Beauty Blogger May

Beauty Blogger May

Share

Personal blog

17/07/2025

မြေဝယ်မကျ ဆိုတာဒါမျိုး….

မြေဆိုရင် စလစ်၊ပါမစ်၊ဂရန်၊ဘိုးဘွားမြေ၊လယ်မြေ၊ရွာမြေ၊ဥယျာဉ်ခြံမြေ ဆိုပြီး မြေအမျိုးအစားများစွာရှိပါတယ်….

အဓိက အချက်က စာရွက်စာတမ်းခိုင်မာတဲ့မြေအမျိုးအစားကိုဝယ်ပါ…

နောင်တချိန် စျေးတက်လာတဲ့အခါ ကိုယ်ကိုင်ထားတဲ့မြေက အရှုပ်အရှင်းကင်း စျေးကောင်းရတဲ့အခါ ကိုယ့်အတွက်
အရင်းအနှီးတခုကို အားစိုက်စရာမလိုဘဲ အမြတ်တခုရလိုက်သလိုပါပဲ….

အိမ်ခြံမြေဈေးတက်စေတဲ့ အကြောင်းရင်း
(၂) ချက် အဓိကတွေ့ရတယ်။
နံပါတ် (၁)ငလျင်
နံပါတ် (၂)ရွှေဈေး

မန္တလေးငလျင်ရဲ့အကျိုးဆက်က လူတွေ မြေဝယ်ထားမှဆိုတဲ့အသိဝင်စေတယ်။ ရွှေဈေးတက်တဲ့အခါ ရွှေရောင်းပြီး မြေပြန်ပြောင်းထားကြပြန်တယ်။ ဒီ(၂)ချက်ကြောင့် မြေဝယ်လိုအားပြန်ကောင်းလာတယ်လို့ မြင်တယ်။

မြေမှာ ဝယ်လိုအား ၂ မျိုးတွေ့ရတယ်။

-နေမယ့်သူတွေရဲ့ ဝယ်လိုအားနဲ့
-ရင်းနှီးမြုပ်နှံသမားတွေရဲ့ ဝယ်လိုအား

သင်္ကြန်ပြီးကတည်းက ဒီဝယ်လိုအားနှစ်ခုစလုံးတက်လာတာတွေ့ရတယ်။

မြေဈေးနူန်းက ဖြည်းဖြည်းမှန်မှန် တောက်လျှောက်တက်နေတာဖြစ်တဲ့အတွက် မြေရောင်းပြီးသားလူက အဲဒီရောင်းခဲ့တဲ့နေရာကို ကိုယ်ရောင်းခဲ့တဲ့ဈေးနဲ့ ပြန်ဝယ်လို့ မရနိုင်တော့ဘူး။ အဲဒီအတွက် မြေတကွက်ရောင်းပြီးပြီဆိုတာနဲ့ ကိုယ်ရောင်းထားတဲ့ငွေရဲ့ အနည်းဆုံး သုံးပုံတပုံလောက်ကို တခြားနေရာမှာ ပြန်ပြီးရင်းနှီးမြုပ်နှံမှ ကိုယ်ရောင်းခဲ့တဲ့မြေနေရာရဲ့ ဈေးတက်သွားမှုကို Cover ဖြစ်မယ်။ မြေပြန်မဝယ်ဖြစ်ရင် မြေရောင်းတဲ့သူက အရှုံးပဲလို့ စီးပွားရေးသမားတွေက တွက်တယ်။

မြေမှာက အဝယ်မရှိလည်း ဈေးဆင်းရောင်းတဲ့သူ၊ဈေးလျော့ရောင်းတဲ့သူ နည်းတယ်။ ဒါကြောင့်မို့ မြေဈေးကျဖို့က ဝယ်လိုအား နှစ်နဲ့ချီပြီးလျော့ကျမှ မြေဈေးကျနိုင်တယ်။ ၂၀၂၄ မှာ မြေဈေးကွက်မှာ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့သူတွေနည်းပြီး နေမယ့်သူတွေပဲ ဝယ်ကြတဲ့နှစ်ဖြစ်လို့ မြေဈေး သိပ်မတက်ခဲ့ဘူး။ ရွှေဈေးတောက်လျှောက်တက်ခဲ့လို့ မြေကို လာကြည့်ရုံကြည့်ပြီး ပြန်သွားကြတဲ့သူတွေ များတယ်။ ရင်းနှီးမြုပ်နှံသမားနည်းသွားတဲ့အတွက် မြေဈေးဆက်မတက်နိုင်ပဲ တန့်နေခဲ့တယ်။ အဲဒီအချိန်တုံးက လာဝယ်ကြပါပြောခဲ့ပေမယ့် ဝယ်တဲ့သူ အင်မတန်မှနည်းတယ်။

အခု ၂၀၂၅ သင်္ကြန်အပြီးမှာ နေမယ့်သူရော၊ ရင်းနှီးမြုပ်နှံသူရော Sector နှစ်ခုလုံး အဝယ်သွက်တဲ့အတွက် မြေဈေးက ၃၀% ကနေ ၅၀% ထိ တကျော့ထိုးတက်သွားခဲ့ပြီ။

ရင်းနှီးမြုပ်နှံမှုသဘောက အဝယ်များချိန်မှာ ရောင်းရမယ်။ အရောင်းများချိန်မှာ ဝယ်ရမယ်လို့ သီအိုရီသိကြလောက်ပေမယ့် အများစုကတော့ အဝယ်များချိန်မှာ ဝယ်ကြပြီး အရောင်းများချိန်မှာ ရောင်းကြတဲ့သူတွေ ပိုများတယ်ဆိုတာတွေ့ရတယ်။

ဘာအလုပ်ပဲ လုပ်တဲ့သူဖြစ်နေနေ မြေနဲ့တွဲမလုပ်တဲ့သူ ကျန်နေခဲ့မယ်လို့ပဲ သုံးသပ်မိတယ်။

10/07/2025

🔥လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ (Happy Water )ဆိုတာ ဘာလဲ🔥
•••••••••••••••••••••••••••••••••••••••••••••••••••••••••

ခေတ်ရှေ့ပြေးပါတယ်ဆိုတဲ့သူတွေကြား အပျော်အပါးရှာကြရာမှာ ထိပ်ဆုံးက Hi ခန်းတွေက မပါမဖြစ်ပဲ။ ကလပ် မှာလဲ Hi လို့ရသလို KTV မှာလဲ Hi လို့ရတယ်။

Hi ခန်းထဲရောက်ပီးဆိုတာနဲ့ ပထမဆုံးလုပ်တာက ဆော် ခေါ်တာနဲ့ Happy Water ဖျော်တာပဲ။ ၁၀ ယောက်ရှိရင် ၁၀ ယောက်စာ ဖျော်ရတယ်။

ဖျော်ပြီးတာနဲ့ တယောက်ခွက် စ သောက်ပြီ၊ တချို့က E တို့ K တို့ပါ ထည့်သောက်တာ ။

သောက်ပြီးပြီဆို စိတ်ထဲ ပေါ့ပါးပျော်ရွှင်သွားစေပါတယ်။ နောက်တဆင့်ရောက်အောင် ထပ်တင်ရတာက K လို့ခေါ်တဲ့ အမှုန့်လေးတွေ နှာခေါင်းနဲ့ရှူရပါတယ် ။

မီးမရှို့ပဲ အမှုန့်ကို အစိမ်းရှူရတာပါ။ အဲဒီအမှုန့်လေးနဲနဲရှူပြီး၅ မိနစ်လောက်ကြာတာနဲ့ စိတ်နဲ့လူ မကပ်တော့ပဲ ပြဲလန်သွားပြီ။

စိတ်​တွေ လွှင့်ချင်ရာလွင့်ပြီး သံစဉ်တွေနဲ့ စီးမျောပါသွားရင်း နတ်ပြည် ၊ငရဲပြည် ၊ အကုန်ရောက်နေတော့တာပါပဲ ၊
တချို့Kရှူတာများသွားပြီဆိုရင် ခြေဖျားလက်ဖျားတွေအေးစက်နေပြီး လူမှန်းသူမှန်းမသိတော့ပဲ သူဟာ
ဘုံဗိမာန်တခုခုကို ရောက်နေသလို သူ့ကိုယ်သူ
ခံစားနေရပြီး ဘေးနားကဝိုင်းကူတဲ့လူတွေကို
ထူးဆန်းအံ့ဩဖွယ်သတ္တဝါများသဖွယ်ကြောင်ကြည့်နေတတ်ပြန်ပါတယ် ။

အတွေ့အကြုံမရှိတဲ့လူတချို့ ဆေးလစ်ပြီး ရေချိုးမိလို့ အသက်ပါဆုံးရှုံးရတာတွေလည်း မကြာခဏ ကြားနေရတာပါပဲ ။

ဆေးလစ်နေတဲ့သူဟာ ခန္ဓာကိုယ်ကြီး ငြိမ်နေရင်တောင် သူစိတ်နောက်ကို သူခန္ဓာကိုယ်ကြီး လိုက်နေတယ်လို့ ထင်ကြသူများတယ်။

အဲဒီလိုလစ်မှပဲ Hi ခန်းသွားရတာ ပျော်တယ် ၊ တန်တယ် လို့ ဝါရင့် Hi သမ္ဘာကြီးတွေက သတ်မှတ်ကြပါတယ် ။

ဒီလိုလစ်တဲ့အချိန်မျိုးမှာ ခေါ်ထားတဲ့ကောင်မလေးက အဓိက အခန်းကဏ္ဍကိုရောက်လာပါပြီ ။
မူးယစ်ဆေးနှစ်မျိုးဖြစ်တဲ့ HW+K +E တွေသုံးပြီး
လစ်နေတဲ့ငနဲဟာ စိတ်ကသာ ရောက်ချင်ရာ ရောက်နေပေမဲ့ သူခန္တာကိုယ်ကို လုံးဝမထိန်းနိုင်တော့ပါဘူး

ဒါကြောင့် ခေါ်ထားတဲ့ ဆော်လေးက DJ သံစဉ် စည်းချက်နဲ့အညီ လှုပ်ရမ်း ကခုန်ပေးရပါတယ် ။

ဆေးလစ်နေတဲ့ဧည့်သည်က အမျောကြိုက်ရင်အမျော ၊ အသွက်ကြိုက်အသွက် အလိုက်တသိ တွဲက ပေးကြရပါတယ် ။

ဘဲရောဆော်ရော ဆေးလစ်နေကြတော့ နှစ်ယောက်သား ကျစ်နေအောင် ဖက်ထားရင်း Hi လိုက်ကြတာ ၂ နာရီ ၃နာရီ လောက်ကြာသွားတတ်ပါတယ် ။

ဒီဆေးတွေရဲ့သတ္တိက သုံးပြီးရင် စိတ်တွေကို ပိုပြီး နူးညံ့ သိမ်မွေ့သွားစေတာပါပဲ ။

ဆေးလစ်ပြီး ကလိုက်မှပဲ တခါမှမတွေ့ဘူးတဲ့ ဆော်နဲ့ဘဲဟာ ငယ်ပေါင်းကြီးဖော် ရည်းစားဟောင်းများသဖွယ် ရင်းနီးသွားပါတော့တယ် ။

အပြောအဆိုအမူရာတွေ ပျော့ပြောင်းသွားပြီး
ဆက်ဆံရေးတွေ သိသိသာသာကောင်းမွန်လာပါတယ် ။

ဆေးလစ်နေရင် DJ ဆရာကောင်းမှ ဆေးပြေပါတယ် တီးယုံပဲတီးတတ်ပြီး ဆေးသဘောသဘာဝ နားမလည်တဲ့ DJဆရာနဲ့တိုးရင်တော့ မူးသူမူး ၊လဲသူလဲ ၊ အန်သူကအန်နဲ့ တခန်းလုံးဒုက္ခရောက်တော့တာပါပဲ
ဒါကြောင့် ဧည့်သည်အများစုဟာ Hi ခန်းသွားရင် ခေါ်နေကြအကြောင်းသိ DJ ဆရာတွေကိုပဲ ခေါ်ကြတာများတယ် ။

သုံးထားတဲ့ Item ကကောင်း ၊ တွဲကပေးတဲ့ဆော်ကအလိုက်တသိ ကောင်းကောင်းကပေးတတ် ၊ DJ ဆရာကလည်း အရောက်ပို့ ၊ ရောင်စုံမီးပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့ အခန်းကျဉ်းလေးထဲမှာ ဆေးလစ်ရင်းဆော် လေးကိုဖက်ထားပြီး DJ သံဇဉ်များနဲ့ စီးမျောနေတဲ့ ဖီးလ်က ထပ်ခါထပ်ခါသွားချင်လာအောင် လူကို စွဲဆောင်ရင်းတစစနဲ့ မူးယစ်သားကောင် ဖြစ် မှန်းမသိ ဖြစ်သွားစေတော့တာပဲ။

ပြောချင်တာက မစမ်းသင့်တဲ့အရာကို စမ်းတော့မယ်ဆိုရင် ဒီစာဘေးကို သတိရလိုက်ပါ။

{ အမြင့်ဆုံး စည်းစိမ်ကို ခံစားချင်ရင်
အဆိုးဆုံး ဒုက္ခကိုခံစားရဖို့ မမေ့ပါနဲ့။ }

ဒါလေးကို အဖန်ဖန်သတိရပေးပါလို့
ပြောချင်ပါတယ်။

25/05/2025

"နိုင်ငံခြားက အသပြာကျွန်"

စီနီယာကျွန်ရယ်.. ဂျူနီယာကျွန်ရယ်.. ကျွန်ကြီးရယ်.. ကျွန်လေးရယ်..ဘဲ ကွာသွားတာပါ။

နိုင်ငံခြားမှာ ငွေရှာနိုင်‌နေလည်း
"ကျွန်"ဟာ "ကျွန်"ဘဲ..

နိုင်ငံခြားမှာ ရာထူးကြီး‌နေလည်း
"ကျွန်"ဟာ "ကျွန်"ဘဲ..

နိုင်ငံခြားမှာ ဂုဏ်မောက်နေလည်း
"ကျွန်"ဟာ "ကျွန်"ဘဲ..

"ကျွန်"ဆိုတာစကားလုံးရိုင်းပေမယ့်
အဲ့ဒါကအမှန်တရားဘဲ လက်မခံလို့မရဘူး။

နိုင်ငံခြားမှာ အသပြာကျွန်ဖြစ်ဖို့အတွက်___

• သူတို့ဘာသာစကားတွေ သင်ရတယ်။

• သူတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေရှိအောင် လေ့လာရတယ်။

• သူတို့မကြိုက်တဲ့ အချက်တွေကို ဦးနှောက်ထဲမှာ သေသေချာချာ မှတ်ထားရတယ်။

• ဆင်းရဲတဲ့မိသားစုအ‌တွက် ကိုယ်ကျွန်သွားဖြစ်‌ပေးဖို့ အရင်ဆုံးအကြွေးနွံ ထဲခုန်ဆင်းရတယ်။

• ကျွန်ဖြစ်ဖို့အရေး ချစ်ရသူတွေနဲ့ အဝေးကြီးကို ထွက်ခွာရတယ်။

• သား၊သမီးတစ်‌ယောက် နိုင်ငံခြားမှာ ကျွန်ဖြစ်ဖို့အတွက်ပေးဆပ်မှုက တစ်မိသားစုလုံးရဲ့ချွေးတွေနဲ့ရင်းနှီးလိုက်ရတယ်။

တစ်ချို့လူတွေဆိုရင် သား၊သမီးက ကျွန်ဖြစ်နေတာချင်း အတူတူ‌တောင် ပြိုင်ဆိုင်နိုင်ကြသေးတယ်။

ငါ့သား၊ငါ့သမီးက ပိုက်ဆံပို လွှဲနိုင်တယ်။
(တနည်း...
"ငါ့သားကျွန်လုပ်တာ ပိုက်ဆံပိုရတယ်။
ငါ့သားက ကျွန်ပိုလုပ်လို့ ငွေပိုရတယ်"ဆိုပါတော့..)

ကျွန်ပိုလုပ်လေ _ ပိုက်ဆံပိုတိုးလေ...
ကျွန်ပိုလုပ်‌လေ _ အိမ်ကပိုတိုးတက်လေ...
ကျွန်ပိုလုပ်လေ _ ကိုယ့်သားသမီးကောင်းစားလေ...

(နောက်ဆုံး...
မိမိကိုယ်ကိုယ် ဘာလဲဆိုတာတောင် မေ့သွားတတ်တယ်။)

ပင်ပန်းမှုတိုင်းကို ငွေတစ်ရွက်နဲ့လဲရတဲ့ဘဝ_

လွမ်းဆွတ်မှုတွေကို ‌ငွေတစ်ရွက်နဲ့လဲရတဲ့ဘဝ_

အိမ်ပြန်ချင်တိုင်း နောက်လှည့်ကြည့်ပြီးမှ ပြန်ဖို့ နည်းလမ်းမရှိတဲ့ဘဝ_

ကိုယ့်ပြည်ကမကောင်းတော့ အနာဂတ်‌မှောင်ပြီး နိုင်ငံပျောက်နေတဲ့ ခံစားချက်နဲ့ တိုင်းတပါးမှာ မတတ်သာလို့ ကျွန်ခံနေရတဲ့ဘဝ_

မိတ်ဆွေတွေ၊ ဆွေမျိုးတွေက ဘယ်တော့မြန်မာပြည်ပြန်လာမှာလဲလို့ မေးရင်。。。

"ငါဝဋ်ကြွေးကုန်လို့ ဒဏ်မခံနိုင်‌တော့တဲ့တစ်နေ့ ပြန်လာခဲ့မယ်" လို့ ဖြေဖြစ်တယ်။

07/02/2025

ကိုယ်တွေမှာ Background ဆိုတာမရှိဘူး
ကိုယ်တွေမှာ အမွေစည်းစိမ်ဆိုတာမရှိဘူး
ကိုယ်တွေမှာ Supporting ဆိုတာမရှိဘူး
အဲ့တော့ ကိုယ့်ဒူး ကိုယ့်ချွန်ရတယ်
ကိုယ့်လမ်းကို ကိုယ့်ဘာသာထိန်းလျှောက်တယ်
ကိုယ့်အလုပ်ကို အရိုးသားဆုံးလုပ်တယ်
သူများထက် ပိုနှစ်ဆ လုပ်နိုင်ရမယ်
လူ့ဘဝကတိုပါတယ်
အဲ့တိုတိုလေးမှာ အဆင်ပြေပြေလေးဖြစ်အောင်လုပ်နေရတာ
အရာရာတွေ စျေးမြင့်နေတဲ့ ခေတ်မှာ
ကိုယ့်တန်ဖိုးမြင့်အောင် ကိုယ့်ဝင်ငွေမြင့်အောင်
အရမ်းကြိုးစားရမယ် !
သန်းကြွယ်သူဌေးတွေတောင် နားရက် မရှိ အလုပ်လုပ်နေတာ
ကိုယ်တွေလို အခြေခံလူတန်းစားအတွက် ပိုတောင်
လုပ်နိုင်ရမယ် !
အခုတော့ နားမလည်သေးဘူးပေါ့ !
တချိန် ဒီအကျိုးကျေးဇူးတွေကို ခံစားရမှာပါ !
တချိန် ဒီလို စောက်ပြသနာတွေက အောင်မြင်မှုတွေဖြစ်သွားမှာပါ ! နားလည်ပါ ! ဟိုးတချိန်က ဘာလုပ်နေရလဲ အခု ဘယ်လို အဆင့်ရောက်နေတာလဲဆိုတာ အသိဆုံးဖြစ်မှာပါ !
ok ပါ ဒီနေ့ ဒီအချိန်က စပီး စောက်ကြောတင်းတင်း ကြိုးစားမှာမို့ သည်းခံနားလည်ပေးကြပါ !

01/12/2024

❝ နောက်ဆုံးမှာ ... လူကောင်းဟာ လူကောင်းတွေနဲ့ပဲတွေ့ဆုံရတယ် ❞

လူ့ဘဝဆိုတာ ရေစီးကြောင်းတစ်ခုနဲ့လိုပါပဲ။
တစ်ခါတစ်လေမြေနိမ့်ပိုင်းကို ရောက်ရင် ရေနောက်ရေညစ်တွေနဲ့ ရောနှောရတတ်သလို၊ လူ့ဘဝမှာလည်း လူမျိုးစုံနဲ့ ကြုံတွေ့ရတတ်ပါတယ်။
လူကောင်း၊ လူဆိုး၊ လူလိမ်၊ လူညာ၊ လူရိုး၊ လူကြမ်း၊ အစုံပါပဲ။ တစ်ခါတစ်လေ လူဆိုးတွေကြောင့် စိတ်ညစ်ရတာ၊ နစ်နာရတာတွေ ရှိပါတယ်။ လူလိမ်လူညာတွေကြောင့် ယုံကြည်မှုတွေ ပျက်စီးရတာတွေလည်း ရှိနိုင်မှာပါ။
ဒါပေမယ့် ရေစီးကြောင်းက ပင်လယ်ထဲ ရောက်သွားတဲ့အခါ ရေသန့်ရေကြည်တွေနဲ့ ပြန်ဆုံတွေ့သလိုပဲ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာ ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ ကိုယ့်ရဲ့အပြုအမူတွေက ကိုယ့်လိုလူမျိုးတွေကိုပဲ ဆွဲဆောင်လာမှာပါ။

ပတ်ဝန်းကျင်က လူတွေကို သေချာ လေ့လာကြည့်လိုက်ရင် ဒါကို ပိုပြီး သတိထားမိမှာပါ။ လူကောင်းတွေဟာ လူကောင်းတွေနဲ့ပဲ အမြဲပေါင်းသင်းနေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ကိုယ်ကျင့်တရားတွေက တူညီနေလို့ပါ။

ဥပမာ ပြောရရင် ရိုးသားတဲ့ လူတစ်ယောက်ဟာ လိမ်ညာတဲ့လူတွေနဲ့ ရေရှည် မပေါင်းနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ သဘောသဘာဝနဲ့ သူ့ရဲ့ ယုံကြည်ချက်တွေနဲ့ ကိုက်ညီမှု မရှိလို့ပါ။ အစပိုင်းမှာတော့ အပေါင်းအသင်းအဖြစ် ဆက်ဆံပေမယ့် ကြာလာတာနဲ့အမျှ သူ့ရဲ့ စိတ်နှလုံးမှာ မသက်မသာ ဖြစ်လာပြီး နောက်ဆုံးမှာ သူ့လို ရိုးသားတဲ့ သူငယ်ချင်းတွေကိုပဲ ရှာဖွေတွေ့ရှိသွားမှာပါ။ ဒါကြောင့် ကိုယ်က လူကောင်းတွေနဲ့ ပေါင်းသင်းချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားရမှာပါ။ ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။

“သစ္စာတရားလက်ကိုင်ထားသောသူသည် မိတ်ဆွေကောင်းများကို ဘယ်တော့မှ ဆုံးရှုံးရလိမ့်မည်မဟုတ်” ဆိုတဲ့ ဗုဒ္ဓရဲ့
ဆုံးအမအတိုင်းပဲဲ ကိုယ်ကသာ သစ္စာရှိရှိနဲ့ နေထိုင်မယ်၊ ရိုးသားမယ်၊ မှန်မှန်ကန်ကန် ပြောဆိုဆက်ဆံမယ် ဆိုရင် ကိုယ့်ဘေးမှာ မိတ်ဆွေကောင်းတွေ အမြဲ ရှိနေမှာပါ။

တစ်ခါတစ်လေ ကိုယ်က ကောင်းတာလုပ်ပေမယ့် မကောင်းတာတွေ ပြန်ကြုံရတဲ့အခါ၊ စိတ်ဓာတ်ကျပြီး "ငါကောင်းတာလုပ်တာ ဘာလို့ ဒီလိုတွေ ကြုံရတာလဲ" လို့ မေးခွန်းထုတ်မိတတ်ကြပါတယ်။ ဒီလိုအချိန်မှာ စိတ်ရှည်ဖို့၊ ယုံကြည်ချက် မပျောက်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမှာ လူကောင်းဟာ လူကောင်းတွေနဲ့ပဲ ဆုံတွေ့ရမယ့် ကံတရားရှိလို့ပါ။

ဒါပေမယ့် သိထားရမှာက...

ဘဝမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ကြုံတွေ့ရတဲ့ လူတွေအားလုံးဟာ ကိုယ့်ကို သင်ခန်းစာတွေ ပေးနေတာပါ။ လူဆိုးတွေနဲ့ ကြုံတွေ့ရတာကလည်း ဘဝရဲ့ သင်ခန်းစာတစ်ခုပါပဲ။ လူလိမ်တွေနဲ့ ကြုံတွေ့ရတာကလည်း သင်ခန်းစာတစ်ခုပါပဲ။ ဒီသင်ခန်းစာတွေကနေ သင်ယူပြီး ကိုယ်ကိုယ်တိုင် ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်အောင်၊ ပိုပြီး ဉာဏ်ပညာကြီးမားတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားရမှာပါ။

လူကောင်းတွေ တွေ့ဆုံဖို့ အချိန်ယူရတတ်ပါတယ်။ တစ်ခါတစ်လေကျ​ နော်တို့မှားယွင်းတဲ့လူတွေနဲ့ တွေ့ဆုံပြီးမှ လူကောင်းတွေနဲ့ ဆုံတွေ့ရတတ်ပါတယ်။ ဒါဟာ ဘဝသင်ခန်းစာတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ကျနော်အပေါ်မှာပြောခဲ့သလိုပဲ လူကောင်းတွေဟာ အတူတူရှိနေတတ်ကြပါတယ်။ ဒါဟာ ကံကြမ္မာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူ၊ စိတ်နေသဘောထား၊ ကျင့်ဝတ်တွေက ကိုယ်နဲ့တူညီတဲ့သူတွေဆီကို ဦးတည်စေတဲ့ သဘာဝနိယာမတစ်ခုသာ ဖြစ်ပါတယ်။

"မြေဆီကောင်းမှာသာ အပင်ကောင်းပေါက်သလို၊ လူကောင်းတွေဟာလည်း သူတို့နဲ့တန်းတူ စိတ်ရင်းကောင်းတဲ့သူတွေရဲ့ပတ်ဝန်းကျင်မှာပဲ ကြာရှည်ရပ်တည်နိုင်ကြတယ်" လို့ ရှေးလူကြီးတွေ ပြောကြပါတယ်။

လူဆိုတာ ကိုယ်စိုက်ပျိုးခဲ့တာ ကိုယ်ပြန် ရိတ်သိမ်းရတာပါပဲ။
ဒါကြောင့် လူကောင်းတွေနဲ့ ဆုံချင်ရင် ကိုယ်တိုင်က လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
နောက်ဆုံးမှာ လူကောင်းတွေနဲ့ပဲ မုချဆုံတွေ့ရမှာလို့...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon