Elfin Pilate Studio
wechat id : Elfinpilates2021
viber :09681888665
phone:09681888665 Micisty products
waist trainer\hitpant\slimming shirt\sport bra sport pants\shark pant
30/07/2026
Pilates ဆော့ခြင်းရဲ့ ကောင်းကျိုးများ
“Pilates က အလေးချိန်လျှော့ဖို့ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို သန်မာစေပြီး ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်👯♀️
Pilates ကို ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် အရင်ဆုံး Core Muscles လို့ခေါ်တဲ့ ဗိုက်၊ ခါးနဲ့ ကျောအောက်ပိုင်းကြွက်သားတွေကို သန်မာလာစေပါတယ်။ ဒါကြောင့် ခါးနာတာ၊ ကျောနာတာတွေကို လျော့နည်းစေနိုင်ပါတယ်💪🏻🥰
နောက်တစ်ခုက Body Posture ကို ပိုကောင်းမွန်လာစေပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်ကြာကြာထိုင်ရသူတွေ၊ ဖုန်းအမြဲသုံးရလို့ လည်ပင်းနာ၊ ပုခုံးတင်းတဲ့သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်🧏🏻♀️
Pilates ဟာ ခန္ဓာကိုယ်ရဲ့ Flexibility နဲ့ Balance ကိုလည်း တိုးတက်စေပါတယ်။ ကြွက်သားတွေကို ရှည်လျားသန်မာစေပြီး လှုပ်ရှားမှုတိုင်းကို ပိုမိုလွယ်ကူစေပါတယ်🤍
ဒါ့အပြင် အသက်ရှူပုံစနစ်ကို အာရုံစိုက်ပြီး လေ့ကျင့်ရတာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ကို ပိုမိုအေးချမ်းစေပါတယ်🤍
ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်လည်း Pilates က ကြွက်သားထုကို တိုးစေပြီး ခန္ဓာကိုယ်ကို ကျစ်လျစ်လှပတဲ့ Body Shape ရရှိအောင် ကူညီပေးပါတယ်✨
အရေးကြီးဆုံးကတော့ Pilates ဟာ အသက်အရွယ်မရွေး၊ Beginner တွေကနေ အတွေ့အကြုံရှိသူတွေအထိ လေ့ကျင့်နိုင်တဲ့ Low-Impact Exercise ဖြစ်တာကြောင့် အဆစ်အမြစ်တွေကို ဖိအားနည်းနည်းနဲ့ ကျန်းမာစွာ လေ့ကျင့်နိုင်ပါတယ်💪🏻
ကျန်းမာတဲ့ ခန္ဓာကိုယ်၊ မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဘဝအတွက် Pilates ကို ဒီနေ့ကစပြီး စမ်းသပ်လေ့ကျင့်ကြည့်လိုက်ပါ🫶🏻
28/07/2026
Elfin Pilates Studio တွင် Full-time or part-time တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံရှိ Instructors အလိုရှိသည်။
✅ Requirements
- Pilates Instructor အဖြစ် သင်ကြားမှုအတွေ့အကြုံ ( 1 ) နှစ် အနည်းဆုံး ရှိရမည်။
- Full-time /Part-time
- အရင်အလုပ်နှင့် Contract ကင်းရှင်းသောသူ ဖြစ်ရမည်။
- Anatomy & Essential Principles ပိုင်းကို နားလည်ရပါမည်။
-Client များကို စိတ်ရှည်ရှည် သင်ကြားနိုင်သူ
📍Shop-1
PSH.34 padauk garden shophouse,hlaing tharyar township
📍Shop -2
Star city , city loft CL11
📞 လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။
📌Page Messenger
☎️ 09778335700
Elfin pilates studio
Less stress, more Pilates.
Yes…I Am🥰🦋
17/07/2026
✨ ELFIN PILATES ✨
Take a moment to slow down, breathe, and reconnect with your body.🤍
Pilates isn’t just exercise—it’s a journey to better posture, stronger muscles, improved flexibility, and a calmer mind
🌿 Suitable for all levels
💪 Build strength & balance
🧘 Improve flexibility & posture
💖 Feel healthier every day
📍 Join ELFIN PILATES today and begin your wellness journey with us📌
📩 Message us for class schedules & registration✨
16/07/2026
ကလေးမွေးပြီးနောက် မေမေတို့အတွက် Pilates ကဘာကြောင့်အရေးပါသလဲ?”
“ကလေးတစ်ယောက်ကို မွေးဖွားပြီးတဲ့နောက် မိခင်တွေရဲ့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါတယ်
ဗိုက်သားကြွက်သားတွေ အားနည်းလာနိုင်သလို၊ ခါးနာခြင်း၊ ပခုံးတင်းခြင်း၊ ကိုယ်နေဟန်မမှန်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်
ကလေးမွေးပြီးနောက် Pilates ဟာ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်သန်မာလာအောင် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်
Pilates လေ့ကျင့်ခြင်းက—
• Core muscle (ခန္ဓာကိုယ်အလယ်ပိုင်းကြွက်သား) တွေကို ပြန်လည်အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
• ကိုယ်နေဟန် (Posture) ကို ပိုကောင်းလာစေပြီး ကလေးချီတဲ့အခါ၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ ကိုယ်ခန္ဓာကို မှန်ကန်စွာ အသုံးပြုနိုင်အောင် ကူညီပေးပါတယ်🥰
• ခန္ဓာကိုယ်ပျော့ပြောင်းမှုနဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပါတယ်🤍
ဒါပေမယ့် မေမေတို့အတွက် အရေးကြီးဆုံးက အလျင်စလို မလုပ်ဖို့ပါ💪🏻
ကလေးမွေးပြီးနောက် ခန္ဓာကိုယ်အခြေအနေက မိခင်တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်တာကြောင့် ကိုယ့်ခန္ဓာကို နားထောင်ပြီး သင့်တော်တဲ့အဆင့်ကနေ စတင်ဖို့ လိုအပ်ပါတယ်🥰
ခွဲမွေးထားသူများ၊ နာကျင်မှုရှိသူများ၊ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတစ်ခုခုရှိသူများအနေနဲ့ လေ့ကျင့်ခန်းမစတင်ခင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်
မေမေဆိုတာ မိသားစုအတွက် အရေးကြီးတဲ့သူတစ်ယောက်ပါ
ကလေးကို ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပေးပါ
သန်မာတဲ့ မေမေတစ်ယောက်ဖြစ်ဖို့… Pilates နဲ့အတူ ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်ချစ်ခင်ကြရအောင်🤍
14/07/2026
တစ်နေ့လုံးထိုင်ပြီး အလုပ်လုပ်ရလို့ ခါးနာ၊ ကျောတင်းနေပြီလား?
အချိန်ကြာကြာ ထိုင်နေတဲ့ Lifestyle က Body Posture မမှန်တာ၊ Core Muscle အားနည်းတာနဲ့ ခါး၊ ကျော၊ လည်ပင်း နာကျင်တာတွေကို ဖြစ်စေနိုင်ပါတယ်
Pilates ကတော့
🤍 Core Strength ကို တိုးစေတယ်။
🤍 Body Posture ကို ပြုပြင်ပေးတယ်။
🤍 Flexibility ကို မြှင့်တင်ပေးတယ်။
🤍 Body Balance နဲ့ Body Control ကို ကောင်းမွန်စေတယ်။
🤍 Stress ကို လျော့ချပေးပြီး စိတ်နဲ့ကိုယ်ကို ပိုပေါ့ပါးစေတယ်
ကျန်းမာပြီး သန်မာတဲ့ ခန္ဓာကိုယ်က တစ်ရက်တည်းနဲ့ မရနိုင်ပါဘူး🧏🏻♀️ဒါပေမယ့် ဒီနေ့စတဲ့ လှုပ်ရှားမှုလေးက မနက်ဖြန်ရဲ့ ပြောင်းလဲမှုကြီးကို ဖန်တီးပေးနိုင်ပါတယ်✨
📩 Pilates Class အကြောင်း အသေးစုံစမ်းပါကPage Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
13/07/2026
Gravity is just another challenge🖤✨
Take a moment to slow down, breathe deeply, and let every Pilates movement bring you closer to your strongest self 💫🩷
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 34 , Padauk Garden, Hlaing Thar Yar, Yangon, Yangon, Myanmar, 11401
Yangon
55555