Bossy Queen

Bossy Queen

Share

“Collect.”

Photos from Bossy Queen 's post 31/07/2026

ခရီးသွားရင် အမြဲ လည်ပင်းနာ၊ ဇက်ကြောတက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ✈️💤

ခရီးဝေးသွားတိုင်း ကားပေါ်၊ လေယာဉ်ပေါ်မှာ အိပ်ရတာ အဆင်မပြေလို့ ဇက်နာပြီး ကျန်ခဲ့ဖူးတယ် မဟုတ်လား?

ဒါဆိုရင်တော့ ဒီ Travel Neck Pillow လေးက သင့်အတွက် ကယ်တင်ရှင်ပါပဲ!

✨ ဘာလို့ ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ် ဆောင်ထားသင့်တာလဲ❓

Ergonomic Design: လည်ပင်းနဲ့ မေးစေ့ကို ၃၆၀ ဒီဂရီ အပြည့်အဝ ထိန်းမတ်ပေးလို့ အိပ်ပျော်နေစဉ် ခေါင်းငိုက်စိုက်ကျတာမျိုး လုံးဝမဖြစ်တော့ဘူး။

Adjustable Lock: အကြိုက်တွေ့အောင် အချုံ့အတို ပြုလုပ်လို့ရတဲ့ ဖြုတ်စွပ်ကြိုးလေးပါတာမို့ မိမိနဲ့ ကွက်တိဖြစ်အောင် ညှိယူလို့ရတယ်။

Compact & Portable: ခေါက်သိမ်းလိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ အိတ်ဝိုင်းလေးထဲ ထည့်သွားလို့ရလို့ နေရာမယူ၊ သယ်ရတာ ရမ်းကို လွယ်ကူပါတယ်

Perfect Size: Size (22cm x 21.5cm x 13.8cm) ရှိပြီး ပျော့အိအိ ကူရှင်သားကြောင့် အကြာကြီး အသုံးပြုလည်း သက်တောင့်သက်သာ ရှိစေတယ်။

ခရီးသွားတာပဲဖြစ်ဖြစ်၊ ရုံးမှာ ခဏတဖြုတ် မှေးတာပဲဖြစ်ဖြစ် မပါမဖြစ် အဖော်မွန်လေးပါရှင့်

Preorder/ Deposit
Waiting Time - 3 weeks

Price - 78,000 Ks

Photos from Bossy Queen 's post 27/07/2026

Hirono ရဲ့ Vibe ကို မြတ်နိုးတဲ့ Streetwear Lovers တွေအတွက်... သာမန် Bag မဟုတ်ဘဲ Art တစ်ခုလို စုဆောင်းရမယ့် Must-Have Collection! 🖤🔥

"အသုံးအဆောင်တစ်ခု မဟုတ်ဘူး၊ Hirono ရဲ့ Mood နဲ့ Designer Lang ရဲ့ အနုပညာကို နေ့တိုင်း ကိုယ်နဲ့မကွာ ယူဆောင်သွားတာ..."

Dark, Moody & Raw ဖြစ်တဲ့ Hirono ရဲ့ မူပိုင် Signature Vibe အပြည့် ပါတာမို့ Hirono Toy စုရုံနဲ့ အားမရတော့တဲ့ Fan တကယ်စစ်စစ်တွေအတွက်တော့ ဒီ Hirono Bag Series က အပြတ်အသတ် လက်မလွှတ်သင့်တဲ့ Bag လေးတွေ ပါ။

Hirono ရဲ့ ထုံးစံအတိုင်း Detail တိုင်းမှာ Aesthetic အပြည့်ပါဝင်ပြီး သာမန် Brand တွေနဲ့ မတူတဲ့ Unique ဖြစ်တဲ့ Dark Street Style ကို ရရှိမှာပါ။

Oversized T-Shirt, Cargo Pants, Denim Outer စတဲ့ ဘယ် Streetwear Style နဲ့မဆို တွဲလွယ်လိုက်တာနဲ့ Look တစ်ခုလုံးကို ရုတ်တရက် အထာကျ ပေါ်လွင်သွားစေမှာပါ

Art Piece တစ်ခုလို လှနေရုံတင်မကဘဲ နေ့စဉ် ဖုန်း၊ ပိုက်ဆံအိတ်၊ Daily Essentials တွေ အလွယ်တကူ စနစ်တကျ ထည့်လို့ရအောင် Design ထွင်ထားတာမို့ Daily-use အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

"Hirono စုရတာ ကြိုက်တယ်၊ Fashion လည်း အရမ်းဂရုစိုက်တယ်ဆိုရင် ဒီ Bag က သင့်အတွက် Best Statement Piece ပဲ!"

Preorder/ Deposit
Waiting Time - 3 weeks

ကျန်ငွေကို ပစ္စည်း ရန်ကုန်ရောက်မှ အိမ်အရောက် Cash on Delivery စနစ်ဖြင့် စိတ်ချလက်ချ ပစ္စည်းစစ်ယူပြီးမှ ချေပေးရုံပါပဲရှင်။

နယ်မြို့များ: ပစ္စည်းရောက်ရင် ပစ္စည်းဖိုးလေး ကြိုတင်လွှဲပေးရမှာပါရှင့် ❤️❤️

26/07/2026

Guess Promotion 🎉🎉🎉

မူရင်းဈေး ၃ သိန်းကျော်​လောက်ရှိတဲ့ အိတ်လေးကို

Promotion Price - 120,000 Ks နဲ့ ရရှိမှာဖြစ်ပါတယ်ရှင့်

100 % Authentic ဖြစ်တဲ့အပြင် သူ့ Original Box နဲ့ လာတာမို့လို့ လူကြီးတွေအတွက် လက်ဆောင်ပေးမယ်ဆိုလဲ
အရမ်းအဆင်ပြေပါတယ်ရှင့် ❤️❤️

Preorder/ Deposit

ကျန်ငွေ ရန်ကုန်အိမ်အရောက်ငွေချေ နယ်ဆို ပစ္စည်းဖိုးလေးကြိုလွှဲပေးရမှာရှင့် ❤️❤️

Photos from Bossy Queen 's post 25/07/2026

မင်မင် ဝယ်စုထားတဲ့ Hirono Figure Collection လေးတွေ ❤️

Photos from Bossy Queen 's post 23/07/2026

🎁 Bossy Queen ရဲ့ Surprise Giveaway Time! 🎁

Bossy Queen ရဲ့ ချစ်ရတဲ့ ကာကာလေးတွေအတွက် အမိုက်စား Giveaway အစီအစဉ်လေး လာပါပြီနော်! 🥳✨

ဒီတစ်ခေါက် Giveaway မှာတော့ ကံထူးရှင် (၁) ယောက်တည်း သီးသန့် ရရှိမှာဖြစ်လို့ အမြန်ဆုံး ပါဝင်ဆင်နွှဲလိုက်ကြရအောင်နော်... 🤩🤩🤩

🛍️ ရရှိမယ့် ဆုမဲလေးကတော့ -

Pop Mart က ထွက်ရှိထားတဲ့ ဆန်းသစ်ပြီး အရမ်းချစ်စရာကောင်းတဲ့ Dear Bird Series - Mini Bag Blind Box လေးပဲ ဖြစ်ပါတယ်ရှင်! 🐥💖

📝 မဲပါဝင်ယှဉ်ပြိုင်ရန် စည်းကမ်းချက်များ

1️⃣ Bossy Queen Page လေးကို Like & Follow လုပ်ထားပေးပါ။
2️⃣ ဒီ Post လေးကို Public နဲ့ Share ပေးပါ။
3️⃣ Comment မှာ Share ထားတဲ့ Screenshot လေး
မန့်ခဲ့ပေးရုံပါပဲနော်

⚠️ IMPORTANT NOTE:

❌ Fake Account များနှင့် Giveaway သီးသန့် အကောင့်များ လုံးဝ (လုံးဝ) ထည့်သွင်းစဉ်းစားမည်
မဟုတ်ပါ! သေချာ စနစ်တကျ စိစစ်ပြီးမှ ရွေးချယ်သွားမှာဖြစ်ပါတယ်နော်။ 😉

⏰ ဆုကြေငြာမယ့်နေ့ရက် -

📅 31.7.2026 (ဇူလိုင်လ ၃၁ ရက်)
🕗 ည (၈:၀၀) နာရီ တိတိမှာ ရွေးချယ်ကြေငြာပေးသွားပါမယ်ရှင်။

ကဲ... ဒီလို Trendy ဖြစ်ပြီး လှပတဲ့ Pop Mart Mini Bag လေးကို ပိုင်ဆိုင်ခွင့်ရမယ့် ကံထူးရှင်လေးက ဘယ်သူဖြစ်မလဲဆိုတာ မန့်ခဲ့ပြီး စောင့်ကြည့်လိုက်စို့နော်! 🤞✨

Good Luck Everyone! 🍀💖

Photos from Bossy Queen 's post 23/07/2026

Instock ရပါပြီရှင့် ❤️

ပရုတ်ဆီပူပူကြီးတွေ မသုံးချင်ဘူး၊ အဆီလိုလိမ်းရတာအဆင်မပြေတဲ့သူတွေအတွက် Lotion လိုမျိူး Cream Type နဲ့ လာတဲ့ Tiger Blam လေး ရှိနေပါပြီရှင့်

🔴 Red (Neck & Shoulder Rub Boost)

လိမ်းလိုက်တာနဲ့ ပူရှိန်းရှိန်း အာနိသင်က ပြင်းထန်ပြီး မြန်ဆန်ပါတယ်။

ဇက်ကြောတက်တာ ဆိုးဆိုးရွားရွား ဖြစ်နေလို့ ချက်ချင်း ကောက်ခါငင်ကာ သက်သာချင်သူတွေ၊ အားကစားလုပ်ပြီး ကြွက်သားနာကျင်သူတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုများလို့ ချက်ချင်း လန်းခနဲ ဖြစ်သွားချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်ရှင့်

အဆီမပြန် (Non-Greasy)! အသားထဲ စိမ့်ဝင်လွယ်လွန်းလို့ ရုံးခန်းထဲမှာတင် လိမ်းရတာ အရမ်းအဆင်ပြေပြီး အင်္ကျီ ကော်လံတွေ ပေမှာလည်း စိတ်ပူစရာ မလိုပါဘူးရှင်။

မင်မင်တို့တစ်အိမ်လုံး သုံးသလို လူကြီးတွေအတွက် အရမ်းအဆင်ပြေစေတယ့် Tiger Blam လေးပါ

Price: 38,500 Ks (၁ ဘူးဈေး)

ရန်ကုန်မြို့တွင်းဆိုရင် ပစ္စည်းရောက်မှ အိမ်အရောက် ငွေချေ (Cash on Delivery) ရပြီး၊
နယ်မြို့များအတွက်ကတော့ ပစ္စည်းဖိုး ကြိုတင်ရှင်းပေးရပါမယ်ရှင်။

Photos from Bossy Queen 's post 22/07/2026

ဒါလေးကတော့ Cardseen လေး ထပ် ဝယ်ဖြစ်ခဲ့တဲ့
Hirono Tamed Wildgrass Series Figures ထဲက
“Digital Blind” Figure လေးပါ

သူ့ရဲ့ ခေါင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ထားတာတွေက ပြေစာ (Receipts) တွေ၊ ဘေလ်စက္ကူတွေနဲ့ ဘားကုဒ် (Barcodes) တွေပဲ ဖြစ်ပါတယ်။

Modern Society မှာ ရုန်းကန်နေရတဲ့ ကုန်ကျစရိတ်တွေ၊ အလုပ်တာဝန်တွေနဲ့ စည်းစနစ်တွေအောက်မှာ "မမ်မီ" တစ်ကောင်လို ရစ်ပတ်ပိတ်လှောင်
ခံထားရတာကို သရုပ်ဖော်ထားတာပါ။

စိတ္တဇဆန်တဲ့ ခေတ်သစ်လူအဖွဲ့အစည်းကြီးထဲမှာ မနက်နိုးတာနဲ့ ငွေကြေးနဲ့ ကုန်ကျစရိတ်တွေကြား ရုန်းကန်ရင်း… ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ “ခေတ်သစ် Mummy ” တစ်ကောင်အဖြစ် အသက်မပါဘဲ လှုပ်ရှားနေကြရတယ်။

လက်ထဲမှာ ဖုန်းတစ်လုံးကို အားကိုးတကြီး စိုက်ကြည့်နေပြီး အခြားလက်တစ်ဖက်မှာ ရုံးသုံးလက်ဆွဲအိတ် (Briefcase) ကို ကိုင်ထားပါတယ်။

အင်တာနက်/ဖုန်းနဲ့ အမြဲချိတ်ဆက်ထားရပေမဲ့ ရင်ထဲမှာတော့ အထီးကျန်ပြီး မောပန်းနေတဲ့ ခေတ်သစ်အလုပ်သမား/လူငယ်တွေရဲ့ ဖြစ်တည်မှုကို ပြသနေပါတယ်။

Wi-Fi တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ ကမ္ဘာကြီးကို အမြဲ Connected ဖြစ်နေတယ်လို့ ထင်ရပေမဲ့…
တကယ်တော့ အဲဒီ Digital ကွန်ရက်ကြီးထဲမှာ တစ်ယောက်တည်း သီးသန့် ပိတ်မိနေကြတာ ပါ။

Hirono ရဲ့ မျက်လုံးမှေးမှေးလေးနဲ့ ညှိုးငယ်နေတဲ့ အမူအရာက ဒီလိုပတ်နှောင်မှုတွေကြားထဲကနေ လွတ်မြောက်ချင်တဲ့၊ ဒါပေမဲ့ မလွတ်မြောက်နိုင်သေးတဲ့ ဝေခွဲမရတဲ့ စိတ်ဒဏ်ရာကို ပေါ်လွင်စေပါတယ်။

Photos from Bossy Queen 's post 21/07/2026

Labubu Fifa World Cup Collection

Preorder/ Deposit
Waiting Time - 2 weeks

Photos from Bossy Queen 's post 20/07/2026

Figure တွေဝယ်စုရတာ ဝါသနာတစ်ခုတော့ မဟုတ်ပေမယ့် Hirono Figure တွေ ခံစားချက်နဲ့တိုက်ဆိုင်တာမျိုး
ကြိုက်တာမျိုးလေးတွေ တွေ့ရင်တော့ ဝယ်စုဖြစ်တယ်

အခု Figure လေးက Hirono Tamed Wildgrass Series ထဲက "Sisyphean Work" ဆိုတဲ့ Figure လေးပါ

ကျွန်မ အတွက် အရမ်းကို Emotional ဖြစ်စေတဲ့ Figure လို့ပြောလဲ မမှားပါဘူး

မပြီးဆုံးနိုင်တဲ့ နေ့စဉ်ဘဝရဲ့ သံသရာထဲမှာ ကျွန်မတို့တွေက ကိုယ်စီ ကျောက်တုံးကြီးတွေကို မနိုင်ရာတွေကို ကြိုးစား ထမ်းပြီး ဘဝအခြေအနေတစ်ခုကို ရောက်အောင် သွားနေရတဲ့ သူတွေပါပဲ

လက်မှာ ပတ်တီးတွေ စည်းထားရတဲ့အထိ ပင်ပန်းနေပေမဲ့၊ မျက်နှာပေါ်မှာ နွမ်းနယ်မှုတွေ ပြည့်နေပေမဲ့လည်း... ကိုယ်ယူထားတဲ့ တာဝန်နဲ့ မျှော်လင့်ချက်ဆိုတဲ့ သရဖူလေးကိုတော့ မြေကြီးပေါ် မကျသွားအောင် အစွမ်းကုန် ထိန်းထားရတယ်။

အဆင်ပြေတာတွေ မပြေတာတွေ ကြားထဲမှာ ပြိုလဲနေရင်တောင် ထမ်းပိုးထားရတဲ့ တာဝန်ဝတ္တရား
တွေအတွက် ရှေ့ဆက်သွားနေရနေတုန်းပါပဲ

မနက်ဖြန်ဆိုတာရှိနေသရွေ့ မနားတမ်းတော့ ရုန်းကန်နေရမှာပဲ လက်လျော့ချင်စိတ်တွေ ဖြစ်လာတိုင်း
ဘဝအတွက် ဒီလိုကြိုးစားခွင့်နေထိုင်ခွင့် ရနေတာပဲကျေးဇူးတင်ရမယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ နေထိုင်နေရမှာပါပဲ

Photos from Bossy Queen 's post 20/07/2026

ရိုးရိုးသွားပွတ်တံတွေနဲ့ တိုက်တဲ့အခါ သွားရဲ့ အတွင်းပိုင်းတွေ၊ သွားကြားတွေကို သေချာမရောက်လို့ သွားပိုးစားတာ၊ သွားကျောက်တည်တာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အားပြင်းပြင်းတိုက်မိရင် သွားဖုံးနာတာ၊ သွေးထွက်တာတွေပါ ကြုံရတတ်တယ်ဟုတ်?

ဒီပြဿနာအားလုံးကို Orora Flow 3-Sided Toothbrush လေးတစ်ခုတည်းနဲ့ ဖြေရှင်းလိုက်ပါ! ✨

💡 Orora Flow ရဲ့ အားသာချက်များ

၃ ဖက်မျက်နှာပြင်လုံး တစ်ပြိုင်နက်သန့်ရှင်းပေးခြင်း: ၅၈ ဒီဂရီ အတိအကျ စောင်းပေးထားတဲ့အတွက် သွားရဲ့ ဘယ်ညာနဲ့ အပေါ်မျက်နှာပြင် ၃ ထောင့်စလုံးကို တစ်ချက်တည်းနဲ့ အကြွင်းအကျန်မရှိ သန့်စင်ပေးသွားမှာပါ။

သွားဖုံးအတွက် ရာနှုန်းပြည့် စိတ်ချရခြင်း: အမွေးအမျှင်လေးတွေက နူးညံ့ပြီး ခံတွင်းနဲ့ အံကိုက်ဒီဇိုင်းမို့လို့ သွားဖုံးကို အထိအခိုက် လုံးဝမရှိစေပါဘူး။

လျှာခြစ်ဖုလေးတွေ ပါဝင်ခြင်း: သွားပွတ်တံရဲ့ အနောက်ဖက်မှာပါတဲ့ အထူးအဖုလေးတွေက လျှာပေါ်က အညစ်အကြေးတွေကို အလွယ်တကူ ခြစ်ထုတ်ပေးနိုင်လို့ ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။

Price
၁ ချောင်း – 13,800 Ks
၃ ချောင်းပါ တကတ် – 33,000 Ks (၁ ကတ်ဝယ်ရင် ကာလာလည်း စုံစုံလင်လင်ရမှာနော်)

Instock ရှိပါတယ်ရှင့်

ရန်ကုန် အိမ်အရောက်ငွေချေရပြီ နယ်ဆို ပစ္စည်းဖိုးလေးကြိုရှင်းရပါမယ်ရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


1143, Myat Lay Street, (41) Block, North Dagon
Yangon
1124