Angel's Secret DD cream

Angel's Secret DD cream

Share

DD Cream လက်လီလက်ကားရောင်းဝယ်ရေး
🏠ရန်ကုန်
09696639454☎

02/05/2026

အသားအရလေေး စိုပြေတင်းရင်းပီး မျက်နှာလေး မှတင်းတိတ် အမဲစက် မှဲ့ခြောက် ဝက်ခြံ အဆီပြန်တာတွေပါ သက်သာစေတဲ့ ဒီ Skincare လေးသုံးကြည့်နော်

၃သောင်းကျော်လေးနဲ့ ၆လလောက် အသုံးခံတယ်ဆိုတော့💥 ၁လ ၅ထောင်ကျော်လေးနဲ့ တင်းတိပ်💥 ရန်ကိုကာကွယ်ကြမယ်😳

Promotion ရှိတုန်းဘဲဒီစျေးရပါမယ် #အိမ်အရောက်ငွေချေ
09696639454

30/04/2026

"ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ 'ဗုဒ္ဓနေ့' လို့ ခေါ်ဆိုရလောက်အောင် အင်မတန် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်ရဲ့ ဘဝဖြစ်စဉ်ထဲက အရေးအကြီးဆုံးသော မှတ်တိုင်သုံးခုဟာ ဒီကဆုန်လပြည့်နေ့မှာတင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့လို့ပါပဲ။ အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနဲ့ နောက်ဆုံး ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဆိုတဲ့ ထူးခြားချက် သုံးရပ်ဟာ ကဆုန်လပြည့်နေ့မှာပဲ ဖြစ်ပေါ်ခဲ့တာပေါ့။

ဒီနေ့မှာ မိမိတို့တွေ အစဉ်အလာအရ ညောင်ရေသွန်းလောင်းပြီး ပူဇော်ကြတာဟာ အလွန်ကောင်းမွန်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ညောင်ရေသွန်းလောင်းရုံတင် မကဘဲ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အသိဉာဏ်နဲ့ ဆင်ခြင်ပူဇော်ဖို့က ပိုပြီး အရေးကြီးပါတယ်။ မြတ်စွာဘုရားရှင်ဟာ လောကကို အလင်းပေးခဲ့တဲ့ အနှိုင်းမဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ 'ငါ ဘုရားဖြစ်ပြီ' ဆိုတဲ့ အသိနဲ့ လောကသားတွေကို ဒုက္ခက လွတ်မြောက်ကြောင်း လမ်းစဉ်တွေကို ဟောကြားခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓနေ့မှာ ဘုရားရှင်ကို ပူဇော်မယ်ဆိုရင် ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်ကြံခြင်း (ပဋိပတ္တိပူဇာ) နဲ့ ပူဇော်ခြင်းဟာ အမြတ်ဆုံးပါပဲ။

ဒီနေ့ထူးနေ့မြတ်မှာ မိမိတို့ရဲ့ စိတ်ကို အေးချမ်းအောင် ထားရမယ်၊ သူတစ်ပါးကို မေတ္တာပွားရမယ်၊ သီလကို ဆောက်တည်ရမယ်။ မြတ်စွာဘုရားရှင် ဖွားမြင်တာ၊ ဘုရားဖြစ်တာနဲ့ ပရိနိဗ္ဗာန်စံတာတွေကို အာရုံပြုရင်း ဘဝရဲ့ မမြဲတဲ့ သဘောတရား (အနိစ္စ) ကိုလည်း သတိနဲ့ ဆင်ခြင်ကြည့်ရပါမယ်။ ဗုဒ္ဓနေ့မှာ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်း အသိဉာဏ်နဲ့ ရှင်သန်နေထိုင်ခြင်းဟာ ဘုရားရှင်ကို အစစ်အမှန်ဆုံး ကျေးဇူးဆပ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်စီကိုယ်ငှ သတိတရား ကပ်ထားပြီး ငြိမ်းအေးတဲ့ ဘဝကို တည်ဆောက်ကြဖို့ ဒီနေ့မှာ ဓမ္မလက်ဆောင် ပါးလိုက်ချင်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #အသိဉာဏ် #တရားတော် #ဓမ္မရသ

25/04/2026

မိမိနဲ့ ထိုက်တန်တဲ့နေရာမှာသာနေပါ

လူ့ဘဝဆိုတာ ပတ်ဝန်းကျင်မျိုးစုံ၊ လူမျိုးစုံနဲ့ မဖြစ်မနေ ထိတွေ့နေရတဲ့ လမ်းခရီးတစ်ခုပါ။ အဲ့ဒီလမ်းခရီးထဲမှာ ကိုယ်ကောင်းသလို သူများလည်း ကောင်းမယ်လို့ အမြဲထင်ထားပြီး ဆက်ဆံနေမယ်ဆိုရင် တစ်ခါတစ်ရံ စိတ်ပျက်စရာတွေ၊ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ကြုံလာနိုင်ပါတယ်။

ကိုယ်က လေးစားစွာ ဟုတ်ကဲ့ လို့ ပြောချင်တဲ့အချိန်မှာ တစ်ဖက်လူဘက်က ကိုယ်မထင်မှတ်ထားတဲ့ တုန့်ပြန်မှုမျိုးနဲ့ အပြန်အလှန်ဖြစ်တတ်သလို၊ စေတနာနဲ့ ကူညီခဲ့တာတောင် နောက်ဆုံးမှာ ကိုယ်တိုင်ပဲ နာကျင်ရတဲ့ အတွေ့အကြုံတွေကိုလည်း ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို လုံးဝရှောင်ရှားလို့ မရပေမယ့်၊ ကိုယ်တိုင်ကိုယ်ကျ အနည်းဆုံး ထိခိုက်မှုနည်းအောင် ထိန်းချုပ်နိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေးအတွက် အောက်မှာဖေါ်ပြထားတဲ့ အချက်တွေကို သတိပြုသင့်ပါတယ်။

လူတိုင်းဟာ ကိုယ်လို မဖြစ်နိုင်ပါဘူး ဒါကြောင့် မျှော်လင့်ချက်ကို ထိန်းပါ။ ကိုယ်မျှော်လင့်သလို မဖြစ်တာကို လက်ခံနိုင်တဲ့ စိတ်ထားရှိဖို့လိုပါတယ်။

စေတနာကောင်းတာကောင်းပေမယ့် ကိုယ့်ကိုယ်ကို မထိခိုက်စေဖို့ ဒီအထိပဲ ဆိုတဲ့ နယ်နိမိတ် သတ်မှတ်မှုမျိုး၊ ကန့်သတ်ချက်မျိုးတွေထားတတ်ရပါမယ်။

တန်ဖိုးရှိတဲ့နေရာကို ရွေးချယ်တတ်ပါစေ။ ကိုယ့်ကို လေးစားတန်ဖိုးထားတဲ့ ပတ်ဝန်းကျင်မှာပဲ နေရင် စိတ်အေးချမ်းမှုကို ပိုမိုခံစားနိုင်ပါတယ်။

စကားပြောနည်းကို ဂရုစိုက်ပါ၊ အချို့အချိန်တွေမှာ မပြောတာကပဲ ပိုကောင်းတတ်ပါတယ်။ ပြောမယ်ဆိုရင်လည်း တိုတောင်းပြီး တိကျစွာ ပြောနိုင်ဖို့လိုပါတယ်။

စေတနာကို သုံးစွဲတတ်ပါစေ၊ လူတိုင်းအတွက် ကိုယ့်စေတနာကို မဖြုန်းတီးပါနဲ့။ သင့်တင့်သလို သုံးတတ်ခြင်းက ကိုယ့်ကိုယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးကတော့ ကိုယ်နဲ့ မကိုက်ညီတဲ့နေရာမှာ အတင်းအကျပ်နေဖို့ မလိုပါဘူး။ ကိုယ်တန်ဖိုးကို သိပြီး ကိုယ်ထိုက်တန်တဲ့နေရာကို ရွေးချယ်နိုင်တဲ့သူပဲ အမှန်တကယ် စိတ်ချမ်းသာနိုင်ပါတယ်😊

19/04/2026

တစ်ခါတလေမှာ အနိုင်မခံ အရှုံးမပေး တင်းခံနေတာထက်၊ အခြေအနေအရ ပျော့ပျောင်းပေးလိုက်တာကမှ ပိုပြီး စမတ်ကျတဲ့
ရွေးချယ်မှုမျိုးပါ။

ကျိုးပျက်သွားတဲ့ သစ်ပင်ကြီးထက် လေတိုက်ရာ ယိမ်းကတတ်တဲ့ ဝါးပင်လေးတွေက
ပိုပြီး ခိုင်မာနေတတ်လို့လေ...

18/04/2026

အခုယူရင်🎯🎯 လျော့စျေးအရမ်းလူကြိုက်များတဲ့ Suncream 🥇60 mlAnessa Perfect UV Sunscreen Skincare Milk SPF50+/PA++++

အရေတွက်အနည်ငယ်သာရ🤑

Japan made
Exp~ 2028
Authentic products only

Japan No.1 Sunscreen
Worldwide ထိကိုလူကြိုက်များတာ Anessa Sunscreen တွေပါ
Anessa series ထဲမှာUV Protection Strongest အဖြစ်ဆုံးက UV Milk Type ပါ

ဘာလို့ဆို Anessa တွေအားလုံးက All skin types အနေနဲ့ ဖော်ပြထားပြီးသားပါ

Daily wear ကနေ exercise လုပ်မယ်၊ရေကူးမယ်၊ beach သွားမယ်ဆို Milk type ကိုပဲရွေးရပါမယ်
Milk typeကို recommend လုပ်ထားပါတယ်

ဒါ့ကြောင့်လည်း Strongest UV protectionနဲ့ water-resistant ဆို Anessa UV Milk ပါ

50% Skincare ingredients တွေပါဝင်ပြီးတော့ အသားရေရဲ့ moisture ဓာတ်ကိုလည်းရရှိစေပါတယ်
2024ထုတ်ကလုံးဝကိုမှ အရည်ကျဲကျဲဖြစ်သွားပါတယ်
(2022ထုတ်ထက်ကိုပိုကျဲပါတယ်)
လုံဝ light weight texture ပါ
Alcohol အနံ့မရတော့သလောက်ကိုဖြစ်သွားတယ်အရင်ထက်စာရင်
အနံ့ကပိုမွှေးလာပါတယ်

SPF50+/PA++++ ပါဝင်လို့ UVA/UVB အပြည့်အဝကာကွယ်ပေးပါတယ်

အကောင်းဆုံး အကောင်းဆုံးဆိုတာပဲ ရွေးချယ်မဲ့သူတွေအတွက် Anessa Sunscreen ရှိနေပါပြ

မင် ကတော့ ကြိုက်လွန်းလို့ ယူထားလိုက်ပီ

Photos from Angel's Secret DD cream's post 15/04/2026

မင်းကောင်းနေသ၍ ကောင်းတဲ့သူနဲ့ တွေ့ပါလိမ့်မယ်

မနက်ပိုင်းနာလိုက်ရတဲ့တရားတော်မှ.....နေ့စဥ် စရဏလေးနဲ့ နှစ်သစ်ကို ဖြတ်သန်းမယ်

14/04/2026

ဘဝဆိုတာ ခဏ (movement)တွေ စုစည်းထားတာ

ဒါကြောင့် Movement တွေကို wave မဖြစ်စေနဲ့

နေ့စဥ် စရဏ တစ်ခုခုလုပ်ခြင်းက confidence တိုးစေပါတယ်

အရှင်ဇောတိသာရ တရားနာရင်း နေ့လယ်အပူကိုအံတု😁

14/04/2026

နှစ်သစ်မှာ အရေးကြီးဆုံးကတော့ အတိတ်က အညစ်အကြေးတွေကို လွှတ်ချနိုင်တဲ့ စိတ်ထားပဲ။ နှစ်ဟောင်းမှာ ကြုံခဲ့ရတဲ့ စိတ်နာစရာတွေ၊ အဆင်မပြေမှုတွေနဲ့ အာဃာတတွေကို အိတ်အဟောင်းကြီးတစ်ခုလို ထမ်းမလာပါနဲ့တော့။ 'ပြီးခဲ့တာတွေ ပြီးပါပြီ' ဆိုပြီး လွှတ်ချလိုက်မှသာ နှစ်သစ်ခရီးကို ပေါ့ပေါ့ပါးပါးနဲ့ ဝေးဝေးသွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကိုယ့်မှာရှိနေတဲ့ အရာလေးတွေကို တန်ဖိုးထားတတ်တဲ့ ရောင့်ရဲတင်းတိမ်တဲ့ စိတ်ကလေးကိုလည်း မွေးမြူရမယ်။ 'ငါ့မှာ ဒါမရှိလို့၊ ဟိုဟာမရလို့' ဆိုပြီး မပြည့်စုံတာတွေကို လိုက်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ရှိနေတာလေးတွေနဲ့ အေးချမ်းအောင် နေတတ်ဖို့ လိုတယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ထားကလည်း နှစ်သစ်မှာ အင်မတန် အရေးကြီးတယ်။ လောကမှာ လောကဓံဆိုတာ လာဦးမှာပဲ၊ အဲ့ဒီအခါ 'ဒါဟာ လောကရဲ့ သဘောပဲ' လို့ သည်းခံနိုင်တဲ့စိတ်ရှိရင် ဘယ်လိုအပူမျိုးပဲလာလာ ကိုယ့်စိတ်ကို မလောင်မြိုက်နိုင်တော့ဘူး။

အဓိကကတော့ ကိုယ့်ပတ်ဝန်းကျင်ကို မေတ္တာရှေ့ထားတဲ့ မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ။ အပြစ်ရှာတဲ့စိတ်ထက် 'အားလုံး အဆင်ပြေကြပါစေ' ဆိုတဲ့ စေတနာစိတ်နဲ့ ဆက်ဆံမယ်ဆိုရင် ကိုယ့်ဆီကိုလည်း မေတ္တာတွေပဲ ပြန်လာလိမ့်မယ်။ အရာရာမှာ သတိနဲ့ အသိဉာဏ်ကို ယှဉ်ပြီး ဆုံးဖြတ်တတ်တဲ့ စိတ်ထားမျိုးရှိနေရင်တော့ ဘယ်တော့မှ လမ်းမှားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်မှာ အဝတ်အစားသစ်တွေ လဲသလို ကိုယ့်ရဲ့ စိတ်ထားဟောင်းတွေကိုလည်း ဒီလို စိတ်ထားကောင်းလေးတွေနဲ့ လဲလှယ်ကြည့်ကြပါ။ စိတ်ထားစင်ကြယ်နေတဲ့သူအတွက် နှစ်သစ်ရဲ့ နေ့ရက်တိုင်းဟာ မင်္ဂလာရှိတဲ့ နေ့ရက်တွေ ဖြစ်နေမှာပါ"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ကူး2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်စိတ်ထား #စိတ်သစ်ဘဝသစ် #တရားတော် #မေတ္တာ #သတိ #ဓမ္မရသ

13/04/2026

မင်္ဂလာရှိသော မဟာသင်္ကြန်အကြိုနေ့လေးဖြစ်ပါစေ။
တစ်နှစ်ပတ်လုံး ရှုပ်ထွေးခဲ့သမျှ၊ ပင်ပန်းခဲ့သမျှတွေကို
ဒီနေ့မှာ အတာရေနဲ့ ဆေးကြောလိုက်ပြီး...
အေးချမ်းတဲ့ အပြုံးကိုယ်စီနဲ့ နေ့သစ်ကို
ဖြတ်သန်းနိုင်ကြပါစေ..
၇ ရက်သားသမီး အားလုံး ဘေးကင်းကင်းနဲ့
ပျော်ရွှင်စရာ သင်္ကြန်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေ🙏

Photos from Angel's Secret DD cream's post 12/04/2026

အတာအိုး🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Insein
Yangon