SME-Makeup Studio

SME-Makeup Studio

Share

DM for bookings!

💄 Elevating your natural beauty through professional artistry.
🌟 Services: SFX / Beauty & Creation / Eye Brow Tattoo / BB Glow
✨ Let your beauty shine from within.

Photos from SME-Makeup Studio's post 21/08/2026

💄 Makeup Basics Ep.1 💄 Series 2

Primer ဆိုတာ ဘာလဲ?

Makeup မလိမ်းခင် Primer လိမ်းရတာ ဘာကြောင့်လဲ? 🤔

Primer ဆိုတာ Makeup မလိမ်းခင် အသားအရေပေါ်မှာ အရင်လိမ်းပေးတဲ့ Makeup Base တစ်မျိုးပါ။ ✨

Primer ရဲ့ အဓိကအလုပ်ကတော့
🩷 Makeup ကို ပိုချောမွေ့စွာ လိမ်းနိုင်စေဖို့
🩷 Foundation ပိုညီညီကပ်စေဖို့
🩷 Makeup ပိုကြာကြာခံအောင် ကူညီပေးဖို့
🩷 Skin Texture ကို ပိုညီညာသလို မြင်စေဖို့ပါ။

ဒါပေမယ့် Primer က လူတိုင်းမဖြစ်မနေသုံးရမယ့်အရာတော့ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ Skin Type + Makeup Concern နဲ့ ကိုက်ညီတဲ့ Primer ကို ရွေးသုံးဖို့က ပိုအရေးကြီးပါတယ်။ 💕

👉 Primer ရွေးတဲ့အခါ ဘာတွေကြည့်ရမလဲဆိုတာ သိချင်ရင် ဒီ Series ကို ဆက်ဖတ်ပေးနော်။

📌 Save လုပ်ထားပြီး Makeup လိမ်းတဲ့အခါ ပြန်ကြည့်လို့ရပါတယ်။

Photos from SME-Makeup Studio's post 14/08/2026

✨ Beauty Basics Ep.15 📚 Series 1

Beauty Basics Recap

Beauty Basics Series ကို Ep.1 ကနေ Ep.15 အထိ အတူတူလိုက်ဖတ်ပေးခဲ့တဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ 🤍

ဒီ Series ထဲက ဘယ် Episode က နင့်အတွက် အသုံးအဝင်ဆုံးဖြစ်ခဲ့လဲ?
💬 Comment မှာ ပြောခဲ့နော်။

📌 လိုအပ်တဲ့အချိန် ပြန်ဖတ်လို့ရအောင် Save ထားပါ။
🤍 သူငယ်ချင်းတွေလည်း သိစေချင်ရင် Share ပေးပါ။

✨ Beauty Basics Series ပြီးသွားပေမယ့် SME - Makeup & Vlog မှာ Beauty, Makeup & Skincare Content တွေ ဆက်လက်မျှဝေပေးသွားမှာမို့ Follow လုပ်ထားဖို့ မမေ့နဲ့နော်။

Photos from SME-Makeup Studio's post 12/08/2026

💜 Beauty Basics Ep.14 📚 Series 1

Exfoliation ဆိုတာ ဘာလဲ?

Photos from SME-Makeup Studio's post 09/08/2026

💙 Beauty Basics Ep.13 📚 Series 1

Double Cleansing လုပ်သင့်တဲ့သူက ဘယ်သူလဲ?

Double Cleansing က Skincare Trend ဖြစ်လို့ လူတိုင်းလုပ်သင့်တယ်လို့ ထင်နေပါသလား?

တကယ်တော့ Double Cleansing က လူတိုင်းအတွက် မလိုအပ်ပါဘူး။

ဒီ Post မှာတော့…

✨ Double Cleansing ဆိုတာ ဘာလဲ?

✨ ဘယ်သူတွေ လုပ်သင့်လဲ?

✨ ဘယ်သူတွေ မလိုအပ်ဘူး?

✨ လုပ်တဲ့အခါ ဘာတွေ သတိထားသင့်လဲ?

ဆိုတာကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

💬 နင်က ညတိုင်း Double Cleansing လုပ်ဖြစ်လား? Comment မှာ မျှဝေပေးခဲ့အုန်းနော်

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး SME - Makeup & Vlog ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော် 🥰

Photos from SME-Makeup Studio's post 06/08/2026

☀️ Beauty Basics Ep.12 📚 Series 1

Sunscreen ကို ဘာကြောင့် နေ့တိုင်းလိမ်းသင့်လဲ?

“ဒီနေ့ နေမပူဘူး… Sunscreen မလိမ်းလည်း ရတယ်ထင်တယ်။”

ဒီလို တွေးဖူးလား? 🤔

တကယ်တော့ UV Rays က နေပူတဲ့နေ့တင် မဟုတ်ဘဲ တိမ်ထူတဲ့နေ့၊ အိမ်ထဲမှာနေတဲ့နေ့၊ ကားစီးနေတဲ့အချိန်တွေမှာလည်း အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် Sunscreen ကို နေ့တိုင်း လိမ်းပေးတာက အသားအရေကို ရေရှည်မှာ ပိုကျန်းမာစေဖို့ အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုပါ။

ဒီ Post မှာတော့…

✨ Sunscreen ဆိုတာ ဘာလဲ?

✨ ဘာကြောင့် နေ့တိုင်းလိမ်းသင့်လဲ?

✨ SPF 30 နဲ့ SPF 50 ဘယ်လိုရွေးမလဲ?

ဆိုတာကို အလွယ်တကူ နားလည်အောင် ရှင်းပြထားပါတယ်။

💬 နင်က Sunscreen ကို နေ့တိုင်းလိမ်းဖြစ်လား? Comment မှာ မျှဝေပေးခဲ့အုန်းနော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး SME - Makeup & Vlog ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော်🥰

Photos from SME-Makeup Studio's post 03/08/2026

🌙 Beauty Basics Ep.11 📚 Series 1

ည Skincare Routine အဆင့်လိုက်

Photos from SME-Makeup Studio's post 03/08/2026

Beauty Basics Ep.10 📚 Series 1

🌞 မနက် Skincare Routine အဆင့်လိုက်

Photos from SME-Makeup Studio's post 02/08/2026

💙 Beauty Basics Ep.9 📚 Series 1

Skin Type နဲ့ Skin Concern မတူဘူး

“ငါ့မှာ ဝက်ခြံရှိလို့ Oily Skin ပဲလား?”
“မျက်နှာခြောက်နေလို့ Dry Skin ပဲလား?”

ဒီလိုမျိုး ထင်ဖူးရင် ဒီ Post လေးက နင့်အတွက်ပါ။ 🤍

လူအများစုက Skin Type နဲ့ Skin Concern ကို အတူတူလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ နှစ်ခုက လုံးဝမတူပါဘူး။

✨ Skin Type က မွေးရာပါ အသားအရေအမျိုးအစား ဖြစ်ပြီး…

✨ Skin Concern ကတော့ လက်ရှိကြုံတွေ့နေရတဲ့ အသားအရေပြဿနာ ဖြစ်ပါတယ်။

ဒါကြောင့် ဝက်ခြံရှိတိုင်း Oily Skin လို့ မဆိုလိုသလို၊ အသားခြောက်တိုင်းလည်း Dry Skin လို့ မသတ်မှတ်နိုင်ပါဘူး။

ကိုယ့် Skin Type နဲ့ Skin Concern ကို သေချာသိထားမှ…
✔️ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Product ကို ရွေးချယ်နိုင်မယ်။
✔️ ငွေကုန်ပြီး မတည့်တဲ့ Product တွေ ဝယ်မိတာကိုလည်း လျှော့ချနိုင်မယ်။

ဒီနေ့ Post လေးက Beginner တွေအတွက် အခြေခံအကျဆုံး Knowledge တစ်ခုပါ။ 🤍

💬 အရင်က Skin Type နဲ့ Skin Concern ကို တူတယ်လို့ ထင်ဖူးလား? Comment မှာ ဖြေပေးခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save လုပ်ထားဖို့မမေ့နဲ့နော်🥰

Photos from SME-Makeup Studio's post 29/07/2026

💙 Beauty Basics Ep.8 ( Series 1 ) 📚

Dehydrated Skin နဲ့ Dry Skin ကွာခြားချက်

“ငါ့အသားအရေ ခြောက်နေတယ်… Dry Skin ပဲထင်တယ်။”

တကယ်တော့ အသားခြောက်တိုင်း Dry Skin မဟုတ်ပါဘူး။ တချို့လူတွေက ရေဓာတ်နည်းတာကြောင့်ဖြစ်ပေါ်တဲ့ (Dehydrated Skin) ဖြစ်နိုင်ပါတယ်။

ဒီ Post မှာတော့—

✨ Dry Skin ဆိုတာ ဘာလဲ?

✨ Dehydrated Skin ဆိုတာ ဘာလဲ?

✨ ဘယ်လိုကွာခြားလဲ?

ဆိုတာကို နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

💬 ဒီနေ့မှ ဒီနှစ်ခု မတူဘူးဆိုတာ သိလိုက်ရလား? Comment မှာ ပြောခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့
အုန်းနော်🥰

Photos from SME-Makeup Studio's post 28/07/2026

💙 Beauty Basics Ep.7 ( Series 1 )📚

Sensitive Skin က ဘာကြောင့် ဖြစ်တာလဲ?

Skincare Product တစ်ခုလိမ်းလိုက်တာနဲ့ မျက်နှာနီလာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားယံလာတာတွေ ကြုံဖူးလား?

ဒါက Sensitive Skin ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ဒီ Post မှာတော့ Sensitive Skin ဆိုတာ ဘာလဲ၊ ဘာကြောင့် ဖြစ်နိုင်လဲ၊ ဘယ်လိုဂရုစိုက်သင့်လဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်အောင် မျှဝေပေးထားပါတယ်။

💬 နင့်အသားအရေက Product အသစ်နဲ့ လွယ်လွယ်တုံ့ပြန်တတ်လား? Comment မှာ ပြောခဲ့နော်။

📌 အသုံးဝင်တယ်ဆိုရင် Save & Share လုပ်ပြီး Beauty Basics Series ကို Follow လုပ်ထားဖို့ မမေ့နဲ့အုန်းနော် 🥰

Category

Telephone

Address


Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00