Dutiya II
Goodies Of All Scents! 100% Authentic Perfumes & Decants Shop In Myanmar!
26/09/2026
YSL Eâu Electrîque
ဒီညတော့ Heavy တွေဆွတ်ရတာ ပျင်းလာတာနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်တာလေးတခု ဆွတ်မယ်ဆိုပြီး ကြည့်လိုက်တာ ကိုယ့်ဆီ မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့ ကောင်လေးဆီ လက်ရောက်မိတယ်။
ရောက်လာပုံက ဒီလို... အခုလို ရေမွှေးတွေ သေချာပြန်မစုဖြစ်ခင်တုန်းက တကြောစုလိုက်သေးတယ်။ စုလာရင်း ဆက်စုဖို့ကို စိတ်ကုန်သွားလို့ တော်တော်များများကို Decluttering လုပ်ပလိုက်ရော။ အမှန်တော့ ရေမွှေးကို စိတ်ကုန်တာထက် တခြားဟာတွေကို စိတ်ကုန်တာ 😁 ရေမွှေးလောကက စရောက်ရင်သာ ပျော်ဖို့ကောင်းတာ။ ကြာလာရင် ဇာတ်ရည်လည်ပြီး ဟုတ်မနေတော့ဘူး။ ပြောရရင် ထုတ်ပစ်တာ လက်လွန်ကုန်ပါရော ဆိုပါတော့ 😂😂😂
ဒါပေမယ့်လည်း နောက်ပိုင်း မနေနိုင်တော့ ပြန်စုဖြစ်တယ်။ ပြန်စုဖြစ်ဖို့ ခိုင်မာတဲ့ အကြောင်းပြချက် ကောင်းကောင်းတခု ရခဲ့တာလည်း ပါတယ်။ ပြန်ထုတ်လိုက်တဲ့အထဲ ပါသွားတဲ့တလုံးက Bleu Électrîque ပဲ။ ထုတ်ဖို့စဉ်းစားတုန်းကတော့ Frozen လောက်သဘောမကျတာရယ်၊ 60ml ဖြစ်နေတာရယ်ပဲ။ ကျန်တဲ့အလုံးတွေက 100ml ဖြစ်ပြီး ဒီတကောင်ထဲ Size မညီတော့ ထုတ်လိုက်ဖို့အကြောင်း ခိုင်လုံခဲ့တယ်ပေါ့လေ။ ပြန်စုတဲ့အခါကျ ပြန်လိုချင်မိပြန်ရော။ Discontinued ဆိုတော့ ပိုဆိုး... ရှိသင့်တယ်ပေါ့ 😅 ဒါနဲ့ Bleu Électrique မရခင် ဒါလေးကို တွေ့တော့ ရသေ့စိတ်ဖြေ ဝယ်ချဖြစ်သွားတယ်။
ဝယ်တုန်းက ဒီအတိုင်းဝယ်ဖြစ်ခဲ့တာမို့ အများကြီးမျှော်လင့်မထားခဲ့ဘူး။ ဒီ Lineup ရဲ့ Performance ဘာညာသရကာကို သိနေတာလည်း တကြောင်းပေါ့။ အမယ် ဒါပေမယ့် မဆိုးဘူးဗျ။ သူ့ကို ဆွတ်ကြည့်တော့ သတိရမိတဲ့ ရေမွှေး ၃မျိုး ရှိတယ်။ YSL LNDL, YSL Y နဲ့ Chanel AHSEE…
အဖွင့်က LNDL ကို Y ရောထားသလိုပဲ။ LNDL နဲ့ဆင်တာ သိပ်မထူးဆန်းပေမယ့် Y ရဲ့ Vibe ကိုရတော့ နည်းနည်းမျက်ခုံးပင့်မိသပေါ့လေ။ အဓိကတူစေတဲ့ နုတ်ကတော့ Green Apple ပဲ။ ဒါပေမယ့် နှစ်မျိုးစလုံးက 2017 မှာထွက်တာ။ Y ရဲ့ Perfumer ဖြစ်တဲ့ Dominique Ropion က Eau Électrîque ရဲ့ Perfumer သုံးယောက်ထဲက တယောက်အပါအဝင်ဆိုတော့ သိပ်တော့ထူးဆန်းလှတယ် မဟုတ်ဘူးပေါ့။
Y နဲ့မတူတာက တော်တော်လေး Dry ဖြစ်တာပဲ။ ဒီ Lineup ရဲ့ Signature ပေါ့လေ။ ပြီးတော့ ထုံးစံအတိုင်း Lavender နဲ့ Cedar။ Citrus တွေထဲကဆို Lemon ကို တော်တော်လေး သိသိသာသာ ရတယ်။ ခဏနေတော့ Aromatic Note တွေ ဝင်လာတယ်။ ဒီမှာပါတဲ့ Aromatic ဖြစ်တဲ့ Style က Chanel AHSEE နဲ့တော်တော်လေးတူတယ်။ အဓိကကတော့ Sage ပဲ။ Spicy ဖြစ်တာလေးကလည်း သိသာတယ်။ Black Pepper ဖြစ်ဖို့များတယ်။ Mid မှာ Blue ဖြစ်တယ်ဆိုတဲ့ Vibe ကိုလည်း ထင်ထင်ရှားရှား ရတယ်။
Dry Down ဝင်တော့ ထုံးစံအတိုင်း Woody ဘက်ကို တော်တော်ယိမ်းသွားတယ်။ သူ့ OG နဲ့မတူတာက Tonka နဲ့ Vanilla ပါတာပဲ။ Tonka ကို အရင်ရတယ်။ ပြီးမှ Vanilla ဝင်လာတယ်။ Tonka ရော၊ Vanilla ရောက Woody ဖြစ်ဖြစ် ခပ်မွမွအချိုဘက်ကို သွားတယ်။ Syrupy ဖြစ်တဲ့ Vanilla ပုံစံမျိုးမဟုတ်ဘူး။ Powdery ဆန်တယ်ဆိုတဲ့ ခံစားချက်မျိုးကိုလည်း ရတယ်။ Sandal ပါတယ် မပြောပေမယ့် သွားတဲ့ပုံစံက AHSEE လိုပဲ... Toank + Vanilla + Cedar + Sandal အတွဲ။ AHSEE နဲ့မတူတာက Vanilla ကဲတာပဲ။ တပြိုင်တည်းမှာပဲ Patchouli ကြောင့် ခပ်ညစ်ညစ် Vibe ကိုလည်း ရတယ်။ ဒါပေမယ့် သေချာရှူကြည့်မှပဲ ရတာ။ မဟုတ်ရင် သိပ်ကို မသိသာဘူး။
သူ့ရဲ့ OG ဖြစ်တဲ့ LNDL နဲ့မတူတာကတော့ Linear သိပ်မဆန်ဘဲ Note အပြောင်းအလဲတွေ ရှိတယ်။ တူတာကတော့ Performance ပဲ။ သိပ်ထူးခြားမနား။ ဒီ Lineup ထဲမှာ အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ Frozen ပဲ။ ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲနော်။
အားလုံးပဲ ကိုယ်နှစ်သက်ရာရနံ့နဲ့ ပျော်မွေ့နိုင်ကြပါစေ ❤️
25/09/2026
Diptyqûe Oûd Palâo
ဒီနေ့တော့ ဒီမှာ လူပြောသိပ်မများတဲ့၊ မတွေ့ရသလောက်ကိုနည်းတဲ့ Oud အသားပေးရေမွှေးလေးအကြောင်း ပြောချင်ပါတယ်။ Oud အသားပေးဆိုတော့ ခပ်ကြမ်းကြမ်းထင်ရပေမယ့် ထူးဆန်းတာက ထုတ်ထားတဲ့ Brand ကတော့ နူးနူးညံ့ညံ့၊ ပျော့ပျော့ပျောင်းပျောင်း အနံ့တွေကိုသာ ဦးစားပေးထုတ်လေ့ရှိတဲ့ Diptyqûe ပါ။ သူ့အကြောင်းဆိုပေမယ့် သူချည်းပဲမဟုတ်ဘဲ သူနဲ့တူတဲ့ အခြားရေမွှေးတခုနဲ့ပါ ယှဉ်ပြီး ရေးသွားပေးမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဘာတွေများထူးဆန်းတယ်၊ ဘာတွေကွာတယ်ဆိုတာ သိရအောင် မင်မင်နဲ့အတူ လိုက်ခံစားကြည့်ပါဦး။
ဒီရေမွှေးကို ဘာကြောင့်ဝယ်ဖြစ်သွားတယ်ဆိုတာလေး အရင်ပြောပြပါမယ်။ မင်မင် ရေမွှေးတွေ စုဖြစ်တော့ Collector တွေရဲ့ ထုံးစံအတိုင်း Rose အသားပေးရေမွှေးတွေကို တော်တော်လေး စုဖြစ်ခဲ့ပါတယ်။ အဲ့လိုစုဖြစ်တဲ့အထဲမှာမှ မင်မင်က Old Batch / Vintage Collector ပါ 😅 အထင်မကြီးလိုက်ပါနဲ့၊ မွဲဆေး ဖော်နည်းတမျိုးပါပဲ။ ဆိုတော့ Rose ရေမွှေးတွေ စုနေရင်း Di0r Oûd Isphân Old Batch ကို လိုချင်တယ်ပေါ့။ ဒါပေမယ့် အဲ့တုန်းက တော်တော်လေး ရှာရခက်ပါတယ်။ 2016 ရှေ့ပိုင်း Batch ပေါ့။ ပြောရရင် Old Batch မပြောနဲ့ နောက်ပိုင်း ပြန်ထွက်ထားတဲ့ Batch ပါ ဝယ်ရခက်တဲ့အချိန်ပါ။ ဒါနဲ့ လေ့လာရင်း၊ ရှာရင်း Diptyqûe Oûd Palâo က Di0r Oûd Isphân Old Batch နဲ့ တော်တော်လေး ဆင်တူတယ် ပြောကြပါတယ်။ ဒါနဲ့ ဒီကောင်လေးကိုပဲ အရင်ဝယ်ဖြစ်သွားတယ်ပေါ့။ အဲ့အချိန်တုန်းက Diptyqûe တွေတောင် တော်တော်ရှားသေးတဲ့အချိန်ပါ။ ဒါပေမယ့် အခုနေ ဈေးတွေနဲ့ တွက်ရင်တော့ သက်သာပါသေးတယ် 😅
ဒီတော့ ရေမွှေးအကြောင်းလေး ဆက်ရအောင်။ ဝယ်တုန်းကတော့ Di0r Oûd Isphân (Old Batch) နဲ့ ဆင်တူတယ်ဆိုလို ဝယ်ခဲ့ပေမယ့် အခုရေးတဲ့အခါမှာတော့ စမ်းချင်သူတွေ စမ်းကြည့်၊ ယှဉ်ကြည့်တဲ့အခါမှာ အလွယ်တကူဖြစ်အောင် New Batch နဲ့ပဲ ယှဉ်ပြီး ရေးပေးလိုက်ပါတယ်။ သူ့ရဲ့ Scent Profile က Di0r Oûd Isphân (New Batch) နဲ့ဆို တူမယောင်နဲ့ ကွဲပါတယ်။ ထုံးစံအတိုင်း ရေမွှေးနှစ်မျိုးစလုံးရဲ့ အဓိက Note တွေကတော့ Oud နဲ့ Rose ပါ။ ဒါပေမယ့် Oud စတိုင် ကွဲသလို၊ Rose စတိုင်လည်း ကွဲပါတယ်။
Diptyqûe Oûd Palâo မှာ သုံးထားတဲ့ Oud က Laotian Oud လို့ ဆိုပါတယ်။ ခပ်လေးလေးကိုမှ Dark ဖြစ်ဖြစ်နဲ့ Gasoline အနံ့ ထွက်ပါတယ်။ Rose ကိုတော့ Oud ရေမွှေးတွေမှာ ရနေကြ Typical Rose ပုံစံထက် Floral ဆန်ဆန်ဘက်ကို သွားထားပါတယ်။ Labdanum အနံ့က အဖွင့်မှာကတည်းက တော်တော်လေး သိသာပါတယ်။ To***co အနံ့လည်း အစပိုင်းမှာ သိသိသာသာကို ရပါတယ်။ နောက်ပိုင်းတော့ လျော့သွားပြီး Spice ပါးပါး၊ Powdery Woody အနံ့တွေနဲ့ Oud + Rose Combo ကို ပျင်းစရာမကောင်းအောင် ကစားထားပါတယ်။
Di0r Oûd Isphân ရဲ့ Oud ကတော့ တော်တော်များများဆီက ရနေကြ Oud အနံ့ပါပဲ။ Rose ကလည်း ထိုနည်းတူပါပဲ။ နိုင်ငံခြားမှာနေတာကြာတဲ့သူတွေဆို အလွယ်သိနိုင်တဲ့ Mall တွေသွားရင် ရတတ်တဲ့ Oud + Rose Combo အနံ့မျိုးပါပဲ။ အဲ့ဒါကိုမှ Spice တွေနဲ့ Blend ထားတဲ့ အထာမျိုးပါ။ Spice ကတော့ တော်တော်လေးများပါတယ်။ Oûd Palâo နဲ့ ယှဉ်ရင် ပိုပြီးလည်း Dry ဖြစ်ပါတယ်။ ဆိုရရင် ဖန်တရာတေ ရိုးအီနေပြီဖြစ်တဲ့ Rose + Combo ပါပဲ။
ဒီတော့ Diptyqûe ထဲကမှ ခပ်ကြမ်းကြမ်း လိုချင်တယ်၊ သုံးချင်တယ်ဆိုရင်တော့ Oûd Palâo ကို စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။ Daily Wear နဲ့တော့ အဆင်ပြေမယ့်ပုံစံမျိုး မဟုတ်ပါဘူး။ ပြီးတော့ Diptyqûe ရေမွှေးတွေထဲ Performance တော်တော်လေးကောင်းတဲ့အထဲမှာ ပါပါတယ်။ ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲနော်။
အားလုံးပဲ ကိုယ်နှစ်သက်ရာရနံ့နဲ့ ပျော်မွေ့နိုင်ကြပါစေ ❤️
24/09/2026
LATEST COLLECTION!
24/09/2026
Rôja Elysîum အနှစ်ချုပ်
Rôja ဆိုတာနဲ့ တွဲမှတ်မိနေမယ့် ရေမွှေးပေါ့။ ဘယ်လောက်ထိ အောင်မြင်သလဲဆို အခုချိန်ထိ Flanker တွေ ထွက်နေတာကို ကြည့်ရုံနဲ့ သိသာတယ်။ ဒီနေ့တော့ သူ့ရဲ့အနံ့အကြောင်းထက် သူတို့ရဲ့ ကွာခြားချက်လေးတွေအကြောင်း ဝေမျှပေးချင်ပါတယ်။
Elysîum Parfum (2017)
Elysîum Lineup ရဲ့ Mature အဖြစ်ဆုံး Version ပေါ့။ Green ဖြစ်တယ်၊ Pungent ဖြစ်တယ်။ Ambroxan လည်း အများဆုံးပါတယ်။ Performance လည်း အကောင်းဆုံးပဲ။
Elysîum Parfum Cologne (2017)
Parfum ရဲ့ Light Version ပေါ့။ ဆွတ်ရလွယ်တယ်။ Parfum လောက်မလေးဘူး။ Bright ပိုဖြစ်တယ်။ မူလ DNA လည်း မပျောက်သွားဘူး။ Performance တော့ Average ပဲ။ သူက Leather Base နဲ့ သွားတယ်။
Elysîum Eau Intense (2023)
Still Elysîum ပါပဲ။ ဒါပေမယ့် Sweet Base နဲ့သွားတယ်။ Performance အနည်းငယ် ပိုကောင်းတယ်။ Elysîum PC ကို ရိုးနေတဲ့သူတွေအတွက် သူ့ရဲ့နဂိုမူလပုံစံကိုလည်း ဆုပ်ကိုင်နိုင်ဦးမယ့် Alternative Choice ပေါ့။
Elysîum Noir (2025)
Elysîum နာမည်တပ်ထားလို့သာ Elysîum Flanker လို့ မှတ်ယူလိုက်ရတဲ့ Version။ ပုလင်းသာမမြင်ရဘဲ အနံ့ပဲရှူရမယ်ဆို Elysîum လို့ ထင်စရာအကြောင်းကို မရှိတာ။ အနံ့မတူသလို Perfumer လည်း မတူဘူး။ အရင်သုံးမျိုးစလုံးရဲ့ Perfumer က Rôja Dove။ ဒီကောင်လေးရဲ့ Perfumer က Antoine Cotton။ Elysîum DNA မပါသလောက်ပဲ။ တကယ်ကို Blue Fragrance စစ်စစ် အထာဘက်ကို ပိုသွားတယ်။ ဘယ်လိုလူတွေ ကြိုက်လောက်လဲဆို Chânel ရဲ့ BDC ကြိုက်တဲ့သူတွေ၊ L\/ ရဲ့ L’immênsite ကြိုက်တဲ့သူတွေဆို ကြိုက်လောက်မယ်။ ကျတော့်တကိုယ်စာအတွက်ဆို BDC နဲ့ ပိုဆင်တယ်။ အဲ... ပြီးတော့ ကျတော်က Elysîum Fan မဟုတ်လို့ အခု Noir Version ကို အကြိုက်ဆုံးပဲ 😁
တကယ်တော့ Elysîum အမျိုးသားသုံးထဲမှာ နောက်တမျိုးရှိသေးတယ်။ ခုတော့ ဝယ်မရတော့ဘူး။ ပုလင်းပုံစံကတော့ Parfum Cologne နဲ့တူတူပဲ။ ဈေးကတော့ ပိုမြောက်တယ်။ အဆီပိုများတဲ့ Version မျိုးနဲ့တူတယ်။ နာမည်တော့ မမှတ်မိတော့လို့။ မှတ်မိတဲ့သူရှိရင် ပြောသွားပေးပါဦး။ အဲ့ကောင်ရှိမှပဲ Elysîum Lineup စုံတယ်လို့ ဆိုရမယ်။ ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲနော်။
အားလုံးပဲ ကိုယ်နှစ်သက်ရာရနံ့နဲ့ ပျော်မွေ့နိုင်ကြပါစေ ❤️
23/09/2026
For Men Collection Part (2)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
23/09/2026
For Men Collection Part (4)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
23/09/2026
For Men Collection Part (5)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
23/09/2026
For Men Collection Part (6)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
23/09/2026
For Women Collection Part (1)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
23/09/2026
For Women Collection Part (2)
(Dutiya တွင်မှာယူလို့ရနိုင်မည့် Decant List လေးတွေကို Page ထိပ်တွင် Pin Post လုပ်ပေးထားပါသဖြင့် အလွယ်တကူဝင်ရောက်ကြည့်ရှူလို့ရနိုင်ပါပြီရှင်)
Category
Website
Address
Yangon