညှင်းပေါက်တွေထဲမှာ ပိတ်ဆို့နေတဲ့အဆီတွေနဲ့ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ရောင်ရမ်းတာနဲ့ နီမြန်းတာတွေကို သက်သာစေပါတယ်။
မျက်နှာကိုဆပ်ပြာနဲ့သစ်တယ်၊ရေဆေးချတယ်၊မျက်နှာရေသုတ်တာကတော့ လူတိုင်းလုပ်နေကျ တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းတစ်ရပ်ပါ။ ဝက်ခြံရှိသူတွေကတော့ ဒီသမာရိုးကျလမ်းစဉ်အတိုင်းလုပ်လို့မရပါဘူး။ အချိန်နည်းနည်းပိုပေးပြီး ပုံမှန်ထက် ပိုဂရုစိုက်ပေးမှ ဝက်ခြံတွေကိုသက်သာစေနိုင်မှာဖြစ်ပါတယ်။
သင်ကဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးပါတယ်။ မိမိအသားအရေနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူမှသာ မျက်နှာအရေပြားပေါ်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်မှာဖြစ်တဲ့အပြင် မွှေးညှင်းပေါက်လေးတွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေမှာဖြစ်ပါတယ်။ မျက်နှာကို အဲဒီလို အသေအချာ အချိန်ပေးသစ်မှ မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး ဝက်ခြံအတွက်လိမ်းပေးရတဲ့ ဆေးတွေကို အရေပြားကပိုမိုစုပ်ယူနိုင်အောင်လည်း အထောက်အကူပြုပေးမှာပါ။
ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အပြင်းစားမျက်နှာသစ်ဆေးတွေအသုံးပြုတာမျိုးမလုပ်သင့်ပါဘူး။ အပြင်းစားမျက်နှာသစ်ဆေးတွေက အရေပြားကို နီမြန်း၊နာကျင်စေနိုင်တဲ့အပြင် ရှိနေတဲ့ ဝက်ခြံတွေကို ပိုဆိုးသွားစေပါတယ်။ Garnier Pure Active Acne & Oil Clearing Foam လိုမျိုး Salicylic acid နဲ့ ဘလူးဘယ်ရီ အဆီအနှစ်ကို အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးလို့ရပါတယ်။
မသေချာရင်မိမိရဲ့အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေနဲ့ကိုက်ညီမယ့် မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို တိုင်ပင်ကြည့်ပါ။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးရွေးချယ်ဝယ်ယူတဲ့နေရာမှာ အသုံးဝင်နိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။
မျက်နှာသစ်ဆေးဝယ်ယူတဲ့နေရာမှာဈေးနှုန်းက အရေးမပါလှပါဘူး။ ထိရောက်မှုရှိဖို့ကသာ အဓိကကျတာပါ။ မျက်နှာသစ်ဆေးအချို့က အရေပြားကို ခြောက်သွေ့နီမြန်းစေနိုင်တဲ့ alkaline pH ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဝက်ခြံထွက်လွယ်သူတွေအနေနဲ့ မျက်နှာသစ်ဆေးဝယ်ယူတော့မယ်ဆိုရင်-
သိပ်မပြင်းဘဲ အယ်လ်ကိုဟောမပါဝင်တာမျိုးကို ရွေးချယ်ပါ။
အရေပြားဆရာဝန်နဲ့အရင်တိုင်ပင်ကြည့်ပါ။ မိမိအသားအရေအမျိုးအစားနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူပေးပါ။
အချို့ ဝက်ခြံသက်သာစေတဲ့ မျက်နှာသစ်ဆေးတွေနဲ့ မျက်နှာတိုက်ဆပ်ပြာတွေမှာ ဝက်ခြံကို သက်သာစေပြီး မျက်နှာအသားအရေကို ကောင်းမွန်စေတဲ့ အရာတွေပါဝင်နေတတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတွေကို သက်သာစေပြီး အရေပြားကို ကောင်းမွန်စေနိုင်တဲ့ salicylic acid၊ sodium sulfacetamide နဲ့ benzoyl peroxide တို့ပါဝင်နေတတ်ပါတယ်။ Benzoyl peroxide ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ Salicylic acid ကမွှေးညှင်းပေါက်တွေကို သန့်စင်စေပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေပါတယ်။ Sodium sulfacetamide ကတော့ ဘက်တီးရီးယားတွေ ထပ်မံမပေါက်ဖွားနိုင်အောင် ဟန့်တားပေးပါတယ်။
အရေပြားကိုရေဓာတ်ပြည့်ဝအောင်ထားပါ။ သဘာဝပစ္စည်းတွေကနေ အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အစိုဓာတ်ထိန်းပေးနိုင်မယ့် ခရင်ခ်မျိုးလိမ်းပေးလို့လည်းရပါတယ်။
ဝက်ခြံထွက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မနက်တစ်ကြိမ် ၊အိပ်ရာဝင်ခါနီးတစ်ကြိမ်မျက်နှာသစ်ပေးရုံနဲ့လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးကို လက်ညှိုးထိပ်လေးနဲ့ယူပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာပွတ်ပေးပါ။ သွေးလည်ပတ်မှုကောင်းစေဖို့ မျက်နှာကို လက်ချောင်းလေးတွေအသုံးပြုပြီး စက်ဝန်းသဏ္ဍန်နှိပ်ပေးပါ။ ခဏလောက်ထားပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ နေရောင်အောက်ထွက်တဲ့ အခါ ထီးတွေ ဦးထုပ်တွေဆောင်းသွားဖို့လည်း သတိရပါ။
08/05/2019
်👉သန့် ရှင်း ကြည်လင်သော မျက်နှာ အသားရေပိုင်ရှင်လေးဖြစ်အောင် စနစ်တကျ မျက်နှာသစ်နည်းလေးကို ဝေမျှလိုက်ပါတယ်👈
------------------------------------------------------------
ပထမအဆင့် အနေနဲ့ 🤚✋လက်ကို စင်ကြယ်အောင် အရင်ဆေးဖို့ မမေ့နဲ့နော် ရေနွေးလေးနဲ့ အရင် မျက်နှာကိုသန့်စင်ပေးပါ။
ပြီးရင်တော့ မိမိမျက်နှာ အသားရေနဲ့ လိုက်ဖက်တဲ့ Fical Foam လေးကို ရွေးချယ်သုံးသင့်ပါတယ်။
Fical Foam ကိုလိုအပ်သည့် ပမာဏအား လက်ပေါ်တင်ပြီး အမြုပ်ထွက်အောင် အရင်လက်မှာ ပွတ်ပြီး မှ အမြုပ်လေးတွေနဲ့သာ မျက်နှာကိုတိုက်ရိုက်ထိတွေ့စေရပါမယ်။
မျက်နှာအသားရေကို👧 မျက်နှာသစ်ဆေးဖြင့် ငြင်ငြင်သာသာ စက်ဝိုင်းပုံ အပေါ်သို့ ပင့်တင် နှိပ်နယ်ပေးရပါမယ်။
နဖူး ၊ မေးစေ့ ၊ နှာခေါင်း ၊ပါး ၊ လည်ပင်းတို့ကို တစ်နစ်မျှ နှိပ်နယ်ပေးပါ။
မျက်နှာပေါ်ရှိ🤗 အညစ်အကြေးများ အားလုံး အရည်ပျော်သွား သည့်အခါ ရေနွေးလေးနဲ့ အသာအယာ ဆေးကြောပေးပါ။
👉 ရေနွေးနှင့်ဆေးချပြီးရင် မျက်နှာပေါ်ရှိချွေးပေါက်များ ကျဉ်းအောင် နှင့် သွေးလည်ပတ်မှုအားကောင်းအောင် ရေအေးလေးနဲ့ ပြန်ဆေးချပေးရပါမယ်။👈
ပြီးရင်တော့ သန့်စင်ခြောက်သွေ့သော မျက်နှာသုတ်ပါဝါ လေးနဲ့ ညင်ညင်သာသာ ဖွဖွလေးသုပ်ပေးရပါမယ်။
🤔ပွတ်ပြီးသုတ်ခြင်းကို ရှောင်ရှားခြင်းဖြင့် အရေးအကြောင်းများဖြစ်ခြင်းကို ကာကွယ်ပြီးသားဖြစ်သွားစေပါတယ်။
မျက်နှာသစ်ပြီးရင်တော့ သန့်စင်ပြီးသားမျက်နှာ အသားရေကို ပိုမိုသန့်စင်အောင် Toner အသုံးပြုပေးရပါမယ်။
Toner ဟာ မျက်နှာသစ်ဆေး နှင့် သန့်စင်ပြီး ကျန်ခဲ့သော အညစ်အကြေး ထပ်မံ သန့်စင်ပေးပြီး အစိုဓာတ်ကိုထိန်းပေးကာ ချွေးပေါက်ကျဉ်းစေသောအာနိသင်ရှိပါတယ်
❤သူငယ်ချင်းတို့လဲ ကြည်လင်ဝင်းပတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ကြပါစေနော်။❤
Category
Website
Address
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when Beauty Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.