The Scent
We are distributor of siam bio and fresh time air freshener and reed diffuser from Thailand.
10/02/2024
Gong Xi Fa Chain🧧🎉
2024 နဂါးနှစ်သစ်ကို မင်မင်တို့ The Scent မိသားမှ အားလုံးနှင့်အတူ ကြိုဆိုလိုက်ပါတယ်ရှင့်။အားလုံးပဲ ကိုယ်စိတ်နှလုံးချမ်းသာပြီး လာဘ်လာဘတွေ ပွင့်လန်းနိုင်ကြပါစေရှင့်။
26/01/2024
ဒီနေ့လိုမိုးရွာတဲ့နေ့မှာ အပြင်ကရတဲ့ မြေသင်းနံ့လေးနဲ့ အခန်းထဲက Paris after the rain diffuser လေးရဲ့ နှင်းဆီရနံ့လေးကြောင့် ချစ်သူနဲ့မိုးအမှတ်တရတွေကို သတိရစေလို့ ခင်ခင်ပျိုအလွမ်းတွေပိုနေရပါပြီရှင်။
25/01/2024
Happy Mother's Day
ယနေ့ January 25 ရက်နေ့မှာ ကျရောက်တဲ့ ပျော်ရွှင်စရာ အမေများနေ့မှာ ၅၂၈ မေတ္တာတွေနဲ့ချစ်ခင်ယုယပေးတဲ့မိခင်များနဲ့ မိခင်တမျှတန်ဖိုးထားရတဲ့ အမျိုးသမီးများကို မင်မင်တို့ The Scent မိသားစုမှ အားလုံးနဲ့အတူ ဂါရဝပြုလိုက်ပါတယ်ရှင်။
25/01/2024
The Scent ကိုလာရောက်ဝယ်ယူအားပေးသွားတဲ့ ကို Aung Kyaw Zin ကို မင်မင်တို့ The Scent Family မှ အထူးကျေးဇူးတင်ပါတယ်ရှင်။
31/12/2023
🎉🎄Happy New Year To You All🎄🎉
2023 တစ်နှစ်လုံး ပင်ပန်းခဲ့သမျှ၊ ဝမ်းနည်းခဲ့ရသမျှ၊ အထီးကျန်ခဲ့ရသမျှ ခက်ခဲတဲ့အချိန်တွေကို နှစ်ကုန်တဲ့အထိ ဖြတ်ကျော်ခဲ့ပြီး ယခုဒီစာကို ဖတ်ပေးတဲ့အတွက် သင့်ကို ကျေးဇူးတင်ပါတယ်။ အကောင်း၊ အဆိုးတွေဒွန်တွဲနေတဲ့ နေ့ရက်တိုင်းကပေးတဲ့ သင်ခန်းစာတွေကို မညည်းမငြူသင်ယူရင်း ဒီနေ့အထိရပ်တည်နေထဲက သင်ဟာအတော်လေးကို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက် ဖြစ်နေပါပြီ။ အကယ်၍ သင်ဟာ မှားယွင်းစွာနေထိုင်ခဲ့မိတယ်ဆိုရင် သင့်ကိုယ်သင်တောင်းပန်ပါ။ ခွင့်လွှတ်ပေးပါ။ ပြောင်းလဲပေးပါ။ ကို့ကိုယ်ကိုယခုထက်ပိုချစ်ပေးပါ။ နေ့ရက်တိုင်းကို ရင်ထဲကခံစားချက်အတိုင်း ဖြတ်သန်းပေးရင်း ပျော်ရွှင်စရာကောင်းတဲ့ 2024 နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
2023 မှာ ပျော်စရာအချိန်တွေ၊ တန်ဖိုးထားရတဲ့အရာတွေ ပိုင်ဆိုင်ခဲ့တဲ့သူတွေလည်း လာမဲ့ 2024 မှာ ဆက်လက်ပြီး ကံကောင်းခြင်းတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ မင်မင်တို့ The Scent မှ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
#ဆုမွန်ကောင်း
#ဆုတောင်း
#2024
#2023
24/12/2023
🎄Marry Christmas to You All🎄
ဒီဇင်ဘာလရဲ့ ပျော်ရွှင်ဖွယ်ရက်တွေထဲက တစ်ရက်ဖြစ်တဲ့ ယနေ့ December 25 ရက်နေ့မှာ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်ဖွယ် အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ မင်မင်တို့ The Scent မိသားစုမီ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။
23/12/2023
🎂🎁Happy Birthday To You 🎂🎁
မင်မင်တို့ The Scent ကနေ အစီအစဉ်လေးနှစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင့်။
ပထမအစီအစဉ်လေးကတော့ မင်မင်တို့ကို အားပေးတဲ့ ကာကာတွေကို မွေးနေ့ရောက်တိုင်း မွေးနေ့ဆုတောင်းလေးတွေကို ပို့ပေးမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကာကာတွေကို Facebook Account လေးများတောင်းရင် တမျိုးမထင်ဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်နော်။ ဒုတိယအစိအစဉ်လေးကတော့ မွေးနေ့မှာ လာရောက်အားပေးတဲ့ ကာကာတွေကို 10% Discount ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။
☎️ 09776876426
📧 the [email protected]
🏠 210, 1st Floor, 40th Street, Middle Block, Kyauktada Township, Yangon
19/12/2023
ဒီနေ့ဟာ National Emo Day ပါတဲ့!
90s kids တွေဆို အမှတ်တရကိုယ်စီရှိကြလိမ့်မယ်လို့ ထင်ပါတယ်။
ကိုယ်တိုင် ဒါမှမဟုတ် သူငယ်ချင်းထဲက Emo ကေနဲ့ လန်းခဲ့တဲ့စတိုင်လေးများရှိရင်လည်း
သွားကြပါဦးနော်😁
12/12/2023
ကိုယ်ပဲမွှေးနေရုံနဲ့ တကယ်ပြည့်စုံပြီလား?
ခုခေတ်မှာ လူတိုင်းက မိမိကိုယ်ကို စတိုင်ကျအောင် ဝတ်စားဆင်ယင်တတ်လာကြတယ်။ အဝတ်အစား၊မိတ်ကပ်နဲ့ ရနံ့တွေအသုံးပြုပြီး Better Me ဖြစ်အောင်ပြောင်းလဲတတ်ကြတယ်။ တချို့ကျတော့ မိမိကိုယ်ကိုသာမက နေအိမ်ခန်းတွေကိုပါ မွှေးပျံ့သင်းကြိုင်နေအောင် ထိန်းသိမ်းတတ်လာကြတယ်။ ဒါပေမဲ့ အခုလို မီးတွေအရမ်းပျက်နေတဲ့အချိန်မှာ ကိုယ်ဝယ်ထားတဲ့ Humidifer ကိုသုံးချင်ပေမဲ့ Power Bank ကလည်းအားမရှိတော့ဘူး။ တနေကုန်အလုပ်သွားနေရလို့ အိမ်မှာအားသွင်းခဲ့ဖို့ကလည်း အန္တရာယ်မကင်းနေပြန်ဘူး။ အပြင်ကနေ မောမောပန်းပန်းနဲ့ ပြန်လာရင်လည်းအခန်းတံခါးလေးဖွင့်လိုက်တာနဲ့ မွှေးကြိုင်လန်းဆန်းသွားတဲ့ ရနံ့လေးကိုလည်း အမြဲရနေချင်တယ်ဆိုရင်တော့ Reed Diffuser ကို သုံးကြည့်လိုက်ပါနော်။ သဘာဝပန်းရနံ့၊ သစ်သီးရနံ့လေးတွေကြောင့် စိတ်မကြည်လင်တာတွေ၊ မူးမော်နေတာတွေ၊ ညဖက်အိပ်မပျော်တာတွေကို သက်သာစေပါတယ်။ Siam Bio Laboratories ကနေ ထုတ်လုပ်တဲ့အတွက် အရည်အသွေးကောင်းဖို့ ယုံကြည်စိတ်ချနိုင်ပါတယ်နော်။50 ml နဲ့ 100 ml ဆိုဒ် (၂) မျိုးရှိလို့ အိပ်ခန်း၊ ဧည့်ခန်း၊ရုံးခန်း၊ ဘုရားစင် နှင့် ကားစတဲ့ နေရာတွေအတွက် သင့်တော်တဲ့ဆိုဒ်ကို ဝယ်ယူနိုင်ပါပြီရှင်။
# reeddiffuser
07/12/2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် ကြာသပတေးနေ့တွင် ကျရောက်သော (၁၀၃) ကြိမ်မြောက် အမျိုးသားနေ့ကို မြန်မာနိုင်ငံတွင်း အတူတကွနေထိုင်ကြသော တိုင်းရင်းသား (၁၃၅) မျိုးနင့်အတူ မင်မင်တို့ The Scent မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့်🇲🇲
# reeddiffuser
Category
Contact the business
Telephone
Website
Address
No. 201, 1st Floor, 40 Street, Upper Block, Kyauktada Township
Yangon
11182
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
Alerts
Be the first to know and let us send you an email when The Scent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.