Makeup by Theint
makeup artist
31/07/2026
မြန်မာငွေ 15သိန်းနဲ့ 18 သိန်းကြား ပေးရမဲ့ skincare တွေကို မြန်မာငွေ 300000 ကျော် ( before discount USD 415 , after discount USD 61 ) နဲ့ ဝယ်လို့ရလိုက်တယ်ရှင်
ဝယ်တော့ aed တစ်ခါထဲ ပြောင်းပြီး ပြပေးတယ် Aed နဲ့ဖြတ်တော့ 254 aed ပေးရတယ် free shipping နဲ့ အိမ်ရောက်တော့ 22 aed ထပ်ပေးရတယ် ( Customs fee )
Total ဒီလောက်အများကြီးဆိုမှ aed 276 ပဲ ကျတယ်ရှင်
UAE မှာ korean skincare 1 ဗူးဆို ဈေးချလို့ တန်ရင်တောင် 60 နဲ့ 80 ကြားရှိပါတယ်
Style Korean မှာ Bestie Box ဆိုပြီးရော Sale တွေရှယ်ချနေတာနဲ့ UAE လဲအိမ်အရောက်ပို့ပေးတယ်
ရှာကြည့်တော့လဲ အစစ်တွေပဲရောင်းတယ် စိတ်ချရတဲ့ review တွေ တွေ့တာနဲ့ ဝယ်လိုက်တာ ဟီး
ခုတော့ ဒီ Box လေးကတော့ မရတော့ဘူး skincare week တုန်းက 3 ရက်တစ်ခါပြောင်းတာ
ခုတော့ skincare box က pharmacy box လေးရယ် makeup week ဆိုပြီး sale ချနေတယ်
သူက အမြဲပြောင်းနေတာ စိတ်ဝင်စားရင် ဝင်ကြည့်ကြည့်နော်
ကြာချိန်ကတော့ Korea ကနေ UAE တော့ 7 days to 14 days ကို သိမ့်စီ 11 ရက် နဲ့ ရောက်ပါတယ်
12/07/2026
July လလေးကတော့ မေမေ တစ်ယောက် အနေ နဲ့ရော ဇနီးတစ်ယောက် အနေနဲ့ရော ဂုဏ်ယူပီတိ ဖြစ်ရတဲ့ လလေးပါ
သားလေးကို လာမဲ့ စာသင်နှစ် ကျောင်းကြီးပြောင်းတော့ ကျောင်းတွေအကုန်ရှာပြီး ထားချင်တဲ့ 3 ကျောင်းမှာ 2 ကျောင်းက waiting list ပဲရတယ်
ကျန်တဲ့ Canada ကျောင်းလေးသွားကြည့် ကြိုက်တော့ ကျောင်းတက်ဖို့ အတွက် ဝင်ခွင့်စာမေးပွဲဖြေရတယ်
ကျောင်းက ကလေးတွေက အရမ်းဖော်ရွေပြီး စကားတွေ လာပြောကြ လာမိတ်ဆက်ကြနဲ့ အရမ်း sweet ဖြစ်ကြတယ်
ပြီးတော့ ဆရာ/ဆရာမ အကုန်လုံးက American တွေကြီးပဲ ဆိုတော့ သားလေးအသံထွက်လဲ ပိုမှန်မယ် ဆိုပြီး ထားချင်တာ
July လထဲမှာ သားလေး ကျောင်းဝင်ခွင့်အောင်တာ ရော ကိုကို က ရာထူးတိုးတာရော နဲ့ တကယ် ပီတိလေးဖြစ်ရပါတယ်ရှင်
စာမေးပွဲ အောင်ပေမဲ့ စာရွက်စာတမ်း တွေ တင်ရတော့ အကြာကြီး တစ်နေသေးတယ် ( တင်ရတာတော်တော်များလက်ရှိတက်နေတဲ့ ကျောင်းက အဲ့လောက် စာရွက်မများဘူး )
အဲ့တော့ စိတ်ပူရသေးတာရှင် , စာရွက်တစ်ခုမှာ တစ်နေတော့ ကျောင်းလခကို သူတို့က ပေးမသွင်းပဲ စောင့်နေရတာ နဲ့ ခုံပြည့်သွားမှာ စိုးလို့ စိတ်တွေပူရတာ အဲ့တုန်းက
ခုတော့ အကုန်အဆင်ပြေပြီး ဝင်ခွင့်ရသွားပြီ 🥰
သိမ့်ကတော့ ဒီလိုက်နေပြီးထဲက ဝါသနာပါတဲ့ makeup./ skincare တွေကို ရန်ကုန် မှာ လို သေချာမလုပ်နိုင်တော့ပါဘူး
ဒါပေမဲ့ ကိုကို နဲ့ သားလေးကို သေချာ အချိန်ပေးပြီး ပါရမီ ဖြည့်ပေးရတာကိုပဲ ကျေနပ်နေပါပြီ
သိမ့်ကတော့ ဟင်းချက်လိုက် အိမ်ရှင်းလိုက် သားလေးနဲ့ ဆော့လိုက်ပါပဲ
ခုက သားလေးရဲ့ နွေရာသီ ကျောင်းပိတ်ရက် ဆိုတော့ သူ့ကို အချိန်ပိုပေးနေရလို့ Online Class လေးတွေလဲ အရင်ထပ် လူဦးရည် လျော့ပြီး လက်ခံပေးပါတယ်💗
03/07/2026
Judydoll လေးတွေ ရွေးခြယ်ရလွယ်ကူစေဖို့ ပုံလေးတွေ နဲ့ သေချာလေးရှင်းပြပေးထားပါတယ်
C Beauty ဘက်က ဆိုတော့ ဈေးကွက်တွေထဲမှာ တွေ့ရတဲ့ Western Beauty , K Beauty တွေ နဲ့ အနည်းငယ် ကွာခြားချက်လေးတွေ သတိထားမိတာရှိတယ်
C Beauty မှာ Judy Doll က သိမ့်ရဲ့ ပထမဆုံး အတွေ့အကြုံ ပါ
အသေးစိတ် အောက်မှာ အဆုံးထိ သေချာ ဆက်ဖတ်ပေးနော်
တကယ် အရမ်းကြိုက်သော နှုတ်ခမ်းလေးကို ဖူးစိုပြီး အရမ်းလှသော Lip Gloss လေးပါရှင်💋
အရောင်လေးတွေကလဲ အကုန်လှသော ပယ်စရာမရှိ 💋
သေချာလေးစမ်းပြထားတာရမလို့ ကိုယ်နဲ့လိုက်တာလေး သေချာရွေးခြယ်လို့ရတယ်နော်
အလွယ်တကူ သွားလေရာ သယ်သွားလို့ရမဲ့ တစ်ချပ်ထဲနဲ့ အဆင်ပြေစေမဲ့ Judydoll ရဲ့Portable Makeup Palette တွေက တကယ်ရော အဆင်ပြေလား ? အရောင်ထွက်ရဲ့ လား ? အသုံးဝင်ရဲ့လား သိချင်ရင် ဒီ Video လေးသာ ကြည့်လိုက်နော် 😉
မိန်းကလေး တွေမှာရှိတဲ့
Girl Power နော် 🤪❤️🔥
Makeup look တစ်ခု က လူတစ်ယောက်ကို ဘယ်လောက်ပြောင်းလဲ စေလဲ သိလား ?
မိန်းကလေးမှာ 2 မျိူးပဲ ရှိတယ်
အလှပြင်တဲ့ သူ 🩷 နဲ့ မပြင်တဲ့ သူ 🩷
ဒါပေမဲ့ ဘယ်လိုနေနေ ကိုယ်ပိုင်အလှတရားဆိုတာရှိပြီး သား ...ရှိပြီးသား အလှကို ပိုပြီး ပိုလွင်စေချင် သေချာ ပြင်တတ်ဖို့ နဲ့ သုံးသွား တဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး ကလဲ အရေးပါတယ်နော်
ဒီ Video လေးမှာ သိမ့်ကသေချာလေးရှင်းပြထားတာမလို့ လိုက်ပြင်ကြည့်ကြနော်ရ😉🩷
01/05/2026
ကိုယ့်အသားရည်လေးကောင်းဖို့ Skincare Class လေးတက်မလား ? Skincare ဆိုင်လေးဖွင့် ချင်လို့ Skincare အကြောင်းတွေ ပိုနားလည်ချင်လား ?
ဒါဆို သိမ့်ရဲ့ Skincare Online Class လေးလာတက်ပါရှင့်
အသားရည်ကောင်းနေရင် မျက်နှာပြောင် နဲ့ အပြင်ထွက်ရင် လဲ လှနေရော , Makeup လိမ်းရင်လဲ လှနေတာ မလို့ Skin ကောင်းနေဖို့က ဒီဘက်ခေတ်မှာ အဓိက ဖြစ်နေရောနော်
သူများကို skincare ညွှန်းဖို့ပဲ ဖြစ်ဖြစ် ကိုယ့် skincare တွေ ကို နည်းမှန်မှန် နဲ့ သုံးနိုင်ဖို့ ဖြစ်ဖြစ် ပိုပြီး skincare အကြောင်းတွေ သိချင်ရင် သိမ့် မှာ Skincare နဲ့ ပတ်သတ်ပြီး အတန်းလေး 2 ခုဖွင့်ပေးထားပါတယ်
Class 1 လေးက ကိုယ့်အသားရည်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘာသာ Skincare ရွေးချယ် နိုင်အောင် Skincare တွေ အကြောင်း ပိုသိစေမဲ့ အတန်းလေး
Class 2 က Skincare ဆိုင်လေးဖွင့်မလိုပဲ ဖြစ်ဖြစ် ဖွင့်ထားပြီးသားပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Customer တွေကို Skincare တွေ သေချာ ညွှန်းနိုင်စေမဲ့ အတန်းလေး ပါ
Class 1 ရဲ့ သင်တန်းကြေးလေးက 30000 နဲ့ Class 2 ရဲ့ သင်တန်းကြေးက 35000 လေးပါရှင့်
အတန်းလေး 2 ခုလုံးက Telegram ကနေ တစ်ယောက်ချင်းစီ သင်ရမဲ့ Private အတန်းလေးတွေပါ
( ❌ Video Call ❌အတန်းမဟုတ်ပါဘူးနော် , စာလေးတွေ ပို့ပြီး သင်ပေးတာပါ ✅ )
သင်တန်းအချိန်လေးတွေက တစ်ရက်ကို 1 နာရီ ခွဲ ကို 2 ရက် သင်ရမှာပါ ...ရက်နဲ့ အချိန်က သိမ့်နဲ့ ညှိပြီး အားတဲ့ အချိန်လေး သင်လို့ရပါတယ်ရှင့်
တစ်ယောက်ချင်းစီ သင်ရတာမလို့ အမေးအဖြေလေးတွေလဲ စိတ်ကြိုက်လွတ်လွတ်လပ်လပ် မေးလို့ရပါတယ် ...သင်တန်းကာလ 2 ရက် 1:30 အချိန်မှာ အမေးအဖြေလေးတွေက စောင့်စရာမလိုပါဘူး စာလေးတေတွေ သင် တစ်ခါထဲ မေး တစ်ခါထဲ ဖြေပေးမှာပါ
နောက်ပိုင်း လဲ သိချင်တာလေးတွေရှိရင် မေးလို့ရပြီး သိမ့်အားတာ နဲ့ ဖြေပေးပါတယ် ရှင့်
ဒီအတန်းလေးမှာ သင်ပေးမဲ့ သင်ခန်းစာ လေးတွေက
🌸 Class 1 🌸
🌼မိမိ ကိုယ်ကို အသားရည် ထိန်းသိမ်းနည်း
🌼Routine တစ်ခု ထဲ တူတူ တွဲသုံးရင် ပိုကောင်းစေမဲ့ Ingredient များ
🌼Routine တစ်ခုထဲ တူတူ တွဲမသုံးသင့် တဲ့ Skincare Ingredient များ
🌼Skincare တွက် ပါဝင်တဲ့ Ingredients များ၏ ကောင်းကျိူး / ဆိုးကျိုးများ
🌼Double Cleansing လုပ်နည်း
🌼Exfoliant ဆိုတာ ဘာလဲ နဲ့ နည်းလမ်းမှန်မှန် Exfoliant လုပ်နည်း
🌼Skincare Step By Step ( e.g Toner , serum , moisturizer ) အလိုက် အသားရည်ကို အကျိုးပြုပုံ
🌼အသားရည်အလိုက် Skincare Step ရွေးခြယ်ပုံ
🌼ကိုယ့်အသားအရည် အလိုက် အသုံးဝင် မဲ့ Skincare ingredient ရွေးခြယ် နည်း
🌼Eyecream ရွေးခြယ်နည်း
🌼Skincare / Cosmetic တွေမှာ PAO အရေးပါပုံ
🌼PH Level အရေးပါပုံ
🌼သတိထားရမဲ့ Purging
🌼Skincare Trend များအကြောင်း
🌸 Class 2 🌸
🌼Customer ရဲ့ အသားရည် အလိုက် ညွှန်းပေးနိုင်မဲ့ Skincare တွေ
🌼Skincare Step By Step ( For All Skin Type )
🌼Skincare Ingredients များအကြောင်း
🌼Skincare Step By Step ရွေးခြယ်နည်း
🌼Skincare Step By Step အလိုက် အသုံးဝင်ပုံ ( Toner , Serum , etc .... )
🌼Doubel Cleansing / Triple Cleansing ရဲ့ ကောင်းကျိုးနဲ့ လုပ်နည်း
🌼တူတူ တွဲမသုံးသင့်တဲ့ Ingredient များ
🌼တူတူ တွဲသုံးရင် အာနိသင် ပိုရှိစေမဲ့ ingredient များ
🌼Exfoliant လုပ်နည်းနဲ့ Exfoliant လုပ်ခြင်းရဲ့ ကောင်းကျိုး များ
🌼PAO အရေးကြီးပုံနဲ့ Exp ရဲ့ ဆိုးကျိုးများ
🌼PH Level အရေးကြီးပုံ
🌼Skin Barrier အကြောင်း
🌼Suncream ရွေးခြယ် နည်း , Suncream အရေးပါပုံ နဲ့ spf ++ တွေရဲ့ အဓိပ္ပာယ်
🌼သတိထားရမဲ့ Purging
🌼Skincare Trend များအကြောင်း
🌼Customer Complaint ဖြေရှင်းနည်း
စတဲ့ Skincare တဲ့ ပတ်သက် တဲ့ Do & Don't လေးတွေ သိမ့်က သင်ပေးမှာပါ ..ကြေငြာထားတဲ့ သင်ခန်းစာ လေး တွေ အပြင် တခြားထပ်သိချင်တာလေးတွေလဲ မေးလို့ရပြီး သိမ့်သိတာမှန်သမျှ အကုန် sharing လုပ်သွားပေးမှာပါရှင့်
ပြီးတော့ ကိုယ့်မှာ ရှိတဲ့ Skincare လေးတွေ က ကိုယ် နဲ့ ကိုက်ညီရဲ့လား ?
ကိုယ့်ဖြစ်ချင်တဲ့ skin goal နဲ့ ကိုယ်သုံးနေတာတွေ ကိုက်ရဲ့လား ?
ဝက်ခြံတွေ , အမဲစက် အမာရွတ်တွေ ဘယ်လို ingredient တွေ သုံးရမလဲ ? အသားကြည်ဖို့ ဘယ်လို ingredient တွေ သုံးသင့်လဲ ? ဆိုတာ ပြောပြပေးသွားမှာပါ
သိမ့်ကိုယ်တိုင် အခုထိ အလှပဆေးခန်းတွေ မသွားသေး ပဲ နဲ့ Skincare တွေ နဲ့ပဲ အသားရည် ထိန်းသိမ်း လာတာ မလို့ ယုံကြည်စွာ လာတက်လို့ရတယ်နော်
သင်တန်းလေးတက်ချင်တယ်ဆို Messenger မှာ လာရောက် စုံစမ်း စာရင်းပေးသွင်းလို့ ရပါတယ်ရှင့် 🌸
Skincare Class မဟုတ်ပဲ သိမ့်စီမှာ Online Self Makeup Class လေးတွေလဲရှိတာမလို့ Makeup အတန်းလေးတွေ လဲ တက်လို့ရတယ်နော် 😉
07/04/2026
Online Skincare Class လေးက နောက်လ ထဲဆို ဈေးတက်မှာမလို့ အခု 20000 နဲ့ တက်ချင်ရင် ဒီလကုန်ထိ နောက်ဆုံးနော်
5 လပိုင်းကစပြီး သင်မဲ့ သင်ခန်းစာတွေ update ထပ်လုပ်ပြီး တခြားအသစ်သစ် စဉ်းစားထားတာလေးတွေ အများကြီး ပါလာမှာ မလို့ online skincare class လေးကို update ထပ်လုပ်ထားပြီး သင်မှာ မလို့ နောက်လ ထဲ အသစ်တွေအတွက် stay tuned နော် 🩷
Online Skincare Class ရော Online Makeup Class ရော အများကြီး ယုံကြည်ပြီး လာတက်ပေးကြလို့ သိမ့်တကယ် ကျေးဇူးအများကြီး တင်ပါတယ်နော် 🥰
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon