Belosiva
Do It Your Self (DIY)
28/04/2024
26/01/2024
ဝက်ခြံနှင့်ပတ်သက်၍ မေးလေ့ရှိသော မေးခွန်းများ
================= #ဆူးမြာ
Q :
ဝက်ခြံ ဘာကြောင့်ထွက်ရတာလဲ။
A :
ဝက်ခြံဆိုတာ ချွေးတွေ၊ ဆဲလ်သေတွေ၊ အရေပြားအောက်ကအဆီတွေနဲ့ ဗက်တီးရီးယားတွေက ချွေးပေါက်တွေမှာ ပိတ်နေတာကြောင့် ဖြစ်ရတာပါ။ ဒါက များသောအားဖြင့် ဖြစ်တတ်ကြတဲ့ အကြောင်းရင်းဖြစ်ပါတယ်။
Q :
ဝက်ခြံက ကူးစက်တတ်ပါသလား။
A :
ဝက်ခြံက မကူးစက်နိုင်ပါဘူး။ အဆီပြန်တာ၊ ချွေးပေါက်ပိတ်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ရတဲ့ အရေပြားပြဿနာတစ်မျိုးပဲ ဖြစ်ပါတယ်။
Q :
ဝက်ခြံထွက်တာက အသက်အရွယ်အလိုက် ပျောက်သွားတတ်ပါသလား။
A :
ဆယ်ကျော်သက်ဝက်ခြံက အသက် 20-25 နှစ်လောက်ဆိုရင် သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ဝက်ခြံပျောက်ကင်းသက်သာစေတဲ့ Skincare ပစ္စည်းတွေ အသုံးပြုတာ၊ Self Care လုပ်တာ၊ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသတာ၊ Home Remedies နည်းလမ်းတွေနဲ့ Treatment လုပ်တာလိုမျိုး ကုသမှုခံယူမှသာ သက်သာနိုင်တာ ဖြစ်ပါတယ်။
Q :
ဝက်ခြံအတွက် ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့တိုင်ပင်ရပါမလဲ။
A :
အလွန်အကျွံစိုးရိမ်စရာမလိုတဲ့ ပုံမှန်အတိုင်း ဝက်ခြံထွက်နေတာမျိုးဆိုရင်တော့ တကယ်သက်သာပျောက်ကင်းနိုင်တဲ့ Skincare ပစ္စည်းကောင်းကောင်းလေး ဝယ်သုံးတာမျိုး၊ Home Remedies တွေနဲ့ ပုံမှန် treatment လုပ်တာမျိုးတွေနဲ့ သက်သာနိုင်ပေမဲ့ -
♦ နာကျင်တဲ့ အကျိတ်ပုံစံ ဝက်ခြံတွေရှိရင်
♦ အလွန်အမင်းနာကျင်နေရင်
♦ ဝက်ခြံနေရာက နီရဲ ရောင်အမ်းနေရင်
♦ ပိုးဝင်ရင် ဒါမှမဟုတ် ဝက်ခြံအနာကြောင့် ဖျားနာတာမျိုး ဖြစ်ရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင် ပြသရပါမယ်။
Q :
စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်နိုင်ပါသလား။
A :
ဟုတ်ကဲ့။ စိတ်ဖိစီးမှုဖြစ်လာရင် အရေပြားအောက်ကအဆီတွေ အများကြီးထုတ်ပေးနိုင်တဲ့ ကော်တီစောဟော်မုန်းတွေ ပိုထွက်လာတတ်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုက Immune System ကို ဖိအားပေး လျော့ကျစေပြီး ဗက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အားနည်းစေပါတယ်။ ဒီအချက် နှစ်ချက်ကြောင့်ပဲ စိတ်ဖိစီးမှုများရင် ဝက်ခြံထွက်ဖို့ ဉီးတည်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Q :
ဝက်ခြံအမာရွတ်တွေကိုကော ကုသလို့ ရနိုင်ပါသလား။
A :
အလွန်အကျွံ ဖြစ်နေတဲ့ ဝက်ခြံအမာရွတ်တွေကို Micro-Needing နည်းလမ်းနဲ့ ကုသတာ၊ Chemical Peeling လုပ်တာ၊ လေဆာကုထုံးအသုံးပြုတာ၊ Cryotherapy ကုထုံးတွေနဲ့ ကုသနိုင်ပြီး ပုံမှန်အတိုင်း ကျန်ရစ်ခဲ့တဲ့ ဝက်ခြံအမာရွတ်တွေကိုတော့ ဝက်ခြံအမာရွတ်ပျောက်ကင်းနိုင်တဲ့ Skincare ပစ္စည်းလိမ်းတာ၊ သဘာဝ Home Remedies တွေနဲ့ treatment လုပ်တာလိုမျိုးနည်းလမ်းတွေနဲ့ ကုသလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ သုံးသုံး အရေပြားဆရာဝန်နဲ့တော့ ဦးစွာတိုင်ပင်ရပါမယ်။
Q :
အဲဒီနည်းလမ်းတွေနဲ့ ကုသရင် ဘယ်လောက်ကြာနိုင်ပါသလဲ။
A :
Skincare(တကယ်ကောင်းပြီး စစ်မှန်တဲ့ Skincare) လိမ်းမယ်ဆိုရင်တော့ ပုံမှန်အသုံးပြုရင် ၃-၄ လလောက် ကြာနိုင်ပြီး Home Remedies တွေသုံးမယ်ဆိုရင်တော့ စိတ်ရှည်လက်ရှည်နဲ့ ပုံမှန် treatment လုပ်ပေးခြင်းအားဖြင့် ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်လို့ သုတေသနပြုသူတွေက ဆိုပါတယ်။
#ဆူးမြာ (Beauty & Health DIY)
translated from :
10/12/2023
ဆောင်းရာသီမှာ အသားအရေ မပျက်စီးစေချင်ရင်တော့ ဒီ ငါးချက်ကို မဖြစ်မနေ လုပ်သင့်တယ်နော်...။
၁။ ညအိပ်ခါနီးမှာ Double Cleansing ပြုလုပ်ပါ
♠ သင့်အသားအရေကို အစိုဓာတ်ထိန်းနိုင်ဖို့ သင်နဲ့ လိုက်ဖက်မယ့် Essence တစ်မျိုးကို ရွေးချယ်ပါ။
♠ တစ်နေကုန်လိမ်းထားတဲ့မိတ်ကပ်တွေ၊ ဖုန်တွေကို Cleansing လေးနဲ့ အရင်ကြေးချွတ် မျက်နှာသစ်ပါ။
♠ ပြီးရင် မျက်နှာသစ်ဆပ်ပြာလေးနဲ့ မျက်နှာသစ်ပါ။
♠ အဲဒီနောက်မှာတော့ မျက်နှာပေါ်ကို Essence ဒါမှမဟုတ် နို့ရည်လေး လိမ်းလိုက်ပါ။
၂။ ကြေးချွတ်ပါ
တစ်လ တစ်ကြိမ်လောက် ပုံမှန် ကြေးချွတ်ပေးသင့်တယ်ဆိုတာ သိပါရဲ့လား။
သင့်အသားအရေပေါ် ပြစ်မျိုးမှဲ့မထင် လှပချင်တယ်ဆိုရင်တော့ ဆဲလ်သေတွေကို ဖယ်ရှားပစ်မှရမှာလေ။ ဒီတော့ မျက်နှာကို Scrub လုပ်ပေးဖို့ မမေ့ပါနဲ့။
၃။ အစိုဓာတ်များများပါဝင်တဲ့ Serum အသုံးပြုပါ
Serum အသုံးပြုတာက အရေပြားပြဿနာတွေနဲ့ အရေပြားကို အာဟာရဖြည့်ပေးဖို့အတွက် အကောင်းဆုံးသော treatment တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အသားမပပ်ဘဲ ရေဓာတ်ပြည့်ဝတဲ့ စိုစိုပြည်ပြည်အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Serum အသုံးပြုသင့်တယ်နော်..
၄။ အစိုဓာတ်ထိန်းခရင်မ်ကို နေ့တိုင်း အသုံးပြုပါ
နေပူထဲထွက်တဲ့အခါ မဖြစ်မနေ လိမ်းရမှာက အစိုဓာတ်ထိန်းခရင်မ်ပေါ့။ မိတ်ကပ်လေး လိမ်းမယ်၊ ပေါင်ဒါလေး ပုတ်မယ်ဆိုရင်တောင် SPF များများပါတာလေးကို လိမ်းသွားမှဖြစ်မှာလေ။ ဆောင်းတွင်းဆိုတော့ လေကလည်း ခြောက်၊ နေကလည်း ခြောက်နဲ့။ ခန္ဓာကိုယ် ရေဓာတ်မဆုံးရှုံးချင်ဘူးဆိုရင်တော့ ရေများများသောက်ပြီး SPF များများပါတဲ့ Skincare တွေကိုသာ အသုံးပြုနော်...။
၅။ Face Mask သုံးပါ
အသားပပ်တတ်တဲ့ ဆောင်းရာသီအတွက်တော့ Face Mask အေးအေးလေး ကပ်သင့်တယ်လေနော်။ သခွားသီးလေးတွေကို အချပ်လိုက်လေးတွေ လှီးပြီး ကပ်နိုင်သလို တခြား Face Mask လေးတွေလည်း သုံးနိုင်ပါတယ်။ နေ့တိုင်း ညအိပ်ခါနီး Face Mask လေးကို 15-20 မိနစ်လောက်တော့ ကပ်လိုက်ပါဉီး။
ဆူးျမာ Beauty And Health DIY
=========================
26/05/2023
ပျားဖယောင်းခြင်ပြေးခရင်မ်
---------------- #ဆူးမြာ
ကလေးတွေက ကျောင်းတက်ရတော့မယ်မလား။ မိုးတွင်းလည်းဖြစ်၊ ခြင်ပေါတဲ့ကာလလည်း ဖြစ်တော့ ကျောင်းတွေမှာ သွေးလွန်တုပ်ကွေး ခြင်တွေကလည်း ပေါမှပေါလေ..။ ဒီတော့ လိမ်းထားရင် ခြင်ပြေးပြီး ကလေးအသားအရေအတွက် ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့ သဘာဝခြင်ပြေးခရင်မ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါရစေ။
လိုအပ်တာတွေက
…
♦ အုန်းဆီ ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ
♦ ပျားဖယောင်း ခွက်တစ်ခွက်စာ
♦ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းလေးပုံသုံးပုံစာ
♦ ရေ
♦ Lemongrass Essential Oil
ပြုလုပ်နည်း
♦ ပျားဖယောင်းနဲ့ အုန်းဆီကို အိုးတစ်လုံးထဲထည့်ပြီး မီးဖိုပေါ်မှာ အပူပေးပါ။ သူတို့နှစ်မျိုးစလုံး အရည်ပျော်ပြီး သေချာရောသမသွားအောင် သစ်သားယောင်းမနဲ့ မွှေပေးပါ။
♦ ရေ ခွက်တစ်ခွက်ရဲ့ လေးပုံသုံးစာကို နောက်ထပ်အိုးတစ်လုံးထဲထည့်ပြီး ဆူအောင် ကျိုပါ။ ရေဆူလာရင် အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါ။
♦ မုန့်ဖုတ်ဆော်ဒါကို ခုနက ရေနွေးကျိုထားတဲ့ထဲကို ထည့်မွှေပါ။
♦ ပြီးရင် အဲဒီမုန့်ဖုတ်ဆော်ဒါရည်ကို ပထမဦးဆုံး အရည်ပျော်အောင် ပြုလုပ်ထားတဲ့ ပျားဖယောင်းအုန်းဆီအိုးထဲကို ထည့်ကာ အားလုံးသမအောင် မွှေပေးပါ။ ဒီနှစ်မျိုးဟာ အလွယ်တကူ ပျော်ဝင်မှာ မဟုတ်တဲ့အတွက် ရေကို ဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ ထည့်ပြီးမှ သေချာမွှေရပါမယ်။
♦ အားလုံးနှံ့စပ်အောင်မွှေပြီးပြီဆိုရင် ပန်းကန်လုံးတစ်လုံးထဲကို ထည့်ပြီး အအေးခံပါ။
♦ အအေးခံနေစဉ်မှာ အဲဒီပန်းကန်လုံးထဲကို Essential Oil (Tea Tree or Citronella or Rosemary or Lemongrass or Eucalyptus Oil) အစက် ၅၀ ခန့်ထည့်ကာ ရောစပ်ပါ။
♦ အားလုံးပြီးသွားပြီဆိုရင် ဖန်ပုလင်းတစ်လုံးထဲကို ပြောင်းထည့်လိုက်ပါ။
အခုဆိုရင် ခြင်ကိုက်ခံရနိုင်တဲ့ အရေပြားပေါ်မှာ ဒီခရင်မ်လေးကို ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ တိုက်ရိုက်လိမ်းနိုင်ပါပြီ။ တစ်ခုသတိထားရမှာက သူ့ကို အရမ်းပူတဲ့နေရာတွေမှာ မသိမ်းဆည်းမိဖို့ပါပဲ။
♥ ဆူးမြာ (Beauty & Health DIY) ♥
25/05/2023
ခြင်ကိုက်ယားယံဖုတို့အတွက် Itchy Spray ပြုလုပ်နည်း
==================== ဆူးမြာ
Tea Tree Oil ဟာ ပိုးမွှားကင်းစင်စေပြီး ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ သူဟာ နီရဲရောင်ရမ်းတာနဲ့ ပိုးမွှားကူးစက်တာကို ကုသပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ပါ။
Peppermint Oil ကတော့ အေးမြပြီး ပူရှိမ်းရှိမ်းအထိအတွေ့ကို ပေးစွမ်းနိုင်ကာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒီအဆီနှစ်မျိုးစလုံးဟာ ခြင်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သူတို့ဟာ ခြင်ကိုက်တာကို သက်သာစေအောင်နဲ့ ခြင်ပြေးအောင် အလုပ်နှစ်မျိုးစလုံး ပြုလုပ်နိုင်စွမ်းရှိပါတယ်။
အုန်းဆီကို တစ်နည်းအားဖြင့် Carrier Oil လို့ ခေါ်ပြီး သူက စပ်ဖျင်းဖျင်း ယားယံနေတဲ့အရေပြားပေါ် တိုက်ရိုက်လိမ်းလိုက်တာနဲ့ အလျင်အမြန်ပျောက်ကွယ်သွားနိုင်ပါတယ်။ Carrier Oil ကို အားပျော့သွားအောင် Essential Oil နဲ့ ရောစပ်ပြီး အဲဒီအရောအစပ်ကို လိမ်းပေးရင် စပ်ဖျင်းဖျင်းနာကျင်တာကို ကာကွယ်ပေးနိုင်တဲ့အပြင် ခြင်ကိုက်မခံရအောင်လည်း ကူညီပေးပါတယ်။
လိုအပ်တာတွေက
♦ အုန်းဆီ
♦ Tea Tree Essential Oil – ၁၀-၁၂ စက်ခန့်
♦ Peppermint Essential Oil – ၁၀-၁၂ စက်ခန့်
♦ စပရေးပုလင်းလွတ် (ဖျန်းဆေးထည့်ရန်)
♦ ကန်တော့ငယ်
ပြုလုပ်နည်း
♦ စပရေးပုလင်းအလွတ်ထဲကို အုန်းဆီ တစ်လက်မ ဒါမှမဟုတ် နှစ်လက်မခန့် ထည့်ပါ။ (ဆီချိန်ကန်တော့ ဒါမှမဟုတ် အစက်ချပြွန် အသုံးပြုနိုင်ပါတယ်)
♦ အဲဒီပုလင်းထဲကို Tea Tree Essential Oil နဲ့ Peppermint Essential Oil ၁၀-၁၂ စက်ခန့်စီ ထည့်ပါ။
♦ အဖုံးပိတ်ပြီးနောက် ပါဝင်ပစ္စည်းတွေကို သမသွားအောင် လှုပ်ခါပေးပါ။
Tips!
♦ ခြင်ကိုက်တဲ့အခါတိုင်း အဲဒီစပရေးကို ဖျန်းပြီး အရေပြားပေါ်ညင်သာစွာ ပွတ်လိမ်းပေးပါ။ အထပ်ထပ်အခါခါ လိမ်းပေးနိုင်ပါတယ်။
(စပရေးဖျန်းဘူးအစား Roll-on ပုလင်းလွတ်ထဲမှာ ထည့်ပြီးလည်း အသုံးပြုနိုင်ပါတယ်)
#ဆူးမ(Health & Beauty DIY)
24/05/2023
Distilled Water (ပေါင်းခံရည်) ပြုလုပ်နည်း
========== #ဆူးမြာ
အလှအပပြုလုပ်နည်း(DIY)တွေမှာပါတဲ့ Distilled Water ကို အိမ်မှာ ဘယ်လိုပြုလုပ်နိုင်လဲဆိုတာ ရှာကြည့်လိုက်တော့..
ပြုလုပ်နည်း
♦ စတီးအိုးထဲကို ရေတစ်ဝက်ခန့်ထည့်ပြီး ဉီးစွာ ပွက်ပွက်ဆူအောင် တည်ပါ။
♦ ပြီးရင် မီးအရှိန်ကို လျှော့ချလိုက်ပြီး အဲဒီအိုးထဲကို အပူခံပန်းကန်ပြားထည့်ပါ။
♦ ဖန်အိုးအဖုံးကို အဲဒီပေါ်မှာ ပက်လက်ဖုံးအုပ်လိုက်ပါ။
♦ မီးအရှိန်နည်းနည်းနဲ့ပဲ ဆက်လက်တင်ထားပေးပါ။
♦ အိုးအဖုံးထဲက ပေါင်းခံရည်တွေ ပန်းကန်ပြားထဲ ကျလာပါလိမ့်မယ်။
♦ လိုသလောက်ရလာပြီဆိုရင်တော့ ပန်းကန်ပြားထဲက ပေါင်းခံရည်ကို ဇွန်းလေးနဲ့ အသာအယာခပ်ယူကာ ခွက်ထဲ ထည့်ပေးပါ။
♦ အဲဒီနည်းလမ်းနဲ့ ရလာတဲ့ ပေါင်းခံရည်ကို စစ်ဆေး တိုင်းတာကြည့်ရင် 002 ppm ရပါလိမ့်မယ်။ 0-2 ppm က Perfect ပါတဲ့။
သတိပြုစရာတစ်ခုက ►
♦ ပန်းကန်ပြားထည့်ပြီး ရေပွက်ပွက်ဆူအောင် မတည်ပါနဲ့။
♦ ပွက်ပွက်ဆူနေတာကြောင့် အိုးထဲက ရေတွေ ပန်းကန်ပြားထဲ ဝင်သွားနိုင်ပါတယ်။
♦ အဲဒါဆိုရင် ပေါင်းခံရည်စစ်စစ်ကို မရတော့ပါဘူးနော်။
(ကိုယ့်ဘာသာကိုယ် သိချင်လို့ ရှာရင်းဖွေရင်းနဲ့ မသိသေးတဲ့သူတွေ သိရအောင် တင်ပေးလိုက်တာပါ)
#ဆူးမြာ (Beauty & Health DIY)
Credit :
23/05/2023
ကျီးခြေရာနှင့် အရေးကြောင်းများကင်းစင်စေမည့် ခရင်မ်ပြုလုပ်နည်း
============ #ဆူးမြာ
အရေးကြောင်းကင်းစင်ပြီး နုနယ်ပျိုမျစ်ချင်ကြတာ လူတိုင်းရဲ့ အိပ်မက်ဖြစ်မှာပါ။ မျက်နှာမှာ အရေးကြောင်းတွေ၊ laugh lines တွေနဲ့ မျက်ဝန်းထောင့်က ကျီးခြေရာတွေက ဇရာရဲ့ ပြယုဂ်တွေမို့ အဲဒါတွေကင်းစင်နုပျိုနေစေဖို့ အခုဖော်ပြပေးမယ့် ခရင်မ်လေးကို ပြုလုပ်ပြီး အသုံးပြုကြည့်ရအောင်…။
လိုအပ်တာတွေက
…
♦ ဗီတာမင် အီး အဆီ – သုံးတောင့်
♦ ပျားရည် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
♦ ရှောက်ရည် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ
♦ မလိုင်မပါဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်းစာ
ပြုလုပ်နည်း
♦ ဗီတာမင် အီး သုံးတောင့်ကို ခွက်တစ်ခုထဲမှာ ဖောက်ထည့်ပါ။
♦ ပြီးရင် ပျားရည် ထည့်ပါ။
♦ အဲဒီထဲကို ဒိန်ချဉ် ထမင်းစားဇွန်း တစ်ဇွန်းစာထည့်ပြီး အဲဒီပေါ်ကနေ ရှောက်ရည်ထည့်လိုက်ပါ။
♦ အဲဒီနောက် ပါဝင်ပစ္စည်းအားလုံးကို သမအောင် မွှေလိုက်ပါ။ Anti-wrinkle cream လေးရပါပြီ။
Tips!
♦ ရလာတဲ့ခရင်မ်ကို မျက်ဝန်းထောင့်က ကျီးခြေရာတွေနဲ့ မျက်နှာပေါ်က အရေးကြောင်းတွေပေါ် လက်ညှိုးအသုံးပြုကာ တို့လိမ်းပေးပါ။
♦ မိနစ် ၃၀ ခန့်ထားပြီး မျက်နှာသစ်လိုက်ပါ။ (မျက်လုံးထဲ ခရင်မ်မဝင်အောင်တော့ ဂရုစိုက်ပါ)
♦ နေ့စဉ် တစ်နေ့ တစ်ကြိမ် အနည်းဆုံး နှစ်ပတ်ခန့်ပြုလုပ်ရင် အရေးကြောင်းတွေ အဝေးကို ထွက်ပြေးသွားမှာအသေအချာပါပဲ။
#ဆူးမြာ (Beauty & Health DIY)
22/05/2023
နွေရာသီဟာ အရေပြားကျန်းမာရေးကို အထူးဂရုပြုသင့်တဲ့ရာသီပါ။ ဒီရာသီမှာ ၀က်ခြံတွေထွက်တာ၊ အပူဒဏ်ကြောင့် အသားအရေ နီရဲကျိန်းစပ်တာ၊ ဖုန်မှုန့်တွေကြောင့် မွေးညင်းပေါက်တွင်းဘက်တီးရီးယားပိုးဝင်ရောက်တာ၊ လက်သည်းခြေသည်း ပိုးဝင်နိုင်တာ၊ မျက်နှာအသားအရေတွေ နေလောင်လို့ ညိုမည်းတာ၊ အရေပြားယားယံတာနဲ့ နေရောင်ခြည်နဲ့ ဓာတ်မတည့်တာ(တချို့မှာ နေရောင်ခြည်နဲ့ ထိမိတာနဲ့ အရေပြားပေါ်မှာ နီရဲပြီး အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်လာတာ)မျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ၀က်ခြံဖြစ်စေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အစိုဓာတ်ထိန်းပေးနိုင်တဲ့ ဂရိတ်ဖရုပူရှိမ်းဆပ်ပြာပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
ဒီထဲမှာ ပါ၀င်တဲ့ ဘိန်းစေ့ဟာ အသားအရေကို ကြေးချွတ်ဖို့ အကောင်းဆုံးဖြစ်ပြီး ဆိတ်နို့ကတော့ အစိုဓာတ်ထိန်းပေးနိုင်ကာ ဂရိတ်ဖရုကတော့ အသားအရောင်မညီညာတာနဲ့ နေလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဂရိတ်ဖရုရနံ့နဲ့ ပူရှိမ်းရနံ့ကြောင့် ပင်ပန်းထိုင်းမှိုင်းနေတာတွေပျောက်ပြီး လန်းဆန်းသွားစေနိုင်ပါတယ်။
လိုအပ်တာတွေက
Goat’s milk melt-and-pour soap base -၂၈၃ ဂရမ် (City Mart တွေမှာ ရရှိနိုင်)
ဂရိတ်ဖရုသီးတစ်လုံး
ဘိန်းစေ့ စားပွဲဇွန်း တစ်ဇွန်း (ဘိန်းမုန့်ဖုတ်ရာမှာ သုံးတဲ့ ဘိန်းစေ့)
Grapefruit essential oil ၁၀ စက်
Peppermint essential oil ၁၀ စက်
ပြုလုပ်နည်း
Goat’s milk melt-and-pour soap base ကို အတုံးငယ်လေးတွေဖြစ်အောင် လှီးပါ။ ဆပ်ပြာ ငါးတုံးစာအတွက် ၂၈၃ ဂရမ် အသုံးပြုပါ။
ဂရိတ်ဖရုသီးကို အစိတ်ငယ်တွေလှီးကာ ဇလုံတစ်လုံးထဲမှာ ခြစ်နဲ့ ခြစ်ထားပါ။
ခုနက လှီးထားတဲ့ ဆပ်ပြာခဲတွေကို အရည်ပျော်စေဖို့ အပူခံပလတ်စတစ်ဇလုံထဲမှာ ထည့်ကာ မိုက်ခရိုဝေ့ဖ်နဲ့ စက္ကန့် ၃၀ ကျော် အပူပေးပါ။ ပြီးရင် သစ်သားတံနဲ့ မွှေပေးရပါမယ်။
ရလာတဲ့ ဆပ်ပြာရည်ကို measuring cup ထဲထည့်ပါ။ အဲဒီထဲကို ခြစ်ထားတဲ့ ဂရိတ်ဖရုတွေ၊ ဘိန်းစေ့၊ Grapefruit essential oil ၁၀ စက်နဲ့ Peppermint essential oil ၁၀ စက် ထည့်ကာ သမအောင် မွှေပေးပါ။
ပြီးရင် ဆီလီကွန် ဆပ်ပြာပုံစံခွက်ထဲကို လောင်းထည့်ပါ။ အအေးခံပြီးတဲ့နောက် ဆပ်ပြာတုံးတွေကို ပုံစံခွက်ထဲက ခွာယူလို့ရပါပြီ။
ဆူးမြာ
21/05/2023
Hello Lady တို့…
နှုတ်ခမ်းသားထောင့်တွေမည်းလို့၊ နှုတ်ခမ်းသားမည်းမည်းတွေဖြစ်လာလို့ စိတ်ညစ်မနေပါနဲ့နော်။ ပျိုမေတို့အတွက် ဒီတစ်ပတ်မှာ နှုတ်ခမ်းသားလေး နူးအိစိုလဲ့နေစေမယ့် Green Tea Sugar Scrub ပြုလုပ်နည်းဖော်ပြပေးလိုက်ပါတယ်။
လိုအပ်တာတွေက..
♦ Green Tea
♦ သကြား
♦ ပျားရည်
♦ ဗာဒံစေ့ဆီ
♦ ဂလစ်ဆရင်း
♦ Rosehip Essential Oil (iHerb.com တွင် ရရှိနိုင်)
Green tea မှာ အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့အတွက် သူက နှုတ်ခမ်းသားမည်းမည်းတွေကို အကောင်းဆုံး ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာနဲ့ အသက်အရွယ်ကြောင့် နှုတ်ခမ်းသားအရေတွန့်တာကိုလည်း ကာကွယ်ပေးသေးတယ်တဲ့။ ဒီနည်းထဲမှာ ပါ၀င်တဲ့ သကြားကလည်း ဆဲလ်သေတွေ၊ ကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး နှုတ်ခမ်းသားနူးညံ့စေပါတယ်။ ဗာဒံစေ့ဆီမှာ ဗီတာမင်အီးကြွယ်ဝတဲ့အတွက် နှုတ်ခမ်းသားအရောင်စွန်းထင်တာကို လျှော့ချပေးပြီး ဂလစ်ဆရင်းကတော့ နှုတ်ခမ်းသားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ပန်းကန်လုံးတစ်လုံးထဲမှာ သကြား ထမင်းစားဇွန်းတစ်ဇွန်းစာနဲ့ Green Tea Bag နှစ်ထုပ်ကို ဖောက်ထည့်ကာ သမအောင် မွှေပါ။
♦ သေချာသမသွားပြီဆိုရင် အဲဒီထဲကို ပျားရည်နဲ့ ဗာဒံစေ့ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာစီ ထည့်ပါ။
♦ ပြီးရင် ဂလစ်ဆရင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပါ။
♦ သူတို့ကိုမွှေနေရင်းနဲ့ Rosehip Essential Oil တစ်စက်၊ နှစ်စက်ခန့်ထည့်ကာ မွှေပါ။
♦ ပါ၀င်ပစ္စည်းအားလုံးကို သေချာ ပျစ်နှစ်နေအောင်၊ သမအောင် မွှေလိုက်ပြီးပြီဆိုရင်တော့ အဆင်သင့်ပြုလုပ်နိုင်တဲ့ Scrub ကို ရရှိပါပြီ။
♦ အဲဒီ Scrub ကို ဖန်ပုလင်းငယ်တစ်လုံးထဲမှာ ထည့်ကာ အလုံပိတ်ပြီး သိမ်းဆည်းပါ။
Tips!
♦ နှုတ်ခမ်းသားပေါ်မှာ Scrub အနှစ်တွေကို ထူထူပွတ်လိမ်းကာ ညင်သာစွာနှိပ်နယ်ပါ။
♦ ၁၀ မိနစ်ခန့်ထားပြီးနောက် သွားတိုက်သွားပွတ်တံအနုကို အသုံးပြုကာ ရေနဲ့ ပွတ်တိုက်သန့်စင်ပါ။
♦ အဲဒီနောက် နူးညံ့တဲ့ပဝါစနဲ့ ခြောက်သွေ့အောင် သုတ်ပြီးနောက် ဗာဒံစေ့ဆီကို ဆွတ်ရုံလိမ်းထားလိုက်ပါ။
#ဆူးမြာ (Beauty & Health DIY)
19/05/2023
၃၀ ကျော် ၄၀ ကျော်အရွယ် မမတို့အနေနဲ့ ဘယ်လို နေထိုင်တာက အရွယ်တင်နုပျိုစေမလဲဆိုတာလေးကိုလည်း ရှာဖွေ ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်နော်။
♦ အသက် ၃၀ ကျော်အရွယ်တွေအတွက်
-------------
အသက် ၃၀ ကျော်အရွယ်ရောက်လာပြီဆိုရင် ကျမတို့အနေနဲ့ မိသားစုပြဿနာ၊ အလုပ်ကနေရရှိတဲ့ tension တွေ၊ stress တွေကြောင့် အသက် ၂၀ မှာတုန်းကလိုမျိုး ရှိခဲ့တဲ့ လန်းဆန်းတက်ကြွမှုတွေ မကြာခဏ ပျောက်ဆုံးသွားတတ်ကြတယ်လို့ နာရီပေါင်းအတော်ကြာ လေ့လာမှုတစ်ခုမှာ ထုတ်ဖော်ထားပါတယ်။ ဒီလေ့လာမှုကနေပဲ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက ကောင်းမွန်တဲ့အသားအရေရရှိဖို့ အလွန်အရေးပါတယ်ဆိုတာကို ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ သူ့ကြောင့် လန်းဆန်းတက်ကြွလာမယ့်အပြင် အရေပြားဆွဲဆန့်နိုင်အားတိုးတက်ကောင်းမွန်လာပြီး အသားအရေလင်းလက်တောက်ပဖို့ ကူညီနိုင်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ချွေးထွက်လာပြီး ချွေးပေါက်အတွင်း ပိတ်ဆို့နေတဲ့ အဆီ၊ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေက ချွေးနဲ့အတူ ထွက်သွားတဲ့အတွက်
ချွေးပေါက်ကို သူ့အလိုလို သန့်စင် ရှင်းလင်းပေးလိုက်တာပါ။
ဒါ့ပြင် အသက် ၃၀ ကျော်အရွယ်တွေက ရေဓာတ်ပြည့်၀နေဖို့လည်း အရေးကြီးပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားက ရှိသင့်ရှိထိုက်တဲ့အဆီ ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေရှစ်ခွက် ပုံမှန်သောက်ဖို့ အလှအပ ပညာရှင်တွေက အကြံပေးထားပါတယ်။ ပြီးတော့ ညဘက်မှာ
အစိုဓာတ်ထိန်းခရင်မ်ကို ခပ်ထူထူလိမ်းအိပ်ပြီး နေ့ဘက်တွေမှာတော့ အစိုဓာတ်ထိန်းခရင်မ် ခပ်ပါးပါးလိမ်းအိပ်ဖို့ ဆိုထားပါတယ်။
နေပူထဲထွက်ရင် Sunscreen ကို မဖြစ်မနေလိမ်းဖို့လည်း မမေ့ပါနဲ့။ ဖြစ်နိုင်ရင် သကြားကို လျှော့စားသင့်ပါတယ်။ ကျမတို့လို 30 s တွေအနေနဲ့ Metabolism က နှေးကွေးလာကြောင့် ခန္ဓာကိုယ်အတွင်း စားလိုက်တဲ့အစာရဲ့ ချေဖျက်နိုင်စွမ်း၊ အစားအစာထဲကနေ စွမ်းအင်ထုတ်ယူနိုင်စွမ်းတွေ ကျဆင်းလာနိုင်တာကို သတိထားမိဖို့ အရေးကြီးတယ်နော်။
♦ အသက် ၄၀ နဲ့အထက်တွေအတွက်
---------
အသက် ၄၀ ကနေအထက် ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေ Skincare ဖို့က အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မိတ်ကပ်၊ ဖောင်ဒေးရှင်းလိုမျိုး
အလှကုန်ပစ္စည်းတွေကို အသုံးပြုနေကြဆဲမို့ ညမအိပ်ခင်မှာ သေချာသန့်စင်ဖို့လည်း လိုအပ်တယ်လေ။ ဒါမှသာ ကလေးငယ်တစ်ယောက်ရဲ့အသားအရေလို
နူးညံ့ ပျော့ပျောင်းစေနိုင်ပါလိမ့်မယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
ဒီအသက်အရွယ်တွေမှာတော့ ဆဲလ်သေတွေဖယ်ရှားဖို့၊ ဆဲလ်သစ်တွေ ပြန်လည်မွေးဖွားဖို့ လုပ်ငန်းဆောင်တာတွေ နှေးကွေးလာပြီမို့ အစားအသောက်နဲ့ပါ
ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။ အင်တီအောက်ဆီးဒင့်တွေ တိုးပွားဖို့၊ အသားအရေကျန်းမာရေးတိုးတက်ကောင်းမွန်ဖို့နဲ့ ကြေးချွတ်နိုင်စွမ်းကောင်းမွန်ဖို့အတွက် သင် စားတဲ့အစားအသောက်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တာတွေကို မဖြစ်မနေ ပါဝင်အောင် စားပေးရတော့မှာပါ။ အသုံးပြုတဲ့ဆီတွေကလည်း ထောပတ်ဆီ၊ သံလွင်ဆီ၊ ဗာဒံစေ့ဆီလိုမျိုး Plant-based Oil အမျိုးအစားတွေ ဖြစ်သင့်ပါတယ်။
Face Mask နဲ့ ပုံမှန်ပေါင်းတင်ပေးတာကြောင့် ဆဲလ်သစ်ပြန်လည်မွေးဖွားဖို့ ကူညီနိုင်ပါတယ်။ ပြီးတော့ သက်ကြီးအစက်အပြောက်တွေနဲ့
အရေပြားအရောင်မညီညာတာတွေကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။
ဘယ်အသက်အရွယ်မှာမဆို တစ်နေ့ ရေ ရှစ်ဖန်ခွက်သောက်ဖို့၊ နေပူထဲထွက်တိုင်း နေကာခရင်မ်လိမ်းဖို့(မိုးအုံ့နေတဲ့နေ့တွေမှာတောင်)၊
အစိုဓာတ်ထိန်းခရင်မ်မဖြစ်မနေအသုံးပြုဖို့ လိုအပ်ပါတယ်။
#ဆူးမြာ (Beauty & Health DIY)
Source : .co.nz
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Any Where
Yangon