Fungiderm Myanmar
ပွေး၊ သဲဝဲ၊ ညှင်း၊ ယားနာအတွက် ယားယံကင်းဝေး ချက်ချင်းလိမ်းရန် ဖန်ဂီဒန်(မ်)
မိုးအေးအေးလေးနဲ့ ရာသီဥတုက အေးချမ်းပေမယ့် မိုးရာသီမှာ သတိမထားမိရင် ကျန်းမာရေးပြဿနာလေးတွေ နီးစပ်လာတတ်ပါတယ်။ ဒါကြောင့် မိမိနဲ့ မိသားစုဝင်တွေ ကျန်းမာရေးအတွက် မိုးရာသီမှာ သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
-မိုးရာသီမှာ ရေဝပ်တဲ့နေရာတွေ များတာကြောင့် ခြင်ပေါက်ဖွားမှု အားကောင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။
ခြင်ဆေး၊ ခြင်ပြေးလိမ်းဆေးများ သုံးစွဲပါ။ခြင်ထောင်နဲ့ အိပ်စက်ပါ။အိမ်တွင်း/အိမ်ပြင် ရေဝပ်နိုင်တဲ့ ခွက်၊ တာယာ၊ ပန်းအိုးခွက်တွေကို ပုံမှန် ရှင်းလင်းပေးပါ။
-မိုးရေစိုထားတဲ့ အဝတ်အစားတွေကို မချွတ်ဘဲ ကြာရှည်ဝတ်ဆင်ထားရင် အရေပြား ယားယံတာမှိုစွဲတာနဲ့ ယားနာ/အဖုအပိန့်များ ပေါက်တာတွေ ဖြစ်တတ်ပါတယ်။
၃။ လမ်းပေါ်က ရွှံ့ဗွက်တွေ၊ မိုးရေညစ်တွေနင်းမိပြီး ခြေထောက်ကို သေချာမဆေးကြောဘဲ ဒီအတိုင်းထားမိရင် သဲဝဲစားတာအရေပြား မှိုရောဂါနဲ့ ဘက်တီးရီးယား ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
အကယ်၍ ယားနာ၊အဖုအပိန့်တွေနှင့် သဲဝဲတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ Fungiderm လေးကို မမေ့ဘဲ ၂ ပတ်ကနေ ၃ ပတ်အတွင်း သေချာလေးလိမ်းပေးဖို့ လိုအပ်ပါတယ်နော်...။
ဒါ့ကြောင့် ဒီအချက်လေးတွေကို မိမိချစ်ရတဲ့သူတွေပါ သိရှိရအောင် Share လုပ်ပြီး သတိပေးလိုက်ပါဦးနော်။ ❤️
#ပွေး #သဲဝဲ #ညှင်း
ခရီးပဲသွားသွား၊ အလုပ်ပဲသွားသွား...
ဘယ်နေရာရောက်ရောက် ဆောင်ထားဖို့ မမေ့နဲ့နော်
ရုတ်တရက် အရေပြားယားယံတာနဲ့ မှိုပိုးကြောင့်ဖြစ်တဲ့ ပြဿနာတွေဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ပေါ်လာမယ်မှန်း မသိနိုင်ပါဘူး။ ဒါကြောင့် ဘယ်နေရာပဲရောက်ရောက် စိတ်အေးချမ်းမှုရှိနေစေဖို့ Fungiderm လေးကို အနီးအနားမှာ အမြဲဆောင်ထားဖို့ လိုပါတယ်။
ယားလေ ကုတ်လေ … ကုတ်လေ… ယားလေ 😣ဒီလိုသံသရာကြီးကို ပွေး ပေါက်ဖူးသူတိုင်း ကြုံဖူးကြမယ်ထင်ပါတယ်။ အရေပြားယားယံတဲ့ ရောဂါတွေထဲမှာ ပွေးဟာ တော်တော်လေး စိတ်ညစ်ဖို့ကောင်းပြီး ကူးစက်လွယ်တဲ့ရောဂါတစ်မျိုးဆိုလည်းမမှားပါဘူး။
ပွေးလို့ပြောလိုက်ရင် အကောင်တစ်ကောင်ကောင် လူအများက အမြင်မှားတတ်ကြပါတယ်။ တကယ်တော့ပွေးဆိုတာ “မှိုပိုး” ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဝိုင်းလိုက် ကွင်းပုံစံရှိပြီး အနားသတ်လေးတွေမှာရဲနေတတ်ပါတယ်။
ဘာကြောင့်ကုတ်လေယားလေဖြစ်တာလဲ? 👇
ပွေးကွက်ကို လက်နဲ့ကုတ်လိုက်တဲ့အခါ လက်သည်းထဲမှာ မှိုပိုး တွေကပ်ပါသွားတတ်ပါတယ်။ အဲဒီလက်နဲ့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်မိ၊ ကုတ်မိတဲ့အခါ ပွေးဟာ ကူးစက်သွားပြီး ယားယံမှုကိုပိုဖြစ်စေပါတယ်။
ဒါကြောင့် ပွေးရောဂါမဖြစ်အောင် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုအထူးဂရုစိုက်ပြီး ယားယံလာတဲ့အခါမျိုးမှာတော့ စတီးရွိုက်လုံးဝမပါဝင်တဲ့ Fungiderm ကိုသတိရလိုက်ပါ။
📍- Fungiderm ကို အမြို့မြို့အနယ်အနယ်မှာရှိတဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ။
#ပွေး
02/09/2026
ပေါက်ကရနာမည်ဆို ပေးတာကျွမ်းတဲ့ ဆရာကြီးတွေရှိကြလား?
ကိုယ့်သူငယ်ချင်း ရေမချိုး၊အဝတ်အစားမလဲလို့ ဝဲပေါက်ပြီဆို ထိပ်ဆုံးကနေ နာမည်ပြောင် ပေးကြတာလေ😁
ကဲ… ကိုယ့်ရဲ့ ဝဲထူ သူငယ်ချင်းအတွက် ပေးခဲ့ဖူးတဲ့ နာမည်လေးတွေ ကောမန့်မှာပြောခဲ့ပေးပါဦး👇
#ပွေး #သဲဝဲ #ညှင်း
01/09/2026
ပွေး၊ ညှင်း နဲ့ မှိုရောဂါကြောင့်ဖြစ်တဲ့ ယားနာတွေဟာ နေရထိုင်ရ ခက်ခဲစေရုံတင်မကဘဲ လူတန်းလယ်မှာ မိမိကိုယ်ကို ယုံကြည်မှုပါ လျော့နည်းစေပါတယ်။ ခဏခဏ ပြန်ဖြစ်နေတဲ့ ယားနာတွေအတွက် အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေမယ့် အဖြေကတော့ Fungiderm ပါပဲ။
31/08/2026
Fungiderm နဲ့အတူ ဈေးထဲက ပျော်စရာအမှတ်တရလေးတွေ! 🎮🎁
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေရဲ့ ဈေးတွေမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း Fungiderm Wet Market Activation Campaign လေးနဲ့ အားလုံးဆီ အရောက်လာနေပါတယ်နော် 🥰
ဈေးထဲမှာ Fungiderm Booth လေးတွေ့တဲ့အခါ
🎮 ဂိမ်းလေးတွေ အတူတူဆော့ကြမယ်
💡 Fungiderm နဲ့ပတ်သက်တဲ့ အသိပညာလေးတွေ ရယူကြမယ်
🎁 ဂိမ်းနိုင်ရင် Fungiderm Premium POSM လေးတွေလည်း ရရှိမယ်ဆိုတော့ ပျော်စရာလေးပေါ့နော်!
ဒီလိုနဲ့ Fungiderm မိသားစုကြီးနဲ့အတူ ပျော်ပျော်ပါးပါး ပါဝင်ဆော့ကစားပေးကြတဲ့ အကို၊ အမ၊ ဦးဦး၊ ဒေါ်ဒေါ် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်နော် 🥰🧡
📸 ဒီတစ်ပတ် Campaign မှာ အတူတူဆော့ကစားခဲ့ကြတဲ့ ပျော်စရာအမှတ်တရပုံလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
လက်ဆောင်လေးတွေ ရရှိသွားတဲ့သူတွေကလည်း ကိုယ်ရရှိထားတဲ့ Fungiderm Premium လက်ဆောင်လေးတွေနဲ့ အမှတ်တရပုံတွေကို Comment မှာ ပြန်လည်မျှဝေပေးကြပါဦးနော် 😍🎁
✨ နောက်အပတ် စနေ၊ တနင်္ဂနွေတွေမှာလည်း လူကြီးမင်းတို့အိမ်အနီးနားက ဈေးတွေကို Fungiderm Booth လေးနဲ့ အရောက်လာဦးမှာပါ။
Fungiderm Booth လေးတွေ့ပြီဆိုရင်တော့…
မဖြတ်သွားနဲ့နော်! 😆 ဝင်လာပြီး ဂိမ်းလေးတွေ ပျော်ပျော်ပါးပါး ဆော့ကြရအောင်! 🎮🧡
Fungiderm နဲ့အတူ ပျော်စရာအမှတ်တရလေးတွေ ဖန်တီးကြမယ်! 🥰
#ယားယံကင်းဝေးချက်ချင်းလိမ်းရန်ဖန်ဂီဒန်(မ်)
29/08/2026
ဘယ်လိုအကြောင်းကြောင့်ပဲ ယားနာတွေဖြစ်ပါစေ... 🦠🦠
ပွေး၊ သဲဝဲ၊ ညှင်းနဲ့ ယားနာတွေကို ထိရောက်စွာ နှိမ်နင်းပေးနိုင်တဲ့ Fungiderm ရှိပါတယ်။
Steroid လုံးဝမပါဝင်တဲ့အပြင် အဝတ်အစားမှာစွန်းထင်းခြင်း၊ ဆေးနံ့နံခြင်းလည်းမရှိလို့ စိတ်ချလက်ချသုံးနိုင်ပါတယ်။
ကလေးလူကြီးစိတ်ချသုံး Fungiderm သာအကောင်းဆုံး … 😉
#ပွေး #သဲဝဲ #ညှင်း
26/08/2026
မိုးရာသီမှာ အားကစားလုပ်ရင်း ခြေဖဝါးယား လာပြီဆိုရင် မပေါ့ပါနဲ့ ☔🏃♂️
မိုးရာသီမှာ ပြေးတာပဲဖြစ်ဖြစ်၊ Gym သွားတာပဲဖြစ်ဖြစ်၊ ဘောလုံးကန်တာပဲဖြစ်ဖြစ် မိုးရေထိတာ၊ ခြေထောက်ချွေးထွက်ပြီး ဖိနပ်ထဲ စိုစွတ်နေတာမျိုး ပုံမှန်ကြုံရတတ်ပါတယ်။
ဒီလိုနဲ့ ခြေချောင်းကြားတွေ ယားတာ၊ အဖတ်တွေ ကွာကျလာတာ ဆိုရင်တော့ သတိထားရမယ့်အချိန်ရောက်ပါပြီ။ ဒါဟာ မှိုရောဂါတစ်မျိုးဖြစ်တဲ့ “ခြေသဲဝဲစား” ဖြစ်တော့မယ့် ရှေ့ပြေးလက္ခာပါ။
မှိုတွေက ပိုနွေးစိုစွတ်တဲ့ပတ်ဝန်ကျင်မှာ ပေါက်ဖွားလွယ်လို့ ရေစိုနေတဲ့ဖိနပ်၊ခြေအိတ်တွေကြာကြာဝတ်တာကနေရှောင်ပေးရပါမယ်။
အားလုံးပဲ မိုးရာသီမှာ အားကစားလုပ်ရင်း မှိုရောဂါကိုသတိပြုဖို့မမေ့ပါနဲ့
📍- Fungiderm ကို အမြို့မြို့အနယ်အနယ်မှာရှိတဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါပြီ။
’sFoot
ယားနာတွေ အမြန်ပျောက်ပြီး ပြန်မဖြစ်အောင် ဒါတွေ သေချာလုပ်နော်!
သူငယ်ချင်းတို့ရေ... ကိုယ့်မှာဖြစ်နေတဲ့ ယားနာကြီးက ပျောက်သွားပြီဆိုပြီး ပျော်နေကာမှ မထင်မှတ်ထားတဲ့အချိန်မှာ "ကွင်းကွင်းကွက်ကွက်" ကြီး ပြန်ပေါ်လာလို့ "ဟာ... သွားပြီ" ဆိုပြီး စိတ်ညစ်နေရပြီလား? 😫
ဒါဆိုရင်တော့ အမြစ်ပြတ်ပျောက်ကင်းဖို့အတွက် ဒီအချက်လေးတွေကို သေချာလိုက်နာဖို့ လိုအပ်ပါတယ် -
၁။ သန့်ရှင်းခြောက်သွေ့အောင် ထားပါ 🧼
မှိုပိုးတွေက စိုစွတ်တဲ့နေရာနဲ့ အဝတ်အစားတွေပေါ်မှာ ပွားများတတ်လို့ စိုထိုင်းတာမျိုးကို ရှောင်ပါ။ ဖြစ်နိုင်ရင် အဝတ်အစားတွေကို ပိုးသတ် (သို့) နေပူပူမှာ လှန်းပေးပါ။
၂။ လက်နဲ့ လုံးဝ (လုံးဝ) မကုတ်ပါနဲ့ 🚫
ဒါက အရေးကြီးဆုံးပါပဲ! လက်မှာရှိတဲ့ မမြင်ရတဲ့ ပိုးမွှားတွေကြောင့် အနာရင်းတာ၊ တခြားနေရာ ပြန့်တာမျိုး ဖြစ်နိုင်လို့ သတိထားပေးပါ။
၃။ အသုံးအဆောင်များကို သီးသန့်ထားပါ
အဝတ်အစား၊ တဘက်နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူနဲ့ ရောမသုံးပါနဲ့။ တူတူလျှော်တာမျိုးကလည်း ပြန်ကူးစက်စေနိုင်လို့ သတိထားရပါမယ်။
၄။ ဆေးကို စနစ်တကျ လိမ်းပါ။
Steroid ပါတဲ့ လိမ်းဆေးတွေက ခဏပဲ သက်သာစေနိုင်ပေမဲ့... Steroid လုံးဝမပါဘဲ ပွေး၊ သဲဝဲ၊ ညှင်းနဲ့ ယားနာတွေကို အရှင်းပျောက်ကင်းစေတဲ့ Fungiderm ကိုသာ အသုံးပြုဖို့ မမေ့နဲ့နော်။
ယားနာကင်းဝေးပြီး ယုံကြည်မှုအပြည့်နဲ့ ဖြတ်ကျော်နိုင်ဖို့ Fungiderm ကို အမြဲဆောင်ထားလိုက်တော့နော် 💛
ကဲ... ယားနာကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေရှိရင်လည်း ဒီ Post လေးမှာ လက်တို့သွားကြဦး 👇
02/08/2026
Steroid က ယားနာတွေကို ဘယ်လိုလှည့်စားလဲ
ယားနာတွေပေါက်တဲ့အခါ Steroids ပါတဲ့ လိမ်းဆေးတွေလိမ်းပြီး ခဏလေးနဲ့ ပျောက်ကင်းသွားပြီလို့ ထင်ရပေမဲ့၊ ခဏအတွင်းမှာပဲ ပြန်ပြန်ယားလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဆေးကို ပုံမှန် မလိမ်းတာကြောင့်ရယ် Steroid ကယားနာပိုးလေးတွေနဲ့ ကိုယ့်ရဲ့စိတ်ကို လှည့်စားလိုက်တာရယ်ကြောင့်ပါပဲ။
Steroid က အရေပြား နီရဲ၊ ဖောရောင်ပြီး ယားယံစေတဲ့ ဓာတုပစ္စည်းတွေကို ခေတ္တပိတ်ဆို့ပေးလိုက်တာကြောင့် ယားယံတာ ပျောက်ကင်းသွားသယောင် ထင်မှတ်မှားစေတာပါ။ ဒါပေမဲ့ အမြစ်မပြတ်တဲ့အတွက် ခဏနေရင် ပြန်ယားလာတတ်ပါတယ်။
ဒါကြောင့် Steroid ပါတဲ့ ယားနာပျောက်ဆေးတွေ သုံးမယ့်အစား Steroid ၁၀၀% လုံးဝမပါဝင်ဘဲ ပွေး၊ သဲဝဲ၊ ညှင်းနဲ့ ယားနာတွေကို အမြစ်ပြတ် ပျောက်ကင်းစေတဲ့ Fungiderm ကို စနစ်တကျ ၃ပတ် ကနေ ၆ပတ်အထိသေချာလိမ်းပေးမယ်ဆိုရင် ယားနာတွေပျောက်ကင်းနိုင်ပါတယ်ခင်ဗျာ။
Fungiderm ကို မြို့နယ်တိုင်းမှာရှိတဲ့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။
Category
Telephone
Website
Address
Mega Lifesciences Ltd. No. 458, B2/A, Dhammazedi Road, West Shwe Gone Dine Ward, Bahan Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |