Tiny Box of Beauty II

Tiny Box of Beauty II

Share

✨Skin-friendly | DM for inquiries 💌

Photos from Tiny Box of Beauty II's post 01/09/2026

ပစ္စည်းအသစ်လေးတွေ ထပ်ရောက်ပါတယ်ရှင့်
ကွိစိကွစလေးတွေလည်း ပါပါတယ်

Price under each photo
ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေ

အခြားမြို့များ ငွေလွှဲဝင်ပြီး ၃ရက်အတွင်း ပို့ပေးပါတယ်

Photos from Beauty Partnering By Saung's post 31/08/2026

soone toner နဲ့ serum လေးရနော်

Photos from Tiny Box of Beauty II's post 30/08/2026

sale နဲ့ရထားတဲ့ lip tint လေး
BKK direct မို့စျေးကတော့ သက်သာမယ်နော်

4u2 ကတော့ပြောစရာမလိုအောင် လူတိုင်းသိပြီးသားနော်
Fruity lip tint လေးက lip and cheek သုံးလို့ရပါတယ်

Color ကတော့ 04&06 ရပါမယ်ရှင့်
Price - 18500 Ks

#ရန်ကုန်အိမ်ရောက်ငွေချေ #

22/08/2026

ကိုယ်က Glycolic Acid tonerˎˊ˗ဆို The Ordinary ကို အရင်ဆုံးရွေးမိတဲ့သူ ဒါပေမယ့် Glad2Glow ရဲ့ ဒီ 7% ကို သုံးပြီးနောက်ပိုင်း အမြဲတမ်း expensive one ကိုပဲ ဝယ်နေဖို့လိုရဲ့လား?’ ဆိုပြီး တွေးမိလာတယ်🙌🏻

⤷ အခု Glad2Glow ရဲ့ ဒီ toner လေးကိုသုံးကြည့်ပြီး သတိထားမိတာက The Ordinary Glycolic Acid 7% နဲ့ သုံးရတဲ့ purpose အရ တော်တော်ဆင်တူတယ် ဆိုတာပါ။
နှစ်ခုလုံးမှာ 7% Glycolic Acid ပါပြီး dead skin cells တွေကို exfoliate လုပ်ပေးတာ၊ skin texture ပို smooth ဖြစ်လာအောင်နဲ့ dull skin ကို ပိုကြည်လာအောင် ကူညီပေးတဲ့ exfoliating toner type တွေပါ။

အမှုန်အနေနဲ့မျက်နှာ skin ထက် elbows, knees, body acne လို body areas တွေမှာပါ exfoliation အတွက် သုံးဖြစ်တယ်။

⤷ ဒါပေမယ့် The Ordinary က စျေးပိုမြင့်တာကြောင့် Glycolic Acid toner ကို budget save လုပ်ပြီး သုံးချင်တဲ့သူတွေအတွက် Glad2Glow က ပိုအဆင်ပြေတဲ့ option တစ်ခုလို့ ထင်တယ်💚

7% Glycolic Acid (AHA)ကအဓိကက
Dead skin cells တွေကို exfoliate လုပ်ပေးပြီး
Rough skin texture ကို smooth ဖြစ်လာစေတယ်
Dull skin ကို ပိုကြည်လာစေတယ်
Uneven skin tone ကို improve လုပ်ပေးတယ်
Dead skin build-up လျော့စေတယ်

ဒါအပြင် Panthenol, Purslane Extract, Sodium Hyaluronate & Trehalose တို့ပါဝင်တာကြောင့် skin ကို hydration နဲ့ soothing ဘက်ကလည်း support ပေးပါတယ်။

အမှုန်ကိုယ်တိုင်သုံးကြည့်တဲ့အခါ skin texture ပို smooth ဖြစ်လာတာနဲ့ အသားအရေက အရင်ထက် ပိုကြည်လာတာ ကို သတိထားမိတယ် ✨

⚠️ မှုန်တို့ 7% Glycolic Acid ဖြစ်လို့ နေ့တိုင်းသုံးဖို့တော့ မလိုပါဘူး။ Beginner တွေက တစ်ပတ် 2 ကြိမ်လောက်ကနေ စပြီး ကိုယ့် skin က tolerate လုပ်နိုင်မှ frequency ကို ဖြည်းဖြည်းတိုးတာပိုကောင်းပါတယ်။

ပြီးတော့ Retinol / AHA / BHA လို active ingredients တွေနဲ့ တစ်ညတည်းမှာ အများကြီးမတွဲသုံးဘဲ နေ့ဘက် Sunscreen မမေ့ဖို့လည်း အရေးကြီးပါတယ် ☀️

💭The Ordinary ရဲ့ Glycolic Acid 7% ကို သုံးချင်ပေမယ့် ပို budget-friendly ဖြစ်တဲ့ option ရှာနေတယ်ဆိုရင် Glad2Glow ကို consider လုပ်ကြည့်လို့ရတယ်။
Formula တစ်ခုနဲ့တစ်ခုတော့ အတူတူမဟုတ်ပေမယ့် Glycolic Acid 7% exfoliating toner ဆိုတဲ့အပိုင်းမှာ ဆင်တူပါတယ်🫶🏻

Overall Rating — 9/10🌟🌟🌟
Bought from: Shwe Pone Store

Photos from Bomb Beauty by Kol's post 21/08/2026
Mobile uploads 20/08/2026

ဒါကတော့အထူးတလည်ရေးစရာမလိုတော့ပါ Kylie cosmetics က skin tint ထက်တောင်သူပိုကြမ်းလို့ အဲ့လိုဘူးတောင်ဟောင်းပြီးညစ်ပတ်အောင်ထိသုံးထားတာ🤣💕 ဒါလေး review အသေးစိတ်ကို Claire ရှေ့ပို့စ်မှာဖတ်လို့ရပါတယ်💕

19/08/2026

Review ရေးပေးမယ်ဆိုပြီး ပြောထားတာ အကြွေးကျန်နေတယ်နော်📍

ဒီ moisturizer 2ခုကို သုံးနေတဲ့သူတွေရှိကြလား။
Nyi ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်နော်။

Clinique dd gel က သုံးလို့ကောင်းပေမယ့် 'ငါသုံးနေတာ အစစ်ရောဟုတ်ရဲ့လား အတုကြီးများ ဖြစ်နေမလား' ဆိုတဲ့ feel ကို ခဏတိုင်းပေးတယ်။ သုံးလို့ကကောင်းပါတယ် ဒါပေမဲ့ သူ့စျေးနဲ့ယှဉ်ရင် လူတွေ hype နေကြသလောက်တော့ မဟုတ်ဘူး။ Artificial fragrance မပါတာကြောင့် မြေသင်းနံ့ smell သူ့ဆီကထွက်တယ်။ Texture က gel type အေးအေးလေးနဲ့ လိမ်းလို့ကောင်းတယ်၊ စိမ့်ဝင်တာမြန်တယ်။ Hydrating effect ပဲ ရပါတယ်။ အသားအရည်ဘယ်လိုအခြေအနေမျိုးမှာမဆို သုံးလို့အဆင်ပြေတယ်။ စျေးချင်းအတူတူ neutrogena hydro boost gel ကိုတောင် Nyi ပိုကြိုက်သေးတယ် ဒါပေမဲ့ clinique ကတော့ sensitive skin friendly ပိုဖြစ်ပါတယ်။

Derma Factory aquaporin cream က မသုံးကြည့်ခင်ကထိ လူတွေ overhype နေကြတယ်ပဲထင်တာ တကယ်တမ်းသုံးကြည့်တော့မှ အဲ့ထက်တောင်ပိုပြီးပေါက်သင့်မှန်း လက်ခံလာတယ်။ စျေးသက်သာတဲ့အပြင် texture ရော result ရောက အရမ်းမိုက်ပဲ။ 4,5သောင်းတန် hyaluronic acid moisturizer တွေနဲ့ ရင်ဘောင်တန်းနိုင်တယ်။ Hydrating effect အပြင် barrier supportive ဖြစ်တယ်။ Fragrance free မလို့ sensitive skin ကအစ သုံးလို့ရပါတယ်။ 70ml ပါဝင်လို့ ဝယ်မိတာမမှားဘူး အရမ်းတန်တာပဲဆိုတဲ့ခံစားချက်ကို ရပါတယ်။ လက်ဆောင်ရလို့သုံးတာမဟုတ်ဘဲ Nyi စိတ်ဝင်စားတာကြောင့် ဝယ် try တာပါနော်။ သုံးနေတာလဲ အရမ်းကြာပါပြီ။

Disclaimer : Not sponsored, not gifted

19/08/2026

Cica ရွေးမလား Nia ရွေးမလား

Cica🍀
✅အသားခြောက်သူ
✅ဝက်ခြံ အဆီဖု ရှိသူ
✅sensitive ဖြစ်သူ

Nia🌸
✅အဆီပြန်သူ
✅အမဲစက် အမာရွတ်ရှိသူ
✅ချွေးပေါက်ကျယ်သူ

Price - 15000 mmk
Instock
#ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေရပါတယ်

19/08/2026

Customer လေးတွေရဲ့ တောင်းဆိုမှုတွေကြောင့် မင်မင်တို့ ရန်ကုန်မြို့တွင်းကို COD system လေးလုပ်ပေးပါတော့မယ်နော်

Instock ရှိတဲ့ item အားလုံးကို COD ရပါမယ်နော် (sale item တွေဆိုရင်တော့ ငွေလွှဲဝင်မှ ဖယ်ပေးမှာပါ ဒါကတော့ ချွင်းချက်ပါ)

ပိုပိုပြီး ကောင်းမွန်တဲ့ service quality ကိုရစေချင်တာမို့ မင်မင်တို့ဘက်မှာ လိုအပ်ချက်တွေရှိရင်လည်း positively လာပြောပေးလို့ရပါတယ်ရှင့်💗

We value your positive advice and suggestions.

Photos from Tiny Box of Beauty II's post 17/08/2026

BOJ suncream လေးနှစ်မျိုး 10% off နဲ့ယူ

✅အသားခြောက်သူ အမဲစက်ရှိသူအတွက် Rice Probiotics

✅အဆီပြန်သူအတွက် Aqua

Normal price - 55000
Now price - 49500

Sale item မို့ ပစ္စည်းမချန်ပေးပါရှင့်
ငွေလွှဲဝင်ပြီး ၃ ရက်အတွင်း ပစ္စည်းပို့ပေးပါတယ်ရှင့်

Telephone

Website

Address


Sanchaung
Yangon