T T Myo

T T Myo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T T Myo, Beauty, cosmetic & personal care, ygn, Yangon.

27/12/2024

လူတစ်ယောက်ကိုသတိရတယ်ဆိုတာ

သူ့အကြည့် သူ့အပြုံးတွေကို
နေရာတစ်ကာမြင်နေမိတာမျိုးလား

သို့မဟုတ်

ညတွေမှာ သူ့နာမည်ကိုသွေးရူးသွေးတန်း
အော် ခေါ်နေမိတာမျိုးလား

တောင်းပန်ပါတယ်

ရူးကြောင်ကြောင်သတိရခြင်းတွေကလွဲရင် ငါ
မင်းကိုထိခိုက်စေလို စိတ် မြူမူန်မျှ မရှိခဲ့ပါဘူးကွယ်

#မယ်ညို

25/09/2024

အချစ်ခံနေရပြီလို့
ထင်နေတုန်းမှာပဲ
တဖက်လူကရုတ်တရက်
ပြောင်းလဲသွားတော့
ကိုယ့်မှာ ရှက်ရှက်နဲ့ပြုံးမိသေးတယ် ။

-အပယ်ခံ-

"မျက်ရည်တွေနဲ့ ပေါ...."

20/07/2024

ဆံနွယ်ရှည်တွေကိုသိပ်မြတ်နိုးတဲ့မိန်းမ
ဒါပေမဲ့ ဆံပင်အတိုနဲ့ပဲနေတယ် ။

စွဲလမ်းမှုတွေကိုမကြိုက်တဲ့မိန်းမ
ဒါပေမဲ့ ဆေးလိပ်တွေကိုတော့လက်ကြားကမချ ။

ပေါ့ပါးတာကိုကြိုက်တဲ့မိန်းမ
ဒါပေမဲ့ ဒေါက်ဖိနပ်တွေပဲ စီးတယ် ။

သိပ်ကိုအချစ်ခံချင်တဲ့မိန်းမ
ဒါပေမဲ့ အသည်းကွဲရတာကိုပဲ ကြိုက်တယ်

#မယ်ညို

27/05/2024

လူတစ်ယောက်ကိုလွှတ်ချတယ်ဆိုတာ မဆက်သွယ်ခြင်းကနေ
စတင်ပါတယ်။သိပ်နာကျင်၊သိပ်ဝမ်းနည်းနေရင်တောင် ကျော်လွှားနိုင်ရမယ်။မဆက်သွယ်မိအောင် နေရမယ်။
အသံလေး သိပ်ကြားချင်နေရင်တောင် ဖုန်း မခေါ်သင့်ဘူး။
စာမပို့သင့်ဘူး။တစ်ဖက်က
ကိုယ့်ကို အလိုမရှိတော့ဘူး။
မချစ်တော့ဘူးဆိုတာကို လုပ်ရပ်နဲ့ဖြစ်စေ၊စကားလုံးဖြစ်စေ ဖော်ပြတဲ့အခါ အလိုက်တသိ
ထွက်သွားပေးရတယ်။ဒါက
အချစ်ကို လေးစားခြင်း ဖြစ်သလို တစ်ဖက်လူကို လေးစားရာလည်း ရောက်ပါတယ်။

တစ်နာရီ မဆက်သွယ်ဘူး။
တစ်နေ့ မဆက်သွယ်ဘူး။
သုံးရက် မဆက်သွယ်ဘူး။
တစ်ပတ် ကနေ တစ်လ။
နှစ်ဝက်ကနေ တစ်နှစ်
မဆက်သွယ်ဘဲ နေနိုင်သွားပါတယ်။အချိန်တစ်ခုရောက်တဲ့အခါ အရင်က ဖုန်းတွေ သိပ်ဆက်ချင်တဲ့လူ၊စကားတွေ သိပ်ပြောချင်တဲ့လူက ခုတော့လည်း
မတော်လို့ လမ်းတစ်ကွေ့မှာ
တွေ့ရင်တောင် စကားမပြောချင်တော့ဘူး။ဘာလို့ ဒီလူကို
ချစ်မိတာလဲ တွေးမိပြီး ရယ်ချင် ရယ်နေမယ်။အချစ်က ဟာသ တစ်ခုပါလားပေါ့။

26/05/2024

ချစ်သောမမညို❤❤

26/05/2024

အချစ်ကလေးရေ
်ညို

26/05/2024

😟😟😟😔😔

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Ygn
Yangon
123456