Brave Beauty

Brave Beauty

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Brave Beauty, Beauty, cosmetic & personal care, Mandalay Street, 39B Ward, North Dagon Township, Yangon.

Local products, Skin care & Cosmetics များကို ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်🍀
"Love Your Skin, Love Yourself – Start Today!"

02/08/2026

L’ORÉAL Glycolic-Bright Series လေး Instock နော်✨

L’ORÉAL Glycolic-Bright Day/ Night Cream -29000mmk
L’ORÉAL Glycolic-Bright Serum 15ml-40000mmk
L’OREAL Glycolic-Bright Facial Foam 100ml-22000mmk

🎀Review ကောင်းတွေ အများကြီးရထားပြီး အာနိသင် အရမ်းသိသာတဲ့ series လေးနော်။

🎀အသားရေနေလောင်တာ အမဲစက် အမာရွတ် တင်းတိတ်နဲ့ မှဲ့ခြောက်တွေကို သက်သာပျောက်ကင်းစေပြီး အသားရေကို ဖြူဖွေးလာစေပါတယ်။

Photos from Healthy Glow with Moh Shain's post 02/08/2026

Combination and oily skin အတွက် တကယ်ကောင်းတာနော်🩷
22000 mmk

Photos from Hey I'm Ashley's post 29/07/2026

Instock ~ 32000mmk

Photos from Diary Of Suri's post 29/07/2026

Sensitive skin လေးတွေကအစ သုံးလို့ရတဲ့ simple moisturizer ~ 21000mmk

Photos from Pann Sabal-Reviewer's post 29/07/2026

ချွေးပေါက်အနက်ရှိုင်းဆုံးမှာရှိတဲ့ dead cellsတွေထိပြောင်ချင်ရင် Glow Gallery scrubကိုသုံးပါရှင့်❤️

Mobile uploads 26/07/2026

Instock ပြန်ရပါပီနော်🩷

✨Softymo speedy cleansing oil

ဒါကိုဂျူလီသုံးလာတာ 2023 review ရေးကတည်းကပဲ။ oil cleansing က သေချာလုပ်ပေးရင် အဆီခဲအဆီမျှင်ကို တော်တော်သက်သာစေတာ။ ကိုယ်တိုင်လည်း retinoid,BHA သုံးပေးမဲ့ cleansing oil သုံးပြီး သိသိသာသာကို sebaceous filaments က ပိုသက်သာလာတာ မြင်ရတယ်။ ဂျူလီနဲ့တော့ သိပ်အဆင်ပြေတဲ့ cleansing oil ပါ။ ခဏတိုင်းလည်း review ထည့်ရေးဖြစ်တာမို့ အကျယ်မရှင်းပြတော့ပါဘူး။ အများကြီးရေးပေးထားပြီးသားမို့ပါ။

26/07/2026

သုံးတဲ့သူတိုင်း ကြိုက်ကြတဲ့ Soap and glory lotion 🥰
48000mmk

Perfume Lotion လို့ Highlightsမလုပ်ထားပေမယ့် Perfume Lotion ဆိုပြီး လက်ခံပေးလို့ရလောက်တဲ့ထိ ထိထိမိမိနဲ့ မွှေးတာဆိုလို့ Drugstore Brand တွေထဲမှာ Soap & Glory Lotion ကိုမှီသေးတာ တစ်ခုမှမမြင်ဖူးသေးဘူး။ဒီ Soap & Glory က UK Drugstore Brand ဖြစ်ပြီးတော့ များသောအားဖြင့် Bootsတို့/Watsons တို့မှာရနိုင်သလို Myanmar က OSတချို့မှာလည်းရနိုင်တယ်။ Price range ကလည်း mid–affordable sideမှာရှိတော့ပေးရတဲ့စျေးနဲ့ သုံးရတာတန်တယ်ပေါ့။

"ခေတ်" အခု သုံးနေတာက The Righteous Butter Body Lotion လေး။သူ့မှာ ဘာတွေပါလဲဆိုတော့Vitamin E ကြွယ်ဝတဲ့ Cocoa Seed Butter, Shea Butter , Aloevera , Almond Oil , Rosehip oilနဲ့ Antioxidant ဓာတ်များစွာပါဝင်တာမို့ အသားရေကို Nourish အပြည့်ပေးနိုင်တဲ့နေရာမှာတော့ပြောစရာကိုမလိုတာ။လိမ်းပြီးတာနဲ့ အသားရေက လုံးဝကိုပြောင်တက်ပြီး နူးညံ့နေတယ်။တံတောင်ဆစ်နဲ့ ဒူးခေါင်းလို အသားခြောက်တတ်တဲနေရာတွေကို Focusထားပြီးလိမ်းမယ်ဆိုရင်တော့ အသားရေက နဂိုထက်ကြမ်းခြောက်မနေဘဲနူးညံ့လာတာတွေ့ရတယ်။အဓိက ကတော့ဒီLotionက Dry Skinတွေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ Lotionတစ်ခုဆိုလည်းမမှားဘူး။ Scrub တိုက်ပြီးလိမ်းမယ်ဆိုရင်တောင် ပိုပြီးလိမ်းလို့ကောင်းတဲ့အနေထားမှာရှိတယ်။

သူ့ရဲ့ Textureကိုတော့ ဘူးစဖွင့်တုန်းကထင်လိုက်တာ စေးကပ်ကပ်ဖြစ်မယ်လို့လေ။ဘယ်ဟုတ်မလဲ
Texture ကထင်ထားတာထက် lightweight ဖြစ်နေရော။Blendရတာ လွယ်တယ်။Serum type lotion တွေလိမ်းနေရသလိုဘဲ မထူးမ​ခြားနားQuickly Absorbလုပ်ပေးနိုင်တာလည်းတွေ့ရတယ်။အနံ့ကတော့Top Notesမှာ (Citrus/Fruity)ဆန်တဲ့ Crisp bergamotနဲ့ Crushed Green Leavesကိုထည့်ထားပြီးနဲ့Middle Notes မှာတော့(Floral)ဆန်တဲ့ Roseနဲ့ Jasmine ထည့်ထားသလို Base Notesမှာတော့ (Warm/Earthy) ဖြစ်တဲ့ Soft musk, Oakmoss နဲ့ Amberဆိုပြီးအဆုံးသတ်ထားတယ်။Overallချုံပြောရရင်တော့ နွေးထွေးပြီး ချိုမြိန်တဲ့ ဂန္တဝင်ဆန်ဆန် fruity-floral scentမျိုးကွာ။

အစက အနံ့ကို နည်းနည်းအီချင်သလိုဖြစ်တာမို့ သိပ်သဘောမကျပေမဲ့ လိမ်းရင်းနဲ့ နှာခေါင်းနဲ့အနံ့ကယဥ်သွားတော့ နောက်ပိုင်းတော့ အဆင်ပြေသွားတယ်။( SPF❌ )မပါတာမို့ Night onlyဘဲရမယ်။နေ့ဘက်မရပါဘူး။Scrubတိုက်ပြီးလိမ်းချင်ရင်တော့ရတယ်။Dry Skinသမားတွေဆိုရင်တော့ ဒီဆောင်းမှာ ဒီLotion က တော်တော်လေး အဆင်ပြေမယ်လို့လည်းထင်မိတယ်။Smell Longevity ကိုပြောရရင်တော့
Body lotion ဖြစ်လို့ Perfumeတွေ​ဆွတ်ထားသလိုတော့ အကြာကြီးမခံပါဘူး။Dry skin တွေမှာလိမ်းကြည့်ရင်အလွန်ဆုံး (၃ - ၄နာရီ)အထိခံသလို Normal / Oily skin မှာလိမ်းကြည့်ရင်(၄ –၅ နာရီ) အထိလောက်တော့ အနံ့ခံတယ်။အမြဲစွဲသုံးရင် အနံ့ကအကျီမှာစွဲနေပြီး ကြာလာရင်လူမြင်တာနဲ့ ဒီအနံ့က ကိုယ့်ဆီကလာတဲ့ Own Signature အနံ့လိုမျိုး သူတို့မှတ်မိလောက်တဲ့ထိမွှေးသော။ဆိုတော့ ဒီဆောင်းမှာ အသားလည်းခြောက်တယ်၊လိမ်းပြီးစိုစိုလေးနဲ့ မွှေးနေတာလေးမှဆိုရင်တော့ ဒီ Soap & Gloryက Must Haveပါလို့။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။

❌Copying of images and text is strictly prohibited.❌

26/07/2026

အနံ့သင်းသင်းလေးနဲ့ တကယ်ကောင်းတဲ့ Lux shower

Lux ကအသစ်ထွက်တဲ့ shower gel လေးတွေ try ပြီးကြပြီလား🧴🚿

‎Kol ကတော့ မမ၁ဘူး ကိုယ်၁ဘူးဆိုပြီးဝယ်ထားတာကိုသူ့ဟာသွားသွားသုံးနေလို့အပြောခံရ(ကိုယ်ကအနံ့လေးသိချင်လို့ပါ) ခုတော့ review ပေးနိုင်ပြီလေနော်😁

အကြိုက်ဆုံးပြောရရင် ‎သူ့အနံ့လေးတွေပေါ့
‎Shower တွေထဲမှာ ဒီလိုမွှေးကြည်ပြီးအနံ့စွဲတဲ့ shower လေးတွေကို ဈေး ၁သောင်းကျော်နဲ့ရတာတော်တော်တန်တယ်လို့ထင်တယ်
‎Kol သုံးတဲ့ ခရမ်းရောင်လေးဆို စပျစ်နဲ့ သစ်ခွပန်းရောထားတဲ့မွှေးမွှေးကြည်ကြည်အနံ့လေး။ အနံ့ကလဲစွဲပြီး luxury ဆန်ချက်ဆိုတာ သုံးနေရင်းအချိန်ဘယ်လိုကုန်လို့ကုန်မှန်းမသိ ရေချိုးခန်းထဲကကိုမထွက်ချင်တာ😅

‎ပန်းရောင်လေးကတော့ peach အနံ့ချိုချိုလေး
‎Kol အမြင်တော့ သူက ခရမ်းလေးထက်အနံ့ပိုစူးပြီးချိုတဲ့ဘက်သွားတယ်
‎အနံ့ချိုအီစူးတာလေးမှကြိုက်ရင် ဒီပန်းရောင်လေးသာပစ်ရွေးပလိုက်

‎Lux shower ကို gel type texture ဆိုတော့ နဲနဲပျစ်ချွဲချွဲတော့ဖြစ်တယ် ဒါပေမယ့်ချွဲကျန်တာမျိုးမဟုတ်ဘဲအိအိစိုစိုလေးကျန်ခဲ့တာ
‎အနံ့ကလဲစွဲချက်ဆိုတာ ရေချိုးပြီးတော်တော်ကြာတဲ့အထိအနံ့မပျောက်ဖူး
‎တခုရှိတာက နဂိုက gel type texture ဖြစ်တာကြောင့် အမြှုပ်တော့သိပ်မထွက်ဘူး အမြှုပ်ထွက်များပြီးအားရပါးရတိုက်ချင်ရင်တော့ ရေချိုးဖော့လေးနဲ့တွဲသုံးမှရပါမယ်
‎​ဈေးကလဲ ၁သောင်းကျော်လေးနဲ့ ဒီလိုအနံ့ကောင်းကောင်းလေးတွေသုံးရတာဆိုတော့ သုံးပျော်တဲ့ထဲတော့ပါတယ်



26/07/2026

Instock 🩷

Lux ကဘယ်တော့မှ စိတ်မပျက်စေဘူးနော်။ အသစ်ထွက်တဲ့ shower gel လေးတွေထဲက Grape နဲ့ Peach Soda လေးနှစ်ခုကို စမ်းကြည့်တာ တော်တော်မိုက်တယ် အနံ့လေးတွေဆို ရှယ်ပဲ။ ရေချိုးဆပ်ပြာကို အနံ့မွှေးတာလေးကြိုက်ပြီး quality အနေအထားတစ်ခုမှာ ရှိတဲ့ shower gel မျိုးကို ရှာနေရင် ဒီ နှစ်ခုကို စမ်းကြည့်ပါ။ နှစ်ခုထဲမှာ ကျွန်တော်ကတော့ ခရမ်းရောင်လေးကို ပိုသဘောကျတယ်။ သူ့အနံ့က သစ်ခွပန်းနဲ့ စပျစ်သီးပေါင်းထားတဲ့အနံ့လေး၊ အနံ့မအီပဲနဲ့ အရမ်းမွှေးတာ။ လူတိုင်းသဘောကျနိုင်တဲ့ အနံ့မျိုးပါ။ ပန်းရောင်လေးရဲ့အနံ့ကတော့ peach သကြားလုံးလိုအနံ့မျိုးပါ ချစ်ဖို့ကောင်းတယ်။ သူ့အနံ့က ကလေးတွေ ဆယ်ကျော်သက်လေးတွေနဲ့ လိုက်တယ်။ လူကြီးတွေတော့ သိပ်သဘောမကျလောက်ဘူး။ အနံစွဲလားဆိုရင်တော့ ရေချိုးပြီး တစ်နာရီလောက်အထိတော့ အသားပေါ် အနံ့စွဲပါတယ်။ တစ်ခုခုလိမ်းလိုက်ရင်တော့ အနံ့ပျောက်သွားပါတယ်။ gel texture မို့ အရင် lux shower ထက်တော့ အမြှုပ်ထွက်တာ နည်းသွားတယ်။ ဒါရဲ့ အားသာချက်က သူ့ကိုသုံးပြီးရင် အသားခြောက်ပြီး ကျန်ခဲ့မနေစေဘူး။ ဒီ shower gel က ချွဲတယ် ရေဆေးရင်မပြောင်ဘူးလို့ ပြောကြပေမယ့် ကျွန်တော်ကတော့ အဲ့လိုမခံစားရဘူး။ gel texture မို့ ပုံမှန်ထပ် နည်းနည်းချွဲပေမယ့် ရေဆေးချလိုက်ရင်တော့ပြောင်ပါတယ်။ သူ့ကိုသုံးပြီး အသားဖြူတာတို့ ဘာတို့တော့ မရှိနိုင်ပါဘူး။ အနံမွှေးပြီး သုံးလို့ကောင်းပြီး ဈေးလည်းအရမ်းမများတာမို့ ရေချိုးဆပ်ပြာကောင်းကောင်း တစ်ခုလောက်ရှာနေရင်တော့ ဒါကိုသုံးကြည့်ဖို့ recommend ပေးပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay Street, 39B Ward, North Dagon Township
Yangon