Ei Htwe

Ei Htwe

Share

We specialized in hair cutting ,styling and extra spa treatment.We are 10 years experience in Korea

Photos from EiPhyu's post 29/07/2023
10/11/2017
22/05/2017
Photos 08/03/2017

International Women's day

Photos 07/11/2016

အရွယ်မတိုင်ခင် ဘာကြောင့်ဆံပင်ဖြူ
သက်တူရွယ်တူအချင်းချင်း တခြားသူတွေက ဆံပင်နက်မှောင်နေပေမယ့် ကိုယ့်မှာဆံပင်ဖြူရှိနေလို့ စိတ်ညစ်နေသူတွေအတွက် ဘာကြောင့်ဆံပင်ဖြူရတယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။

လူမျိုးစုပေါ်မူတည်ပြီးတော့ ဆံပင်စောစောဖြူနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ အနောက်နိုင်ငံသားတွေဟာ အသက်(၃၀) ခန့်၊ အာရှတိုက်သားတွေဆိုရင် (၃၀) နောက်ပိုင်း၊ အာဖရိက- အမေရိကန်တွေဆိုရင် အသက် (၄၀)ခန့်မှာ ဆံပင်ဖြူတတ်ကြပြီး တိကျတဲ့သုတေသနရလဒ်တော့ မရှိသေးဘူးလို့ဆိုပါတယ်။
သိုင်းရွိုက်အကျိတ် (သို့မဟုတ်) ဟော်မုန်းထုတ်ပေးတဲ့ ပစ်ကျူထရီဂလင်းမှာ ပြဿနာတစ်ခုခုရှိရင်ပဲဖြစ်ဖြစ်၊ ဗီတာမင်ဘီ ၁၂ ချို့တဲ့တာမျိုးကြောင့်ဖြစ်ဖြစ် ဆံပင်ဖြူနိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပြီဆိုရင် စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်လို့ လူတိုင်းယုံကြည်ကြပါတယ်။ ဒါပေမဲ့လည်း သုတေသနပြုချက်တွေကတော့ စိတ်ဖိစီးမှုကြောင့် ဆံပင်ဖြူတယ် လို့ ကျိန်းသေမဆိုနိုင်ဘဲ မျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

အသက်အရွယ်အပိုင်း အခြားတစ်ခုမှာ ဆံပင်အရောင်ခြယ်ပစ္စည်းထုတ်ဆဲလ်တွေကုန်ခန်းတာကြောင့် မီးခိုးရောင် (ဒါမှ မဟုတ်) အဖြူရောင်ဆံပင်ထွက်လာတာဖြစ်ပါတယ်။ ဗီတာမင်ဘီ ၁၂ ချို့တဲ့လို့သာမက ဆေးလိပ်သောက်တာကြောင့်လည်း ဆံပင်နဲ့ အရေပြားကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ မုန်လာဥနီ၊ အသည်း၊ အာဟာရဓာတ်၊ ဗီတာမင်နဲ့ ဓာတိုးဆန့်ကျင်ဂုဏ်သတ္တိကြွယ်ဝတဲ့ အစားအစာတွေစားပေးဖို့လိုအပ်ပါတယ်။ ဆံပင် အဖြူနှေးအောင် ကာကွယ်ကုသနိုင်တဲ့နည်းလမ်းကိုတော့ ခုအချိန်ထိ မထွင်နိုင်သေးပါဘူး။
နောက်ပြီး အရိုးသိပ်သည်းဆနည်းရင်လည်း အရွယ်မတိုင်မီ ဆံပင်ဖြူတယ်ဆိုကြသော်ငြားခိုင်လုံတဲ့သက်သေမရှိသေးဘဲ အရိုးသိပ်သည်းဆနဲ့ ကိုယ်အလေးချိန်၊ အရပ်အမြင့်တို့ကိုတော့ ခန့်မှန်းတွက်ချက်နိုင်တယ်လို့ဆိုပါတယ်။

—Ref: wellnessbin

Photos from Ei Htwe's post 20/10/2016

#ဒီတခါတော့ ဆံပင်ဖြူရခြင်းနဲ့ ဆံပင်ဖြူတွေပျောက်ကင်းပြုလုပ်နည်းနဲ့ ဆံပင်တွေနက်မှောင်ဖို့ရာအကောင်းဆုံးနည်းလမ်းများထဲမှ
လေ့လာဖတ်ရှုမိသလောက်ပြောပြပါရစေနော်…..

#ဆံပင်ဘာလို့ ဖြူတာလဲဆိုတော့ အဓိကက အနက်ရောင်ဖြစ်စေတဲ့ ဆဲလ်တွေ သေကုန်လို့ဖြစ်ရတာပါ၊

#အသက် ၄၀ကျော်ရင်လဲ သဘာဝအရဖြူတယ်.။ မျိုးရိုးရှိရင်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ဖြူတယ်အဓိကကတော့ protein

#ဓာတ်ချို့တဲ့ရင်လဲဆံပင် ဖြူ စေပါတယ်၊ဆံပင်မွေးအိတ်တွေရဲ့ အောက်ခြေမှာရှိတဲ့ မယ်လနင်(Melanin)လို့ခေါ်တဲ့ အမည်းရောင်ခြယ် ထုတ်ပေးနေတဲ့

#ဆဲလ်တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းပြီး မယ်လနင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားရင်၊ လျော့နည်းသွားရင် ဆံပင်ဖြူလာပါတယ်။ဒါဟာ

#အသက်ကြီးရင်တော့ သဘာဝအလျောက်ဖြစ်လာပါတယ်။ဒါပေမယ့် လူငယ်တွေမှာ ဆံပင်ဖြူစေရတဲ့အကြောင်းရင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့

#စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတို့က အများဆုံးဖြစ်စေတဲ့အကြောင်းလို့ သိရပါတယ်။ပညာရှင်များ ပြုစုထားတဲ့ အကြောင်းရင်းများကတော့.

#စိတ်ဖိစီးမှု၊ အလုပ်များ၍ ပင်ပန်းလွန်းခြင်း၊ နာမကျန်းဖြစ်ခြင်း(အချို့ရောဂါများသည် ဆံပင်ဖြူစေတတ်၏)၊

#အာဟာရချို့တဲ့ခြင်း၊နေရောင်နှင့်ထိတွေ့မှုများခြင်း၊ အပျော်တမ်းခဏခဏပေါင်းတင်ခြင်း၊ ဆံပင်အပေါ်ဆေးတစ်ခုခုသုံးရာတွင်

ကြိမ်ဖန်များလွန်းခြင်း၊ ကျွမ်းကျင်မှု မရှိသူနှင့်
လုပ်ခြင်း၊ဆေးကြောရာတွင်မစင်ခြင်း စတာတွေကြောင့်လူငယ်တွေမှာ
ဆံပင်ဖြူရတယ်လို့ ဆိုပါတယ်။

#ကာကွယ်ကုသရမယ့် နည်းလမ်းများ
ဆေးလိပ်စွဲနေရင်ဖြတ်ပါ။စိတ်လျှော့အနားယူပါ။အာဟာရပြည့်အောင်စားပါ။

#သံလွင်ဆီနဲ့ ကုသပါ။ပရိုတင်းဓာတ်များများပါတဲ့ အစားအသောက်
ဥပမာ ကြက်ဥအကာလိုမျိုးအသားအမျိုးမျိုးဟာမျိုးတွေစားရမယ်။

#တရက်တစ်လုံးပြီးရင် vitamin E များများပါတဲ့ လဖက်လိုမျိုး ထောလပတ်သီးလိုမျိုး များများ

#စားပေးရမယ်ငါးကြီးဆီ သောက်ပေးရမယ်တစ်ရက်တစ်လုံးအသီးအနှံများများစားပေးရမယ်ထောလပတ်ရွက်တို့လဖက်တို့ကို ထောင်းပြီးလိမ်းပေးလဲရတယ်၊

#ဂျုံ၊ အခွံမာအသီးအဆံများ၊ အ၀ါရောင် အနီရောင် အစိမ်းရင့်ရောင်ရှိသော
အသီးအရွက်များ၊ ဥအမျိုးမျိုး၊ မြေပဲ၊ ပဲကြီး၊ ရွှေဖရုံသီးစေ့နဲ့ အစေ့အမျိုးမျိုး၊

#နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥ၊ နာနတ်သီး စတာတွေဖြစ်ပါတယ်။ ပုံမှန်စားပေးရင် ဖြူပြီးသားတွေ ပြန်မနက်ပေမယ့် နောက်ထွက်မယ့်ဆံပင်တွေ

#မဖြူနိုင်တော့ပါဘူး။အုန်းဆီက ဆံပင်နက်မှောင် ပြောင်လက်၊ ဆံသားချော၊ ဆံပင် သန်စေပါတယ်၊

Photos from Ei Htwe's post 19/10/2016

ဆံပင် ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစား နေရပါသလား?

ဆံပင်ကျွတ်ခြင်းဆိုတာ ယောက်ျား-မိန်မ၊ လူကြီး-လူငယ်၊ အရွယ်မရွေး၊ လူမျိုးမရွေး ဖြစ်တယ်။

ဆံပင်ပြောင်နေတာဟာ Social stigma လူမှုရေးရာ နှိမ်စရာလို ဖြစ်သေးတယ်။

လူတယောက်မှာ ပျမ်းမျှ ဆံပင် တသိန်းရှိတယ်။ တလမှာ ၁ စင်တီမီတာ ရှည်တယ်။

၂-၃ နှစ်တခါ အသစ် ပေါက်တယ်။

၉ဝ% က တပြိုင်ထဲ ပေါက်လာတာ။

ဆံပင်အဟောင်းတွေအစား အသစ်တွေ ထပ်ထပ် ပေါက်နေတယ်။

ထပ်မပေါက်ရင် ထိပ်ပြောင်၊ ထိပ်ကွက်၊ ကတုံးဖြစ်လာမယ်။

ဆံပင် ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစားရတတ်သည်။

ဆံပင်ကျွတ်တာကို ဆေးစာနဲ့ Alopecia လို့ခေါ်တယ်။

အချိန်တွေ အကြာကြီး ဆံပင်ကျွတ်နေ တာမျိုးက မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။

ရက်တိုတိုနဲ့ ဖြစ်တာဟာ ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်တယ်။

သွေးအားနည်းတာ၊ လည်ပင်းကြီးဟော်မုန်း နည်းတာ-များတာ၊ ဆေးတချို့သောက်တာ၊ Eczema, Seborrhea and Psoriasis နှင်းကုလိုဦးရေခွံရောဂါတွေ၊ မှို-ဗက်တီးရီးယားေ ရာဂါ၊ ဆံပင်သုံးပစ္စည်းတွေကနေထိခိုက်မိတာ၊ စိတ်ဖိစီးမှုများတာ၊ ဆေးလိပ်ေ သာက်တာ၊ မကျန်းမမာဖြစ်တာ၊ ကလေးမွေးပြီးနောက် ၃ လမှာ ဆံပင် ကျွတ် တတ်တယ်။ အာဟာရ မမျှတတာတွေကနေ ဖြစ်စေနိုင်တယ်။

ဆံပင်ကို တင်းနေအောင်လုပ်လို့ ဆံပင်ကျွတ်ရတယ်။

သွေးကျဲဆေး၊ ဂေါက်ရောဂါဆေး၊ သွေးတိုးကျဆေး၊ နှလုံးရောဂါဆေး၊ ဗီတာမင် အေ များတာ၊ ကိုယ်ဝန်တားတေးတွေနဲ့ စိတ်မကျဆေးတွေကြောင့် လဲ ဆံပင်ကျွတ်တတ်တယ်။

scalp ဦးရေခွံကို မှိုပိုးကူးရင်လဲ ဖြစ်တယ်။ (လူးပတ်စ်) ရောဂါ နဲ့ ဆီးချိုရှိနေသူတွေမှာလဲ ဆံပင်ကျွတ်တတ်တယ်။

အာဟာရ မျှတအောင်စားရတယ်ဆိုတာ
• (ဗီတာမင်) တွေအတွက် အသီး၊ အသီးအနှံ များများ၊
• (ပရိုတင်း) အတွက် အဆီလွတ်အသား၊ ဥ၊ တိုဖူး၊
• သိပ်ပြောင်နေအောင် ချွတ်မထားတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်ဖူး၊
• ပြုပြင်စီမံထားတဲ့ အစားတွေဗရှာင်ပါ။
• ဗီတာမင် ဘီ၊ စီ၊ ဖေါလစ်အက်စ်၊ သွပ်ဓါတ် နဲ့ ဘိုင်အိုတင် သောက်ပါ။
• L-cysteine and L-methionine (အမိုင်နိုအက်စစ်) သောက်ပါ။

အကြံပြုချက်များ

• ခေါင်းလျှော်ရည် ပြင်းတာ မသုံးပါနဲ့၊ Baby shampoo သုံးနိုင်တယ်။ တနေ့တခါထက် မပိုစေနဲ့။

Moisturizing conditioner သုံးနိုင်တယ်။

ပြီးရင် ခြည်ထည် ပုဝါနဲ့ ပတ်ထားပါ။ ဆံပင်ခြောက်အောက် ပွတ်ချေတာ မလုပ်ပါနဲ့။

• Blow-dryer, Flatiron and Hairstyling tools တွေကို ဖြစ်နိုင်သလောက် မသုံးပါနဲ့။ အပူနည်းနည်း၊ အချိန်နည်းနည်းသာ သုံးပါ။

စိုနေတဲ့ဆံပင်ကို လိမ်မထားပါနဲ့။

တင်းနေအောင် စီးနှောင်မထားပါနဲ့။

ဆံပင်ပြင်ဘို့ ဓါတုဆေးပါတာတွေ အတတ်နိုင်ဆုံး ရှောင်ပါ။ သဘာဝ အလှအပသုံးတွေသာသုံးပါ။

• Essential oil massage အဆီနဲ့နှိပ်နယ်ခြင်း၊ ဆံပင်အခြေနေရာတွေကို ဆီလိမ်းပြီး ပလပ်စတစ်နဲ့ ဖုံးအုပ်ပါ။ အပေါ်က ရေနွေးတဘက်နဲ့ ပတ်ထားပါ။

တညအိပ်ပြီး နောက်မနက်မှာ ပြောင်စင်အောင် ခေါင်းလျှော်ပါ။

တပါတ်တခါ အဲလိုလုပ်ပါ။

• ကြက်ဥ နဲ့ ပျားရည်နည်း၊ ကြက်ဥ ၂ လုံးက အဝါနှစ်နဲ့ ပျားရည် ဇွန်းသေး ၃ ဇွန်း ရောမွှေပါ။

ဆံပင်ကို သုတ်လိမ်းပါ။

မိနစ် ၃ဝ ထားပါ။

ပြောင်စင်အောင် ခေါင်းလျှော်ပါ။

• ရှားစောင်းလက်ပတ် နည်း၊ အပူလောင်နာတွေလဲ သုံးကြတဲ့ ရှားစောင်း လက်ပတ်ကို (ကွန်ဒီရှင်နာ) အစားသုံးပါ။

၁၅ မိနစ် နေရင် ဆေးကြောပါ။

ရေခပ်နွေးနွေးက ပိုကောင်းမယ်။

Photos from Ei Htwe's post 12/10/2016

#ဗောက်ထခြင်း

#ဗောက်ဆိုသည်မှာအရေပြားပေါ်မှာ စွဲကပ် နိုင်တဲ့

မှိုကြောင့် ဖြစ်သလိုဗောက်ဆိုတာ သင့်ဦးရေ ပြားပေါ်က

အရေ ပြားဆဲလ်တွေ သေဆုံးပြီး ကွာကျ လာတာပါ။

#ဆံပင်ထွက်လာတဲ့ မွေးညင်းပေါက်တွေနဲ့ ဦးရေပြားက အဆီအိတ်တွေက sebum လို့ခေါ်တဲ့ “လူ”ဆီကို ထုတ်ပေးပါတယ်။

#အဲဒီ“လူ”ဆီကမှိုတွေ နှစ်ခြိုက်စွာပေါက်ပွားနိုင်တဲ့ နေရာကောင်းဖြစ်လာပါတယ်။

#ပေါက်ပွားလာတဲ့မှိုပမာဏများပြားလွန်းလာတဲ့အခါ ဗောက်တွေ ဖြစ်ပေါ်လာစေပါတယ်။

#အဆီထွက်တာများလွန်းတာကလည်း ဗောက်ဖြစ်စေသလို့ ခြောက်သွေ့တဲ့ ဦးရေပြားကလဲ ဗောက်ကိုဖြစ်ပေါ်စေပါတယ်။

#သွေ့ခြောက်တဲ့ရာသီဥတုမျိုးမှာ ဗောက်ထတာ ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် အေးမြပြီးခြောက်သွေ့တဲ့ ဆောင်း ဥတုမှာ ဗောက်တွေပိုများနေတာပါ။

#စိတ်ဖိစီးနေခြင်းနဲ့ မောပန်းနွမ်းလျနေတဲ့ အခါမျိုးမှာလည်း ဗောက်ပိုဖြစ်ပါတယ်။

#ဗောက်ဆိုတာက ဆံပင်မှာဘဲရှိတာတော့မဟုတ်ပါဘူး နဖူး၊ မျက်ခုံး၊

မျက်တောင်မွေးနဲ့နားရွက်ခန္ဓာကိုယ်ပေါ်ကအမွေးအမျှင်ရှိတဲ့ နေရာမှန်သမျှမှာ

အရေပြားကွာသလိုဖြစ်နေတဲ့အဖြူဖတ်လေးတွေဟာ ဗောက်ဖြစ်နေနိုင်ပါတယ်။

Want your business to be the top-listed Hair Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11111