Ladies' Bff
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ladies' Bff, Yangon.
16/03/2025
“Don’t let your style slip away.”
Fashionista တစ်ယောက်ဖြစ်ချင်လား?
Branded တွေ၊ Designer Made Clothes တွေ ဝတ်နိုင်မှ Fashionista ဖြစ်နိုင်တာ မဟုတ်ပါဘူး။
🌼ကိုယ့်မှာရှိတဲ့ အဝတ်အစားကိုပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ တီထွင်ဆန်းသစ်နိုင်မှုတွေကြောင့် ဖက်ရှင်လောကတစ်ခုလုံးကို လှုပ်ကိုင်နှိုးနေသူတွေ တစ်ပုံကြီးပါနော်။
Hollywood စတားတွေကို ကြည့်မလား။ မြန်မာ ဆယ်လီတွေကို ငေးမလား။
အလန်းဇယားဖက်ရှင်တွေနဲ့ မိမိုက်နေတာ ငြင်းမရပါဘူး။☑️☑️
သူတို့တွေ ဘာဝတ်ဝတ် စတိုင်ကျလှပနေတဲ့ လျှို့ဝှက်ချက်ကို
မမမေ သိတယ်လို့ ပြောရင် ယုံလိုက်ပါ။
အဲဒါက မှော်ဝင်အလှတရားတစ်ခုလို ရင်သပ်ရှုမောစေမဲ့
Fashion Tape လေးကြောင့်ပါပဲ။ 💚💚
ကပ်အားကောင်းပြီး နူးညံ့တဲ့ အထိအတွေ့ကို ပေးစွမ်းနိုင်တယ်။
ယားယံတာတွေ မဖြစ်စေဘူး။
ယုံကြည်မှုအပြည့်၊ လွတ်လပ်ပေါ့ပါးမှု အပြည့်နဲ့
အင်္ကျီအဝတ်အစားကို လိုသလို ဒီဇိုင်းထုတ်ဝတ်နိုင်တယ်။
ဘယ် trend နောက်ကိုပဲ လိုက်လိုက်
သူလေးက မပါမဖြစ်။
🦋Stylist တွေ ထုတ်ထုတ်သုံးတတ်တဲ့
Secret weapon လို့တောင် ဆိုရမယ်။
ဖက်ရှင်မလေးတွေ မရှိမဖြစ်ဆောင်ထားရတဲ့
Fashion Tape လေးကို မမေတို့ Ladies’ Bff မှာ
ဝယ်ယူနိုင်ပြီနော်။ 🍀🍀
Cutter ပါတဲ့ ၅ မီတာ အရှည် Fashion Tape လေး ဝယ်ထားမလား။
တစ်ခါသုံး အထုပ်ငယ်လေးတွေ ရွေးချယ်ချင်လား။
လေဒီတို့ ကြိုက်ရာရွေးပါရှင်။
🍂အဝတ်အစား ဝတ်တိုင်း လုံးဝ စိတ်ကျေနပ်နေမှာပါနော်။
စတိုင်ရှိမှ စတားဖြစ်မှာမို့ ခုပဲ
Fashion Tape လေးကို အပြေးသွားဝယ်လိုက်ပါတော့။
’Bff
08/03/2025
Happy International Women’s Day 🫶🏻
08/03/2025
Long time no see ladies!!!
မမြင်တာကြာလို့ မေ့သွားကြပြီလားနော် 🥺
မေတို့ရဲ့ လေဒီလေးတွေကို အချိန်တွေအကြာကြီး ပစ်ထားမိလို့ တောင်းပန်ပါတယ်ရှင် 🙏
🗓️ ၂၀၂၅ မှာတော့ ဒီ Ladies’ Bff Page လေးကို သေချာ ပြန် run တော့မှာ ဖြစ်လို့ စဉ်ဆက်မပြတ် စောင့်ကြည့်အားပေးကြပါဦးနော်
မေတို့ အရင်က ရောင်းခဲ့တဲ့ B**b Tape, Ni**le Covers, Breast masks တွေအပြင် တခြားထုတ်ကုန်အသစ်တွေ အများကြီးကိုပါ လေဒီလေးတို့အတွက် ယူဆောင်လာခဲ့ပါပြီရှင်
🌹 မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် ပစ္စည်းလေးတွေမို့ ရင်ခုန်အားပေးကြပါဦးနော်
1️⃣ ဒီ Post ကို Public နဲ့ share လုပ်ပေးပါ။
2️⃣ ဆိုတဲ့ Hashtag (၂) ခုပါ ထည့်ပြီး Share ပေးပါနော်
3️⃣ ပြီးရင်တော့ Share ထားကြောင်း ss ကို comment မှာ မန့်ပေးပါ။
4️⃣ မန့်တဲ့အခါ သူငယ်ချင်း (၂) ယောက်ကို mention ခေါ်ပေးပါ။
🔔 18.3.2025 မှာ ကံထူးသူ (၂) ယောက်ကို ကြေညာပေးပါမယ်ရှင်
ကံထူးသူတွေက မေတို့ Ladies’ Bff ရဲ့ signature ထုတ်ကုန်ဖြစ်တဲ့ B**b Tape လေးတွေ လက်ဆောင်ရမှာမို့ အခုပဲ ဒီ Post လေးကို Share သွားလိုက်ပါ 🥰
**bTape
**leCovers
22/05/2024
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်
🙏 ဗျာ - သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်ထံမှ ရရှိခဲ့ပါတယ်
🙏 ဖွား - မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့တွင် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့ပါတယ်
🙏 ပွင့် - မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ အာရုံတက်ချိန်မှာ ဘုရားအဖြစ်ကို ရခဲ့ပါတယ်
🙏 စံ - ဘုရားအဖြစ် ၄၅ နှစ်နေပြီးချိန် မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန် စံခဲ့ပါတယ်
🙏 ဒါကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့လည်း ခေါ်ဆိုကြပါတယ်....
ဗောဓိညောင်ပင်ကို အမှီပြုရင်း ဘုရားအဖြစ်ကို ရောက်ခဲ့ရတဲ့အတွက် ဒီနေ့ခေတ်မှာတော့ ကဆုန်လပြည့်နေ့ရောက်တိုင်း ညောင်ရေသွန်းပွဲလည်း ကျင်းပကြပါတယ်
ဒီနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာလည်း မြန်မာပြည်သူ၊ ပြည်သားအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း Ladies’ Bff မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင် 🙏🙏🙏
14/05/2024
အသားအရည်ပေါ်တိုက်ရိုက်အသုံးပြုရတာမို့ Quality ကောင်းတာလေးပဲရွေးသုံးဖြစ်တယ်ဆိုတဲ့ ညီမလေး Irene ရဲ့ review လေး❤️
01/05/2024
☀️ နေပူပူမှာ ဇီးစေ့လေး ခုန်ထွက်မသွားရလေအောင် သီးသီးကာဗာကို ဆောင်
ပူလောင်ရတဲ့ကြားထဲ မီးကပျက်နေတော့ ဘော်လီဆိုရင် မြင်တောင် မမြင်ချင်တော့ဘူးဆိုတဲ့ လေဒီတို့ ရှိကြလား…🙋♀️
မဖြစ်မနေမို့သာ ဝတ်ထားရတာ… ဒီလောက်တောင် ပူလှတဲ့ ဘရာ မဝတ်ချင်တော့ဘူးဆိုရင် လေဒီတို့ရဲ့ သီးသီးလေးတွေကို ကာကွယ်ဖို့ Ladies’ Bff က Ni**le Covers လေးတွေတော့ လိုမယ်နော်
အိမ်မှာနေမှပဲ ကပ်ထားလို့ရတာ မဟုတ်ဘူးနော်… တော်တန်ရုံ အပြင် ဘာညာ သွားတာလောက်ကတော့ အေးဆေးပဲ
ကွာကျသွားမှ အရှက်ကွဲနေဦးမယ်ဆိုတာ Ladies’ Bff ရဲ့ သီးသီးကာဗာတွေမှာ မရှိပါ 😎
ကော်အကောင်းစားကို သုံးထားလို့
ကပ်အားကောင်းတယ်
ယားယံခြင်း၊ ပူလောင်ခြင်း လုံးဝ မရှိဘူး
ရွေးချယ်စရာ အမျိုးအစား စုံလင်တယ်
🍒 Satin Ni**le Covers လား
🍒 Matte Silicone Ni**le Covers လား
🍒 Silicone Ni**le Covers လား
ကြိုက်တာရွေးလိုက်နော်
မရွေးတတ်ရင် Page မှာ အသေးစိတ် လာမေးလို့ ရပါတယ် သဲတို့ရေ
ရင်သားသေးသူ၊ ကြီးသူ… အလယ်အလတ်ဆိုဒ်… အကုန်လုံးအတွက် အဆင်ပြေစေရမယ်နော်
အော် ဒါနဲ့ ကော်နဲ့ ဓာတ်မတည့်သူတွေ၊ ကော်ပါတာ မကြိုက်ရင်လည်း No Glue Covers တွေ ရှိတာမို့ အမျိုးသမီးတိုင်းအတွက် အသဲစွဲစေမယ့် Ladies’ Bff က Ni**le Covers တွေကို အခုပဲ ဝယ်ထားလိုက်ပါရှင် 🌹
**leCovers
23/01/2024
Ladies’ Bff မှထုတ်ကုန်ပစ္စည်းများကို January လကုန်မှာ စျေးနှုန်းများပြောင်းလဲသတ်မှတ်မှာဖြစ်လို့ စျေးမတက်ခင် ကြိုတင်၍ဝယ်ယူလို့ရအောင် လေဒီလေးများကို အသိပေးအပ်ပါတယ်ရှင် 🥰
20/01/2024
ဟင် ချွတ်အိပ်လို့ မရဘူးလား။ 😏
မရပါဘူး။ ဝတ်အိပ်ရမှာပါ။
ဘာလို့လဲ? 🤨
မနက်ကျရှာရခက်နေမှာစိုးလို့ပါ။
မေကတော့ နောက်ပြီလို့ မဆိုနဲ့နော်… စတာပါ 😜
တကယ်တော့လေ မေက ညဘက်ဆို ဘရာချွတ်အိပ်တာကို ပိုအားပေးတယ်ရှင့်
ဘာလို့လဲဆို
🌰ဘရာကို မချွတ်တမ်း အချိန်ကြာကြာ ဝတ်ထားရင် ကျပ်ထုပ်ပြီး ရင်သား အပူချိန်များလာတတ်လို့ပါ။ ဒါဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတစ်ရပ်လို့ သုတေသီတွေက ဆိုကြပါတယ်။
🍋ဘရာမှာပါတဲ့ ချုပ်ရိုး၊ သံကွင်းတို့လွတ်ကင်းပြီး အရှိကို အရှိတိုင်း အိပ်စက်အနားယူရတာမို့ သွေးလည်ပတ်စီးဆင်းရာမှာလဲ အထောက်အကူပြုပြန်ပါတယ်တဲ့။ ရင်သားဆဲလ်တွေအောက်စီဂျင်ကောင်းကောင်းရတာပေါ့လေ။
🍏နောက်ပြီး Immune system မှာပါဝင်တဲ့ သားနံရည်တွေဟာ ရောဂါပိုးတွေကို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သားနံကျိတ်တွေဆီ သယ်ဆောင်ပေးကာ ဖျက်ဆီးပစ်တတ်ပါတယ်နော်။ ဘရာဝတ်ဆင်ပြီး အိပ်တဲ့အခါ သားနံရည် ဂလင်းတွေကို အနည်းနဲ့အများ ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။
🚨ကမ္ဘာ့နိုင်ငံတော်တော်များများမှာ No Bra Day ကို အောက်တိုဘာလ ၁၃ ရက်နေ့ရောက်တိုင်း ဆင်နွှဲကြတာ Breast Cancer Awareness အတွက်ဆိုတာ သိကြမှာပါနော်။
🌾Bra size မမှန်ရင်၊ လေဝင်လေထွက်မကောင်းရင် Bra ဝတ်ရတာ ဒုက္ခတွင်းထဲကျသလိုပဲဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်။
🌺ဘရာချွတ်ကာ သားမြတ်ကို လက်နဲ့ စမ်းပြီး အကျိတ်ရှိမရှိ စမ်းသပ်တာကလဲ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ အသိတရားရှိရာ ရောက်ပါတယ်နော်။
လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ဘရာဝတ်အိပ်တဲ့သူတွေက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ် ဖြစ်သလို ဘရာချွတ်အိပ်သူတွေကလဲ သက်တောင့်သက်သာဖြစ်မှုအတွက်ရော ကျန်းမာရေးအရပါ ကျေနပ်မိကြမှာ အမှန်ပါပဲ။ ကိုယ်က ဘယ်အဖွဲ့မှာပဲပါပါ အရေးကြီးဆုံးက ခန္ဓာကိုယ်ရဲ့ အချက်ပေးမှု(signs of body) ကို စောစောသတိထားမိဖို့ပဲ လိုပါတယ်။ ဒါမှလဲ အချိန်မီကာကွယ်ကုသနိုင်မှာမဟုတ်လား။ အားလုံးပဲ ကျန်းမာကြံ့ခိုင်တဲ့ အလှတရားနဲ့ လောကအလှဆင်နိုင်ကြပါစေနော်။ 🌿🌿
ယူတို့ရော ချွတ်ဝတ်အဖွဲ့နှစ်ဖွဲ့မှာ ဘယ်အဖွဲ့မှာပါလဲဟင်။
'Bff
18/01/2024
🌸 နူးညံ့တဲ့ လွတ်လပ်မှု (သို့မဟုတ်) Ladies’ Bff Seamless Bra 🌸
အရွယ်အစားအမျိုးမျိုးရှိတဲ့ ရင်သားတိုင်းအတွက် ပုံကျပြီး လှပလွတ်လပ်စေတဲ့ အရာ
ရင်သားစုစုလေး ဖြစ်ချင်ရင် ဆွဲကပ်ထားလို့ ရသလို
ရင်သားကို ပိုပြီး ပင့်ထားချင်ရင်လည်း ပင့်ကပ်လို့ ရတဲ့ ဘရာ
🚫 ကြိုးမလိုဘူး…
🚫 တင်းကြပ်မှုတွေ မပါဝင်ဘူး…
💃 ပေါ့ပါးတယ်… လန်းဆန်းတယ်… ခေတ်မီတယ်
ဘယ်အဝတ်အစားနဲ့မဆို သုံးလို့ ရတယ်
ကော်အကောင်းစားမို့ လူကြားထဲ ကွာကျခြင်း မရှိဘူး… ချွေးကြောင့် ယားယံမှုတွေဆို ဝေလာဝေး
Ladies’ Bff Seamless Bra က
၂၅ ကြိမ်အထိ ပြန်သုံးလို့ ရတာမို့ တွက်ခြေလည်း ကိုက်
စတိုင်လည်း မိုက်တယ်နော်
🫧 ထိန်းသိမ်းနည်းလေးကလည်း လွယ်ပါတယ်… ဆပ်ပြာအပျော့စားနဲ့ ဆေးပြီးရင် လေသလပ်ထားရုံပဲ
တစ်ခါကပ်ရင် (၈) နာရီအထိ အေးဆေး ကပ်ထားလို့ ရတာမို့ လေဒီတို့ရေ
This one is a must have ပါ
မှာမယ်ဆို Page Cb ကိုသာ လာခဲ့လိုက်ပါနော် 💯
27/11/2023
တန်ဆောင်တိုင်ဆုတောင်း
🙏 တန်ဆောင်မုန်းလပြည့်နေ့၊ သာမညဖလအခါတော်နေ့လေးမှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ အထူးပြည့်စုံကြပြီးလျှင် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံ၍ စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပွားများကြပါစေကြောင်း Ladies’ Bff မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏
Telephone
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Ladies' Bff posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.