Thäw

Thäw

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thäw, Beauty, cosmetic & personal care, Yangon.

23/07/2020

🐽 Acne 🐽
ဝက်ခြံလို့ကြားမိတာနဲ့ စိတ်ညစ်ရတယ်မဟုတ်လား?😔
ကိုယ်တိုင်လဲ ဝက်ခြံအကြီးအကျယ်ထွက်ခဲ့ဖူးပါတယ်။😟
အပြင်မထွက်ရဲတဲ့အထိ ရှက်ရတဲ့အထိပါပဲ။😣
ဒါပေမယ့်အချိန်တစ်ခုအရ စဉ်းစားရင်းသိလာရတာက ဒါဟာရှက်စရာတော့မဟုတ်ပါဘူး။🙅
လူတိုင်းဖြစ်တတ်တဲ့သဘာဝပါပဲ။🤷
မျက်နာပေါ်ကအစိတ်အပိုင်းတစ်ခုချင်းဆီရဲ့ ဝက်ခြံဘာကြောင့်ထွက်ရလဲဆိုရင်တော့ ...👇👇👇
▶️နားမှာဆိုရင်
-စိတ်ဖိစီးမှုကြောင့်ပါ။
-ဟော်မုန်းမညီမျှတာကြောင့်ပါ။
▶️မေးရိုးနဲ့မေးစေ့မှာဆိုရင်
-ဟော်မုန်းမညီမျှတာ
-Poor diet အချို၊အငန်၊အဆီတွေအများကြီးစားမိတာ
-မိန်းကလေးတွေဆိုရင် periodလာတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။
▶️ပါးပေါ်မှာဆိုရင်
-စိတ်ဖိစီးမှုများတာ
-အလွန်အကျွံစားမိတာ
-ခေါင်းအုံးစွပ်တွေညစ်ပတ်တာ
-ဖုန်းမသန့်ရှင်းတာ
-Makeup brushတွေမသန့်ရှင်းတာ။
▶️မျက်ခုံးမွှေးတစ်ဝိုက်ဆိုရင်
-စားတဲ့အစားအစာတွေကြောင့်
-အရက်သောက်တာ
-ရေသောက်နည်းတာ
-မျက်ခုံးမွှေးဆွဲတံတွေကြောင့်လဲထြစ်တတ်ပါတယ်။
▶️နဖူးနဲ့နှာခေါင်းမှာဆိုရင်
-ညအိပ်ချိန်နောက်ကျတာ
-စိတ်ဖိစီးမှုများလွန်းတာ
-pubertyအရွယ်ရောက်လာတဲ့အချိန်
-အချို၊အဆီ၊အငံတွေအလွန်စားမိ
-အစာချေစနစ်မကောင်းတာ။
▶️Hairline တွေမှာဆိုရင်
-Hair care productsမတည့်တာ
-ခေါင်းလိမ်းဆီတွေက ချွေးပေါက်ထဲအဆီပိတ်မိတာတွေကြောင့်ဖြစ်ပါတယ်။
▶️ကျောကုန်းမှာဆိုရင်
-အပူများတာ
-အိပ်ရာခင်းဖုန်တွေကပ်နေတာ
-အိပ်ရာခင်းမသန်းရှင်းတာတွေကြောင့်ဖြစ်ပါတယ်။
☑️ ကိုယ့်အသားအရည်နဲ့ထိတွေ့မယ့်အရာတွေအားလုံးကိုသန့်ရှင်းနေအောင်ထားခြင်းကအကောင်းဆုံးပါပဲနော်☑️
✨အားလုံးပဲဝက်ခြံကင်းပြီး ယုံကြည်မှုရှိရှိနဲ့လှနိုင်ကြပါစေနော်💯😍 love u😘
🙏Please like and share 😊

19/07/2020

Make upပြင်ရင် လုံးဝမပါမဖြစ်လေး
Highlighter ✨

15/07/2020

ဝက်ခြံပေါက်တယ်ဆိုတာ ကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာ ပုံမှန် ဇီဝကမ္မဗေဒ ကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေ ကြီးကောင်ဝင်လာပြီ၊ လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင် ဝက်ခြံတွေ စထွက်လာပါပြီ။
မျက်နှာကို ပုံမှန်သစ်ပေးခြင်းက မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့ အဆီတွေနဲ့ အရေပြားဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး မျက်နှာ ခဏခဏသစ်တာ၊ မျက်နှာအရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာတွေဟာ မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ပျက်စီးစေတဲ့အတွက် ဝက်ခြံတွေကို ပိုပြီးဆိုးရွားစေပါတယ်။
အကောင်းဆုံးကတော့ မျက်နှာကိုတစ်နေ့ နှစ်ကြိမ် ဆပ်ပြာအပျော့စား (သို့) မျက်နှာသစ်ဆေးတွေနဲ့ ဆေးကြောပေးတာပါပဲ။
ဝက်ခြံတွေပျောက်ချင်ဇောနဲ့ ဆေးတွေကို ပမာဏအများကြီး ပိုသုံးရင် အသားအရေဟာ ခြောက်သွေ့ ထိခိုက်စေနိူင်ပါတယ်။ ဝက်ခြံပျောက်ဆေးကို ဆေးဆိုင်က ဝယ်သုံးတာပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတာပဲဖြစ်ဖြစ် ဆေးညွှန်းအတိုင်း အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ တတ်ကျွမ်းနာလည်တဲ့ ဆရာဝန်နဲ့ ပြတာပါပဲ။

14/07/2020

ပြင်တတ်ခါစက ရိုက်ထားတာလေး
အတော်တော့ကြာပြီ။😊😊😊💖

14/07/2020

❌😨မျက်နှာပေါ်လုံးဝမတင်သင့်တဲ့အရာ ၇ ခု😨
⚠️အမှားကြီးမှားနေတဲ့ DIY skincare များ⚠️

သဘာဝ Natural ဆိုတဲ့ အသီးတွေ၊ အဆီတွေကလည်း မျက်နှာအသားအရေ ကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုယုံမလားဟင် 🤭 ခုခေတ်က အော်ဂဲနစ်ခေတ် Natural ခေတ်ပါ။ အကြမ်းဖျင်းတော့ သဘာဝအတိုင်းလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကကောင်းပါတယ်၊ ဒါပေမဲ့ တချို့ဟာတွေကတော့ မျက်နှာအသားအရေကို ကောင်းကျိုးထက်ဆိုးကျိုးတွေအများကြီး ပိုဖြစ်စေတယ်နော်။ 🙄

(၁) 👉Oil (အဆီ- အထူးသဖြင့် အုန်းဆီ)
အုန်းဆီဆိုတာကိုယ်တို့ချစ်တို့ငယ်ငယ်တုန်းကမေမေတို့ အမြဲသုံးတဲ့ခေါင်းလိမ်းဆီ၊ အနံ့လေးကမွှေးမွှေးလေး၊ ခုနောက်ပိုင်းတော့ အုန်းဆီနဲ့ပတ်သတ်တဲ့ ခေါင်းလျှော်ရည် Shampoo/ Conditioner တွေလည်းအများကြီးထုတ်လာ သုံးလာကြပြီနော်။ အုန်းဆီမှာ Anitbaterial နဲ့ Antimicrobial ဂုဏ်သတ္တိတွေပါပြီး ခြောက်သွေ့ပျက်ဆီးပြီးဆီခမ်းခြောက်နေတဲ့ဆံသားတွေကိုဆီဓါတ်ပေးနိုလို့ ဦးရည်ပြားနဲ့ဆံပင်အတွက်တကယ်ကောင်းပါတယ်။ Body Oil အနေနဲ့လည်းမဆိုးဘူးကောင်းတယ်✌️✌️ ဒါပေမဲ့ မျက်နှာပေါ်ကိုတော့ လုံးဝဆို လုံးဝ မသုံးသင့်ဘူးနော်။ Why?? အုန်းဆီဟာ Comedogenic scale မှာ level 4 ပါ၊ Comedogenic scale ဆိုတာအလွယ်ပြောရရင် oil အမျိုးမျိုးအတွက်ချွေးပေါက်ဘယ်လောက်ပိတ်နိုင်တယ်ဆိုတာ တိုင်းတဲ့ Scale ပါ။ level 0 to 5 ရှိပြီး 5 ကချွေးပေါက်တွေအပိတ်စေနိုင်ဆုံးပါပဲ။ အဲ့လိုပြောလိုက်ရင်တစ်ချို့တွေကလာပြောကြမလားမသိဘူးနော်။ အုန်းဆီကိုမျက်နှာမှာသုံးတာ ဘာမှမဖြစ်ပါဘူးကြာလှပြီ ဘာညာပေါ့၊ ချွင်းချက်တွေကရှိမှာပါ၊ ဒါမဲ့ level 4 အဆင့်ရှိတဲ့ အုန်းဆီက အရမ်းအသားခြောက်တဲ့ Dry skin ကလွဲလို့တော်တော်များများအတွက် ချွေးပေါက်တွေပိတ်ပြီး Break out ဖြစ်စေလို့ သတိထားပေးကြနော်👎 အုန်းဆီ မျက်နှာပေါ် အတွက်သာ သုံးမကောင်းပေမဲ့ ခေါင်းလိမ်းဆီ၊ Body oil နဲ့ Body lotion တွေအတွက်တော့ကောင်းပါတယ်။ အုန်းဆီကို Make up Remover အတွက်သုံးတဲ့လူတွေလည်းဖြစ်နိုင်ရင်တခြားအဆီကို အစားထိုးသုံးကြည့်သင့်တာပေါ့။ Moisturizer အဖြစ်အဆီကိုသုံးချင်တဲ့ သူတွေဆိုလည်း Marajuca Oil/ Argan Oil/ Rosehip Oil တို့ Maraura Oil တို့ကိုပဲရွေးသုံးသင့်ပါတယ်။ အုန်းဆီကိုတော့ ‌ရှောင်ကြပါကွယ်။

(၂) 👉Sugar & Salt (သကြား နဲ့ ဆား)
တချို့တွေမျက်နှာကို သကြားနဲ့ဆားတွေနဲ့ပွတ်ပြီး မျက်နှာကို Scrub လုပ်ကြတာ ကိုယ်ကတော့ လုံးဝအားမပေးဘူးနော်။ မျက်နှာက body ထက်နုပါတယ်။ Body ကတော့ Sugar/ Salt Scrub တွေသုံးလို့ ဘာပြဿနာမှမရှိပေမဲ့ မျက်နှာအတွက်ကတော့ Big No No နိုး - အန်ကယ်ကတော့နိုးပါကွယ်။ သူတို့ရဲ့ Crystalline ပုံစံလို့ပြောရမယ့် မျက်နှာပြင်တွေက အစေ့နဲ့လုပ်ထားတဲ့ Scrub တွေထက်ကြမ်းတတ်ပြီး မျက်နှာကိုပွန်းပဲ့စေတတ်ပါတယ်။ တချို့ကပြောမှာပေါ့ ဘယ်မှာပွန်းပဲ့လို့လဲ မနာပါဘူး၊ ဘာညာ၊🤔 အဲ့လိုမျိုးမသိသာစေဘဲ မျက်နှာရဲ့ကောင်းမွန်ညီညာတဲ့အရေပြားတွေကိုပါးပါးပြီးပဲ့ပါသွားတော့ အပြင်က မကောင်းတဲ့ ပိုးမွှားနဲ့ရာသီဥတုဒါဏ်တွေက မျက်နှာကိုတိုက်ရိုက်ထိတော့တာပါ😓 သကြားဆိုပိုတောင်မှ ဆိုးသေး။ Bateria တွေကသကြားဆိုရှယ်ကြိုက်ကြတော့ သကြားနဲ့များ မျက်နှာကို Scrub လုပ်ပြီးဆေးတာမပြောင်ခဲ့ရင် Bateria တွေအတွက် ဘူဖေးပွဲတော်အုပ်ဖြစ်နေမှာနော်။ မျက်နှာလေးကတော့ သနားစရာ။ ဒါနဲ့ သကြားကလိုတာထက်အများကြီးစားလို့ရှိရင် အိုမင်းရင့်ရော် လွယ်စေတယ်နော်၊ အသားအ‌ရေကို တင်းရင်းနုပျိုစေတဲ့ ကိုလာဂျင် Collagen တွေက သကြားတွေနဲ့ဓါတ်ပြုပြီး အလုပ်မလုပ်တော့လို့လေ။ ကဲကဲ Scrub အကြောင်းပြန်ဆက်မယ်ဆို...ဘာနဲ့ Scrub လုပ်လို့ရမလဲဆိုတော့ Alpha/Beta Hydroxy Acids တွေသုံးပြီး Scrub မယ်ဆို (သင့်တော်တဲ့ percentage တော့ဖြစ်ရမယ်နော)အဆင်ပြေမှာပါ။ သူတို့က မော်လီကျူးအရွယ်အစားလောက်လေးသေးပြီး မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ပေးမှာ။

(၃) 👉Lemon/ Lime (ရှောက်သီး/ သံပုရာသီး)
ငယ်ငယ်တုန်းက ရှောက်သီးတို့၊ သံပုရာသီးတို့နဲ့ မျက်နှာကပ်ဖူးကြလားဟင်။ ကိုယ်တော့လုပ်ဖူးတယ်။ ပြောပြမယ့်လူလည်းမရှိ သိလည်းမသိခဲ့တော့လေ၊ အဲ့ကနေစပြီးချွေးပေါက်တွေကျယ်သွားလိုက်တာ ခုထိကိုမနည်းပြန်ကျဉ်းအောင်လုပ်နေရတုန်း။ အဲ့ဒီ့အချဉ်သီးတွေက Vitamin C ပါလို့ဖျော်သောက်၊ သုပ်စား အမောပြေ၊ အအီပြေ၊ အသားအရေအတွက်ကောင်းတယ်၊ အဲ..အဲ..မျက်နှာပေါ်တော့သွားမတင်လိုက်နဲ့👎 ငါးပါးမှောက်ပြီး နှစ်ပေါင်းများစွာကိုယ့်လိုမျိုးချွေးပေါက်ကျယ်သွားနိုင်တယ်။ ရှောက်သီးမှာ Citric Acid (AHA) တို့ Ascorbic Acid (Vitamin C) တို့ပါပေမဲ့ သဘာဝရှောက်သီးကအက်ဆစ်အပြင်းစား (high concentration)ကြီးပါ။ မျက်နှာပေါ်လိမ်းလို့ရအောင် ဖော်စပ်ထားတာမျိုးမဟုတ်တဲ့ လုံးဝသဘာဝ အသီးကြီးကတော့ မျက်နှာရဲ့ pH ကိုပျက်စီးစေမှာပါပဲ။ မျက်နှာအသားရေရဲ့ pH က 4-6 လောက်ရှိတာပါ။ သဘာဝရှောက်သီးကြီးရဲ့ pH က 2 လောက်ဆိုတော့ တအားကွာပြီး pH balance ကိုပျက်စေမှာပါ။ ပိုဆိုးတာက ရှောက်သီးမှာပါတဲ့ အက်ဆစ်ဓါတ်တွေက နေရောင်ခြည်နဲ့ဓါတ်ပြုပြီးအသားအရေကို လောင်ကျွမ်းပြီး အသားအရောင်မဲတာဖြစ်စေပါသေးတယ်။ အဲ့တော့... Vitamin C serum တို့ AHA toner တို့ပဲသုံးပါ✌️✌️ ရှောက်သီးကြီးတော့ မျက်နှာပေါ်မပွတ်ပါနဲ့နော်?😓

(၄) 👉Baking Soda
အသားအရေ pH ကိုပျက်စီးစေတဲ့ နောက်အကြောင်းရင်းတစ်ခုက alkaline အရမ်းဖြစ်တဲ့ဟာတွေ သုံးလို့ပါ။ အဲ့ဒါကြောင့်ခုနောက်ပိုင်းဆိုရင် Alochol Free ဘာညာသုံးကြတယ်ဟုတ်။ အဲ့တော့ pH level 9 လောက်ရှိတဲ့ Baking Soda ကြီးဆို နိုးနိုးနိုး👺👺 Baking Soda ကအရေပြားထဲကရေဓါတ်တွေကိုခမ်းခြောက်စေပြီး အိုမင်းရင့်‌ရော်မှုတွေလည်းဖြစ်စေနိုင်သေးတယ်။ အဲ့တော့ ရှောင်ပါ။ တကယ်လို့ကိုယ်သုံးတဲ့ cosmetic skincare ပစ္စည်းမှာ Baking Soda (Sodium Bicarbonate) ကိုတွေ့ခဲ့ရင် လန့်ဖျန့်ပြီး မလွတ်ပစ်လိုက်နဲ့ဦး။ Cosmetic World မှာ Baking Soda ကို အက်ဆစ်ဓါတ်‌လျှော့ချဖို့အတွက် သုံးတတ်ကြပါတယ်✌️ အဲ့ဒါ အန္တရာယ်မရှိပါဘူး။ အဲဒါပေမဲ့ မီးဖိုချောင်ထဲက Baking Soda အကြမ်းကြီးကတော့ မျက်နှာပေါ်သုံးရမယ့်ဟာမဟုတ်ဘူးနော်။

(၅) 👉Apple Cider Vinegar
pH level 2.8 လောက်ရှိတဲ့ Apple Cider Vinegar ကိုမျက်နှာအတွက်သဘာဝတိုနာဆိုပြီး တချို့ကသုံးကြသေးတယ် 😰 မလုပ်သင့်ဘူးနော်။ တကယ့်တိုနာပဲသုံးပါ၊ သဘာဝတိုနာ သုံးချင်ရင်တောင် Rosewater တို့ Witch Hazel တို့ကို အစားထိုးသုံးသင့်တယ်။

(၆) 👉Toothpaste (သွားတိုက်ဆေး)
သွားတိုက်ဆေးလေ သူ့နာမည်အတိုင်း သွားကိုတိုက်မယ့်ပစ္စည်းပေါ့။ တချို့က Spa treatment ဆိုပြီး သုံးကြတယ်။ ဝက်ခြံတို့ဘာတို့ပေါ် ပုံပြီးတော့လည်း ပိုးသတ်ဆေးလိုလိုဘာလိုလိုသုံးကြသေးတယ်လေ။ တကယ်တော့ မသင့်တော်ဘူး။ သွားတိုက်ဆေးပါ ပိုးသတ်ဆေးဘာညာပါပေမဲ့ မျက်နှာကို နီမြန်းခြောက်သွေ့‌ စေတယ် 😱။ အမယ် ဝက်ခြံပေါ်ပုံလိမ်းပြီး ဝက်ခြံပျောက်တာတကယ်ရှိတယ် မယုံဘူးလားလို့ လာပြောကြမလားမသိ။ အဲ့ဝက်ခြံက သူ့ဘာသူပျောက်ရမယ့်ဟာ သွားတိုက်‌ဆေးက ကြက်ကန်းဆန်အိုးတိုး ကံကောင်းသွားတာဖြစ်လိမ့်မယ်။ သွားတိုက်ဆေးမှာ menthol တို့ Peppermint တို့လည်းပါတတ်သေးတော့မျက်နှာကိုနီတာ၊ယားတာတွေလည်းဖြစ်တတ်ပါသေးတယ်😓😓 အဲ့တော့ ဝက်ခြံများဖြစ်ခဲ့ရင် သွားတိုက်ဆေးပုံတာထက် Salicylic acid ပါတဲ့ Spot Treatment တွေကိုသုံးသင့်တာနော်။

(၇) 👉Vaseline
Vaseline ကတအားတအားကို အဆီတွေများတာပါ။ သူ့ရဲ့အဆီကချွေးပေါက်တွေအသားတွေထဲကိုစိမ့်ဝင်ပြီး ပိတ်စေတာမျိုးတော့မဟုတ်ဘူး။ နားလည်လွယ်အောင်‌ပြောရရင် အရေပြားပေါ်ကို အဆီလွှာတစ်လွှာနဲ့အုပ်ထားသလိုဖြစ်မှာ။ အဆီလွှာကချွေးပေါက်ပိတ်စေတာမှမဟုတ်ဘဲ ကာပဲကာ ထားတာလေလို့ စောဒဂ တတ်ချင်တာလား ကွီးတို့ မွီးတို့ရေ။ အဲ့လိုကြီးကာထားတာကြောင့် မျက်နှာ‌ပြင်ပေါ်မှာ အပူချိန်လည်းမြင့်လာပြီး မျက်နှာပေါ်မှာရှိနေတတ်တဲ့ Bateria နဲ့ fungus တွေက မဟားဒယားပေါက်ပွားတော့မှာပါ😱😱 အကျိုးဆက်ကတော့ Ance Break out ဖြစ်စေတာပါပဲ 😵 အဲ့တော့လေ အသားအရမ်းခြောက်တဲ့ Very Dry Skin တွေက မျက်နှာကိုဆီဓါတ်ဖြည့်ချင်ရင် တခြားအဆီတွေသုံးလို့ ရပါတယ် Vaseline တော့ မသုံးကြပါနဲ့ ချစ်တို့ရယ်။

Ref:
1. Dr Liv (Certified Dermatologist)
https://www.youtube.com/watch?v=MBlbyrQ5Eis&feature=youtu.be&fbclid=IwAR33pvTvRn5kNk8NrxTfqp1XBnrBnyyjmdAhXm71RQFKtQhhNvoqpJG7odg
2. Nayamka Roberts-Smith (Health coach and California & New York State licensed esthetician)
https://www.youtube.com/watch?v=kniRD12MDbU&feature=youtu.be&fbclid=IwAR2fDE3JE8lxAw4Fq7swwQuBEwRFeZUFnjNG7UNr1P9Irib5Augf3RY97Ok

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Thäw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.