Sweeteen Official _Myanmar

Sweeteen Official _Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sweeteen Official _Myanmar, Health/Beauty, Yangon.

28/07/2026

💚 ကြာမြင့်စွာ စောင့်မျှော်နေကြတဲ့ Sweeteen ရဲ့ Best Seller Item လေး ပြန်ရောက်ပါပြီနော်! 💚

မိတ်ကပ်ဖျက်လိုက်တိုင်း အသားအရေခြောက်သွေ့ကျန်ခဲ့လို့ စိတ်ညစ်နေရပါသလား?

ဒါမှမဟုတ် Sensitive ဖြစ်တဲ့ အသားအရေမို့ Cleansing Water ရွေးရခက်နေပါသလား?

ဒါဆိုရင်တော့ မိန်းကလေးတွေရဲ့ အကြိုက်တွေ့ဆုံးဖြစ်တဲ့ Sweeteen Cica Calming Cleansing Water လေးကို ပြန်လည်မှာယူလို့ရပါပြီ! ✨

🍃 ဒီ Cleansing Water လေးရဲ့ အဓိက အားသာချက်တွေကတော့ -
Cica Extract ပါဝင်လို့ ဝက်ခြံနဲ့ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေတယ်
အညစ်အကြေးနဲ့ မိတ်ကပ်တွေကို အသားအရေ မပျက်စီးစေဘဲ ထိရောက်စွာ သန့်စင်ပေးတယ်
Cleansing လုပ်ပြီးချိန်မှာလည်း အသားအရေကို Fresh ဖြစ်ပြီး အစိုဓာတ် ပြည့်ဝစွာ ကျန်ရစ်စေတယ်
Size ကြီး 500ml မို့လို့ စိတ်ကြိုက် နှစ်ခြိုက်စွာ သုံးနိုင်တယ်

Stock ပြန်ဝင်တုန်းလေး အမြန်ဆုံး နီးစပ်ရာ Sweeteen product ရနိုင်သော ဆိုင်များ (သို့) Page Message Box ကနေ အမြန်ဆုံး လှမ်းမှာယူလိုက်တော့နော်! 📥

27/07/2026

☔🌧️ မိုးတွင်းရောက်ပြီဆိုတာနဲ့ အသားအရေက အေးလာပေမယ့် ရေဓာတ်ခန်းခြောက်ပြီး ခြောက်သွေ့လာတာမျိုး ဖြစ်ဖူးကြလားရှင်? 🤔

အပြင်မှာ မိုးတွေရွာပြီး စိုစွတ်နေပေမယ့် လေထုထဲက စိုထိုင်းဆပြောင်းလဲမှုနဲ့ AC ခန်းထဲမှာ အနေများတဲ့အခါ အသားအရေက ရေဓာတ်လိုအပ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ အသားအရေခြောက်သွေ့ခြင်းကို BYE BYE လုပ်ပစ်ဖို့ Sweeteen ရဲ့ Soothing Gel လေးတွေက အသင့်ရှိနေပါတယ်နော်။ 👋✨

Sweeteen ကနေ မတူညီတဲ့ အသားအရေလိုအပ်ချက်အလိုက် ရွေးချယ်နိုင်အောင် Tartcherry Type (၂) မျိုးနဲ့ လာပါတယ်

💚 Tartcherry Cica (အစိမ်းရောင်) - Cica ပါဝင်လို့ ဝက်ခြံရှိသူတွေ၊ အသားအရေနီမြန်းလွယ်သူတွေနဲ့ Sensitive Skin သမားတွေအတွက် သင့်တော်ပြီး အသားအရေကို ငြိမ်သက်စေပါတယ် (Calming effect)

💖 Tartcherry HYA (အပန်းရောင်) - HYA (Hyaluronic Acid) ပါဝင်လို့ ရေဓာတ်အပြည့်အဝလိုအပ်နေတဲ့ အသားအရေခြောက်သွေ့သူတွေအတွက် အစိုဓာတ်ကို ကြာရှည်ထိန်းသိမ်းပေးပြီး ကြည်လင်တောက်ပစေပါတယ်။

🌿 100% EVE VEGAN အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး တိရစ္ဆာန်တွေပေါ်မှာ စမ်းသပ်ထားခြင်းမရှိ (No Tested On Animals) တဲ့ Clean Beauty ထုတ်ကုန်စစ်စစ်ဖြစ်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ရှင့်။

အသားအရေအမျိုးအစားအလိုက် ဘယ်တစ်ခုကို ပိုကြိုက်လဲဆိုတာ ကွန်မန့်မှာ ပြောခဲ့ပေးဦးနော် 👇

22/07/2026

Sweeteen ကို အမြဲသေချာသုံးပီး review ပေးပါသော ချစ်ရသော
Bhoney Blogရဲ့ Reviewလေးပါရှင်

Sweeteen Therapy Vegan Shampoo Review
ဦးရေအဆီပြန်ပြီး နှဖူးမှာဝက်ခြံထွက်တတ်တဲ့သူတွေသုံးသင့်တဲ့ shampoo တစ်ခုပြောပြပါမယ်

မင်ဘုန်းတို့ဝက်ခြံထွက်တဲ့သူတွေကလေ ဘာပဲသုံးသုံးအရမ်းခေါင်းစားရတာပဲ တစ်ခုခုအသစ်သုံးမယ်ဆိုတာနဲ့ ဖ-င်ပြန် ခေါင်းပြန်စဉ်းစားရတာ အရမ်းပဲ..

ကဲထားတော့ shampoo အကြောင်းကိုပဲ ဦးတည်ပြီးပြောပြမယ်။

▪️ဒီ Sweeteen shampoo ကလေ မင်ဘုန်းတို့လို့ ဦးရေချွေးပေါက်တွေပိတ်လွယ် ခေါင်းအဆီပြန်လွယ် ဗောက်နဲ့အဆီနဲ့ရောပြီး အချပ်လိုက်အချပ်လိုက်အနာတွေဖြစ်တတ်တဲ့သူတွေတွက် အင်မတန်ကိုမှအသုံးတည့်တာပါ။

▪️ဘာဖြစ်လို့လည်းဆိုရင် သူ့ထဲမှာ
Salicylic Acid ပါပါတယ်။SA က
အဆီပိုတွေနဲ့ dead cells တွေကိုဖယ်ရှားပေးတယ်။ဒါကြောင့်လေ ဒီနေ့ခေါင်းလျှော် နောက်နေ့ဆံပင်တွေကပ် ဆံပင်ပုံပျက်လို့စိတ်ညစ်နေရင် ဒီ shampoo သုံးသင့်ပါတယ်။

▪️နောက်ပြီး Hairline နဲ့ နှဖူး forehead မှာဝက်ခြံပေါက်လွယ်တဲ့သူတွေတွက် ဒီ shampoo က အားသာချက်ကောင်းတစ်ခုဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

▪️ခေါင်းလျှော်ပြီး အဆီကျန်တာလိုလို ဆပ်ပြာမပြောင်တာလိုလိုမကျန်ခဲ့တာကြောင့် မင်ဘုန်းလို နှဖူးနဲ့ နှဖူးစပ်တစ်ဝှိုက် ဝက်ခြံမပျက်တဲ့သူတွက်တော့ တော်တော်လေးအသုံးတည့်ပါတယ်။

▪️အဆီတွေပြောင်ရှင်းသွားလို့ ဦးရည်ကိုခြောက်ကပ်ပြီး အစိုဓာတ်မရှိတာမျိုးလည်းရှိမနေဘူး။ဒါတော့အတော်လေးကိုသဘောကျမိပါတယ်။
ဘာလို့လည်းဆိုရင် Dexpanthenol ကြောင့်ပါ Salicylic Acid ပါတဲ့ shampoo တွေမှာ အစိုဓာတ်ကို balance ပြန်လုပ်ဖို့ကအရေးကြီးပါတယ်။ဒါကြောင့်မို့ Panthenol နဲ့ပြန်ထိန်းထားတဲ့သဘောပါ။

▪️Menthol ပါတယ်ဆိုပေမဲ့လေ ခေါင်းလျှော်ပြီးအေးခဲသွားတာမျိုးကြီးလောက်မတွေ့ရဘူး။အတော်အသင့်ပဲ နေလို့ကောင်းတယ် လန်းသွားတယ်ဆိုတဲ့ feeling ပဲရတယ်။တချို့ menthol shampoo တွေကလေ အေးတာကြီးက မေးတွေတောင်ရိုက်တယ်။မင်ဘုန်းတို့လို့ အေးတဲ့တောင်ပေါ်ဒေသကလူတွေတွက်ကျ အဆင်မပြေဘူး။

▪️သူ့အရောင်လေးက သဘာဝရောင်လေး ခေါင်းလျှော်ရည်တွေမှာ သိပ်မမြင်ရတတ်တဲ့အရောင်လေး အညိုနုနုအရောင်လေးပါ။
အမြုပ်ထွက်အားကတော့ အနေတော်ပဲ အရမ်းလည်းအားကောင်းတာမဟုတ်ဘူး နည်းတာလည်းမဟုတ်ဘူး။

▪️ဆံပင်လည်းကျွတ်တာသက်သာတယ်။ဒါပေမဲ့ ဆံပင်ကျွတ်တာဆိုတာ ခေါင်းလျှော်ရည်ပေါ်ပဲမူတည်တာမျိုးမဟုတ်ဘူး hormone, genetics, stress, nutritionစတာတွေနဲ့ ဆိုင်နိုင်တာကြောင့် ဒီ shampoo သုံးလိုက်ရုံနဲ့ဆံပင်ကျွတ်လုံးဝသက်သာပါမယ်လို့ မင်ဘုန်းကတော့အာမခံပေးနိုင်ပါဘူး အာမခံပေးလို့လည်းမရပါဘူး။

🔺SA နဲ့ Menthol ပါတာကြောင့် sensitive scalp တွေ ဦးရေပြားပေါ်မှာပုံမှန်မဟုတ်တဲ့အနာပေါက်နေတဲ့သူတွေနဲ့ ဦးရေနဂိုခြောက်သမားတွေ သတိထားသုံးသင့်ပါတယ်။

☑️ခေါင်းအဆီပြန်ခေါင်းယားလွယ် ဦးရေချွေးပေါက်ပိတ်လို့ အဆီနဲ့ဗောက်နဲ့ရောပြီး အဖက်လိုက်ဖြစ်နေတဲ့သူတွေတွက် recommend လုပ်ပါတယ်။

Sweeteen Official _Myanmar page နဲ့ နီးစပ်ရာ Skincare ဆိုင်တွေမှာဝယ်လို့ရပါတယ်။

14/07/2026

ဆံကေသာကို တောက်ပအိစက်ပြီး လှပစေတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာ သိချင်နေကြပြီမလား? အခုဆိုရင်တော့ အဲဒီလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်ပါပြီနော်! 🤫✨

မင်မင်တို့ရဲ့ Vegan Therapy ထုတ်ကုန်စုလေးက ပေးစွမ်းနိုင်တဲ့ အစွမ်းထက်ပုံရိပ်တွေကို မြင်ရင် ဘယ်သူမဆို ကြွေသွားရမှာ အသေအချာပါပဲ။
ဆံကေသာကို အိညက်ပြီး အာဟာရဓာတ် အပြည့်အဝဖြည့်တင်းပေးမယ့် Gentle Shampoo ရယ်၊ ဦးရေပြားကို ကျန်းမာသန်စွမ်းအောင် လှုံ့ဆော်ပေးမယ့် Scalp Tonic ရယ် ပေါင်းစပ်လိုက်တဲ့အခါ... ပိုမိုသန်စွမ်းပြီး ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းမွန်ဆုံးသော Twin Pack (တွဲဖက်) လေး ဖြစ်လာခဲ့ပါပြီ။ 🌿

Sweeteen ရဲ့ အတွေ့အကြုံကောင်းတွေကို အတူတူမျှဝေပေးကြတဲ့ ချစ်ရတဲ့ Sweeties တယောက်ချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်! 💖

Photos from Beauty Partnering By Saung's post 12/07/2026

Shampoo & tonicဆိုတာ သေချာသုံးပီးမှ Reviewပေးလို့ရတာမို့

သေချာလေး သုံးပီး review ရေးပေးတဲ့ ချစ်ရသော
Beauty Partnering By Saung ကျေးဇူးပါနော်🥰🥰

Photos from Sweeteen Official _Myanmar's post 12/07/2026

ခေါင်းခဏခဏယားပြီး ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေကြောင့် စိတ်ညစ်နေရပြီလား? 💆‍♀️✨

လှပတဲ့ ဆံသားတစ်စုံကို ပိုင်ဆိုင်ဖို့ဆိုရင် အဓိကအမြစ်တွယ်ရာ ဦးရေပြား ကျန်းမာဖို့က ပထမဆုံး လျှို့ဝှက်ချက်ပါပဲ။ ဦးရေပြားမှာ ဆဲလ်သေတွေ စုပုံလာတာ၊ အဆီပြန်တာနဲ့ အပူဒဏ်တွေကြောင့် ဆံပင်ကျွတ်ရတဲ့ အဓိက အကြောင်းရင်း (Root Cause) တွေကို အထိရောက်ဆုံး ဖြေရှင်းပေးမယ့် Sweeteen ရဲ့ Scalp SOS 2-Step Routine ရှိပါတယ်။

✨ Step 1: Cleanse (Therapy Vegan Shampoo)
ဦးရေပြားက အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို အမြှုပ်နုနုလေးတွေနဲ့ ညင်သာစွာ သန့်စင်ပေးပါတယ်။ ၎င်းမှာပါဝင်တဲ့ L-menthol ဓာတ်က ခေါင်းလျှော်နေစဉ်အတွင်း ဦးရေပြားရဲ့ အပူချိန်ကို လျှော့ချပေးပြီး ချက်ချင်း အေးမြလန်းဆန်းသွားစေမှာပါ။ စေးကပ်မှုလုံးဝမရှိဘဲ ခေါင်းလျှော်ပြီးတိုင်း လန်းဆန်းပေါ့ပါးမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။

✨ Step 2: Protect (Vegan Therapy Hair Tonic)
သန့်စင်သွားတဲ့ ဦးရေပြားကို ထပ်မံကာကွယ်ပေးပြီး ဆံပင်ကျွတ်ခြင်းကို သက်သာစေဖို့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အမြစ်ထဲအထိ စုပ်ယူမှု အားကောင်းကောင်းနဲ့ ဖြည့်တင်းပေးပါတယ်။

🌿 100% Vegan Formula ဖြစ်လို့ ဦးရေပြားနုနယ်သူတွေပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

❌ ဗောက်ထတာ၊ ဦးရေပြားယားယံတာနဲ့ ဆံပင်ကျွတ်တဲ့ ဒုက္ခတွေကို "No" လို့ ပြောလိုက်ပြီး ကျန်းမာအသက်ဝင်တဲ့ ဆံသားလှလှလေးတွေကို ဆိုင်သွားစရာမလိုဘဲ အိမ်မှာတင် ပိုင်ဆိုင်လိုက်ပါ။ 😉

📥 အသေးစိတ်ကို Chat Box မှာ အခုပဲ မေးမြန်းစုံစမ်းနိုင်ပါပြီရှင်။

11/07/2026

✨ 𝑲𝒐𝒓𝒆𝒂 𝑩𝒍𝒐𝒈𝒈𝒆𝒓 တွေရဲ့ အသည်းစွဲ 𝑺𝒘𝒆𝒆𝒕𝒆𝒆𝒏 𝑻𝒉𝒆𝒓𝒂𝒑𝒚 𝑽𝒆𝒈𝒂𝒏 𝑺𝒉𝒂𝒎𝒑𝒐𝒐 မြန်မာပြည်ကို ပြန်လည်ရောက်ရှိလို့လာပါပြီ... ✨

ဆံကေသာ ကျန်းမာလှပခြင်းက သင့်ရဲ့ ယုံကြည်မှုကို ပိုမိုတောက်ပစေပါတယ်။ ဆံပင်ကျွတ်တာ၊ ပါးတာတွေအတွက် စိတ်ညစ်နေရတဲ့နေ့ရက်တွေကို နှုတ်ဆက်လိုက်ပါတော့နော်။
Premium Quality ကိုမှ ရှာဖွေနေတဲ့ ပျိုမေတို့အတွက် ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေ လုံးဝမပါဝင်ဘဲ 🌿 𝑬𝒗𝒆 𝑽𝒆𝒈𝒂𝒏 𝑪𝒆𝒓𝒕𝒊𝒇𝒊𝒆𝒅 စစ်စစ်ဖြစ်လို့ ဦးရေပြားကို အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်ပေးမှာပါ။

နူးညံ့ပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဆံကေသာပိုင်ရှင်လေးဖြစ်ဖို့ ကမ္ဘာကျော် Korea Blogger တော်တော်များများ ညွှန်းထားကြတဲ့ 𝑺𝒘𝒆𝒆𝒕𝒆𝒆𝒏 နဲ့ အတူတူ ဆံကေသာ Treatment
လုပ်လိုက်ရအောင်ရှင်... 💙
🛒 အခုပဲ မပြတ်ခင် လက်ဦးထားဖို့ Chat Box ကနေ ဆက်သွယ်မှာယူနိုင်ပါပြီ။

13/06/2026

✨ "Less is more... but Right is Best." ✨

Skincare တွေ သုံးတဲ့အခါ နည်းလွန်းရင် ထိရောက်မှုမရှိသလို၊ များလွန်းရင်လည်း အသားအရေကို ပိတ်ဆို့ပြီး အဆီဖုတွေ ဖြစ်စေနိုင်ပါတယ်။ အသားအရေ ထိန်းသိမ်းမှုတိုင်းမှာ "ပမာဏ အချိုးအစား" က အဓိက သော့ချက်ပါပဲ။

ပုံထဲမှာ ပြထားတဲ့အတိုင်း မိမိအသုံးပြုနေတဲ့ Sunscreen, Serum, Moisturizer အဆင့်တိုင်းကို လိုအပ်တဲ့ အချိုးအစားအတိုင်း မှန်ကန်စွာ အသုံးပြုပြီး ပိုမိုကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ပါ။ ✨

သင်အကြိုက်ဆုံး Skincare Routine ထဲမှာ ဘယ်အဆင့်က မပါမဖြစ်လဲရှင်? 👇

🏷️




# #

Photos from Bhoney Blog's post 10/06/2026

Best sellerလေး🥰🥰

09/06/2026

မင်မင်တို့ရဲ့ best seller Sweeteen soothing gel

Sweeteen Soothing Gels Review

စျေးလည်းသင့်တယ်၊ ဒါပေမယ့် လိုအပ်တဲ့ Soothing နဲ့ Hydration ကို ကောင်းကောင်းဖြည့်ပေးနိုင်တဲ့ Gel Moisturizers ကို ရှာနေတယ်ဆို Moon အခုသုံးနေတဲ့ Sweeteen ထဲက Tartcherry Cica နဲ့ Hya Soothing Gel လေး နှစ်ခုကို recommend ပေးချင်ပါတယ်။ ဒီနေရာမှာ နှစ်ခုညွန်းတာကတော့ ဘယ်အသားအရေက ဘယ်နဲ့ဆို ပိုသင့်တော်မလဲဆိုတာကို ပေးချင်လို့ ပြောရမယ်ဆို အားလုံးအတွက် အဆင်ပြေစေချင်လို့ပါ။

Ingredients

အရင်ဆုံး နှစ်ခုလုံးမှာပါတဲ့ Tartcherry အကြောင်း အရင်ပြောပြမယ်။ Tartcherry ဆိုတာ Cherry သီးကိုမှ ချဉ်တဲ့ဘက်ကို သွားတယ်ပေါ့နော်။ အသားအရေအတွက် Soothing အဓိကကောင်းတယ်၊ မျက်နှာနီမြန်းတာ၊ ယောင်ယမ်းတာတွေ Calm ဖြစ်အောင် ကူညီပေးသလို မျက်နှာအသားအရေညီညာကျန်းမာအောင်လည်း ကူညီပေးပါတယ်။

Cica Soothing Gel မှာတော့ အဓိကပါဝင်တာတော့ Cica, Niacinamide, Hyaluronic Acid, Ceramide, Panthenol နဲ့ TECA-Biome (ပြောရမယ်ဆို Probiotics တွေပါပဲ) တို့ပါဝင်ပါတယ်။ အဆီပြန်၊ ဝက်ခြံရှိပြီး Barrier အားနည်းနေတဲ့သူတွေအတွက် သင့်လျော်ပါတယ်။

Hya Soothing Gel မှာတော့ Cica နဲ့ Hyaluronic Acid တွေ ပါဝင်ပါတယ်။ သူကတော့ Cica ထက်စာရင် Hyaluronic Acid ပိုများများပါဝင်တာပေါ့နော်။ Hyaluronic Acid (8) မျိုးတောင် ပါတာ။ သူက အသားခြောက်ပြီး အသားအရေရဲ့ အစိုဓာတ်ကို အကြာကြီးထိန်းထားချင်တဲ့သူတွေအတွက်ပါ။

နှစ်မျိုးလုံး Alcohol နဲ့ ရေမွှေးမပါလို့ Sensitive Skin တွေကအစ သုံးလို့ရပါတယ်။

Review စမယ်။

Cica Gel ကတော့ PR နဲ့ Collab ပါ၊ ဒါပေမယ့် Moon က Hya Gel လေးပါ စိတ်ဝင်စားလို့ ကိုယ့်ဘာသာကိုယ် ဝယ်လိုက်တာပါ။ ဒါပေမယ့် Moon အရင်ရေးနေကျအတိုင်း စိတ်ထဲရှိသလိုပဲ ကိုယ်ဘာတွေကြိုက်တယ် ဘယ်သူကတော့ ဘာနဲ့ပိုသင့်တော်မယ်ဆိုတာကို ပြောပြမယ်နော်။

Cica Gel ကတော့ မထင်ထားလောက်အောင် ပြောရမယ်ဆို အရင်က သုံးဖူးတဲ့ တခြား Cica Soothing Gel တွေနဲ့ ယှဉ်ရင်တောင် Hydration ကောင်းတာကို သတိထားမိတယ်။ အထူးသဖြင့် Ceramide နဲ့ Panthenol ပါလို့နဲ့တူတယ်။ လိမ်းပြီးရင် အသားပေါ်မှာ ပျောက်သွားတာမျိုးမဟုတ်ပဲ Hydration လေး ထိန်းပေးထားတာမျိုး တွေ့မိတယ်။ Cica Gel ဆိုပေမယ့်လည်း ဒီဆောင်းတွင်းအတွက် လိုအပ်တဲ့ Hydration ကောင်းကောင်းဖြည့်ပေးနိုင်လို့ ဆောင်းတွင်းနဲ့လည်း အဆင်ပြေပါတယ်။

Soothing Calming ပိုင်းကို ပြောရင်တော့ မျက်နှာမှာ Barrier ထိပြီး နီလာတာ စပ်လာတာမျိုးဆို ဒါလိမ်းလိုက်ရင် အရောင်ကျသွားတာမျိုး တွေ့ရတယ်။ ဝက်ခြံဆို အရောင်ရဲနေတာမျိုး ဘာညာရှိတယ်မဟုတ်လား၊ လိမ်းပြီး ခဏနေ Calm ဖြစ်သွားတာမျိုးပေါ့။

သတိထားမိတာလေးတွေကတော့ အဆီပြန်တာ သက်သာတယ်၊ ဒါက Soothing Gel မလို့ အဆီပြန်တာ Hydration မကောင်းလောက်ပါဘူးလို့ တွေးထားတာလည်း ပါမှာ။ Niacinamide ပါတာရယ် နောက်ပြီး အဆီပြန်သက်သာတာမျိုး မဟုတ်ပဲ လိုအပ်တဲ့ Hydration ကို ဖြည့်ပေးထားနိုင်လို့ အသားအရေက စိုစိုပြေပြေနဲ့ အဆီပြန်တာ သက်သာတာမျိုးပေါ့။ Sunscreen နဲ့ တွဲသုံးလည်း ကောင်းမှကောင်း။

TECA-Biome ပါလို့ Barrier ထိတဲ့အချိန် သူ့ကို သုံးမယ်ဆိုလည်း Barrier ထိတာတွေသက်သာတာမြန်တာလည်း တွေ့ရပါတယ်။ တစ်ခုရှိတာ Probiotics ဆိုတော့ Fungal Acnes သမားတွေ သတိတော့ထားရမှာပေါ့နော်။

Hya Gel ကျတော့ ရိုးရိုးလေးနဲ့ ထိရောက်တာမျိုး၊ တော်ပြီ Serum Essence တွေမှာ ကိုယ်လိုအပ်တာတွေ သုံးပြီးနှင့်သား ဒါပေမယ့် Moisturizer နေရာတော့ Hydration ကောင်းတာမျိုး သုံးချင်တဲ့ သူတွေအတွက် ပိုအဆင်ပြေမယ်ထင်တယ်။ ဒါပေမယ့် Moon က ဒါကို ဆောင်းတွင်းနဲ့ ပိုကိုက်မယ်ထင်လို့ ဝယ်လိုက်တာ၊ အဲ နွေလည်း Moon သဘောကျမယ့် Gel Moisturizer လိုလည်း မြင်မိတယ်။

သူကျ ရိုးရိုးရှင်းရှင်း Soothing အတွက် Cica ပါမယ်၊ Hydration အတွက် Hyaluronic Acid (8) မျိုးတောင် ပါတယ်။ ဒါပဲ။ Moon သဘောကျတာက Gel texture ဆိုတော့ အသားထဲ စိမ့်ဝင်တာ မြန်မှမြန်၊ ဒါပေမယ့် အသားအရေက စိုပြေပြီး ကျန်ခဲ့တာ။ အဲ သူစိုပြေပြီး ကျန်တာကလေ တော်တော်ကြာကြာကို အသားအရေက စိုပြေနေတာ။ Moon က အဲတာကို အရမ်းသဘောကျသွားတာ။

လိမ်းပြီးရင် စိုပြေပြီး မျက်နှာလေးက ဝင်းသွားတာပဲ။ နောက်ပြီး အစိုဓာတ်ကို အကြာကြီး ထိန်းပေးနိုင်လို့ သူနဲ့ ဘာနဲ့တွဲတွဲ အရမ်းကောင်းတယ်။ Sunscreen အောက်မှာ လိမ်းရင်လည်း ပေါ့ပေါ့ပါးပါးရှိတယ်။ မိတ်ကပ်နဲ့ တွဲလိမ်းရင်လည်း မျက်နှာလေးက ကြည်ပြီး ဝင်းနေကော။ အရမ်းသဘောကျသွားတယ်။

ဆိုတော့ Moon က အဆီပြန် ဝက်ခြံ Barrier ထိထားတာမျိုးဆို Cica Gel လေး ပိုအဆင်ပြေမယ်၊ အသားခြောက် အသားအရေစိုပြေဖို့လိုတယ်ဆိုရင်တော့ Hya Gel လေးက ပိုကောင်းမယ်။ Moon ကတော့ Gel Moisturizer ကို 100ml ပါတယ်၊ tube နဲ့ လာတာဆိုတော့ လိမ်းရတာလည်း လွယ်တယ်။ အကောင်းဆုံးကတော့ စျေးပဲ။ စျေးသင့်တယ် ဆိုတာထက် စျေးသက်သာတယ်လို့တောင် ခေါ်လို့ရတယ်။ 21-22 အဲ ပတ်ချာလည်ဆိုတော့ စျေးအများကြီးလည်း သုံးစရာမလိုတော့ ဘတ်ဂျက်လည်းမထိတော့ဘူးပေါ့။

စိတ်ဝင်စားရင်တော့ WintYee Cosmetics နဲ့ Sweeteen Official _Myanmar မှာ ဝယ်လို့ရပါတယ်။ 💖

Moon အပေါ်မှာ ပြောခဲ့သလိုပဲ တစ်ဝက်က Collab တစ်ဝက်က ဝယ်တာတဲ့ Review က ဒီလိုမျိုး ပထမဆုံးရေးဖူးတာရယ်။ ဒါပေမယ့် Moon နှစ်ခုလုံး သဘောကျသလို အားလုံးသဘောကျမယ်ဆိုတာ ယုံကြည်ပြီးသားပါလို့။

🌙

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon