T T Wai Beauty & Nail Art
To be beauty, To be smart
25/09/2026
တချို့လူတွေကို
မမုန်းဘဲ ဝေးဝေးနေတတ်ပါစေ။
လူတစ်ယောက်ကို
မကြိုက်တော့တဲ့အခါ
လူတော်တော်များများက
ချက်ချင်းတုံ့ပြန်တတ်ကြတယ်။
စကားအကန်တွေ ပြောတယ်။
အပြစ်တွေ လိုက်ရှာတယ်။
သူ့အကြောင်း သူများကို ပြောတယ်။
တစ်ခါတလေ
ကိုယ့်ဘက်ကပါ အရင် တိုက်ခိုက်တတ်ကြတယ်။
ဒါပေမယ့်
လူအနည်းစုကတော့
ဒီလိုမလုပ်ကြဘူး။
မကြိုက်တော့ရင်
မကြိုက်တော့တဲ့အတိုင်းပဲ
အကွာအဝေးထားလိုက်တယ်။
စကားနည်းသွားတယ်။
မလိုအပ်ရင် မဆက်သွယ်တော့ဘူး။
မလိုအပ်တဲ့ ပြဿနာထဲ မဝင်တော့ဘူး။
သူ့ဘဝကို သူနေ။
ကိုယ့်ဘဝကို ကိုယ်နေ။
ဒီလိုနေတတ်တာက
အားနည်းတာမဟုတ်ဘူး။
တကယ်တော့
ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်လာတာပါ။
ဘာလို့လဲဆိုတော့
ကိုယ်မကြိုက်တဲ့လူတိုင်းကို
ရန်သူဖြစ်အောင်လုပ်နေဖို့ မလိုဘူး။
တစ်ယောက်ယောက်က
ကိုယ့်နဲ့ အဆင်မပြေတာနဲ့
သူ့ကို မုန်းဖို့မလိုဘူး။
သူ့အကြောင်းကို
နေ့တိုင်းပြောနေဖို့လည်း မလိုဘူး။
ကိုယ့်ဘဝထဲမှာ
နေရာမပေးချင်တော့ရင်
တိတ်တိတ်လေး အကွာအဝေးထားလိုက်ရုံပါပဲ။
တချို့လူတွေကို
ရှင်းပြဖို့တောင် မလိုဘူး။
ကိုယ်က ဘာကြောင့်ဝေးဝေးနေတာလဲဆိုတာ
သူသိဖို့ မလိုဘူး။
ကိုယ်က
သူ့ကို ဘာကြောင့်မကြိုက်တာလဲဆိုတာ
လူတိုင်းကို လိုက်ရှင်းပြနေဖို့လည်း မလိုဘူး။
ဘဝမှာ
မိတ်ဆွေများဖို့ထက်
ရန်သူနည်းဖို့က ပိုအရေးကြီးတဲ့အချိန်တွေရှိတယ်။
မိတ်ဆွေတစ်ယောက် လျော့သွားလို့
ကိုယ့်ဘဝပျက်သွားမှာ မဟုတ်ဘူး။
ဒါပေမယ့်
မလိုအပ်တဲ့ရန်သူတွေ များလာရင်
ကိုယ့်စိတ်အေးချမ်းမှုကို
တဖြည်းဖြည်း စားသွားနိုင်တယ်။
ဒါကြောင့်
လူတိုင်းနဲ့ အဆင်ပြေအောင်နေဖို့ မကြိုးစားပါနဲ့။
ကိုယ်နဲ့ မတည့်တဲ့သူရှိနိုင်တယ်။
ကိုယ့်ကို မကြိုက်တဲ့သူရှိနိုင်တယ်။
ကိုယ်မကြိုက်တဲ့သူလည်း ရှိနိုင်တယ်။
ဒါက ဘဝရဲ့ သဘာဝပါပဲ။
အရေးကြီးတာက
အဲ့ဒီလူတွေအားလုံးနဲ့
ပြဿနာဖြစ်အောင် မလုပ်ဖို့ပါ။
မိတ်ဆွေနည်းရင် နည်းပါစေ။
ကိုယ့်ဘေးမှာ
တကယ်နားလည်ပေးမယ့်လူ
နည်းနည်းပဲရှိလည်း ရတယ်။
ဒါပေမယ့်
ရန်သူတွေ များလာအောင်တော့
ကိုယ့်စိတ်ကို ကိုယ်လွှတ်မထားပါနဲ့။
တစ်ခါတလေ
တိတ်တိတ်လေး ဝေးသွားတာက
စကားအများကြီးပြောပြီး
တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်လုပ်တာထက်
ပိုရင့်ကျက်တယ်။
လူတစ်ယောက်ကို
မမုန်းဘဲနဲ့လည်း
ကိုယ့်ဘဝထဲကနေ ဖယ်ထားလို့ရတယ်။
ခွင့်လွှတ်လို့ရတယ်။
ဒါပေမယ့် ပြန်မနီးလည်းရတယ်။
မုန်းတီးမှုကို မသယ်ထားဘဲ
အကွာအဝေးကိုပဲ ထားလိုက်ပါ။
နောက်ဆုံးမှာ…
မိတ်ဆွေဘယ်လောက်များလဲထက်
ကိုယ့်စိတ် ဘယ်လောက်အေးချမ်းလဲက
ပိုအရေးကြီးတယ်။
ဘဝမှာ
လူတိုင်းကို ပိုင်ဆိုင်ဖို့ မလိုဘူး။
တချို့လူတွေကို
မမုန်းဘဲ ဝေးဝေးနေတတ်ရုံနဲ့
ကိုယ့်ဘဝက ပိုအေးချမ်းလာနိုင်တယ်။
#လူငယ်
လက်သည်းလေးတွေလှသွားရင်စိတ်ညစ်စရာတွေအလိုလိုပျောက်သွားတာပဲမလား? ကျွန်မတို့တီတီဝေဆိုင်မှာဆိုရင်အမျိုးသမီးလေးတွေစိတ်ကြိုက်ဒီဇိုင်းပေါင်းများစွာကိုဖန်တီးပေးနိုင်တဲ့အပြင်ရွေးချယ်စရာcolorထောင်ကျော်ရှိတာမလို့စိတ်ကူးမလွဲဘဲအရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်
10/07/2026
🌟 ဝန်ထမ်းအမြန်အလိုရှိသည်
(မရမ်းကုန်းမြို့နယ်) 🌟
T T Wai Beauty Salon ဆိုင်ခွဲများတွင် ရေရှည်လက်တွဲလုပ်ကိုင်ရန် ကျွမ်းကျင်ထက်မြက်ပြီး စည်းကမ်းရှိသော ဝန်ထမ်းကောင်းများကို အမြန်ခေါ်ယူနေပါပြီ။
📌 ခေါ်ယူမည့် ရာထူးနေရာများ
၁။ ဘာသာစုံဝန်ထမ်း (ကောက်၊ ဖြောင့်၊ ဆေးဆိုး) — (မ) ၃ ဦး
၂။ Nail Artist (လက်သည်းခြေသည်း ပန်းချီပညာရှင်) — (မ) ၃ ဦး
၃။ ခေါင်းနှိပ်လျှော်၊ မျက်နှာဆေး၊ ခြေလက်သန့်ရှင်းရေးနှင့် ဂျယ်ကာလာဆိုး ကျွမ်းကျင် — (မ) ၆ ဦး
💰 လစာနှင့် အကျိုးခံစားခွင့်များ
* လစာစနစ်: ကော်မရှင် 10% / 15% / 20% (မိမိ၏ ကျွမ်းကျင်မှုအလိုက် လစာကို ထပ်မံညှိနှိုင်းပေးပါမည်)
* နေစရိတ်/စားစရိတ်: နေစရိတ်ငြိမ်း ဖြစ်ပြီး ထမင်း အပြင် ဟင်းဖိုးအဖြစ် တစ်လလျှင် ၉၀,၀၀၀ ကျပ် တိတိ ထပ်ဆောင်းပေးပါမည်။
⚠️ လုပ်ငန်းခွင်စည်းကမ်းချက်များ
* မိမိအဆင့်အတန်းနှင့် လျော်ညီသော အလုပ်ရုံ/ဆိုင်စည်းကမ်းများကို တိကျစွာ လိုက်နာနိုင်ရပါမည်။
* ❌ ညထွက်လိုသူများ၊ အရက်သေစာသောက်စားသူများ၊ ဆေးလိပ်နှင့် ကွမ်းသုံးစွဲသူများအား လုံးဝ (လုံးဝ) အလုပ်ခန့်အပ်မည်မဟုတ်ပါ။
📞 ဆက်သွယ်လျှောက်ထားရန် ဖုန်းနံပါတ်များ:
* 09-445069476
* 09-785069476
(စိတ်ဝင်စားသူများ အထက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။)
ဒီနေ့ကျရောက်တဲ့ TT Wai Beauty Salonရဲ့ ပဲ့ကိုင်ရှင် တီတီရဲ့မွေးနေ့မှစ အနာကင်းအဆင်းလှ လိုတိုင်းတတိုင်းရပီး ပီးပြည့်စုံတဲ့ဘဝကိုချစ်ရတဲ့မိသားစုနဲ့ထပ်တူရရှိပါစေဒီထပ်မကလှူတန်းနိုင်ကျွေးမွေးစောင့်ရှောက်နိုင်ပါစေလို့ TT Wai Beauty Salon Member များမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🎂
Category
Telephone
Website
Address
Baho Middle Road
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
Alerts
Be the first to know and let us send you an email when T T Wai Beauty & Nail Art posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.