Agile Avengers Badminton Club
Healthy, Happy, Teams
01/10/2026
စီစဉ်သူရဲ့လိုအပ်ချက်ကြောင့်
Trophy ဆု တခုစီဖြစ်သွားတဲ့အတွက်
ဆုရရှိတဲ့သူများမှ
Trophy နောက်တခု
လိုချင်သူများရှိပါက
Page Messenger သို့မဟုတ် Viber မှ
လာရောက် ဆက်သွယ်ပေးဖို့
မေတ္တာရပ်ခံပါတယ်
Trophy တစ်ခု ၂၅၀၀၀ ကျသင့်မှာ
ဖြစ်ပါတယ်
စာရင်းကို ၅ရက်နေ့ထိ လက်ခံပေးပြီး
၁၀ရက်နေ့တွင် delivery အပ်ပေးပါမည်
ပစ္စည်းလက်ခံသူမှ ပို့ဆောင်ခရှင်းပေးရပါမည်
28/09/2026
FYI
26/09/2026
ဒီနေ့ပွဲလေး အောင်မြင်စွာနဲ့
ပြီးဆုံးခဲ့ပါပြီ
1st Experience မှာ မထင်မှတ်အောင်
စည်စည်ကားကားဖြစ်အောင်
ပါဝင်ပေးကြသူတွေရော
ဝိုင်းဝန်းကူညီပေးကြတဲ့
တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်
လိုအပ်ချက်များ
ရှိခဲ့တာတွေကို ဖြည့်တွေးပေးစေချင်ပါတယ်ရှင့်
ကျေးဇူးပါ 💜💜💜
ပွဲစဉ်အတွင်း အမှတ်တရပုံလေးတွေ
ရိုက်ထားတာရှိရင် comment မှာ
မန့်ပေးခဲ့ပါလားရှင့်
မန့်တဲ့သူတွေထဲက မှ
၁.၁၀.၂၀၂၆တွင်
ကံထူးရှင် ၃ဦးကိုရွေးချယ်ကာ
Agile Avengers Jersey
လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်
ပို့ခ က တော့ ကံထူးသူမှ
ကျခံရမှာဖြစ်ပါတယ်
၃၁ရက်နေ့ ည၁၂ ထိ မန့်များ
အကျုံးဝင်ပါတယ်
25/09/2026
မနက်ဖြန်ဟာ စောင့်မျှော်ခဲ့ကြတဲ့ Mach Day ပြိုင်ပွဲနေ့ကြီး ရောက်ရှိလို့လာပါပြီ
ပြိုင်ပွဲဝင်များအားလုံး ကွင်းအတွင်း အကြိတ်အနယ်
ယှဉ်ပြိုင်ကစားပြီး မိမိတို့ရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး ထုတ်ပြနိုင်ဖို့ အသင့်ဖြစ်နေကြပြီလို့ ယုံကြည်ပါတယ်
⚠️ ပြိုင်ပွဲဝင်များနှင့် ပရိသတ်များ မနက်ဖြန်အတွက် သတိပြုရန်အချက်များ
၁။ ⏰ အချိန်အတိအကျ သတင်းပို့ရန်
ပွဲစဉ်များ စနစ်တကျ အချိန်မီ ကစားနိုင်ရန်အတွက် ပထမအဆင့် (Round 1) ကစားရမည့် အသင်းများအားလုံး မိမိတို့ ပွဲစဉ်မတိုင်မီ မိနစ် ၃၀ ကြိုတင်ပြီး ကွင်းအတွင်း သတင်းပို့ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။ (အချိန်နောက်ကျပါက Walkover အလိုအလျောက် ရှုံးနိမ့်မှုအဖြစ် သတ်မှတ်ပါမည်။)
၂။ 👕 Club Jersey ထုတ်ယူရန်
ကြိုတင် Order မှာယူထားသည့် အထာအကျဆုံး Agile Avengers Club Jersey များကို မနက်ဖြန် ကွင်းအတွင်းရှိ စားပွဲတွင် အမြန်ဆုံး ထုတ်ယူ ဝတ်ဆင်နိုင်ပါသည်။ မဖြစ်မနေဝယ်ရမည်မဟုတ်ပါ ဝယ်ယူအားပေးရင်လဲ ပိုကောင်းပါသည် တစ်ထည် ၂၂၀၀၀ ပါ 💕
၃။ 🥤⚡ အမောပြေဖို့ စိတ်ချပါ - Powered by Zora
ကစားသမားတွေ ရေဓါတ်ပြည့်ဝပြီး သက်လုံကောင်းကောင်းနဲ့ Smash နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Official Hydration Partner ဖြစ်တဲ့ Zora Ion Supply Drink က ကွင်းထဲအထိ အသင့်စောင့်ကြို အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။
၄။ ၁၅မှတ် ၃ပွဲ ၂ပွဲနိုင်တဲ့အသင်းကအနိုင်ရရှိပါမည်။ ၁၅မှတ်အရင် ရရှိသည့်အသင်းက အနိုင်ရမည်ဖြစ်ပါသည်။
၅။ ကြက်တောင် Ling Mei 40 နှင့် final ပွဲများအတွက် Ling Mei 80 အသုံးပြုပါမည်။ ပွဲစဉ်တစ်ခုကို ကြက်တောင် တစ်လုံးသာ အသုံးပြုပါမည်။
📅 ပြိုင်ပွဲအသေးစိတ်အချက်အလက်များ
🗓️ နေ့ရက်: ၂၀၂၆ စက်တင်ဘာ ၂၆ ရက် (မနက်ဖြန် စနေနေ့)
⏳ ပွဲစတင်မည့်အချိန်: မနက် ၉နာရီ ၈ခွဲကို အရောက်လာပေးပါ
📍 ကွင်းတည်နေရာ: DS Sport Complex
https://maps.app.goo.gl/F6UQmpj4zhu8rxtX9?g_st=ic
ချန်ပီယံဆုဖလားနဲ့ ဆုကြေးငွေတွေကို ဘယ်သူတွေ သိမ်းပိုက်သွားမလဲဆိုတာ မနက်ဖြန်မှာ အဖြေပေါ်တော့မှာမို့ ပြိုင်ပွဲဝင်အားလုံး ကံကောင်းကြပါစေကြောင်း Agile Avengers မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်
ကွင်းထဲမှာ ဆုံကြစို့!” 🏆💪
24/09/2026
Welcome Zora - Our Official Hydration Partner!
🏸"သူရဲကောင်းလိုရိုက်၊ မြှားတစ်စင်လိုပျံသန်းမယ့်
" Agile Avengers Badminton Club ရဲ့ ZODIAC BLIND TOURNAMENT မှာ
ပြိုင်ပွဲဝင် ကစားသမားတွေအားလုံး ပွဲစဉ်တိုင်းမှာ အမောအပန်းပြေပြေနဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ထုတ်ပြနိုင်ဖို့အတွက် Zora Ion Supply Drink က Official Hydration Partner အဖြစ် ပါဝင်ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် 🎉
Agile Avengers Club Jersey ကို အခုပဲ စတင်ပိုင်ဆိုင်လိုက်ပါ!
🏸✨"သူရဲကောင်းလိုရိုက်၊ မြှားတစ်စင်လိုပျံသန်းမယ့်" Agile Avengers Badminton Club ရဲ့ ကလပ်အင်္ကျီ (Club Jersey) ကို ယနေ့ကစပြီး အားပေးမှာယူလို့ ရပါပြီ
ဒီအင်္ကျီဟာ သာမန်အားကစားအင်္ကျီတစ်ထည်မဟုတ်ပါဘူး။ ကလပ်ရဲ့ စွမ်းအားကို ကိုယ်စားပြုတဲ့ ခရမ်းရောင်ရင့်ရင့် (Deep Royal Purple) အရောင်ပေါ်မှာမှ ရင်ဘတ်က လှပတဲ့ Neon Violet Lines ဒီဇိုင်း ကြောင့် ဝတ်လိုက်တာနဲ့ ကွင်းထဲမှာ အထာအကျဆုံးနဲ့ အထက်တန်းအကျဆုံး ဖြစ်နေစေမှာပါ။
💎 ဘာကြောင့် မဝယ်ဘဲ မနေနိုင်ဖြစ်ရတာလဲ?
အားကစားလုပ်တဲ့အခါ ချွေးစုပ်မြန်ပြီး လေဝင်လေထွက်ကောင်းတဲ့ သက်တောင့်သက်သာအရှိဆုံး Sublimation ထည်ကို အသုံးပြုထားပါတယ်။
Front & Back Minimalist Design: အင်္ကျီအရှေ့ဘက်မှာ ကလပ် Logo နဲ့ စတိုင်လ်ကျတဲ့ အားကစားဒီဇိုင်းပါဝင်ပြီး၊ အနောက်ဘက်မှာတော့ AGILE AVENGERS စာသား သီးသန့်နဲ့ ရိုးရှင်းခိုင်မာစွာ ချုပ်လုပ်ထားပါတယ်။
Comfortable Price: ဒီလို Premium အဆင့်အတန်းရှိတဲ့ ဂျာစီတစ်ထည်ကို တစ်ထည်လျှင် ၂၂,၀၀၀ ကျပ်တည်း နဲ့ ရရှိမှာ ဖြစ်ပါတယ်။
⚠️ သတိပြုရန် (Limited Stock အကန့်အသတ်သာ ရှိပါသည်)
💰 ဈေးနှုန်း: တစ်ထည်လျှင် ၂၂,၀၀၀ ကျပ်
Size - L, XL, XXL
ဝတ်ထားတာ L size ပါ model ကိုတော့ သည်းခံပြီးကြည့်ပေးပါရှင့်
📞 အခုပဲ Order တင်ပြီး နေရာဦးရန်:လတ်တလော Page Messenger အဆင်မပြေပါသဖြင့် မိမိလိုချင်သော အရွယ်အစား (Size) ကို Viber (09-259 272 293) သို့ တိုက်ရိုက်ပေးပို့ကာ အမြန်ဆုံး Pre-order တင်ထားနိုင်ပါပြီ။
"ဝတ်လိုက်တာနဲ့ သက်လုံတွေ တိုးလာသလို ခံစားရစေမယ့် Agile Avengers ဂျာစီကို အခုပဲ အမြန်ဆုံး မှာယူလိုက်ပါ" 🚀
22/09/2026
Edit - ပွဲချိန် ၉နာရီသို့ပြောင်းခြင်း
ဝါသနာရှင်များ အိပ်ရေးဝရန်ရည်ရွယ်ရင်း ပွဲချိန်ကို ၉နာရီမှ စတင်မည်ဖြစ်ကြောင်း 💕💕💕💕💕
Update Fixture
ပြိုင်ပွဲကို ၂၆.၉.၂၀၂၆ (စနေနေ့) မနက် ၉နာရီတွင်
DS Sport Complex မှာ စတင် ကျင်းပပါမည်။
ဝါသနာရှင်များအားလုံး ပြိုင်ပွဲဝင်သူများအားလုံး မိမိပွဲစဉ်မတိုင်မီ အနည်းဆုံး ၁၅မိနစ် ကြိုရောက်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်
ပွဲစဉ်တိုက်၍ မပြိုင်နိုင်သေးသူများကိုသာ ပွဲစဉ်ကျော် ပြီး ဆက်လက်ကျင်းပမည်ဖြစ်ပြီး မိမိပွဲစဉ်အတွက် မိမိတာဝန်သာဖြစ်ပါသည်။
Blind Matching အတန်းများအတွက် partner contact သိလိုသူများအတွက် Viber ကနေ လာရောက်တောင်းယူနိုင်ပါသည်။
ပြိုင်ပွဲအတန်းများ category များကို စတင် Registration လုပ်သည့်အချိန်မှစ၍ စည်းကမ်းချက်များနှင့် ပြောင်းလဲသည့် အချက်များကို Page တွင် ကြိုတင်ကြေငြာခဲ့ပါသည်။
ပြိုင်ပွဲတွင်းရောက်သည့်အချိန်တွင် စည်းကမ်းချက်များနှင့် မကိုက်ညီပါက တောင်းဆိုလာသူရှိလာလျှင် စည်းကမ်းချက်အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။
ပါဝင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ support ပေးကြသူအားလုံးကို ကျေးဇူးတင်ပါသည်ရှင့်
ပွဲနေ့ကျ အားလုံးဆုံကြမယ်နော် 💕💕💕
📢 IMPORTANT ANNOUNCEMENT
🏸 ZODIAC SIGN BADMINTON TOURNAMENT 2026
ပြိုင်ပွဲဝင်စာရင်းများကို ပြန်လည်စိစစ်ပြီးနောက် အချို့သောအတန်းများတွင် ပါဝင်သူဦးရေ မပြည့်မီခြင်းကြောင့် အဆိုပါအတန်းများကို ယခု Tournament တွင် ထည့်သွင်းကျင်းပတော့မည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
🏆 FINAL CONFIRMED CLASSES & PRIZES
🟣 Networking & Fun Play
Men’s Doubles | Mixed Doubles
🥇 Champion — Trophy + Valuable Gift
🥈 1st Runner-Up — Trophy + Valuable Gift
🥉 2nd Runner-Up — Trophy + Valuable Gift
🟣 Novice Class
Women’s Doubles
🥇 Champion — Trophy + MMK 80,000
🥈 1st Runner-Up — Trophy + MMK 50,000
🥉 2nd Runner-Up — Trophy + MMK 30,000
🟣 Open Class
Men’s Doubles | Mixed Doubles
🟣 Novice Class
Men’s Doubles | Mixed Doubles
🥇 Champion — Trophy + MMK 100,000
🥈 1st Runner-Up — Trophy + MMK 80,000
🥉 2nd Runner-Up — Trophy + MMK 50,000
💜 ပြိုင်ပွဲအတန်းများနှင့် ဆုကြေးများကို အထက်ပါအတိုင်း အတည်ပြုထားပြီး ဖြစ်ပါသည်။
📌 Fixture များကိုလည်း အတည်ပြုပြီး ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ရောက်ပေးကြသော ကစားသမားများအားလုံးကို Agile Avengers Badminton Club မှ အထူးကျေးဇူးတင်ရှိပါသည်။ 🙏🏸
Smash Like a Hero, Fly Like an Arrow! ⚡🏸
21/09/2026
Edit — Updated
Fixture Release
စာရင်းပေးပြီး ကျန်ခဲ့သူများရှိရင်
Viber က နေ ပြောပေးပါနော်
၂၂ ရက်နေ့ ညနေ ၅နာရီ နောက်ဆုံးထားပြီး
အကြောင်းကြားပေးပါ
Update ရှိခဲ့ပါက
၂၃ ရက်နေ့တွင် ကြေငြာပေးပါမည်
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Agile Avengers Badminton Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.